ရင်ထဲကကျတဲ့ မျက်ရည်

မိုက်လေး…ချာတိတ်အရွယ်တုန်းကပါ.။နေတာကတောမှာဆိုတော့ကျောင်းတက်ရတာလဲအဆင်ပြေတယ်တော့မဟုတ်လှပါဘူး.။ ဒါပေမဲ့မိဘတွေကလိုက်ပို့ပေးတဲ့နေရှိသလိုမလိုက်ပို့နိုင်တဲ့နေ့တွေလဲရှိနေပါတယ်.။ လိုက်မပို့တဲ့နေ့ဆိုရင်ဘယ်တော့ဖြစ်ဖြစ်ကျောင်းကိုနောက်ကြမှရောက်လေ့ရှိပါတယ်.။တနေ့တနေ့အိမ်ကပေးတဲ့ကျောင်းမုန့်ဖိုးကလဲကျောင်းမရောက်ခင်လမ်းမှာပဲ ကုန်အောင်ဝယ်စားပြစ်တက်တာပါ.။ပထမအတန်းငယ်တဲ့အချိန်ကတော့ကျောင်းမှန်မှန်တက်အိမ်ကအလုပ်မအားတဲ့နေ့ဆိုရင်တောင်.။
ကျောင်းမသွားရရင်ငိုနေတက်တာ.။နောက်တော့လေးတန်းအောင်လို့တေားကျောင်းလေးကနေတဆင့်မြို့ကျောင်းပြောင်းတက်ရပါတော့တယ်.။
မြို့ကျောင်းရောက်တော့အပေါင်းအသင်းလေးကလဲနည်းနည်းရှိလာပါတယ်.ကျောင်းကလဲပြေးတက်လာပါတယ်.။
ရွာကကျောင်းနေဖက်တွေနဲ့အတူမြို့ထဲလျောက်လည်ကျောင်းလွှတ်ချိန်မှအိမ်ကိုပြန်လေ့ရှိပါတယ်.။
အဲ့လိုနဲ့အိမ်ကကျောင်းမုန့်ဖိုးတွေညာညာပြီးတောင်းနေတာကျောင်းပြေးလို့တစ်ပါတ်မပြည့်ခင်လေးမှာပဲညီမတစ်ဝမ်းကွဲကအိမ်ကိုလာလည်တော့.
“ဟဲ့ နင်ကျောင်းမတက်တာဘာဖြစ်လို့လဲ”အဲ့လိုအမေ့ရှေ့မှာမေးလိုက်ပါတယ် ကျမ အံကြိတ်ပြနေလဲသူကတော့မသိရှာပါဘူး.။
သူမေးခြင်တာကိုအရမေးရင်.အမေ့ကိုပါတိုင်ပါတယ်.။”အဘွားလေးသမီးကျောင်းမတက်တာတစ်ပါတ်ရှိနေပြီးဘာဖြစ်လို့လဲ”မေးပါတယ်
အမေကတော့.”ဟဲ့ငါ့သမီးကျောင်းနေတိုင်သွားပါတယ်.။ညီး မတွေ့လို့နေမှာပေါ့”လို့ပြောပါတယ်.။
အဲ့တော့ကျမ ညီမလေးကဘာမှထက်မပြောတော့ပါဘူး.။ လာရင်ကိစ္စပြောပြီးတော့ပြန်သွားပါတယ်.။နောက်နေ့ကျောင်းဖွင့်တော့လဲဒိလိုပဲကျောင်းထက်ပြေးပြန်တယ်.။ဒီလိုနဲ့အမေလဲနည်းနည်းပါးပါးရိတ်မိလာပုံပေါက်ပါတယ်.။နောက်နေ့ကျောင်းကပြန်လာတော့.။အမေ့ကကြိမ်လုံးကိုင်ရင်အိမ်ပေါက်ဝမှာစောင့်နေပါတယ်.။ မျက်နှာမကောင်းနေမှန်းတော့သိသာပါတယ်.။ဒါပေမဲ့ဟန်မပျက်လေးဘဲအိမ်ထဲဝင်လာခဲ့ပါတယ်.။အမေက.စပြီးမေးပါတယ်”နင်ဘယ်ကပြန်လာတာလဲ”ကျမ ချက်ခြင်းပြန်မပြောပါဘူး.။ခဏနေမှ”အမေကလဲကျောင်းသွားတက်တာကျောင်းကဘဲပြန်လာတာပေါ့”လို့ပြောလိုက်ပါတယ်.။ အဲ့တော့အမေဒေါသထွက်လာတဲ့ပုံပေါက်လာပါတယ်ဘာမှထပ်မပြောတော့ဘဲလွယ်အိပ့်ချပြီးတိုင်မှာကပ်လို့ပြောပါတယ်.။ ကျမ လဲတိုင်မှာကပ်ပေးလိုက်ပါတယ်.။အမေအားအကုန်လွှဲပြီးရိုက်ပါတယ်.။ဘာမှထပ်မမေးပဲသုံးချက်လောက်ဆင့်ရိုက်လိုက်ပါတယ်.။ငယ်ရွယ်တဲ့အရွယ်မို့ရိုက်လိုက်တော့ကျမခြေသလုံးမှာ.အရှိုး ရာတွေတစ်ချက်ရိုက်တစ်ချက်ထင်နေပါတယ်.။ဒါပေမဲ့ ကျမ နာရလို့မျက်ရည်မကျပါဘူး.။ အမေဆက်မရိုက်ဘဲကြိမ်းလုံးကိုပြစ်ချရင်မရှိတော့တဲ့ အဖေ့ ကို.တ.ရင်အော်ငိုလိုက်ပါတော့တယ်.။
ကျမ ကိုလှည့်ကြည့်ရင်းသမီး ရယ်လိမ္မာစမ်းပါ.။ သမီး ကိုပညာတက်ဖြစ်စေခြင်လွန်းလို့အမေနေပူမရှောင်မိုးရွာမရှောင်ရှာဖွေးကျောင်းထားပေးနေတာ.။ သမီးမလိမ္မာရင်အမေ့ရင်နာရလိမ့်မယ်သမီးပြောရင်ကျမကိုဖက်လိုက်ပါတယ်.။ အဲ့အချိန်မှာအမေရိုက်လို့နာကျင်ပြီးမငိုမိတဲ့ ကျမ အမေ့ကိုကြည့်ရင်မျက်ရည်တွေကျလာမိတယ်.။အမေနဲ့ကျမနှစ်ယောက်သားရိုက်ကြီးတငင်ပဲငိုးလိုက်မိကြပါတယ်.။
နောက်ကိုငါကျောင်းမပြေတော့ဘူးလို့လဲကိုယ့်ကိုကိုယ်ကတိတွေအကြိမ်ကြိမ်ပေးနေမိပါတယ်.။ ပထမအရွယ်ပညာရှာ ဒုတိယအရွယ်ဥစ္စာရှာ တတိယအရွယ်ကုသိုလ်ရှာ လို့ရှေ့စကားလိုပါပဲ.။ ငယ်ရွယ်လို့ပညာသင်နေချိန်မှာပညာကိုပဲအားရုံတစိုက်သင်စေခြင်ပါတယ်.။
ကျောင်းပြေးတယ်ဆိုတာကောင်းတဲ့အရာမဟုတ်ပါဘူး.။မိဘနာမည်ပျက်ရသလို ကိုယ်ကိုတိုင်အတွက်လဲ အကြိုးမရှိပါဘူး… သူငယ်ချင်းတို့ထဲမှာပညာတစ်ပိုင်းတစ်.စ.နဲ့သူငယ်ချင်းတွေလဲရှိခြင်ရှိနေကြမှာပါ.။ ပညာရေးနဲ့ပတ်သတ်လာရင်အလေးထားကြဖို့နောက်ပြီး ကျမ လိုမငိုရအောင်လို့တင်ပြလိုက်ရပါတယ်နော်.။

