ကမ္ဘာ့ အန္တရာယ်အများဆုံး တိရစ္ဆာန် (၁၀) မျိုး

+++++++++++++++++++++++

၁။ ခြင် (Mosquito)

 

ရိုးရိုး အမြင်အားဖြင့် ကြည့်မယ်ဆိုရင် ” ခြင် ဆိုတဲ့ အကောင်တွေက ဘာအန္တရာယ် ရှိလို့လဲ ..? ” ဆိုပြီး မေးခွန်း ထုတ်နိုင်ပါတယ်။ ဟုတ်ကဲ့ …။ ခြင်တွေက အရွယ်အစားအားဖြင့် လူတစ်ယောက်ရဲ့ လက်သည်းခွံလောက်တောင် မရှိပါဘူး။ လာကိုက်သလား …၊ ဖြတ်ခနဲ ရိုက်သတ်လိုက်ရုံပါပဲ။ ဒါပေမယ့် ခြင်ဆိုတဲ့ အကောင်တွေက တကယ့်ရောဂါပိုးတွေကို သယ်ဆောင် ထားကြပါတယ်။ ဒါကြောင့်ပဲ ကမ္ဘာ့ လူသတ်သမား အကြီးစားတွေ လို့တောင်မှ သတ်မှတ်ထားကြပါသေးတယ်။

ခြင်တွေ သယ်ဆောင်ထားတဲ့ ရောဂါပိုးတွေကတော့ အများသိကြတဲ့ အတိုင်း ငှက်ဖျား၊ ဆင်ခြေထောက်၊ West Nile Virus ဆိုတဲ့ ရောဂါပိုးတွေပါပဲ။ ဒီထဲမှာ အန္တရာယ် အကြီးဆုံးကတော့ ငှက်ဖျား ရောဂါပိုးပါပဲ။ ဒီရောဂါ ကူးစက်ခံနေရသူ အရေအတွက်ဟာ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်ခန့် ရှိတယ်လို့ WHO မှာ ဖော်ပြထားပါတယ်။

ခြင်တွေကြောင့် သေဆုံးမှုနှုန်းဟာ တစ်နှစ်ကို ၂ သိန်းမှ ၃ သိန်းကြား ရှိတယ်လို့ သိရပါတယ်။

++++++++++++++++++++++++++++++++++

၂။ အဆိပ်ပြင်းသော မြွေများ (Venomous Snakes)

 

 

မြွေတွေကို ဒီစာရင်းထဲ ထည့်တာတော့ မလွန်လောက်ပါဘူး။ မြွေကိုက်လို့ အသက် အန္တရာယ် ဆုံးရှုံးသွားခဲ့ရသူတွေ ကျွန်တော်တို့ မြန်မာပြည်မှာ အများကြီးပါ။ ဒီထဲမှာ တောဘက်က ဆေးရုံ၊ ဆေးခန်းနဲ့ မနီးစပ်တဲ့ လူတွေ ပိုပြီး ခံစားရပါတယ်။ အချို့ဆို ဘာမြွေကိုက်လို့ ကိုက်သွားမှန်း မသိလို့ ဆေးမှား ထိုးမိပြီး အသက် ဆုံးရှုံးခဲ့ရတာတွေလည်း အများကြီးပါပဲ။ ထားပါ။ အဆိပ်ပြင်းတဲ့ မြွေမျိုးစိတ်ပေါင်းဟာ ၄၅ဝ ကျော် ရှိတယ်လို့ ဆိုပါတယ်။ မြွေကိုက်လိုက်ပြီ ဆိုတာနဲ့ မြွေဆိပ်ဟာ သွေးကြောကနေတစ်ဆင့် ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့နှံ့သွားစေပါတယ်။ အဆိပ်ပြင်းလေ ဆေး မမှီလေပေါ့ဗျာ။

အဆိပ်ပြင်း မြွေဆိုးတွေကြောင့် သေဆုံးမှုနှုန်းဟာ တစ်နှစ်ကို ၅ဝ ကနေ ၁၂၅၀၀ဝ ကြားမှာ ရှိတယ်လို့လည်း ဆိုပါတယ်။
++++++++++++++++++++++++++++++++++
၃။ ကင်းမြီးကောက် (Scorpion)

 

 

