ကာရန်မညီသေးတဲ့ကဗျာ

ကာရန်မညီသေးတဲ့ကဗျာ
………………………………
ပြေးဟေ့………..ပြေးကြ…..ပြေးကြ
ဝှီး……..ဝုန်း………..ဒိုင်း……….ဒိုင်း
ဂယောက် ဂယက်နဲ့အော်ဟစ်သံ
ပွက်ပွက်ညံတဲ့သမိုင်းတစ်ရက်
မြေပြင်မှာသွေးတွေထက်လို့
ရဲရဲနီနီသွေးစက်တွေကမလှပ
ကျခဲ့ရမျက်ရည်မှာရွဲရွဲစို
အပျို အအို မခွဲခြားကလေးငယ်တဖတ်သားနဲ့
အမိတ အဖတ ပြေးခဲ့ရနေ့ရက်တွေ
သမိုင်းဝင်မော်ကွန်းတင်မယ်ထင်မို့လား
လားလားပင်မက်မရသည့် သည်အိပ်မက်
ဇန်နဝါရီ(၄)ရက်ကချေဖျက်လို့
အောင်ဆန်းဇာနည်နာမည်ဖွားက
ထူးထူးခြားခြားသမိုင်းတစ်ရက်
ခေါင်းဆောင်ဆိုတဲ့နာမည်ဂုဏ်ဒြမ်နဲ့ရေးမှတ်လိုက်ပြီ…။
“တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊
တိုင်းရင်းသားလူထု ညီညွတ်ရေး၊
စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။
တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊
တိုင်းသူပြည်သား လူထုညီညွတ်ရေး၊
အဲဒီညီညွတ်ရေး နှစ်ခုမရှိသမျှ ကာလပတ်လုံး၊
ဒီတိုင်းပြည်ဟာ လွတ်လပ်ပင်လွတ်လပ်ငြားသော်လဲ
ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊
ဖာသယ်တိုင်းပြည်ဖြစ်နေမှာဘဲလို့ကျွန်တော်ပြောချင်တယ်။”
သမိုင်းဝင်တဲ့နောက်ဆုံးမိန့်ခွန်းစကား
နှလုံးသားက သူ ပြောလို့ထွက်
သူလေ……..သူလေ….သူလေ…
ငါတို့ကို…..နုတ်ဆက်သွားရက်လေပြီ….။
ဪ………………ခုတော့
သမိုင်းဝင်တဲ့မော်ကွန်း(၆၅)နှစ်စွန်းခဲ့ပြီ
သမိုင်းသစ်တွေဒီရေစငါတို့တတွေက
တိုင်းရင်းသား အချင်းချင်းညီညွတ်ရေး၊
တိုင်းသူပြည်သား လူထုညီညွတ်ရေး၊ ကိုခေါင်းစဉ်တက်
သူ့ထက်ငါ့ထက်ခွကျော်လျှက်ပါပဲလား။
ဟူး…………………………။

                                               ဇွဲမာန်(အင်းဝ)

3 comments

  • ဟူးးးးးးး
    ကျုပ်လည်း တကယ် ရင်မောရဒယ် ..
    ဖွံ့ဖြိုး တိုးတက်နေတဲ့ မြန်ပြည်ကြီးကို မြင်ချင်လှဒယ် …
    တကယ် .. တကယ် …
    မျှော်လင့်ရင်း စောင့်ခဲ့ ရက်ပေါင်းလည်း
    မနည်း မနည်း မနည်းတော့ပါလားကွယ် …….။

  • ခပ်မိုက်မိုက် ကောင်မလေး

    January 6, 2013 at 3:19 am

    နိုင်ငံရေးတော့သိပ့်နားမလည်ပါဘူး….
    မိုက်လေး..။ အားပေးသွားပါတယ်နော်….။
    ဘာမှန်မသိလို့ဘယ်လိုခံစားရမယ်မစဉ်းစာတက်သေးလို့ပါ..ဟီးးးး

    • kai

      January 6, 2013 at 4:54 am

      “နိုင်ငံရေးတော့သိပ့်နားမလည်ပါဘူး….”ဆိုတာ..ကောင်းတာတော့ မဟုတ်ဖူး.. ခပ်မိုက်မိုက်လေးရေ..
      နားမလည်ရင်..လည်အောင်လုပ်..
      သိပ်နားမလည်ရင်.. ပိုနားလည်အောင်လုပ်ပါနော.. :harr:
      ဦးအောင်ဆန်းကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဖြစ်တော့.. အသက်က..၁၈နှစ် တဲ့..။

      ခေတ်လူငယ်တွေလက်ထဲ.. နောင်အနာဂါတ်တိုင်းမြန်မာပြည်..ရဲရဲအပ်ပါရစေကွယ်…။

Leave a Reply