ဟာသလေးများ

Yin Nyine NwayJuly 18, 20101min712

ကောင်းမကောင်းတော့ မသိဘူး
ယာဉ်ထိန်းရဲအရာရှိတစ်ဦးသည် တန်ဖိုးကြီးမားလှသော ဇိမ်ခံကားတစ်စီးကို ရပ်တန်.ဖမ်းဆီးလိုက်သည် ။
ထိုမော်တော်ကားမှာ ခေတ်မှီကိရိယာများတပ်ဆင်ထားပြီး မိုင်နှုန်းထိန်းသိမ်းပေးသည့် ရေဒါလည်း တပ်ဆင်ထားသည် ။
ဒီလို အဖမ်းခံရတော့ ကားပိုင်ရှင်လည်း စိတ်ဆိုးမာန်ဆိုးနဲ့ ကားပေါ်ကဆင်းလိုက်ပြီး ရေဒါကိရိယာကို ဆွဲဖြုတ်ရျ်
မြေကြီးပေါ်ကို ပစ်ပေါက်လိုက်ပြီး ခြေထောက်နဲ့ဆောင့်နင်းကာ ဒေါပွပွနဲ့ ပြောလိုက်တယ် ။
” ဒေါ်လာ ငါးရာပေးရပြီး အလကားပဲ ၊ ဘာမှ အသုံးမဝင်ဘူး ၊ တောက် ..”

” ခင်ဗျားရဲ့ ရေဒါ က ကောင်းမကောင်းတော့ ကျနော်မသိပါဘူး ။ ခု ကျနော်  ဖမ်းရတာက ခင်ဗျား ကားမှာ
နံပါတ်ပြား တစ်ခုပဲ တပ်ထားလို.ပါ ”

***************************

ဘာလိုသေးလဲ
ဆရာဝန်ဖြစ်သူက လူရွယ်လူလတ်တစ်ယောက်ဖြစ်သူ လယ်သမားအား သူ.ခြေထောက်
ကျိုးပုံကျိုးနည်း ကိုမေးလိုုက်သည် ။ ထိုအခါ လယ်သမားက ပြန်ပြောပြသည် ။
” ဒီလိုပါဆရာ ၊ လွနခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်လောက်ကပေါ့ .. ”
” နေစမ်းပါဦး ၊ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်ကကို .ပြောနေတာ မဟုတ်ဘူးလေ ၊ ဒီနေ.မနက်
ခင်ဗျားခြေထောက် ဘယ်လိုကျိုးသွားတာလဲ မေးနေတာ ”
” ဟုတ်ပါတယ် ဆရာ ၊ အဲဒါကိုပဲ ပြောနေတာပါ ၊ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်လောက်ကပေါ့ ၊
အဲဒီနေ.မှာ လယ်ပိုင်ရှင်ထံမှာ ကျနော် အလုပ်စလုပ်ခဲ့ပါတယ် ။ အဲဒီ ညမှာပဲ ကျနော်အိပ်ရာဝင်မယ်လုပ်တော့
သိပ်ချောသိပ်လှတဲ့ လယ်ပိုင်ရှင်သမီးက ကျနော့်  အခန်းထဲရောက်လာပြီး ကျနော့် ကိုမေးပါတယ် ၊
ဘာလိုသေးသလဲ တဲ့ ၊ ဒါနဲ့ ကျနောကလဲ ဘာမှ မလိုပါဘူး ၊ အားလုံး ပြည့်စုံပါတယ်လို.ပြောလိုက်တာပေါ့ ။
ဒါကို လယ်ပိုင်ရှင် သမီးက ထပ်မေးပြန်ရော ၊ သေချာရဲ့လား ၊ ဘာမှမလိုဘူးလား ၊ ရှင့်အတွက် ကျမ
ဘာလုပ်ပေးရဦးမလဲလို.မေးတာပေါ့ ။ ကျနော်ကလဲ ဘာမှ မလိုသေးပါဘူးလို. ပြန်ပြောလိုက်တယ် ဆရာ ..”

” အဲဒီ အကြောင်းနဲ့ ဒီနေ. ခြေကျိုးတာ နဲံ ဘယ်လို ပက်သက်နေသလဲ ဆိုစမ်းပါဦး ”

” ဒီနေ. မနက်တော့ အိမ်ခေါင်မိုးပေါက်နေလို. တက်ဖာတယ်ဆရာ၊ အဲလို ခေါင်မိုးတက်ဖာနေတုန်းမှာ
အဲဒီ လွန်ခဲ့တဲ့ နှစ်ဆယ့်ငါးနှစ်လောက်က ဘာလိုသေးလဲ ဆိုတဲ့ အဓိပ္ပါယ်ကို အခုမှ စဉ်းစားမိတယ် ၊
စဉ်းစားလဲ စဉ်းစားမိရော ကျနော်လဲ ခေါင်မိုးပေါ်က ပြုတ်ကျပြီး ခြေထောက်ကျိုးသွားတာပဲ ဆရာ… ”

