ကောင်းမကောင်းတော့ မသိဘူး
ယာဉ်ထိန်းရဲအရာရှိတစ်ဦးသည် တန်ဖိုးကြီးမားလှသော ဇိမ်ခံကားတစ်စီးကို ရပ်တန်.ဖမ်းဆီးလိုက်သည် ။
ထိုမော်တော်ကားမှာ ခေတ်မှီကိရိယာများတပ်ဆင်ထားပြီး မိုင်နှုန်းထိန်းသိမ်းပေးသည့် ရေဒါလည်း တပ်ဆင်ထားသည် ။
ဒီလို အဖမ်းခံရတော့ ကားပိုင်ရှင်လည်း စိတ်ဆိုးမာန်ဆိုးနဲ့ ကားပေါ်ကဆင်းလိုက်ပြီး ရေဒါကိရိယာကို ဆွဲဖြုတ်ရ်ျ
မြေကြီးပေါ်ကို ပစ်ပေါက်လိုက်ပြီး ခြေထောက်နဲ့ဆောင့်နင်းကာ ဒေါပွပွနဲ့ ပြောလိုက်တယ် ။
” ဒေါ်လာ ငါးရာပေးရပြီး အလကားပဲ ၊ ဘာမှ အသုံးမ၀င်ဘူး ၊ တောက် ..”

” ခင်ဗျားရဲ့ ရေဒါ က ကောင်းမကောင်းတော့ ကျနော်မသိပါဘူး ။ ခု ကျနော်  ဖမ်းရတာက ခင်ဗျား ကားမှာ
နံပါတ်ပြား တစ်ခုပဲ တပ်ထားလို.ပါ ”

***************************

ဘာလိုသေးလဲ
ဆရာဝန်ဖြစ်သူက လူရွယ်လူလတ်တစ်ယောက်ဖြစ်သူ လယ်သမားအား သူ.ခြေထောက်
ကျိုးပုံကျိုးနည်း ကိုမေးလိုက်သည် ။ ထိုအခါ လယ်သမားက ပြန်ပြောပြသည် ။
” ဒီလိုပါဆရာ ၊ လွနခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်လောက်ကပေါ့ .. ”
” နေစမ်းပါဦး ၊ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်ကကို .ပြောနေတာ မဟုတ်ဘူးလေ ၊ ဒီနေ.မနက်
ခင်ဗျားခြေထောက် ဘယ်လိုကျိုးသွားတာလဲ မေးနေတာ ”
” ဟုတ်ပါတယ် ဆရာ ၊ အဲဒါကိုပဲ ပြောနေတာပါ ၊ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်လောက်ကပေါ့ ၊
အဲဒီနေ.မှာ လယ်ပိုင်ရှင်ထံမှာ ကျနော် အလုပ်စလုပ်ခဲ့ပါတယ် ။ အဲဒီ ညမှာပဲ ကျနော်အိပ်ရာဝင်မယ်လုပ်တော့
သိပ်ချောသိပ်လှတဲ့ လယ်ပိုင်ရှင်သမီးက ကျနော့်  အခန်းထဲရောက်လာပြီး ကျနော့် ကိုမေးပါတယ် ၊
ဘာလိုသေးသလဲ တဲ့ ၊ ဒါနဲ့ ကျနောကလဲ ဘာမှ မလိုပါဘူး ၊ အားလုံး ပြည့်စုံပါတယ်လို.ပြောလိုက်တာပေါ့ ။
ဒါကို လယ်ပိုင်ရှင် သမီးက ထပ်မေးပြန်ရော ၊ သေချာရဲ့လား ၊ ဘာမှမလိုဘူးလား ၊ ရှင့်အတွက် ကျမ
ဘာလုပ်ပေးရဦးမလဲလို.မေးတာပေါ့ ။ ကျနော်ကလဲ ဘာမှ မလိုသေးပါဘူးလို. ပြန်ပြောလိုက်တယ် ဆရာ ..”

