ရွာသူ ရွာသား များအားလုံးမင်္ဂလာပါ…

မင်္ဂလာပါခင်ဗျာ.. ကျွှန်တော် ၂၀၁၃ ရဲ.နှစ်သစ်မှာ မန်းဂဇက်ရဲ. မန်ဘာတစ်ယောက်ဖြစ်ခွင့်ရတာ ဂုဏ်ယူပါတယ် အားလုံးပဲ ကျွန်တော်ကို

အရင်မန်ဘာ တွေလိုပဲခင်မင်ရင်နှီးစွာ လက်ခံပေးပါလို. မိတ်ဆက်ပါတယ် အားလုံးပဲ မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေလို ဆုမွန်တောင်းလိုက်ပါတယ်ခင်ဗျား။

ကျွန်တော်ကို ရွာသူ ရွာသားများအားလုံးက လိုအပ်သည်များကို ပြုပြင်ဆုံးမ ပေးကြပါလို့ ပြောချင်ပါတယ်ခင်ဗျ။

ကျွန်တော် ဒီရွာထဲကို အရင်ကတော့ တစ်ခါ တစ်ရံ ဝင်ရောက်ခဲ့ဖူးပါတယ်။

ပို့စ်များကို ဖတ်ရှု့အားပေးပြီး ရွာသူ ရွာသား များရဲ့စာများ ပုံများ ကွန်မန်းများ နှင့်ရင်းနှီးနေတာ ကြာပါပြီ။

ဒီရွာရဲ့ ဖွဲ့စည်းထားမှု ပျော်ရွင်စရာ ကောင်းမှုတွေကို ကျွန်တော် စိတ်ဝင်စားခဲ့ပါတယ်။

မန်ဘာ ဘယ်လိုဝင်ရမယ်ဆိုတာကိုတော့ မသိခဲ့ပါဘူး။ အခုတော့ ကျနော်ရဲ့ ဘော်ဒါကြီး ကိုမိုဘိုင်း ရဲ့ကျေးဇူးကြောင့် ဒီရွာရဲ့

ရွာသားတစ်ယောက် ဖြစ်ခွင့်ရခဲ့ပါတယ်ခင်ဗျ။ ကျွန်တော်ကို ကိုမိုဘိုင်းကိုခင်သလိုပဲ ခင်မင်နိုင်ပါတယ်ခင်ဗျ။

ဒါပေမယ့် ကျွန်တော်ကတော့ ကိုမိုဘိုင်းလို လူ့ဂွစာ လူ့ဂလန့်တော့ မဟုက်ပါဘူးခင်ဗျ။

ကျွန်တော်က အညာမြေက မုံရွာသားလေး တစ်ယောက်ဖြစ်ပါတယ်ခင်ဗျ။

နောက်များမှာ ကျွန်တော်ရေးသားမယ့် စာများ သတင်းများကိုလဲ အားပေးကြပါဦးခင်ဗျ။

ရွာသူ ရွာသားများအားလုံးကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ရင်း ကျနော်ရဲ့မိတ်ဆက်စာလေးကို ဒီမှာပဲ နိဂုံး ချုုပ်လိုက်ပါတယ်။

အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေ……..

 

 

 

27 comments

  • ဦးဦးပါလေရာ

    January 5, 2013 at 8:11 pm

    မောင်ထက်ကြီးလဲ ကျန်းမာချမ်းသာပျော်ရွှင်ပါစေကွယ်
    ခင်မင်စရာကောင်းတဲ့ ရွာသားတစ်ဦးတိုးလာတယ်လို့မှတ်ယူပါတယ်။

    • မောင်ထက်ကြီး(မုံရွာ)

      January 6, 2013 at 10:47 pm

      ကျွန်တော်ရဲ.ပိုစ်. မှာပထမဆုံး ကော်မန်.ပေးတဲ. ဦးပါ ကိုကျေးဇူးတင် ပါတယ်
      ဦပါ လည်း ကျန်မာ၊ ချမ်းသာ၊ လိုအင်ဆန္ဒပြည်.ဝပါစေဗျာ။