ကင်းမြီးကောက် ကိုက်လို့ သေတယ် ဆိုတဲ့ စကားကိုတော့ ကျွန်တော်တို့ဆီမှာ ကြားဖူးနားဝ အတော်လေး နည်းမှာပါ။ ဒါပေမယ့် ဒီကောင်တွေဟာလည်း အန္တရာယ် ကြီးမားတဲ့ တိရစ္ဆာန်တွေပါတဲ့။ တစ်နှစ်ကို ကင်းမြီးကောက်ကြောင့် သေဆုံးမှုနှုန်းဟာ ၈၀ဝ ကနေ ၂၀၀ဝ ကြားမှာ ရှိတယ်လို့လည်း ဆိုပါတယ်။
++++++++++++++++++++++++++++++++++
၄။ ကြောင်ကြီးများ (Big Cats)

 

 

ကြောင်ကြီးများဆိုလို့ ကျွန်တော်တို့ အိမ်မွေး တိရစ္ဆာန် ကြောင် အကြီးစားတွေကို ပြောတာ မဟုတ်ပါဘူး။ ခြင်္သေ့၊ ကျား၊ ကျားသစ် စတဲ့ တိရစ္ဆာန်တွေကို ဆိုလိုတာပါ။ ဒီကောင်တွေရဲ့ အန္တရာယ် များပုံကတော့ ပြောစရာ မလိုလောက်ပါဘူး။ သူတို့ကတော့ ခွန်အားနဲ့ အန္တရာယ် ပြုတတ်တဲ့ တိရစ္ဆာန်တွေပါပဲ။ ဒီကြောင်ကြီးမျိုးနွယ်တွေကြောင့် တစ်နှစ်ကို သေဆုံးမှုနှုန်းဟာ ၈၀ဝ ဝန်းကျင်ခန့် ရှိတယ်လို့ ဆိုပါတယ်။
++++++++++++++++++++++++++++++++++
၅။ မိကျောင်း (Crocodile)

 

 

မိကျောင်းတွေဟာ ကမ္ဘာ့ အန္တရာယ် အများဆုံး တိရစ္ဆာန်တွေထဲက တစ်ကောင်ဆိုရင် အားလုံးပဲ လက်သင့် ခံနိုင်ကြမယ် ထင်ပါတယ်။ ခြွင်းချက်အားဖြင့် ဆိုရင်တော့ မိကျောင်းကို ထူးထူးခြားခြား အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးတဲ့လူတွေတော့ ရှိနေပါတယ်။ ထားပါ။ မိကျောင်းတွေ ထဲမှာဆိုရင် အာဖရိကနဲ့ ဩစတြေးလျ က မိကျောင်းတွေက ပိုပြီး အန္တရာယ် များတယ်လို့လည်း ဆိုထားပါတယ်။ ရေထဲမှာဆိုရင် ရေဘုရင်လို့ ဆိုရလောက်အောင်ပဲ သူတို့ရဲ့ ရွှေ့လျားမှုနှုန်းဟာ မြန်ဆန်လှပါတယ်။ ပြီးတော့ သူတို့ရဲ့ မေးရိုးကလည်း ဖမ်းမိထားတဲ့ သားကောင်ကို ရုန်းထွက်နိုင်စွမ်း မရှိလောက်အောင် ခိုင်မာလွန်လှတယ်လို့ ဆိုပါတယ်။

မိကျောင်းတွေကြောင့် သေဆုံးမှုနှုန်းကတော့ တစ်နှစ်ကို ၆၀ဝ မှ ၈၀ဝ ကြားမှာ ရှိတယ်လို့ သိရပါတယ်။
++++++++++++++++++++++++++++++++++
၆။ ဆင် (Elephant)

 

 

ဆင်တွေကိုလည်း ဒီစာရင်းထဲမှာ နံပါတ် ၆ နေရာက သွပ်သွင်းထားပါတယ်။ သူတို့ရဲ့ ကြီးမားတဲ့ ခန္ဓာကိုယ်နဲ့ အင်အား၊ ပြီးတော့ အစွယ်တွေက လူတွေကို အသာလေး ဒုက္ခပေးနိုင်ပါတယ်။ ကြာနီကန် ဆရာတော်ရဲ့ တရားတစ်ပုဒ်ထဲမှာတော့ ဆင်ဝင်စား လူတစ်ယောက် ပြောပြသွားပုံလေးကို ဟောထားပါတယ်။ အဲ့ဒီထဲမှာ ပြောသွားတာက လူ့ဘုန်းကံ ပေါ့ဗျာ။ လူ့ဘုန်းကံ မြင့်နေချိန်မှာဆိုရင် ဆင်တွေရဲ့ အမြင်မှာ လူဟာ သူတို့ထက် ကြီးမားတဲ့ လူကြီးတစ်ယောက်လို့ မြင်နေရပြီး ကြောက်ရွှံ့ကြပါတယ်။ လူ့ဘုန်းကံ နိမ့်နေချိန်မှာတော့ ဆင်တွေရဲ့ အမြင်မှာ လူဟာ သူတို့ရဲ့ ခြေဖဝါးအရွယ်လောက်ပဲ ရှိတယ်လို့ မြင်ကြောင်းကို ပြောပါတယ်။ လူ့ဘုန်းကံ နိမ့်နေချိန်မှာ ဆင်တွေက လူကို မလုပ်ချင်တာနေမယ်။ လုပ်ရင် အသေပဲလို့လည်း ဆိုထားပါသေးတယ်။ ဒါကတော့ ဆင် အကြောင်း စပ်မိတုန်းပေါ့ ခင်ဗျာ။