တက်သိနာလည်းခြင်ကြောင့်မဟုတ်ပါ..။ရင်ထဲကစေသနာတစ်ခုကြောင့်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်.။
စာလုံးပေါင်းနှင့်ဒီပို့ဒ်ရေးတဲ့နေရာလေးမှာအမှားတွေပါခဲ့ရင်..။
မိုက်လေး..။ ။အထူးပင်တောင်ပန်အပ်တယ်..

ခင်တဲ့.။ ။မိုက်လေး..

5 comments

  • ဦးကြောင်ကြီး

    January 6, 2013 at 8:02 am

    မိုက်လေးငို
    ကြိုက်ဈေးဆို
    လိုက်ပေးလို
    ပိုက်ထွေးချို
    သိုက်ရေးခို
    ဗျိုက်ကျွေးမှို
    ဂိုက်မေးပို
    ဟိုက်သွေးဖို..။

  • aanyar thar

    January 6, 2013 at 11:52 am

    အင်း..ခက်တာက ခု့ခေတ်မှာ ကျောင်းမှန်မှန်တက်တိုင်းလည်း စာမတတ်တော့ဘူးကွယ်..ကျူရှင် မှန်မှန်တက်မှ့ စာတတ်မတတ်တော့မသိ့ဘူး..အတန်းတော့ မှန်မှန် အောင်သကွဲ့..သက်ငယ်စကားသက်ကြီးကြား.၁၄ ယောက်မြောက် တူ..(၈ နှစ)်သားလေးရဲ့ ကိုယ်တွေ့ ပြောပြချက်နဲ့ သူ့မိ့ဘတွေရဲ့ ထပ်ဆင့်ထောက်ခံ မှု့ ကို ဖော်ပြလိုက်ရခြင်းပါ..ဂနာဟိ့..မှတ်ကွဲ့…

  • ခပ်မိုက်မိုက် ကောင်မလေး

    January 6, 2013 at 8:08 pm

    ဟုတ်ကဲ့ပါ.။
    သုံးသပ်ဝေဖန်
    အားပေးဖတ်ရှု့သွားလို့ အထူးအထူး ပဲကျေးဇူးတင်ရှိပါတယ်နော်…

  • mamanoyar

    January 7, 2013 at 12:53 pm

    ကျောင်းလစ်တော့ဝူးးးးးးးးးးးးး

  • Mr. MarGa

    January 7, 2013 at 1:49 pm

    ကျောင်းဆိုတာ
    လစ်စရာမှ မဟုတ်တာကွယ်

Leave a Reply