  • အရီးခင်လတ်

    January 5, 2013 at 8:17 pm

    မှန်းလိုက်မယ်။
    မောင်မိုဘိုင်းကို မုံရွာသတင်းမျှခိုင်းတဲ့ မုံရွာသားလေး ထင်ရဲ့။
    စီဂျေ တစ်ယောက်တိုးလာတာမို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။
    မဟုတ်လဲ ….
    ဝမ်းသာအားရ ကြိုဆိုပါတယ်။ :hee:

  • MaMa

    January 5, 2013 at 8:19 pm

    အားပေးဖို့ စောင့်နေပါတယ်။
    ရွာဆူအောင်လုပ်မယ့်သူတော့ မဟုတ်ချေဘူး။ :kwi:

  • ဒီရွာမှာ ကြီးတွေများတယ်ဆိုတဲ့သတင်းများကြားမိခဲ့လေသလား မောင်ထက်ကြီးရေ
    မောင်မိုဘိုင်းမရှိသေးပေမယ့် လှိုက်လှိုက်လှဲလှဲကြိုဆိုကြပါတယ်။
    မုံရွာသတင်းပုလင်းလေးတွေဖောက်သည်ချပါဦးနော်။
    🙂 :hee:

  • မောင်ပေ

    January 5, 2013 at 8:58 pm

    မောင်ထက်ကြီး
    စောင်ဖွက်မြည်း
    ကြောက်ရှက်ဖြီး
    လောင်တက်မီး
    ဖောင်ဖျက်ပြီး
    နောင်ထပ်တီး

  • မင်ဂါဘာ မောင်ထက်ကြီးးး
    ကျန်တာတော့ ကျုပ် သိဝူးးး
    “လိုအပ်သည်များကို ပြုပြင်ဆုံးမ ပေးကြပါလို့”
    ဒီအချက်ကို ကျုပ် လုံးဝ လုံးဝ တာဝန်ယူဒယ် .. ဟီဟိ ..

  • kai

    January 6, 2013 at 5:24 am

    ကြိုဆိုပါတယ်နော..
    ပြောရရင်.. ကျုပ်အဖေက..မုံရွာသားဗျ… :kwi:

    • ဦးကြောင်ကြီး

      January 6, 2013 at 7:51 am

      ကျောက်ဆည်သား ဟုတ်ဖူးလား :kwi:

  • Mr. MarGa

    January 6, 2013 at 1:32 pm

    ဝင်ပြောလိုက်ဦးမယ်
    ကြိုဆိုပါတယ်ဗျ

  • ဗုံဗုံ

    January 6, 2013 at 2:19 pm

    ကြိုဆိုပါတယ် ထက်ကြီးရေ 🙂

    • ကိုရင်စည်သူ

      January 6, 2013 at 2:29 pm

      သူများတွေများ ကျေးဇူးသိတတ်လိုက်တာ..
      သူများတွေများ နားရွက်ဆွဲပြီး လာရေးလို့
      ခေါ်တာတောင်… ကျေးဇူးတင်ဖို့ မေ့နေကြဒယ်.. :mrgreen:

  • မောင်ထက်ကြီး(မုံရွာ)

    January 6, 2013 at 3:23 pm

    အခုလို နွေထွေးစွာ ကြိုဆိုကြတဲ. ဘော်ဘော် များကို ကျေးဇူး ပါလို.

  • မောင့်ကျက်သရေ ဂီ့

    January 6, 2013 at 3:57 pm

    ကြိုဇိုပါသဗျားးးး

    အာဟိ

    :harr:

  • အလင်းဆက်

    January 6, 2013 at 6:40 pm

    ခင်မင်လေးစားစွာ..
    ဝမ်းမြောက်ဝမ်းသာစွာ…
    ကြိုဆိုပါကြောင်း.