ဆင်တွေကြောင့် သေဆုံးမှု နှုန်းကတော့ဖြင့် တစ်နှစ်ကို ၃၀ဝ ကနေ ၅၀ဝ ကြား ရှိတယ်လို့ ဆိုထားပါတယ်။
++++++++++++++++++++++++++++++++++
၇။ ရေကြံ့၊ ရေမြင်း (Hippopotamus)

 

 

ဒီအကောင်တွေကတော့ အာဖရိကမှာ အတွေ့ရများတယ်လို့ ဆိုပါတယ်။ ညှာတာ စာနာမှု အကင်းမဲ့ဆုံး တိရစ္ဆာန်တွေလို့လည်း ဆိုထားပါသေးတယ်။ သူတို့ဟာ ရေထဲမှာရော၊ ကုန်းပေါ်မှာပါ ရှင်သန် နေထိုင်လေ့ ရှိကြပါတယ်။ ဒီအကောင်ကြီးတွေရဲ့ပါးစပ်တွေဟာ လေးပေအထိ ဖွင့်ဟနိုင်ပြီး တူမကြီးနဲ့ ရိုက်ချလိုက်သလို ကြမ်းကြမ်းတမ်းတမ်း ပိတ်ဆို့ ဖမ်းယူ နိုင်ပါသေးတယ်။ ဒီလို အကျင့်စရိုက်ကြောင့်ပဲ သူတို့ကို ကမ္ဘာ့ အန္တရာယ်များတဲ့ တိရစ္ဆာန် စာရင်းထဲမှာ ထည့်သွင်းလိုက်ရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ရေကြံ့၊ ရေမြင်းတွေကြောင့် သေဆုံးမှု နှုန်းကတော့ တစ်နှစ်ကို ၁၀ဝ ကနေ ၁၅ဝ ကြားမှာ ရှိတယ်လို့လည်း ဆိုပါတယ်။
++++++++++++++++++++++++++++++++++
၈။ ဂျယ်လီငါး (Jellyfish)

 

 

ဒီဂျယ်လီငါးတွေရဲ့ အသွင်ကတော့ စိတ်ဝင်စားဖွယ် ကောင်းလှပါတယ်။ ဒါပေမယ့် ထိတ်လန့် တုန်လှုပ်ဖွယ်လည်း ကောင်းလှပါတယ်လို့ ဆိုထားပါတယ်။ သူတို့ အန္တရာယ်များတဲ့ အကြောင်းကိုတော့ သိပ်ပြီး မသိပါဘူး။ သိတဲ့လူတွေ ရှိရင် ပြောပေးစေလိုပါတယ်။ ဘာပဲဖြစ်ဖြစ် ဂျယ်လီငါးတွေကြောင့် သေဆုံးမှုနှုန်းကတော့ တစ်နှစ်ကို ၁၀ဝ ဝန်းကျင်ခန့် ရှိတယ်လို့ ဆိုထားပါတယ်။ Jellyfish-Wikipedia
++++++++++++++++++++++++++++++++++
၉။ ငါးမန်း (Shark)

 

 

ငါးမန်းလို့ ဆိုလိုက်ရင် ကျွန်တော်တို့ တစ်တွေဟာ ချွန်မြလှတဲ့ သွားတွေနဲ့ ရေပြင်ထဲက ကြောက်မက်ဖွယ် တိရစ္ဆာန် တစ်ကောင်လို့ မြင်မိကြမှာပါ။ ငါးမန်း ရုပ်ရှင်တွေ ကြည့်ဖူးတဲ့သူတိုင်း ငါးမန်းကို ရွှံရှာ ကြောက်ရွှံ့ကြသလို၊ ပင်လယ်ပြင်ကို ဖြတ်တဲ့ အခါမျိုးမှာလည်း သွေး ရေသို့ မကျစေဖို့ သတိထားမိလိမ့်မယ် ထင်ပါတယ်။ သို့ပေမယ့် ကျနော်တို့ ရုပ်ရှင်ထဲမှာ တွေ့ရတဲ့ ငါးမန်းတွေလောက် အပြင်က တကယ့်လက်ရှိ ငါးမန်းတွေက မဆိုးဝါးလှဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လို့လည်း သူတို့ဟာ ရက်စက် ဆိုးဝါးလှတဲ့ လူသတ် တိရစ္ဆာန်တွေပဲ ဖြစ်ကြပါတယ်။

