တကယ့်အမှန်တရား

အို…အသင်လောက
အသင့်ရှေ့မှာမြင်မြင်သမျှကို
ပြုံးရယ်ကာကြည့်နေခြင်းရယ်နှင့်
လှောင်ချင်နေပြီလား

သံသရာခရီးသွားတွေချင်းအတူတူ
ငါဖြူသည် နင်ကမည်းလို့
နင်စီးတာပက်ဘလစ်ရထား ငါကတော့လင်ကွန်းကားရယ်နှင့်
နင့်အိမ်ယာအစွန်အဖျားမှာတကား
ငါနေတာကရွှေတောင်ကြား တဲ့

မသထာစိတ်ထားတွေထားလို့
လူကိုလူချင်းသတ်မှတ်ခြင်းစံနှုန်းတွေက
အဆင့်မတူနိမ့်မြင့်ခြားထားပါလို့
ပကတိအမှန်တရားတွေတဲ့လား

ပစ္စည်းဥစ္စာရတနာ သင့်စီးပွားငွေအသပြာက
ကံ၊ဉာဏ်၊ဝိရိယရဲ့အကျိုးပွားတွေသာမို့
ကြိုးစားကာ အုပ်ထိန်းထားရမှာက
ကောင်းသောကိုယ်စိတ်နှစ်ပါး

ကိုယ်ကျင့်တရားဆိုင်ရာ
အဆင့်သတ်မှတ်မှုဇယားတွေကမှ
လူ့လောကအလွှာစုံညီမျှတာအမှန်ပေမို့
ရုပ်ရူပကာ စည်းစိမ်များကိုမာနထားသမျှ
တစ်နေ့အနားသတ်မှာသတိထားပါစို့
အဲဒါမှ အမှန်တရား……………….

နန်းတော်ရာသူ
4-1-2013

8 comments

  • မောင်ပေ

    January 4, 2013 at 7:09 pm

    အမှန်တရား
    မကျန်မစား
    တစ်ရံအမှား
    ငထန်ကုလား
    ပုဂံအသွား
    ဆလံတကား

  • ခပ်မိုက်မိုက် ကောင်မလေး

    January 4, 2013 at 10:48 pm

    အရမ်းကောင်းတဲ့စာသားလေးပါ.။
    အားပေးခံစားသွားပါတယ်နော်.။

  • surmi

    January 5, 2013 at 10:49 am

    မမမှန်တာတွေများနေလို ့ အမှန်ဆိုတာတောင် ဘာလဲလို ့မေးရမလိုပါပဲ ။
    ဘုရားဟောတဲ ့ ဆင်းရဲခြင်းအမှန်တရားတွေကိုပဲ ကျုပ်တို ့က
    ချမ်းသာထင်ပြီး ဆုပ်ကိုင်ထားတတ်ကြတာလေ ………

  • ဟုတ်ဒယ် .. ဟုတ်ဒယ် ..
    နာ့ယောက်ခမဂျီး ကြောဒါ မှန်ဒယ် …
    ဘူဒွေဘာကြောကြော ..
    ကိုယ်စိတ်နှစ်ပါးကို ကောင်းအောင် ထားရမယ် .. ဒါဗျဲ …
    :mrgreen:

  • ပေါင်းသင်းဆက်ဆံရမှာပဲဖြစ်ဖြစ် အလုပ်လုပ်ရာမှာပဲဖြစ်ဖြစ် ပေးကမ်းလှူဒါန်းရာမှာပဲဖြစ်ဖြစ် တကယ့်စိတ်ရင်းအမှန်နဲ့စေတနာထားရင် အဲ့ဒီလူအတွက်အမြတ်တွေချည့်ပဲ။
    ချမ်းသာသွားမှမဟုတ်ပါဘူး။
    လူလူချင်း မကြိုက်ရင်မပေါင်းလို့ရတယ်။မတူမတန်ဘူးထင်ပြီး မနှိမ်ချသင့်၊သွားပုတ်လေလွင့်မပြောသင့်ပါဘူး။

  • မောင်ထက်ကြီး(မုံရွာ)

    January 6, 2013 at 6:37 pm

    ပစ္စည်းဥစ္စာ ချမ်းသာပြီး စိတ်ဓာတ်မွဲးတဲ.သူတွေ..နန်တော်ရာသူ ရဲ. အမှန်တရာ..နဲ.

    စိတ်ဓာတ်တွေ ချမ်းသာအောင်လုပ်ကြပါ…

Leave a Reply