ခွဲထွက် ရောင်းစားရန် အဖို ငှာ မီးတိုက်သူ ရခိုင်တိ

ရခိုင်တို့ ပြည်နယ်ပေးရေးတောင်းဆိုချက်နှင့် ဘင်္ဂါလီမွတ်ဆလင်တို့ အပြိုင်တောင်းဆိုလာခြင်း
ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း အင်္ဂလိပ်တို့ ပြန်လည် ဝင်ရောက်လာသည့်အခါ ရခိုင်တွင် အလံနီ ကွန်မြူနစ်ပါတီ၏ ဩဇာလွှမ်းမိုးမှုမှာ အခြေခိုင်နေပြီ ဖြစ်သည်။ ရခိုင်ပြည်နယ် လူထုတွင် ရခိုင် (ဖဆပလ)ခေါင်းဆောင်များကို မကျေနပ်ခြင်း၊ ရှမ်း၊ ချင်း၊ ကချင်၊ ကရင်၊ ကယားတို့ကဲ့သို့ ပြည်နယ် အခွင့်အရေးကို ခံစားလိုခြင်း တို့ကြောင့် ရခိုင်ပြည်နယ် တောင်းဆိုသော ရခိုင်ခေါင်းဆောင် ဦးစိန္တာအဖွဲ့ကို အားပေးလာသည်။ ၎င်းအဖွဲ့သည် အလံနီကွန်မြူနစ် လိုလားသူအဖွဲ့ဖြစ်ပြီး ရခိုင်သီးခြား ခွဲထွက်ရေးကို တောင်းဆိုနေသူများ ဖြစ်သည်။ ၁၉၄ရ ဧပြီလ ၃ ရက်နေ့တွင် မြေပုံမြို့၌ ရခိုင်အမျိုးသားညီလာခံကို ကျင်းပရာ လူတစ်သောင်းကျော် တက်ရောက်ပြီး အလံနီ ကွန်မြူနစ်များနှင့် ဖဆပလလည်း တက်ရောက် ကြသည်။ ထိုညီလာခံတွင် အခွန်မပေးရေး၊ ရွေးကောက်ပွဲ အလိုမရှိ၊ ဗိုလ်ချုပ်အောင်ဆန်း အလိုမရှိ၊ လွတ်လပ်ရေး ချက်ချင်းပေး စသည်ဖြင့် တောင်းဆိုခဲ့သည်။ ထိုညီလာခံသို့ ဗိုလ်ချုပ်အောင်ဆန်း တက်ရောက် မိန့်ခွန်းပြောကြားရာ တက်ရောက်လာသည့် ပြည်သူတို့က ဗိုလ်အောင်ဆန်း အလိုမရှိ၊ လွတ်လပ်ရေး ချက်ချင်းပေးဟု အော်ဟစ်တောင်းဆိုကြသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ချက်ချင်း ပြန်လည်ထွက်ခွာသွားသည်။ ၁၉၄ရ ခုနှစ် ဧပြီလ ၁၈ ရက်နေ့တွင် ရန်ကုန်ရှိ ရခိုင်လူထု အစည်းအဝေးက ရခိုင်ခွဲထွက်ရေး တောင်းဆိုခဲ့ကြသည်။ ၁၉၄ရ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်ရှိ ရခိုင်လူထု အစည်းအဝေး ထပ်မံကျင်းပရာ ထိုအစည်းအဝေးက ရခိုင်သည် သဘာဝက သီးခြား ပိုင်းခြားပေးထားသည့် သီးခြားနိုင်ငံဖြစ်ကြောင်း၊ နှစ်ပေါင်း ၄၀၀ဝ ကျော် သီးခြားဘုရင့်နိုင်ငံအဖြစ် နေထိုင်လာခဲ့ကြောင်း၊ ထို့ကြောင့် သီးခြား လွတ်လပ်စွာ ဆုံးဖြတ်နိုင်သည့် ဒေသအဖြစ် ဖန်တီးပေးရမည် ဖြစ်ကြောင်း တောင်းဆိုခဲ့ကြသည်။ ထို့ကြောင့် ရခိုင်တို့က (ဖဆပလ)ကို မထောက်ခံပဲ ရခိုင်တိုင်းရင်းသား ညီညွတ်ရေး အစည်းအရုံး (ရတည)ကို ထောက်ခံအားပေးကြသည်။