ငါးမန်းတွေကြောင့် တစ်နှစ်ကို သေဆုံးမှုန်နှုန်းဟာ ၁၀ဝ ဝန်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။

++++++++++++++++++++++++++++++++++

 

၁၀။ ဝက်ဝံ (Bear)

 

 

ဝက်ဝံ တွေဟာ လူသားတွေရဲ့ အချစ်ခင်ဆုံး သူငယ်ချင်း တစ်ယောက်အဖြစ် မိတ်ဖွဲ့လို့ ရနိုင်သလို၊ သူတို့ကို ပွေ့ဖက် ပွတ်သပ်ပြီး ရင်းရင်းနှီးနှီး ကစားနေလို့လည်း ရနိုင်ပါတယ်။ ဒါဖြင့် သူတို့ကို အန္တရာယ် များတဲ့ တိရစ္ဆာန် စာရင်းထဲ ထည့်ထားရတာလဲ ??? ဟုတ်ကဲ့။ တောနက် ထဲမှာ ဝက်ဝံ တစ်ကောင်နဲ့ ရင်ဆိုင် တွေ့ရတဲ့အခါ မျိုးမှာ သင် သိလာပါလိမ့်မယ်။ ဆိုလိုချင်တာကတော့ တောရိုင်း တိရစ္ဆာန် ဖြစ်တဲ့ ဝက်ဝံ မျိုးကို ဆိုလိုတာပေါ့ဗျာ။ ဟုတ်ပါတယ်။ တောထဲမှာ ဝက်ဝံ တစ်ကောင်နဲ့ ရင်ဆိုင် တွေ့ပြီဆိုရင် အသက်ပါ ပါသွားနိုင်လောက်အောင် အန္တရာယ် များလှပါတယ်။ ဒါကြောင့်ပဲ ဒီစာရင်းထဲ ထည့်ရခြင်း ဖြစ်ပါတယ်။ ဝက်ဝံတွေကြောင့် သေဆုံးမှု နှုန်းကတော့ တစ်နှစ်ကို ၅ ယောက်ကနေ ၁ဝ ယောက်ကြား ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++
မှီငြမ်း – http://scienceray.com
by – မဟာရာဇာ အံစာတုံး
++++++++++++++++++++++++++++++++++

23 comments

    • ဟက်ကဲ့ …

      ပထမဆုံး လာအားပေးသွားလို့ ..
      ကျေးကျေးဘာနော့ …
      နံပါတ် ၁၁ အစိမ်းရောင် မျက်နှာရှိသောဆိုတာ
      ဘာကို ပြောတာလဲ သိဝူးးးနော့ .. 🙄 :mrgreen:

      ++++++++++

      ယောက်ခမဂျီးး

      ကျုပ် ပြောတာ ၁ဝ ကောင်းတည်းရယ်ပါ ..
      ဘယ်က ၁ ကောင် ပိုလာဒါဒုံးးး
      (မသိချင်ယောင်ဆောင် မေးအုံးမှ) :mrgreen:

    • ဘဲဥ

      January 7, 2013 at 4:53 pm

      ဟုတ်ဒယ် ဟုတ်ဒယ်
      အဲ့ဒီ မျက်နှာဇိမ်းနဲ့ သွားအင်္ဂါမစုံဖြစ်နေဒဲ့တစ်ယောက်ကို ရှောင်ရမှာအေ့ :mrgreen:

  • မောင်ပေ

    January 5, 2013 at 7:23 pm

    နံပါတ်စဉ်ထဲမှာ ထည့်ဖို ့အတွက် နံပါတ်စဉ်တွေထဲပါအကောင်တွေက အဆင့်နိမ့်လွန်းနေလို ့
    သီးသန် ့ဘေးဖယ်ထားရတဲ့ နို ့တိုက်သတ္တဝါတစ်ကောင်ရှိတယ်
    ကမ္ဘာပေါ်ရှိ လူသားအမျိုးသမီးအားလုံးအတွက် အန္တရာယ်အကြီးဆုံးကတော့ ““ အုန်းစာတံ ”” ပါပဲ
    ဟီဟိ
    ( မှတ်ချက် = ခင်မင်မှုဖြင့် အပျော်သဘောပြောရုံသပ်သပ်မျှသာ ၊ တစ်ကယ်ယုံကြပါက ကျွန်ုပ် မဟုတ်မလုပ် မောင်ပေ နှင့် ဘာမှ မဆိုင်ပါကြောင်းးးးး ၊ အဲဒါ အဲဒါ )

