ဒေါင်းတောင်း ဂန္ဓာရီ

၂၀၁၃ နိဒါန်းဆိုပြီးတော့ တင်ပြီးသွားပြီ.. ကိုဆာမိကလဲ နိဒါန်းပေးပြီးပျောက် မသွားနဲ့ဦးတဲ့.. ဟုတ်လည်းဟုတ်တယ်ဗျို့ အနော်က ပို့စ်တစ်ခု နဲတစ်ခုကို  ကမ္ဘာတစ်သိန်းလောက် ကြာတတ်တာဆိုတော့ .. သွားထားတဲ့ခရီးတွေ ရှိပါသေးတယ်.. ပုံတွေ မရွေးရသေးလို့ပါဗျာ.. အမှန်တော့ ပျင်းနေတာ..ရုံးမှကြလဲ မအား.. နောက် အိမ်မှာ သုံးတော့လဲ ကွန်နက်ရှင်ကမကောင်း ဆိုတော့.. ကြိုးစားပြီးတော့ တင်ပေးပါအုံးမယ်ဗျို့..  ဒီတစ်ခေါက့်ပုံတွေကိုတော့ အလယ်မှာ နာမည်ကြီးမရေးတော့ပဲ လွတ်တဲ့ နေရာ ကို အတတ်နိုင်ဆုံး ရွေ့ပေးထားပါတယ်..

ဓာတ်ပုံတွေကတော့ အရင်ရိုက်ထားတဲ့ ပုံတွေရော.. မနေ့ညက ဆူးလေမှာ ရောက်တုန်း ရိုက်ထားတာရော ပါပါတယ်..

PANSODAN JETTY
PANSODAN JETTY
YANGON RIVER
YANGON RIVER
TWINS 3
TWINS 3
TWINS 1
TWINS 1
CITY HALL
CITY HALL
SULE NIGHT
SULE NIGHT
TWINS 2
TWINS 2
left behind
left behind
sunset & seagull
sunset & seagull

19 comments

  • padonmar

    January 6, 2013 at 7:54 pm

    ရွှေရောင် sunset လေးကြိုက်ပါသည်။

  • အကုန်ကြိုက်တယ်ဗျို့ အရမ်းကောင်းတယ်။
    တစ်ခါလောက် ဘားအံတစ်ဝိုက်ကိုလိုက်ရိုက်ကြည့်ပါလားရှင်။

    • ဂန္ဓာရီ ဆြာအုပ်

      January 6, 2013 at 9:16 pm

      ဘားအံကရောက်ပြီးသွားပြီဗျ.. မကြာခင် တင်ဖြစ်ပါမယ်..

  • အရီးခင်လတ်

    January 6, 2013 at 8:54 pm

    အရင်က အလုပ်ထဲမှာ ခေါင်းရှုပ်နေတဲ့နေ့ ဆိုရင် ညနေဖက် ပန်းဆိုးတန်း တံတား မှာ ရန်ကုန်မြစ်ထဲက ရေတွေ ကို ထိုင်ကြည့်လေ့ ရှိတယ်။
    တစ်ခါတစ်ခါ နေဝင်တာကိုတောင် တမင် စောင့်ကြည့်ဖူးပါသေးတယ်။
    အလွမ်းပြေပုံလေး တွေ မို့ နှစ်သက်စွာ ခံစားသွားပါတယ် ဆြာအုပ် ရေ့။

  • uncle gyi

    January 6, 2013 at 9:32 pm

    အောက်ဆုံးကရေထဲကပုံတွေအကြိုက်ဆုံးပဲမောင်ရင်အုပ်
    အေတော်လှသဟေ့

  • weiwei

    January 7, 2013 at 9:49 am

    နောက်ဆုံး ၂ ပုံကို ကြိုက်တယ် … နိုင်ငံခြားရုပ်ရှင်ကားတစ်ကားကြည့်ရသလိုပဲ ..

  • Shwe Ei

    January 7, 2013 at 9:59 am

    Jetty ပုံတွေမြင်ရင် တနှစ်ပတ်လုံး မညီးမညူသွားခဲ့ဘူးတဲ့ သဘောင်္စီးခရီးစဉ်တွေကို
    လွမ်းတယ်ဗျာ 🙁

    ဒါ့ပုံဆြာကလဲ လွမ်းစရာကောင်းအောင် ဖန်တီးထားတယ်ထင်တယ်နော။

    ဆြာအုပ်ရဲ့ဒါ့ပုံတေကြည့်ရတာ ရင်ထဲကို တခုခုရောက်လာတယ်။

  • Mr. MarGa

    January 7, 2013 at 1:22 pm

    အကုန် ကူးသွားပြီ
    ငှဲငှဲငှဲ
    အကုန် ကြိုက်သဗျို့
    နောက်ထပ် ဆက်တင်ပေးပါဦးဆိုတာလေးရယ်
    သိပ်အကြာကြီး မလုပ်ပါနဲ့ ဆိုတာလေးရယ်
    အဲဒါလေးတော့ ပြောချင်တယ်

    • ဂန္ဓာရီ ဆြာအုပ်

      January 7, 2013 at 9:26 pm

      ဒီတစ်ခေါက်ပုံတွေကို 1024 size တင်ထားပေးတယ်.. ပုံကိုအကြီးဖြစ်အောင် နှိပ်ပြီးမှကူးဗျ..
      နောက်ထပ် မကြာမကြာတင်နိုင်အောင်ကြိုးစားပေးပါမယ်ဗျာ..

  • Ma Ei

    January 7, 2013 at 2:11 pm

    ဇင်ယော်လေးတွေနဲ့ နေဝင်ချိန် အကြိုက်ဆုံးပါ….

  • ဗုံဗုံ

    January 7, 2013 at 2:46 pm

    အောက်ဆုံးပုံလေးကို ကြည့်ပြီး ရွာက လေးခွနဲ့ လောက်စာလုံးတွေ သတိရလိုက်တာနော် :harr:

  • mamanoyar

    January 7, 2013 at 3:00 pm

    ပုုံလေးတွေအရမ်းလှတယ်

  • ဂန္ဓာရီ ဆြာအုပ်

    January 7, 2013 at 9:20 pm

    အားပေး ချီးကျူး တဲ့အတွက် ကျေးဇူးပါဗျို့uncle gyi, မ weiwei , မ Shwe Ei, ဗုံဗုံ ,mamanoyar
    ကပေါက် ရေ..ဒီတစ်ခါလာရင် ပြောဗျို့.. ..တူတူ သွားကြတာပေါ့

  • Akaryiwin

    January 8, 2013 at 11:57 am

    ဆြာအုပ်ရေ.. ဓါတ်ပုံတွေ အရမ်းလှတယ် ကြိုက်တယ်။ တစ်ခုပဲ ၂၀၁၂ နိဒါန်းဆိုပြီးတော့ အစမှာရေးထားတာ ၂၀၁၃ များလားလို့

    • ဂန္ဓာရီ ဆြာအုပ်

      January 8, 2013 at 3:31 pm

      ဟုတ်သဗျို့.. ပြင်လိုက်ပါပြီ.. ကျေးဇူးပါ

  • kokothandar

    January 8, 2013 at 12:07 pm

    ပြက္ခဒိန်မှာလို ချောချောလေးတွေ မပါတော့ ရင်ထဲမှာဟာနေသလိုပါ ခံစားရမဲ့ရဿမှာ သက်ရှိအလှတွေက ပိုအသက်ဝင်တယ်လေ

Leave a Reply