ထိုအချိန်က ဘူးသီးတောင်၊ မောင်တောနယ်များတွင် Jami-a-tul Ulema-e Islam အဖွဲ့မှ မွတ်ဆလင်များက ကိုယ်တိုင် အရွေးခံခဲ့ကြသည်။ ထိုသို့ အရွေးခံရာတွင် စစ်တကောင်းနယ်သား ဂဖါးက ဘူးသီးတောင်မြို့နယ်၊ ရွက်ညိုတောရွာတွင် အခြေစိုက်ကာ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဂဖါးသည် စစ်တကောင်းနယ်သား ဖြစ်သည့်အပြင် စူလတန်မာမွတ် အပါအဝင် လေးဦး အရွေးခံရာ အားလုံး အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲနှစ်ကြိမ်လုံး အနိုင်ရရှိသော်လည်း ဖဆပလ အနေဖြင့် မတိုးနိုင်ခဲ့ချေ။ တစ်ဘက်တွင် ရခိုင်ပါတီဖြစ်သည့် ရတညကိုလည်း ဖဆပလ က မနိုင်သဖြင့် တတိယ အကြိမ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ အနိုင်ရရှိရန် ကြိုးပမ်းမှု ပြုလုပ်လာသည်။
ဖဆပလအနေဖြင့် ရခိုင်လူထု၏ ထောက်ခံမှုကို မရသည့်အခါ ဦးနုသည် မွတ်ဆလင်အများစု မဲကို ရရှိအောင် ဆောင်ရွက်လာသည်။ ၁၉၅၆ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲနှင့် ဘူးသီးတောင်နယ် တွင် မဲဆန္ဒနယ် တစ်နယ်ပိုမို သတ်မှတ်ပေးပြီး မွတ်ဆလင်များအား ဖဆပလသို့ သိမ်းသွင်းကာ အရွေးခံစေခဲ့ရာ အဘူခိုင်၊ အလူဘော်ရှောတို့ ဖဆပလ အမတ်များ ဖြစ်လာကြ၍ ဘူးသီးတောင်မြို့နယ်မှ စူလတန်မာမွတ် ဖဆပလ အမတ်အဖြစ် အရွေးခံရသည်။ ဘူးသီးတောင်၊ မောင်တောမှ မွတ်ဆလင် အမတ်များကို အရွေးခံခွင့် ပေးခဲ့ပြီး မဲအများအပြား ရရှိစေရန်အတွက် စစ်တကောင်း ကုလားများကို ခေါ်သွင်းကာ မဲပေးခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သည်ဟု ဆိုသည်။ စစ်တကောင်းကုလားများကို ခေါ်သွင်းနေကြောင်း သိသော်လည်း ဦးနုအနေဖြင့် မသိယောင်ဆောင်နေခဲ့ခြင်းဖြင့် ကုလားများ အဆမတန် များပြားလာစေခဲ့သည်။ ဖားဝပ်ရွာ(မောင်တော)မှ ပါလီမန်ခေတ် ကြုံခဲ့သူတစ်ဦးက ဦးနုသည် ဖားဝပ်ရွာကို ရောက်ရှိလာကြောင်း၊ မွတ်ဆလင်တွေ ဖဆပလကို မဲပေးလျှင် မှတ်ပုံတင်ထုတ်ပေးမည်၊ နေခွင့်ရမည်ဟု ပြောသွားကြောင်း ၎င်း၏ အတွေ့အကြုံကို ပြောပြခဲ့သည်။ မြောက်ဦးမြို့တွင် နေထိုင်သည့် ရတညတွင် ကိုယ်တိုင် ပါဝင်ခဲ့သူ တစ်ဦးက ပြောကြားသည်မှာ ဦးနုသည် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့နှင့် မတူပဲ မွတ်ဆလင်များထံမှ မဲရရေးအတွက် နှုတ်မှ အလွယ်တကူ ကတိပေးမှုများ ပြုခဲ့ကြောင်း၊ ရတည ကိုလည်း ၎င်းပါတီကို ထောက်ခံပါက ရခိုင်ကို ပြည်နယ်ပေးမည်ဟု ရတည အမတ်များကို ၎င်း၏ အိမ်သို့ ခေါ်ကာ ပြောဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။