    • မောင်ပေ …

      ဟေ့လူ … ဟေ့လူ ..
      စကားကို ဆင်ဆင်ခြင်ခြင် ပေါဘာ …
      အမှန်ဂ အုန်းစာတံ မဟုတ်ဘူး .. ပြောင်လေတဲ့ မေပေါင် ဘဲ …
      အိုက်ဒါ ကျန်တွားလို့ … ငွင်းး ငွင်းး

      +++++++++++++

      Thurein Maung

      သတ်ပစ်ချင်တဲ့ လူက ဘယ်သူတဲ့လဲ …
      ရည်းစား လုဘက်လားးး
      အားပေးသွားတာ ကျေးဇူးဘာ …
      စိတ်ကိုလည်း ထိန်းပါလို့ … :mrgreen:

  • thureinmaung

    January 5, 2013 at 7:44 pm

    တိရိစ္ဆာန်အများစုဟာ
    သူတို့အစာအတွက်နဲ့သူတို့ကိုအန္တရာယ်ပေးမှာစိုးလို့ကိုယ့်ကိုယ်ကိုကာကွယ်ဘို့အတွက်ဘဲလူကိုပြန်
    အန္တရယ်ပေးလေ့ရှိပါတယ်၊ခြွင်းချက်အနေနဲ့ ခြင်ကတော့မျိုးပွားဘို့အတွက်လူသွေးကိုစုပ်ရတယ်လို့
    လေ့လာရပါတယ်၊လူကိုကိုက်တာခြင်မတွေဖြစ်ပြီး၊ခြင်ထီးကမကိုက်တတ်ပါဘူး။
    ဒီတိရိစ္ဆာန်တွေကြောင့်လူတွေသေဆုံးရတာထက်လူလူချင်းသတ်လို့သေရတာကတစ်နေ့တစ်နေ့
    အဆပေါင်းများစွာပိုပါတယ်၊ခေါင်းစဉ်က အန္တရာယ်အများဆုံးတိရိစ္ဆာန်ဆိုပေမယ့် ခန္ခာဗေဒသဘော
    အရဆိုရင်လူဟာလည်း တိရိစ္ဆာန်တွေထက်အဆင့်တန်းမြင့်တဲ့တိရိစ္ဆာန်တစ်မျိုးပါဘဲ၊သူက (social animal)အမျိုးအစားဖြစ်ပါတယ်၊
    ကြောက်စရာအကောင်းဆုံးက လူပါဘဲ၊ ခုတောင်မှကျွန်တော်လူတစ်ယောက်ကိုသတ်ပစ်ချင်တဲ့စိတ်တွေ
    တဖွားဖွားဖြစ်ပေါ်နေတာ…

  • koaung

    January 5, 2013 at 7:49 pm

    ပုံတွေလှလိုက်တာ အဲဒါတွေကအထီးတွေလား အမတွေလား :mrgreen:

    • အကုန်လုံးတော့ အမ မဟုတ်ဘူးဂျ …
      ဟိုဒင်းးး
      မိကျောင်းဂျီးဂဒေါ့ အမ … ဒဲ့ …။
      ကျိုက်ရားဟင်င် .. 🙄 :mrgreen:

