အို…အသင်လောက
အသင့်ရှေ့မှာမြင်မြင်သမျှကို
ပြုံးရယ်ကာကြည့်နေခြင်းရယ်နှင့်
လှောင်ချင်နေပြီလား

သံသရာခရီးသွားတွေချင်းအတူတူ
ငါဖြူသည် နင်ကမည်းလို့
နင်စီးတာပက်ဘလစ်ရထား ငါကတော့လင်ကွန်းကားရယ်နှင့်
နင့်အိမ်ယာအစွန်အဖျားမှာတကား
ငါနေတာကရွှေတောင်ကြား တဲ့

မသထာစိတ်ထားတွေထားလို့
လူကိုလူချင်းသတ်မှတ်ခြင်းစံနှုန်းတွေက
အဆင့်မတူနိမ့်မြင့်ခြားထားပါလို့
ပကတိအမှန်တရားတွေတဲ့လား

ပစ္စည်းဥစ္စာရတနာ သင့်စီးပွားငွေအသပြာက
ကံ၊ဥာဏ်၊၀ိရိယရဲ့အကျိုးပွားတွေသာမို့
ကြိုးစားကာ အုပ်ထိန်းထားရမှာက
ကောင်းသောကိုယ်စိတ်နှစ်ပါး

ကိုယ်ကျင့်တရားဆိုင်ရာ
အဆင့်သတ်မှတ်မှုဇယားတွေကမှ
လူ့လောကအလွှာစုံညီမျှတာအမှန်ပေမို့
ရုပ်ရူပကာ စည်းစိမ်များကိုမာနထားသမျှ
တစ်နေ့အနားသတ်မှာသတိထားပါစို့
အဲဒါမှ အမှန်တရား……………….

နန်းတော်ရာသူ
4-1-2013

•*¨နန်းတော်ရာသူ •*¨

About •*¨နန်းတော်ရာသူ •*¨

•*¨နန်းတော်ရာသူ •*¨ has written 73 post in this Website..

လူအချင်းချင်းမိတ်ဖက်ခြင်းတွင်၊ကိုယ်စိတ်ရွှင်သာ ကြင်နာပါမှ၊နှစ်ဦးနှစ်ဘက် ချမ်းမြေ့တတ်၏။ စိတ်ရင်းအမှန်ဖြင့်ခင်မင်တတ်စွာနဲ့ နန်းတော်ရာသူ