ဖဆပလ အနိုင်ရရေးအတွက် ထိုအချိန်က ပြည်ထဲရေးဝန်ကြီး ဦးဧမောင်(ခ) အဒူလာဒစ် ၏ ထောက်ခံမှုဖြင့် ဘင်္ဂါလီများကို ခေါ်သွင်းလာသည်။ ဘူးသီးတောင်တွင် အဘူခိုင်ဆိုသူက ဖဆပလဥက္ကဋ္ဌ၊ လဝကတို့နှင့် ပေါင်းကာ အိမ်ထောင်စု စာရင်းများ ပြုလုပ်ပြီးမှ တစ်ဘက်နိုင်ငံမှ ဘင်္ဂါလီများကို ခေါ်သွင်းလာရာ ရွာပေါင်း (၄၀)ကျော်သည် တစ်မဟုတ်ချင်း ရောက်ရှိလာသည်။ ပြင်ပမှ လူပေါင်းများစွာကို ထိုကဲ့သို့ ခေါ်သွင်းလာခြင်းဖြင့် ဖဆပလ အနိုင်ရရေး ဆောင်ရွက်ခြင်းသည် ဦးနု၏ လုပ်ဆောင်ချက် ဖြစ်သည်။ ထိုအမှားသည် နောင်တွင် နိုင်ငံကို များစွာ အထိနာစေသော အမှားတစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ဘူးသီးတောင်၊ မောင်တောနယ်တွင် ဖဆပလမှာ မွတ်ဆလင် အမတ်များ အနိုင်ရလာပြီး လွှတ်တော်အမတ်များ ဖြစ်လာသည်ကို တွေ့ရသည်။ လွှတ်တော်တွင် နေရာရလာသူများ၏ နောက်ကွယ်တွင် မွတ်ဆလင်ကုန်သည်များ၏ အထောက်အပံ့များ ပါဝင်သည်ကို တွေ့ရသည်။ ဦးနုအစိုးရ ကိုယ်တိုင်က ရွေးကောက်ပွဲ အောင်မြင်ရေးအတွက် မွတ်ဆလင် ကုန်သည်များ၏ ငွေကြေးထောက်ပံ့မှုများ ရယူခဲ့ရသည်ဟု သိရသည်။
ဦးနုအစိုးရ အာဏာရလာသည့်အခါ မွတ်ဆလင်အမတ်များ နေရာရလာပြီး ဝန်ကြီးအဆင့် ရာထူးများပါ ရရှိလာကြသည်။ ထိုသို့ ရလာသော ရာထူးကို အသုံးချကာ ရခိုင်ပြည်နယ်အတွင်းသို့ စစ်တကောင်း မွတ်ဆလင်များ အလွယ်တကူ ဝင်လာနိုင်အောင် အကာအကွယ်ပေးခြင်း၊ စပါးမှောင်ခို လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ မြေအောက်လှုပ်ရှားမှု ပြုလုပ်နေသော မူဂျာဟစ်အဖွဲ့ကို အကူအညီ ပေးခြင်းများ ပြုလုပ်လာသည်ကို တွေ့ရသည်။ ဦးနု၏ ဖဆပလ အစိုးရကာလတစ်လျှောက်လုံး မွတ်ဆလင် အမတ်များ၏ အာဏာဖြင့် ဘူးသီးတောင်၊ မောင်တောနယ်ထဲတွင် လှုပ်ရှားမှုအမျိုးမျိုး ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ထိုနယ်မှ မွတ်ဆလင် အမတ်များသည်ပင် ၎င်းတို့၏ ဩဇာအာဏာကို အသုံးပြုကာ ဘင်္ဂါလီများ ဝင်ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့သည် ကိုလည်း တွေ့ရှိရသည်။
