ကားကြပ်သည့် ပြဿနာနှင့် ရန်ကုန်

Wai Yan LattJanuary 7, 20131min1226

ကားကြပ်သည့် ပြဿနာနှင့် ရန်ကုန်

—————————————-

Car news

 

ယနေ့ခေတ် ရန်ကုန်မြို့နေ မြို့သူ မြို့သား အပေါင်းတို့နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုကတော့ လမ်းတိုင်း မီးပွိုင့်တိုင်းတွင် ကားတွေကြပ်နေရခြင်းပဲဖြစ်ပါတယ်။  နေ့စဉ်ကြုံတွေ့နေရဆဲဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်းဖြေရှင်းနိုင်ရန်လမ်းမမြင်ပါ။ အဘယ်ကြောင့်နည်း…။

စည်းကမ်းပျက်ယာဉ်များပေါများလာသည်မှာ မည်သူမျှမငြင်းနိုင်သည့်အချက်ပင်ဖြစ်၏။ ကားဈေးများထိုးကျလာခဲ့ပြီးနောက်ပိုင်းပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်။ လမ်းတိုင်းရှိမီးပွိုင့်များတွင်ရှိသော မော်တော်ပီကယ်များမှာ အာပလာ ဂဂျောင်ဖတ်နေသောသူများရှိသလို သေသေချာချာ ယာဉ်ကျောရှင်းလင်းပေးသော မော်တော်ပီကယ် များလည်းရှိသည်။ ၁၀-၁၂-၂၀၁၂  ဓမ္မစေတီလမ်းပေါ်တွင် ပွိုင့်မိနေစဉ် ဆေးရုံကားတစ်စီး အရေးပေါ်အချက်ပေးပြီးလာ၏ ။ ကားများအလွန်ပင်ပိတ်ဆို့နေရာ အနည်းဆုံး ၃ဝမိနစ်လောက်ကြာမှ လူနာအတွက်အခွင့်အရေးရနိုင်ပေမည် ။ အော်…ရန်ကုန်မြို့ ဘဝ ဘဝ …..

အဓိက ပြည်သူပြည်သားများတောင်းတနေသော အချက်တခုရှိသည်။ မလိုအပ်ပဲ အချိန်နှောင့်နှေးမှုများဖြစ်ပေါ်စေသော ယာဉ်ကျောပိတ်ဆို့မှုများ ပပျောက်ကြစေလိုသည်မှာ ပြည်သူပြည်သားအားလုံးကပြောသော အမှန်တရားတခုသာဖြစ်ပေ၏ …. ။

6 comments

  • ကျနော်အလည်ခဏလာတာ ကားလမ်းပိတ်တာကို စိတ်ညစ်စရာကောင်းလှပါ၏
    ဒီအကြောင်းလေးရေးမယ်စိတ်ကူးတယ်
    ဓါတ်ပုံတော့ ရိုက်မထားဖြစ်ဘူး

  • နွေဦး

    January 7, 2013 at 3:10 pm

    စည်းကမ်းမဲ့တဲ့ကားတွေကြောင့် ပိုပြီးလမ်းပိတ်ဆို့မှုတွေဖြစ်တာပါ။
    လမ်းမရှင်းတဲ့ကြားက လမ်းပြောင်းပြန် ကျော်တက် မောင်းဝင်တတ်တဲ့ကားတွေကြောင့် ပို ဆိုးစွာ ပိတ်သွားတတ်ပါတယ် ။
    ဒီလို လမ်းပြောင်းပြန်မောင်းဝင်ပြီးပိတ်ဆို့မှုအများဆုံးလမ်းက မင်္ဂလာတောင်ညွန့်မြို့နယ်က ဗိုလ်မင်းရောင်လမ်း (စက်ရုံလမ်းနဲ့ သိမ်ဖြူလမ်းကြား)ဖြစ်ပါတယ် ။
    နောက်တနေရာက မင်္ဂလာဈေးရှေ့ ဗညားဒလလမ်းရော စက်ရုံလမ်းမှာရော ပိတ်ဆို့မှုက အလွန် စိတ်ညစ်စရာပါဘဲ ။
    ယာဉ်ထိန်းရဲ ရှိနေတာတောင်မှ ပိတ်နေတတ်ပါတယ်။

  • kai

    January 8, 2013 at 6:56 am

    ကားပါ့ကင်တစ်ကက်(ချလံ)စနစ်ကို.. ပုဂ္ဂလိကလက်ထဲ.. ကန်ထရိုက်ပေးလိုက်ရင်..တော်တော်အိုကေသွားမယ်ထင်မိတယ်..
    မတော်တဲ့နေရာ ရပ်တဲ့ကားတွေအကုန်.. ချလံဖြတ်.. ကားဝိုင်ပါမှာညှပ်ထားပေးလို်က်ပေါ့..။ :kwi:

  • MaMa

    January 8, 2013 at 9:41 am

    သီရီမင်္ဂလာဈေးရှေ့မှာ ဒိုင်နာတွေ ယာဉ်ကြောအပြည့် ၃ထပ်ရပ်ပြီး လူခေါ် ကုန်တင်နေကြတာ။
    နောက်ကားက ဟွန်းဘယ်လောက်တီးတီး၊ လမ်းဘယ်လောက်ပိတ်ပိတ် အရေးမစိုက်ဘူး။
    အဲလို အသိစိတ်ဓာတ်တွေနဲ့ ဒီမိုကရေစီနိုင်ငံတော်ကတော့ ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်နေအုံးမယ် ထင်ပါတယ်။
    လူတစ်ယောက်ချင်းစီရဲ့ (လူတစ်ယောက်ချင်းစီရဲ့) အသိစိတ်ဓာတ်တိုးတက်အောင် ပြုပြင်ပြောင်းလဲဖို့ အများကြီး အများကြီးလိုအပ်နေပါပြီ။ :byae:

  • Wai Yan Latt

    January 8, 2013 at 9:49 am

    ဒါပေါ့ဗျာ… သေလောက်အောင်စိတ်ညစ်စရာပါ… အခုရော နောက်ရော ဒါမျိုးတွေပဲဆိုရင်တော့ ….. ဟင်း…

  • water polo

    January 8, 2013 at 4:42 pm

    လှည်းတန်းမှာကပိုဆိုးတယ် …..
    မီးပွိုင့်လွတ်တာတောင်မှ စိန်ဂေဟာအရှေ့မှာဆိုပိုတောင်ဆိုးသေးတယ်…….လိုင်းကားတွေကလဲ စည်းမရှိကမ်းရှိရပ်ပီး မထွက်ပေးနောက်ကကားကထွက်ချင်ရင်တော့ဒင်းတို့တွေက သူတို့နဲ့မဆိုင်သလိုပဲလေ…
    ဟိုနေ့ကလဲ စိန်ဂေဟာရှေ့မှာကားချင်းငြိလို့ အဲ့အရှေ့မှာတင်လမ်းပိတ်သွားတာတစ်နာရီလောက်တောင်ကြာတယ်လေ….အရှေ့လဲဆက်သွားလို့မရ နောက်လဲဆုတ်လို့မရနဲ့….ဒါတောင်ဂုံးကျော်တံတားစီမံကိန်းပီးရင် ဘယ်လိုလာအုံးမလဲမသိဘူး….

Leave a Reply