  • မောင်ထက်ကြီး(မုံရွာ)

    January 6, 2013 at 6:46 pm

    ကျေးဇူးပါ ကျွန်တော်ကလည်း ခင်မင်လေးစားလျှက်ပါ….

  • padonmar

    January 6, 2013 at 7:17 pm

    မုံရွာသားဆို ရန်ကုန်လာရင် မြေပဲဆားလှော်ယူလာဖို့ မမေ့နဲ့။
    ……………
    ကျမ မုံရွာက ချည်စောင်လုပ်ငန်းတွေအကြောင်းရေးဖူးတယ်။(ပရုပ်လုံးလေးတွေ ကယ်ရအောင် ခေါင်းစဉ်နဲ့)
    ဗောဓိတစ်ထောင် ရပ်တော်မူဘုရားကြီးရှိတဲ့ မုံရွာကိုစိတ်ဝင်စားပါတယ်။
    မုံရွာက CJ ကိုလည်း ကြိုဆိုပါတယ်။

    • မောင်ထက်ကြီး(မုံရွာ)

      January 6, 2013 at 10:37 pm

      ဟုတ်ကဲ.ပါ မရွှေကြာ..အောက်ပြည်အောက်ရွာကို တစ်ခေါက်တစ်ခါ ရောက်လာခဲ.ရင်
      အညာလက်ဆောင်ယူခဲ.ပါမယ်..
      မုံရွာ ကိုလည်းလာလည်ဖို.ဖိတ်ခေါ်ပါတယ်..

  • ခပ်မိုက်မိုက် ကောင်မလေး

    January 6, 2013 at 7:53 pm

    အင်း…မတွေ့ရပေမဲ့..။
    မန်းဂေဇတ် အဖွဲ့ဝင်တစ်ဦးအနေနဲ့တော့…။
    WELCOME ပါ…စွဲလန်းစေမဲ့စာသားကောင်းကောင်းလေးတွေရေနိုင်ပါစေလို့
    မိုက်လေး ကမျှော်လင့်ပါတယ်နော်……။

  • Foreign Resident

    January 7, 2013 at 11:49 am

    ကြိုဆိုပါတယ်ကွယ် ။

  • kokothandar

    January 8, 2013 at 11:53 am

    မတတ်သလိုလိုနဲ့ မိတ်ဆက်တာ စာရေးတာဖတ်လိုက်ရတာ ခေသူတော့မဟုတ်ပေဖူး ကဲ ကိုထက်ကြီးရေ အာဘော်လေးတွေ တင်ပေးလိုက်ပါအုံး မိတ်မဆက်လဲ အားပေးဖတ်ရှုမှာပါ လူသစ်လူဟောင်းလို့မတွေးထားပါ

  • ဆူး

    January 8, 2013 at 12:52 pm

    မုံရွာ က ဆိုတော့ မုဒုံစောင် နဲ့ မုံရွာ မြေပဲဆားလှော် ကို အာရုံထဲမှာ မြင်မိတယ်.. ဟိဟိ..
    ကြိုဆိုပါတယ်။

  • Wow

    January 8, 2013 at 2:21 pm

    သလ္လာဝတီသူလေးတွေလှတယ်ကြားဖူးတယ်နော်…
    ကြိုဆိုပါတယ်ကွယ် … :chee:

    • မောင်ထက်ကြီး(မုံရွာ)

      January 8, 2013 at 10:52 pm

      သလ္လာဝတီသားလေးတွေကလည်းချောပါတယ်ဗျာ…

  • water fish

    January 9, 2013 at 9:19 am

    မင်ဂါပါ…မုံရွာသား မောင်ထက်ကြီး ရေ..
    အကုန်လုံးက ဝမ်းသာအားရကြိုဆိုလျှက်ပါ…

Leave a Reply