” အဲဒီ အကြောင်းနဲ့ ဒီနေ. ခြေကျိုးတာ နဲံ ဘယ်လို ပက်သက်နေသလဲ ဆိုစမ်းပါဦး ”

” ဒီနေ. မနက်တော့ အိမ်ခေါင်မိုးပေါက်နေလို. တက်ဖာတယ်ဆရာ၊ အဲလို ခေါင်မိုးတက်ဖာနေတုန်းမှာ
အဲဒီ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်လောက်က ဘာလိုသေးလဲ ဆိုတဲ့ အဓိပ္ပါယ်ကို အခုမှ စဉ်းစားမိတယ် ၊
စဉ်းစားလဲ စဉ်းစားမိရော ကျနော်လဲ ခေါင်မိုးပေါ်က ပြုတ်ကျပြီး ခြေထောက်ကျိုးသွားတာပဲ ဆရာ… ”

************************

ဒေါသကို လာမဆွနဲ့နော်
ကိုဘမောင် သူငယ်ချင်းများကို ကြွားနေသည် ။
” မိန်းမ နဲ့ ဒီနေ.ကစပြီး ပဋိဥာဉ် အတိအလင်း ကြေငြာမယ်ဆိုတော့ ….
ဘာလဲ ဟင် တဲ့ …… ငါက စပြီးကြေငြာတာ… မိန်းမ လူရှေ့သူရှေ့မှာ မင်းကို ငါနိုင်မယ် …
လူကွယ်ရာမှာ မင်းတသက်လုံးနိုင် လို. ..အဲဒီမှာ စတွေ.တာပဲ ..
လူကွယ်ရာက အိမ်မှုကိစ္စတွေ ငါပဲအကုန်လုပ်ရတော့တာပဲ ကွာ…”

“ဒါဆို အရက်ဆိုင်လိုက်ပြီး ခေါ်တာက လူရှေ့သူရှေ့မှာခင်ဗျားကို နိုင်တာပဲလေဗျာ ၊
ခင်ဗျား ဘယ်မှာနိုင်လို.လဲ .. ”

” အဲဒါ လူနောက်ကွယ်က အိမ်အလုပ်တွေမပြီးပဲနဲ့ ထွက်လာလို.ကွ ..
အဲဒါကြောင့်လဲ ဟိုတခါ  လူကြားထဲ ငါထငေါက်ပစ်တာ ….”

” ဟလား … ဘယ်လိုငေါက်တာလဲဗျ .. လုပ်ပါဦး ”

” ဒီမှာ မိန်းမ .. ငါတစ်ခွန်းပဲ ပြောမယ် ..အ၀တ်လျှော် ၊ ကြမ်းတိုက် ၊ ထမင်းချက် တဲ့
မီးဖိုချောင် ကိစ္စ ၊ အမှိုက်သွန်တာကအစ မင်းလက်နဲ့ ထိရဲ့ထိကြည့် ၊ မင်း လှည့်တောင်မကြည့်နဲ့ ၊
ငါ့အကြောင်း သိသွားမယ် … ဟင်း… ဟင်း .. ဘာမှတ်နေလဲ .. လို.ပေါ့ကွာ. …ဟဲ..ဟဲ..ဟဲ…”

တစ်ခါကကျွန်တော့်သူငယ်ချင်းဓနုေ

လးတစ်ယောက် အကြောင်းပြောပြမယ်နော်..သူ
့ကို အဖွားဖြစ်

သူက သူရဲ့ ငယ်ပေါင်းသူငယ်ချင်းဆီ လက်ဆောင်ပစ္စည်းလေးကိုမြေးဖြစ်သူနဲ
့ထည့်ပေးလိုက်တာတဲ့ ..

အဲဒီအဖွားဆီမှာလည်းမြေးမလေး တစ်ယောက်ရှိတယ်လေ…ဓနုလေးက လက်ဆောင်သွား

ပေးတော့..အဖွားကိုအရင်မတွေ့ ခင်မြေးမလေး နဲ့ အိမ်အ၀င်မှာ တွေ့ ရတော့
..ဓနုသံဝဲ၀ဲ လေးနဲ့ 

မေးလိုက်တာ က..

(((ဟယ်..မိန်းမ..နင့်ပေါင်နဲ့ တွေ့ ချင်လို့ ဘယ်မှာလဲ..)))လို့ မေးရော
ကောင်မလေးကရှူးရှူးရှဲရှဲနဲ့ 

(((ဟာ..အရူး ဘာမိန်းမလဲ..ဘာလို့ ငါကပေါင်ကို ပြရမှာလဲ..အရူးရဲ့ )))လို
့ပြန်အော်သတဲ့ ..