  • အရီးခင်လတ်

    January 5, 2013 at 8:58 pm

    (၁) ခြင် ကိုတော့ အရမ်းမုန်းတယ်။
    ထင်လို့လားမသိဘူး။
    အရီးတို့ ငယ်တုန်းက မြန်မာပြည်မှာ ခြင် ဆိုတာ တောရွာမှာမှ ပေါတာ။
    တော်ရုံမြို့ပေါ်မှာ တစ်နှစ် နှစ်ခါလောက် ဆေးမှုတ်တဲ့ ကားကြီး နဲ့ လမ်းတွေထဲ ဆေးတွေ ဖြန်းပေးတာ။
    မများလှဘူး။
    အခုတော့ အရင်ထက် ပိုပေါတယ်။
    မီးပျက် မှောင်မဲမဲ ကတစ်မျိုး .. မြောင်းတွေကလဲ ပိတ်လို့ တစ်ဖုံ ..
    အကြောင်းတွေကများ။
    အိမ်ပြန်တိုင်း ကိုယ်က ခြင်ကိုက်ခံရလဲ ဘာမှမဟုတ်ပေမဲ့ ကလေး မှာ အနာတွေဖြစ် အမာရွတ်တွေကျန်တာမို့
    အဲဒါနဲ့တင် တစ်ခါတစ်ခါ ပြန်ဖို့ အတော်အားမွေးရတယ်။
    ကိုယ်နေတဲ့ အရပ်မှာ ခြင်ထောင် ဆိုတာ မရှိတာမို့ ခြင်ဆိုတာ မရှိတဲ့ သဘောပါဘဲ။
    ဘီလ်ဂိတ်စ် ကတော့ သူ့ ဟောပြောပွဲ တစ်ခုမှာ နားထောင်တဲ့ သူတွေ ထဲ ဘယ်သူမှ ခြင်ကိုက် မခံဘူး တာမို့ ဆိုပြီး ခြင်ပေါတဲ့ နေရာက သူတွေကို ကိုယ်ချင်းစာနိုင်အောင် ခန်းမထဲ ခြင်တွေ လွှတ်ပေးဘူးတယ် ဆိုလား။ 😆
    ဟောဒီမှာကြည့်။ ၂၀၀၉ တုန်းက။ အရမ်းဈေးကြီးပေးပြီး နားထောင်ရတဲ့ ဟောပြောပွဲမှာနော်။

    http://www.msnbc.msn.com/id/29022220/ns/health-infectious_diseases/t/bill-gates-releases-mosquitoes-audience/#.UOhDsKzchIU

    “Bill Gates just released mosquitos into the audience at TED and said, ‘Not only poor people should experience this.'”
    That was the post by Facebook’s Senior Platform Manager Dave Morin on social networking site Twitter.
    The event took place at the TED2009 (Technology, Entertainment and Design) conference on Wednesday in Long Beach, Calif., where the Microsoft chairman was delivering a presentation about malaria education and eradication. Malaria is transmitted from person to person via mosquito bites.
    The mosquito incident was confirmed by the media office of the Bill and Melinda Gates Foundation, which also noted that the insects released were not carrying malaria.

    (၂) မြွေ ကတော့ သစ်တော သစ်ပင် များတာတိုင်းမှာ ပိုပေါနိုင်တယ်။
    ငယ်တုန်းက ကျောင်းမှာ မြွေကိုက်ခံရရင် ဆိုပြီးတောင် ရှေးဦးသူနာပြုစုနည်း သင်ခဲ့ဖူးတယ်။
    အဖွားကတော့သင်ထားတယ်။ မြွေတွေ့ရင် မပြေးဘဲ နင်လဲ နင့်လမ်းနင်သွား၊ ငါလဲ ငါ့လမ်းငါသွားတာ။ နင့် ကို အန္တရာယ်မပေးပါဘူး။ ကုသိုလ်တွေကိုလဲ အမျှပေးပါတယ် လို့ ဆိုတဲ့။

    (၃) ကင်းမြီးကောက် ကတော့ တွေ့ရင် စာအုပ်နဲ့ ထုဖူးတယ်။

    (၄) ကြောင်ကြီး ကိုကတော့ တွေ့ရင် အမြီးကိုနင်း ဖနောက်နဲ့ ပေါက် တဲ့။
    အဟိ။
    :kwi:

    • ဘီလ်ဂိတ် က အဲ့လိုဂျီးလားးး
      အနော်ဒို့ဂဒေါ့ ခြင်ဆိုတာ ရိုးနေပါပြီ အရီးရေ …
      ဒါနဲ့ …
      အနော်ဒို့ ငယ်ငယ်တုန်းကတော့
      ရွာဘက်မှာ ခြင်တွေ မရှိဘူးဗျ .. ကြမ်းပိုးတော့ ချိဒယ် .. အဟီးး :mrgreen:
      ခု နောက်ပိုင်းမှ ခြင်တွေ ရောက်တာတယ် ….
      အားဖြည့်သွားလို့ ကျေးကျေးဘာ အရီး ခညာ …

  • မောင့်ကျက်သရေ ဂီ့

    January 5, 2013 at 9:10 pm

    အပွင့်လင်းဆုံးပြောရရင် မိကျောင်း. ဆိုတဲ့ သတ္တဝါကို မျိုးကန်းစေချင်တာပါပဲဗျာ.
    သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆြာတွေ မေတ္တာပို့လည်း ခံပါ့မယ်.
    (ကျနော်မုန်းတာပြောပါတယ်)

    ဒင်းတို့ ဘယ်လောက် သဘာဝပတ်ဝန်းကျင်ကို ကောင်းကျိုးပေးတာလည်းမသိ.
    ဆိုတော့ မသိတာတေ တအားများနေတယ်ဗျာ.