ရခိုင်တို့ ပြည်နယ် တောင်းဆိုသံများ ကျယ်ပြန့်လာခြင်းကို မွတ်ဆလင်များကလည်း ယခင်ကပင် စိုးရိမ်ခဲ့သည်။ ရခိုင်တို့ တောင်းဆိုချက်အောင်မြင်ခဲ့လျှင် ပြည်နယ်ပေးခဲ့လျှင်၊ မွတ်ဆလင်များ ဖိနှိပ်ခံရမည်ကို စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့် ရခိုင်မြောက်ပိုင်းရှိ မွတ်ဆလင်တို့လည်း ခွဲထွက်ရေး လှုပ်ရှား မှုများ စတင်ပြုလုပ်လာကြသည်ကို (Rees William) က အစိုးရသို့ တစ်ချိန်ကပင် တစ်ပြအစီရင်ခံခဲ့ပြီး ဖြစ်သည်။ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ရခိုင်ကို ပြည်နယ်ပေးပါမည်ဟု ကတိပေးလိုက်သောအခါ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်တို့သည် မကျေနပ်မှုများ ဖြစ်ပေါ်လာခဲ့သည်။ လှုပ်ရှားထကြွမှုများလည်း ပြန်လည် ပေါ်ပေါက်လာခဲ့သည်။ ယခင် အလယ်သံကျော် ညီလာခံတွင် ပါဝင်ခဲ့သော မွတ်ဆလင် ခေါင်းဆောင်တို့သည် အသွင်အမျိုးမျိုးနှင့် ရှိနေကြရာမှ ရခိုင်ပြည်နယ် ဆန့်ကျင်ရေးကို ပြုလုပ်လာသည်။ သတင်းစာများမှ မွတ်ဆလင်တို့အတွက် တောင်းဆိုခက်အမျိုးမျိုးကို ပြုလုပ်လာသည်။
ဂျာမေတူအူလမားအသင်းအမည်ဖြင့် ဖွဲ့စည်းထားသည့် အသင်းသည် ဘာသာရေးအသွင်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သော်လည်း နိုင်ငံရေး ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်ပြီး ခေါင်းဆောင်မှာ စူလတန် အာမတ်နှင့် ၎င်း၏ ဇနီး ဒေါ်အေးညွန့်တို့ ဖြစ်သည်။ ၎င်း တို့အနေဖြင့် ပါလီမန် ရွေးကောက်ပွဲများတွင် ၁၉၄ရ မှ ၁၉၆ဝ အထိ ဆက်တိုက် အနိုင်ရခဲ့ပြီး အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့တွင် ပါလီမန် အမတ်များ ဖြစ်လာခဲ့သည်။ မည်သည့်ပါတီ အဖွဲ့အစည်းပင် ဖြစ်စေ ဘင်္ဂါလီ မဟုတ်ပါက လူအများစု ဖြစ်သော ဘင်္ဂါလီမဲကို မရနုင်သဖြင့် ဘာသာရေးနှင့် လူမျိုးရေးသက်သက်ကို ရှေ့တန်းတင် သော နိုင်ငံရေး လှုပ်ရှားမှုများ မောင်တောမြို့နယ်တွင် လွှမ်းမိုးနေသည်ကို တွေ့ရသည်။ ထိုအချိန်က ပါကစ္စတန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးဖေခင်က ဘူးသီးတောင်သို့ လာရောက် သည်တွင်-
