ကာရန်မညီသေးတဲ့ကဗျာ
………………………………
ပြေးဟေ့………..ပြေးကြ…..ပြေးကြ
ဝှီး……..ဝုန်း………..ဒိုင်း……….ဒိုင်း
ဂယောက် ဂယက်နဲ့အော်ဟစ်သံ
ပွက်ပွက်ညံတဲ့သမိုင်းတစ်ရက်
မြေပြင်မှာသွေးတွေထက်လို့
ရဲရဲနီနီသွေးစက်တွေကမလှပ
ကျခဲ့ရမျက်ရည်မှာရွဲရွဲစို
အပျို အအို မခွဲခြားကလေးငယ်တဖတ်သားနဲ့
အမိတ အဖတ ပြေးခဲ့ရနေ့ရက်တွေ
သမိုင်းဝင်မော်ကွန်းတင်မယ်ထင်မို့လား
လားလားပင်မက်မရသည့် သည်အိပ်မက်
ဇန်နဝါရီ(၄)ရက်ကချေဖျက်လို့
အောင်ဆန်းဇာနည်နာမည်ဖွားက
ထူးထူးခြားခြားသမိုင်းတစ်ရက်
ခေါင်းဆောင်ဆိုတဲ့နာမည်ဂုဏ်ဒြမ်နဲ့ရေးမှတ်လိုက်ပြီ…။
“တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊
တိုင်းရင်းသားလူထု ညီညွတ်ရေး၊
စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။
တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊
တိုင်းသူပြည်သား လူထုညီညွတ်ရေး၊
အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး၊
ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လဲ
ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊
ဖာသယ်တိုင်းပြည်ဖြစ်နေမှာဘဲလို့ကျွန်တော်ပြောချင်တယ်။”
သမိုင်းဝင်တဲ့နောက်ဆုံးမိန့်ခွန်းစကား
နှလုံးသားက သူ ပြောလို့ထွက်
သူလေ……..သူလေ….သူလေ…
ငါတို့ကို…..နုတ်ဆက်သွားရက်လေပြီ….။
သြော်………………ခုတော့
သမိုင်းဝင်တဲ့မော်ကွန်း(၆၅)နှစ်စွန်းခဲ့ပြီ
သမိုင်းသစ်တွေဒီရေစငါတို့တတွေက
တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊
တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ ကိုခေါင်းစဉ်တက်
သူ့ထက်ငါ့ထက်ခွကျော်လျှက်ပါပဲလား။
ဟူး…………………………။

                                               ဇွဲမာန်(အင်းဝ)

About ဇွဲမာန်(အင်းဝ)

ဇွဲမာန် (အင်းဝ) has written 49 post in this Website..