    အဲ့ သိတာနည်းနည်းနဲ့တင်. ဒင်းတို့ိုကို သေဇီချင်မိတာ
    (အကုသိုလ်များသွားရင်လည်ူခွင့်လွှတ်)
    လျှာမရှိလို့ သားကောင်ရဲ့ အရသာကိုမသိနိုင်တဲ့အပြင်
    သေပီးသား သားကောင် ပုပ်မှ ယိရွဲမှ. စုပ်ယူအရသာခံနိုင်တယ် ဆိုတဲ့
    (ခပ်တိမ်တိမ်လေ့လာမှုအရကရော ). ရွံတယ်ဗျို့ ထွီ.
    နောက်တကောင်ကတော့. မြွေပါပဲ

    မြွေကိစ္စတော့နောက်မှ ဆက်ပြောမယ်ဗျာ.
    ရှည်သွားဘီ
    တော်သေးဘီ
    ခင်တဲ့
    ဂီစ

    • အရီးခင်လတ်

      January 5, 2013 at 9:14 pm

      မင်း မိကျောင်း.ကို စိတ်နာတာ သိနေဒယ်လေ။
      မိကျောင်းမျက်ရည် ဆိုပြီး ဘူဒူ က စွပ်စွဲတွားရို့ရဲ။ :kwi:
      Opppsss….
      နောက်တာကို ချိတ်အထိခိုက်တွားနဲ့ဦး။ 😆

      • ကိုဂီက မိကျောင်းကိုတော့
        အတော် မုန်းတာပဲ ……။
        ကျုပ်လည်း မုန်းတယ် ….။
        ပြီးတော့ ကြောက်လည်း ကြောက်တယ်ဗျို့ …။
        ရွှံကြောက်လို့ ပြောရင် ရလေမလားပဲ ….
        အားပေးသွားလို့ ကျေးကျေးဘာ ကိုဂီရေ …
        ခြင် အကြောင်းလည်း လုပ်ပါအုံးလို့ ……..။

        အရီး ပြောတာကိုတော့
        အထာ မပေါက်ဘူး … အဟီးးး :mrgreen:

    • kai

      January 8, 2013 at 6:28 am

      ဂျပန်တွေရဲ့..တီဗီသုသေတနတခုမှာတော့.. မိကျောင်းဆိုတာ…
      ရှေးဒဏ္ဍာရီထဲက.. နဂါးတဲ့..။ :harr:
      ကျုပ်တော့မထင်ပါဘူး..
      ပျံလို့ရတဲ့..ဒိုင်နိုဆောတကောင်ကောင်ကို ပြောကြတာလို့ထင်တယ်..
      မျိုးမပြုတ်/ကန်းစေချင်ပါဘူး..
      ပြစားမလို့.. :kwi:

  • ဦးကြောင်ကြီး

    January 6, 2013 at 1:09 am

    အန ္တရာယ်များ
    ရန်စွယ်ကျား
    ပြန်တွယ်ထား
    ဒဏ်သယ်ဖျား
    လျှံနွယ်အား
    ညံရှယ်ပါး
    သံထည်ခြား
    ကံဆယ်နား..။

  • kai

    January 6, 2013 at 4:46 am

    မြန်မာ့ငါးပါးသီလရဲ့.. အူကြောင်ကြောင်ခေတ်မမှီဖွင့်ဆိုပုံကြောင့်..
    .. ခြင်ကိုက်ခံရတာကို.. သွေးလှူတာလို့..ယူဆသူတွေရှိတယ်..။
    …ခြင်ကိုမသတ်ရဘူးဆိုပြီး… မေတ္တာပို့နေသူတွေရှိတယ်..
    …ခြင်တွေသေအောင်.. ဆေးဗူးနဲ့ဖြန်းတာကို.. အကုသိုလ်လုပ်တာဆိုပြီး.. သူကပဲ..မေတ္တာရှင်ကြီးပုံစံဖမ်းသူတွေရှိတယ်..

    အကျိုးအကြောင်း.. တာဝန်ယူသလားဆိုတော့… မယူပါဘူး..
    ခြင်ကိုက်လို့..ငှက်ဖျားကူးခံရပြီးလူသေရင်.. အနိစ္စ.. လို့..တွင်တွင်အော်ပေးပါတယ်..
    ဘာတဲ့..
    ကံ…လို့ဆိုတာပဲ..
    “သတ္တဝါတခု..ကံတခု”တဲ့လေ..