“ယခု စကားပြောရာ၌ တိုက်ရိုက်ဗမာစကားကို မသုံးရပဲ စကားပြန်ကြား မှာထားကာ ပြောဟောရ သဖြင့် သူသည် မြန်မာနိုင်ငံတော်၏ တစ်နေရာသို့ ရောက်နေသည်ဟု မထင်ပဲ အရှေ့ပါကစ္စတန် ပြည် တစ်နေရာသို့ ရောက်နေသလားဟုပင် ယုံများ သံသယ ဖြစ်မိပါသည်။”
ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် နေကြသောသူများဖြစ်လျက် မြန်မာစကား တစ်လုံးမျှမပြောတတ်ပဲ ဘာသာပြန်ဖြင့် ပြောနေရခြင်းကြောင့် ကိုယ့်နိုင်ငံကို လာရောက်ရခြင်းမှ ဟုတ်ရဲ့လားဟု သံသယ ဖြစ်ကြောင်း ဆန်းစစ်ခဲ့ခြင်း ဖြစ်ပေသည်။
“စမတ်ကလည်း စစ်တကောင်းသား မွတ်ဆလင်များနှင့် ပတ်သက်၍ ယခင်ကပင် ရေးသား သတိပေးထား သည်မှာ- မောင်တောမြို့နယ်သည် ၅၄ဝ စတုရန်းမိုင်ရှိ၍ ၁၉၁၁ ခုနှစ်၌ ၁၃၁၁၃၄ ဦးရှိသည်။ စတုရန်း တစ်မိုင်လျှင် ၂၃ဝ ဦးနေထိုင်၍ စစ်တွေ ခရိုင်၌ လူဦးရေ အထူထပ်ဆုံး ဖြစ်သည်။ စုစုပေါင်း လူဦးရေအနက် ၇၇% ကော်မှာ စစ်တကောင်းသားများ ဖြစ်ကြသည်။ စစ်တကောင်းသားများ ဝင်ရောက်မှုသည် တဖြည်းဖြည်း ဆက်လက် ဖြစ်နေသည်။ ယင်းဝင်ရောက် မှုသည် ဒေသခံရခိုင်တို့အား အရှေ့ဘက်သို့ မောင်းထုတ်နေသည်။ ပျင်းရိနေသော ရခိုင်တို့သည် ဝီရိယရှိ၍ ချွေတာတတ်သော စစ်တကောင်းသားတို့ ဝင်ရောက်လာမှုကို တောင့်မခံနိုင်ကြချေ။ အကယ်၍ ရခိုင်တို့သည် မိမိတို့၏ ပျင်းရိဖြုန်းတီးတတ်သော အလေ့အထများကိုသာ ဆက်လက် ပြုကျင့်နေကြဦးမည်ဆိုလျှင် ယခုမောင်တောမြို့နယ်၌ ဖြစ်နေသော အခြေအနေကဲ့သို့ စစ်တွေ ခရိုင် တစ်ခုလုံးသည် စစ်တကောင်းသားတို့လက်ထဲသို့ ရောက်သွားပေလိမ့်မည်။”
ဟု မှတ်ချက်ပြုထားသည်ကို တွေ့ရသည်။
မွတ်ဆလင်တို့သည် မြန်မာတိုင်းရင်းသားများ မဟုတ်ကြသဖြင့် တိုင်းရင်းသားများ ခံစားခွင့်ရှိသော “ပြည်နယ်ရပိုင်ခွင့်”ကို ခံစားခွင့် မရှိကြောင်း သိလာကြသည့်အခါ မိမိကိုယ်ကို “ရခိုင်တိုင်းရင်းသား မွတ်ဆလင်”များ ဖြစ်ကြောင်း ရေးသားတင်ပြလာကြသည်။ ထိုလိမ်လည်တင်ပြမှုကို ပါလီမန် အမတ်ဟောင်း ဂဖါးမှ စတင်ခဲ့သည်။ ၎င်းက အလယ်သံကျော်ညီလာခံမှ ဆုံးဖြတ်ချက်များကို အားပေးသော သမိုင်းဆောင်းပါးတစ်ပုဒ်ကို ၂၈-၈-၅၁ နေ့ထုတ် ဂါးဒီးယန်း သတင်းစာတွင် စတင်ရေးသား ခဲ့သည်။ ထို့နောက် (၁၀)နှစ်အကြာ မေလထုတ် ဂါးဒီးယန်းမဂ္ဂဇင်းတွင် အမ်အေတာဟီရ်ဘသာ က (ဘသာ)ဟူသော မြန်မာအမည်ဖြင့် မစ္စတာဂဖါးကဲ့သို့ ဘူးသီးတောင်၊ မောင်တောမြို့နယ်များရှိ စစ်တကောင်းသား မွတ်ဆလင်များကို ရခိုင်တိုင်းရင်းသား မွတ်ဆလင် ဖြစ်လေဟန် မခိုင်မာသော သမိုင်း အထောက်အထားများဖြင့် ရေးသားလာသည်ကို တွေ့ရသည်။