ဒါနဲ့ ဓနုလေးက ဘာပြောလဲဆိုတော့..

(((အာ…ငါက နင့်ပေါင်ကိုတွေ့ ချင်လို့ မေးတာလေ..ငါဘာမှားလို့ လဲ..ငါက
အ၀န်ပါးချ လို့ လာတာလေ

ကဲဘယ်မှာလဲ..နင့်ပေါင် ..ငါအချိန်မရဘူး..မြန်မြန်မြင်ချင်တယ်…အဲ
နေအုံး..နင်ပေါင်က

ပိုင်လားဝလား…ငါပေါင်ကတော့ ဖြူဖြူတုတ်တုတ်ကြီးဟ)))လို့ လဲပြောရော

(((ဖွားဖွားရေ…..ဒီမှာ အရိုင်းအစိုင်းတစ်ယောက်..သမီးကိုမိန်းမ လို
့လဲခေါ်တယ်..နောက်ပီး သမီးရဲ့ပေါင်

ပိုင်လားဝသလားတဲ့ ..သူပေါင်က ဖြူဖြူတုတ်တုတ်ကြီးတဲ့ သမီးကိုပါးချမလို့ တဲ
့ဖွားဖွားရဲ့ လာပါအုံး)))

လို့ ဆိုပြီးအိမ်ထဲပြေးဝင်ပြီးအဖွားဖြစ်သူကိုတိုင်တာပေါ့..အဖွားကလာထွက်ကြည်
့ပြီး ဓနုလေးကိုမြင်

ရော…စိတ်မဆိုးတဲ့အပြင်..ပြောလိုက်တာက

(((အော် ..မြေးလေးရောက်လာပီလား …လာလာ …နင်ပေါင်က ဖြူဖြူတုတ်တုတ်ကြီးဆိုတော့
ချစ်စရာ

ကောင်းနေမှာပေါ့)))လို့ ပြောတော့

(((ဟုတ်ကဲ့ ..ငါ့ပေါင် အ၀န်ပါးချလာလို
့လာတာပါ..ပေါင်ကော…လှတုံးပတုံလားလို့ သေချာကြည့်လာတဲ့)))

လို့ ဓနုလေး ကပြောတော့..မြေးမလေး က

(((နဲတောင်နဲသေး အ၀န်ကပါးချမှာပေါ့..ပေါင်ပဲကြည့်ချင်နေတာကို
..ပါးချရုံမကဘူး..ဓါးနဲ့ ပါခုတ်လိုက်ရမှာ..

ဖွားဖွားလဲ..ဘာမှန်းမသိဘူး..ဒီအရွယ်ကြီးကျမှ……)))လို့ ပြောတော့မှ..အဖွားဖြစ်သူက

((((သြော်..ငါ့မြေးလေးရယ်..ဒီကမြေးလေး ပြောတာကဓနုစကားနဲ
့အ၀န်ပါးချလာတယ်ဆိုတာက ပစ္စည်းတွေ

လူကြုံထည့်ပေးတာကိုပြောတာ…ပေါင် ဆိုတာက အဖွားကိုပြောတာပါ ငါ့မြေးလေးရယ်…)))တဲ့

(((ဒါဆို ဘာလို့ သမီးကို သူကမိန်းမ လို့ ဘာလို့ ခေါ်တာလဲ)))

(((သြော်..ဒါက သူတို့ ဓနုတွေက ရွယ်တူမိန်းခလေးတိုင်းကို..မိန်းမလို
့ခေါ်ကြတာကွဲ..)))

(((အာ..သိတော့ဘူး ဆိုးလိုက်တဲ့ အခေါ်အဝေါ် တွေ..)))လို
့ပြောပြီးခေါင်းစားသွားသတဲ့လေ….

<ကဲ သူငယ်ချင်းတို့ ရေ နင်တို့ ပေါင်ကော..လှတုံး ၀တုံး လား>>>> ခိ..ခိ..ခစ်ခစ်…

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer