အကြာကြီးကိုင်မထားနိုင်ဘူး

cobraJuly 18, 20101min742

အင်မတန်ချောမောပြီး ယောက်ျားပီသတဲ့ လူတစ်ယောက်ကိုတွေ့ရင်
မင်းဘာလုပ်မလဲလို့
သူငယ်ချင်းတစ်ယောက်ကမေးတယ်။

ခင်ဗျားကိုလည်း ကျွန်တော်က အဲဒီမေးခွန်းပြန်မေးချင်တယ်။
ကျွန်တော့်အဖြေလား။ ခင်ဗျားစိတ်ဝင်စားရင် ပြောပြမယ်။
အဲဒီလူကို ကျွန်တော်သေသေချာချာကို စိုက်ကြည့်မယ်။
ကျွန်တော့်မျက်လုံးတွေ ဘယ်ကိုမှ မရွှေ့ဘဲ အဲဒီလူကို စိုက်ကြည့်နေမယ်။

စိတ်ထဲမှာလည်း အတော်ကို ဥပဓိရုပ်ကောင်းတဲ့လူပါလားဆိုပြီ
း ချီးကျူးနေမယ်။
ဒီလူလောက်ချောမောပြီး ယောက်ျားပီသတဲ့လူ ဒီကမ္ဘာပေါ်မှာ
ရှိမှရှိပါ့မလားလို့လည်း
တွေးနေမယ်။
ပြီးရင် ကျွန်တော်ပြုံးပြမယ်။
ထပ်ပြီးပြုံးဦးမယ်။
အဲ… အဲဒီလူကိုစိုက်ကြည့်နေရတာ အတော်လေးကို
ကျွန်တော်ပင်ပန်းသွားပြီဆိုပါတော့ဗျာ။

ဘာလုပ်မလဲ… ဟုတ်လား။
ဘာလုပ်ရမလဲဗျ။ ကျွန်တော့်လက်ထဲမှာကိုင်ထားတဲ့ မှန်ကို
အောက်ချရတော့မှာပေါ့။
မှန်ကို ကျွန်တော်အကြာကြီး ကိုင်မထားနိုင်ဘူးလေဗျာ။

2 comments

  • kai

    July 18, 2010 at 10:24 am

    အင်မတန်ချောမောပြီး မိန်းမပီသတဲ့မိန်းကလေးတစ်ယောက်ကို လွှဲလိုက်သင့်တာပေါ့..။
    မှန်ကိုပြောပါတယ်။

  • kopauk mandalay

    July 18, 2010 at 12:03 pm

    ကို်င်မထားနိုင်လို့ လွှတ်ချလိုက်ရင်ဝမ်းနည်းစရာတွေဖြစ်ကုန်မှာပေါ့။

Leave a Reply