ရခိုင်တို့၏ ပြည်နယ်တောင်းဆိုမှု ကြီးထွားလာချိန်တွင် မွတ်ဆလင်တို့ကလည်း ရခိုင်တို့နှင့် တန်းတူ အခွင့်အရေးပေးရန် တောင်းဆိုခဲ့ကြသည်။ တိုင်းရင်းသားအဖြစ် အခွင့်အရေး တောင်းဆိုလာခြင်း ဖြစ်သည်။ ထိုဆောင်းပါးကို ရိုဟင်ဂျာ အမျိုးသားညီညွတ်ရေး အဖွဲ့ချုပ်ကလည်း “ရိုဟင်ဂျာလူမျိုးစုရာဇဝင် အကျဉ်းချုပ်” အမည်ဖြင့် အနည်းငယ် ဖြည့်စွက်ကာ ၁၉၆ဝ ပြည့်နှစ်တွင် ပုံနှိပ်ဖြန့်ဝေခဲ့သည်။ အမ်အေတာဟီရ်ဘသာ ကပင် ၁၉၆၃ ခုနှစ်၌ “ရိုဟင်ဂျာနှင့် ကမန်လူမျိုးစုများ” ဟူသော စာအုပ်ကို မြစ်ကြီးနားမြို့ ရိုဟင်ဂျာအမျိုးသား ညီညွတ်ရေး အဖွဲ့မှတစ်ဆင့် ထုတ်ဝေခဲ့ပြန်သည်။ ထို့အတူ မောင်သံလွင်ကလည်း ရိုဟင်ဂျာ လူမျိုးများအကြောင်းကို မြဝတီ မဂ္ဂဇင်းတွင် ရေးသားကာ တိုင်းရင်းသား လူမျိုးဖြစ်ကြောင်း လမ်းကြောင်းပြခဲ့သည်။ သို့သော် ရိုဟင်ဂျာနှင့် ပတ်သက်သည့် ဆောင်းပါး အားလုံးသည် ဘသာနှင့် ဂဖါးရေးသားသည့် ဆောင်းပါးကို ထပ်တူကူးချရေးသားထားခြင်း များသာ ဖြစ်သည်ကို တွေ့ရသည်။ ထိုထက်ပိုသော အထောက်အထား မရှိတော့ပဲ လှည့်ပတ်ရေးသားနေခြင်းသာ ဖြစ်သည်။ ရိုဟင်ဂျာလူမျိုးကို တိုင်းရင်းသား လူမျိုးဖြစ်ရေး စီမံချက်ဖြင့် ပါလီမန်တွင်လည်းကောင်း၊ ပါလီမန် ပြန်ပတွင် လည်းကောင်း စနစ်တကျ မွတ်ဆလင် ပညာတတ်များက ဦးဆောင်ကာ လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

{ Comment Off & Tag Deleted by Mod#3 }

One comment

  • San Hla Gyi

    January 4, 2013 at 5:15 pm

    အယ်ဒီတာကြီးခင်ဗျာ အယ်ဒီတာကြီး ခင်ဗျာ ဟောဒီမှာ ငြိမ်နေတာကို ပြဿနာ ရှာနေပြန်ပြီ ခင်ဗျာ။ ဒါကမှ စည်းကမ်းချက်နဲ့ တည့်တည့်ငြိတာပါ။ တပ်ထားတဲ့ tag ကိုက “ရခွေး” တဲ့ခင်ဗျာ။ ရခိုင်တွေကလည်း ဘာမှစပြီး မပြောသေးပဲနဲ့ ဟောဒီမှာ ကုလားမဟုတ်တဲ့ ကုသလ အမျိုးကောင်းသားတွေ ပြဿနာရှာနေတာ ဖြေရှင်းပေးပါ ခင်ဗျာ။ ရေးထားတာတော့ ဘင်္ဂါလီတွေကို အပြစ်တင်သလိုလို တပ်ထားတဲ့ tag က ရခွေးလို့ ရေးထားပြီး ခေါင်းစဉ်က တမျိုးကြီးလိုပဲ ခင်ဗျာ။

Comments are closed.