    နှစ်၁၀၀ဝ ကျိန်စာ.. :kwi:

  • Mr. MarGa

    January 6, 2013 at 1:33 pm

    တော်ပါသေးရဲ့
    သဂျီးပြောတဲ့သူတွေထဲမှာ မပါလို့ :hee:
    မောင်အံရေ
    တကယ့် အန္တရာယ်အများဆုံး သတ္တဝါက ဘယ်ပျောက်သွားတာလဲဟင်
    :kwi:

  • ဂန္ဓာရီ ဆြာအုပ်

    January 6, 2013 at 3:35 pm

    အဲဒါတွေထက် ပိုပြီး
    တစ်လောကလုံးမှာ အန္တရယ်အရှိဆုံး သတ္တဝါ က
    အိပ်ပြီးထိ်ရင်ရ တဲ့ “အိတ်..ထိ..ရ ” ဆိုတဲ့ သတ္တဝါ

  • thureinmaung

    January 6, 2013 at 4:54 pm

    ရည်းစားလုဘက်ကိုမသတ်ပစ်ချင်ပါဘူးဗျာ..
    ကျေးဇူးတင်လွန်းလို့ အဆစ်တောင်ထပ်ပေးလိုက်ဦးမှာ..
    မြန်မြန်လာလုစေချင်ထှာ….

  • ခပ်မိုက်မိုက် ကောင်မလေး

    January 6, 2013 at 10:27 pm

    မိုက်လေး ကတော့ မြွေကို အမုန်းဆုံးပါပဲ
    မိုက်လေ..တော်တော်များများကြုံဖူးပါတယ်……မြွေကြောက်အသက်ဆုံးရှုံးရသူတွေ
    မနည်းတော့ဘူးလေ.။ဆေးမမှီလိုက်လို့.။မြွေကိုက်လိုက်မိခြင်ကိုမသိလို့.။
    ချက်ချင်း အဆိပ့် တက်သွားလို့ဆိုပြီး လူတော်တော်များများသေးကြတာတွေ့ရပါတယ်.။
    အဲ့ဒါကြောင့် မြွေဆိုရင် အရမ်းမုန်းပါတယ်..။
    အခုလိုပုံတွေနဲ့အတူ ရှင်းလင်းပြလို့ကျေးဇူးပါ…..အားပေးသွားပါတယ်နော်..။

  • Shwe Ei

    January 7, 2013 at 10:52 am

    တိရိစာ္ဆန်မုန်းတီးရေးဝါးဖြန့်နေတဲ့ မဟာဘာဂျာ ကိုအရေးယူဘာ သဂျီး။
    သူပြောနေတဲ့ အထဲမှာ ရှားပါးစာရင်းဝင်ပြီး မျိုုးတုန်းတော့မယ်
    အကောင်ပလောင်တွေပါနေပါတယ်။
    ငမန်းတောင်ဟင်းချို….အလိုမရှိ
    ဝက်ဝံသည်းခြေ၊ ဝက်ဝံသွေးနဲ့အရက်ရောသောက် အသက်ရှည် ခွန်အားကြီး ကိတ်စတေ……အလိုမရှိ
    ကင်းမြီးကောက် အဆိပ်၊ မြွေအဆိပ်(အရှင်လတ်လတ်)အရက်ထဲရောခြင်း၊
    မြွေရေခွံအိတ်ချုပ်ခြင်း၊သည်းခြေထုတ်ခြင်း ……..အလိုမရှိ
    မိကျောင်းသားရေနဲ့လုပ်တဲ့ လူ့အသုံးအဆောင်များ……အလိုမရှိ
    ဆင်စွယ်လိုချင်လို့ ဆင်တွေကိုမိုင်းကွင်းထဲမောင်းသွင်းတာမျိုး (အာဖရိကမှာလုပ်တယ်)……အလိုမရှိ
    ကြောင်မျိုးနွယ်ဝင် ကြီးကြီးသေးသေးတို့ရဲ့ အရေခွံနဲ့ အနွေးထည်ချုပ်ခြင်း…အလိုမရှိ

    ရေကြံ့ ရေမြင်းကိတ်စတော့ပြန်လေ့လာအုံးမယ်ကွယ်။

    ခြင်တေကိုတော့ တွေ့ရာသင်းချိုင်း စပရေးမဆိုင်း(Jumbo Insect Killer Spray) ဖြန်းပါတယ်လို့ .. :mrgreen:

  • ဆူး

    January 8, 2013 at 12:27 pm

    အန် ဒ ရယ် ရှိတဲ့ အကောင်တွေပါလား.. ကြောင်ကြီး က နံပါတ် ၄ နေရာမှာ ယူထားတာပဲ.. သတိထားမှ..
    နောက်တခါ တွေ့ရင် သူ မဦးခင် ကိုယ်ဦးအောင် အရင်ဆော်မှပဲ.. ဟိဟိ.. 😀

Leave a Reply