************************

ဒေါသကို လာမဆွနဲ့နော်
ကိုဘမောင် သူငယ်ချင်းများကို ကြွားနေသည် ။
” မိန်းမ နဲ့ ဒီနေ.ကစပြီး ပဋိဉာဉ် အတိအလင်း ကြေငြာမယ်ဆိုတော့ ….
ဘာလဲ ဟင် တဲ့ …… ငါက စပြီးကြေငြာတာ… မိန်းမ လူရှေ့သူရှေ့မှာ မင်းကို ငါနိုင်မယ် …
လူကွယ်ရာမှာ မင်းတသက်လုံးနိုင် လို. ..အဲဒီမှာ စတွေ.တာပဲ ..
လူကွယ်ရာက အိမ်မှုကိစ္စတွေ ငါပဲအကုန်လုပ်ရတော့တာပဲ ကွာ…”

“ဒါဆို အရက်ဆိုင်လိုက်ပြီး ခေါ်တာက လူရှေ့သူရှေ့မှာခင်ဗျားကို နိုင်တာပဲလေဗျာ ၊
ခင်ဗျား ဘယ်မှာနိုင်လို.လဲ .. ”

” အဲဒါ လူနောက်ကွယ်က အိမ်အလုပ်တွေမပြီးပဲနဲ့ ထွက်လာလို.ကွ ..
အဲဒါကြောင့်လဲ ဟိုတခါ  လူကြားထဲ ငါထငေါက်ပစ်တာ ….”

” ဟလား … ဘယ်လိုငေါက်တာလဲဗျ .. လုပ်ပါဦး ”

” ဒီမှာ မိန်းမ .. ငါတစ်ခွန်းပဲ ပြောမယ် ..အဝတ်လျှော် ၊ ကြမ်းတိုက် ၊ ထမင်းချက် တဲ့
မီးဖိုချောင် ကိစ္စ ၊ အမှိုက်သွန်တာကအစ မင်းလက်နဲ့ ထိရဲ့ထိကြည့် ၊ မင်း လှည့်တောင်မကြည့်နဲ့ ၊
ငါ့အကြောင်း သိသွားမယ် … ဟင်း… ဟင်း .. ဘာမှတ်နေလဲ .. လို.ပေါ့ကွာ. …ဟဲ..ဟဲ..ဟဲ…”

တစ်ခါကကျွန်တော့်သူငယ်ချင်းဓနုေ

လးတစ်ယောက် အကြောင်းပြောပြမယ်နော်..သူ
့ကို အဖွားဖြစ်

သူက သူရဲ ့ငယ်ပေါင်းသူငယ်ချင်းဆီ လက်ဆောင်ပစ္စည်းလေးကိုမြေးဖြစ်သူနဲ
့ထည့်ပေးလိုက်တာတဲ ့..

အဲဒီအဖွားဆီမှာလည်းမြေးမလေး တစ်ယောက်ရှိတယ်လေ…ဓနုလေးက လက်ဆောင်သွား

ပေးတော့..အဖွားကိုအရင်မတွေ ့ခင်မြေးမလေး နဲ ့အိမ်အဝင်မှာ တွေ ့ရတော့
..ဓနုသံဝဲဝဲ လေးနဲ ့

မေးလိုက်တာ က..

(((ဟယ်..မိန်းမ..နင့်ပေါင်နဲ ့တွေ ့ချင်လို ့ဘယ်မှာလဲ..)))လို ့မေးရော
ကောင်မလေးကရှူးရှူးရှဲရှဲနဲ ့

(((ဟာ..အရူး ဘာမိန်းမလဲ..ဘာလို ့ငါကပေါင်ကို ပြရမှာလဲ..အရူးရဲ ့)))လို
့ပြန်အော်သတဲ ့..

ဒါနဲ ့ဓနုလေးက ဘာပြောလဲဆိုတော့..

(((အာ…ငါက နင့်ပေါင်ကိုတွေ ့ချင်လို ့မေးတာလေ..ငါဘာမှားလို ့လဲ..ငါက
အဝန်ပါးချ လို ့လာတာလေ

ကဲဘယ်မှာလဲ..နင့်ေပေါင် ..ငါအချိန်မရဘူး..မြန်မြန်မြင်ချင်တယ်…အဲ
နေအုံး..နင်ပေါင်က

ပိုင်လားဝလား…ငါပေါင်ကတော့ ဖြူဖြူတုတ်တုတ်ကြီးဟ)))လို ့လဲပြောရော

(((ဖွားဖွားရေ…..ဒီမှာ အရိုင်းအစိုင်းတစ်ယောက်..သမီးကိုမိန်းမ လို
့လဲခေါ်တယ်..နောက်ပီး သမီးရဲ့ပေါင်

ပိုင်လားဝသလားတဲ ့..သူပေါင်က ဖြူဖြူတုတ်တုတ်ကြီးတဲ ့သမီးကိုပါးချမလို ့တဲ
့ဖွားဖွားရဲ ့လာပါအုံး)))

လို ့ဆိုပြီးအိမ်ထဲပြေးဝင်ပြီးအဖွားဖြစ်သူကိုတိုင်တာပေါ့..အဖွားကလာထွက်ကြည်
့ပြီး ဓနုေလေးကိုမြင်

ရော…စိတ်မဆိုးတဲ့အပြင်..ပြောလိုက်တာက

(((အော် ..မြေးလေးရောက်လာပီလား …လာလာ …နင်ပေါင်က ဖြူဖြူတုတ်တုတ်ကြီးဆိုတော့
ချစ်စရာ

ကောင်းနေမှာပေါ့)))လို ့ပြောတော့

(((ဟုတ်ကဲ ့..ငါ့ပေါင် အဝန်ပါးချလာလို
့လာတာပါ..ပေါင်ကော…လှတုံးပတုံလားလို ့သေချာကြည့်လာတဲ့)))

လို ့ဓနုေလေး ကပြောတော့..မြေးမလေး က

(((နဲတောင်နဲသေး အဝန်ကပါးချမှာပေါ့..ပေါင်ပဲကြည့်ချင်နေတာကို
..ပါးချရုံမကဘူး..ဓါးနဲ ့ပါခုတ်လိုက်ရမှာ..

ဖွားဖွားလဲ..ဘာမှန်းမသိဘူး..ဒီအရွယ်ကြီးကျမှ……)))လို ့ပြောတော့မှ..အဖွားဖြစ်သူက

((((ဪ..ငါ့မြေးလေးရယ်..ဒီကမြေးလေး ပြောတာကဓနုစကားနဲ
့အဝန်ပါးချလာတယ်ဆိုတာက ပစ္စည်းတွေ

လူကြုံထည့်ပေးတာကိုပြောတာ…ပေါင် ဆိုတာက အဖွားကိုပြောတာပါ ငါ့မြေးလေးရယ်…)))တဲ့

(((ဒါဆို ဘာလို ့သမီးကို သူကမိန်းမ လို ့ဘာလို ့ခေါ်တာလဲ)))

(((ဪ..ဒါက သူတို ့ဓနုတွေက ရွယ်တူမိန်းခလေးတိုင်းကို..မိန်းမလို
့ခေါ်ကြတာကွဲ..)))

(((အာ..သိတော့ဘူး ဆိုးလိုက်တဲ ့အခေါ်အဝေါ် တွေ..)))လို
့ပြောပြီးခေါင်းစားသွားသတဲ့လေ….

<ကဲ သူငယ်ချင်းတို ့ရေ နင်တို ့ပေါင်ကော..လှတုံး ဝတုံး လား>>>> ခိ..ခိ..ခစ်ခစ်…

2 comments

  • kopauk mandalay

    July 18, 2010 at 11:52 am

    အရင်က ကသာဘက်သွားတုံး အဲဒီက ကောင်မလေးတစ်ယောက်က ကျနော့်ကို
    ” နင်ဘယ်နေ့ပြန်မှာလဲ “လို့မေးပါတယ်။
    ကျနော်က ” သဘက်ခါ “လို့ပြန်ဖြေတော့။
    သူက ” နင်နဲ့ငါနဲ့ ညားရအောင် “တဲ့။
    ကျနော်က အဲဒီတုန်းက လူပျိုဆိုတော့ ရင်တွေတောင်ခုန်သွားတာပေါ.။
    သူကလဲလှတာကိုး။
    ကျနော်က ” တကယ်လား “လို့မေးတော့သူက ” နင့်ဘက်ကသာသေချာပါစေ “လို့ပြန်ဖြေပါတယ်။
    ကျနော်ပျော်သွားတာပေါ့။
    တည်းအိမ်ရောက်တော့ ထမင်းစားရင်းသည်အကြောင်းပြန်ပြောပြတော့ ရီလိုက်ကြတာထမင်းတောင် သီးကုန်ပါတယ်။
    နောက်မှသူတို့ကပြောပြတာ ” မသိဘဲရမ်းပျော်မနေနဲ့တဲ့ ငါတို့ကသာမှာ လူနှစ်ယောက်ခရီးတစ်ခုကို အတူသွားရင်ညားတယ်လို့ပြောတယ် ”
    ရှက်လိုက်တာမပြောပါနဲ့တော့ဗျာ။

Leave a Reply