“ မဟာရန်ကုန်မြို့မှ Art ဆန်ဆန် တွေးခေါ်ဖန်တီးမှုများကို လှိုက်လှဲစွာကြိုဆိုမိပါ၏။ ”

Wai Yan LattJanuary 7, 20131min1885

Graffiti N YGN – Mg Raymond

ရန်ကုန်မြို့ကြီးတိုးတက်လာသည်နှင့်အမျှ ဖျက်လိုဖျက်ဆီးလုပ်လိုသူများလည်း ရေရေလည်လည် ပေါများလာသည်။ Graffiti များသေသေချာချာ ကောင်းကောင်းမွန်မွန်ရေးဆွဲသူများရှိသလို နိုင်ငံခြားမှ Gangsta ဂိုဏ်း များကိုအားကျပြီး ပေါက်ကရလျောက်ရေးနေသူများလည်းရှိနေသေးသည်။

“ မဟာရန်ကုန်မြို့မှ Art ဆန်ဆန် တွေးခေါ်ဖန်တီးမှုများကို လှိုက်လှဲစွာကြိုဆိုမိပါ၏။ ”

မကြာသေးမှီ အချိန်က ဗမာပြည်သို့ အမေရိကန် သမ္မတကြီး အိုဘားမားရောက်စဉ် မြန်မာGraffiti writers များကြိုဆိုကြပုံကို သဘောကျမိ၏။ ရွှေဂုံတိုင်မီးပွိုင့်အနီးရှိ Excel Shopping Tower ရှေ့တွင် (ယခုမရှိတော့- ထုံးများသာရှိတော့သည်) Graffiti Artist – Arkar Kyaw ရေးသော အမေရိကန် သမ္မတကြီး အိုဘားမား၏ ပုံတူ Graffiti မှာလူအပြောအများဆုံးဖြစ်ပြီးလက်ရာလဲမြောက်သည်။ ဗိုလ်တစ်ထောင်ကမ်းနားရှိ အိုဘားမား ပုံမှာတော့ မစ္စတာ အိုဘားမား မရောက်ခင် လာမည့်သတင်းကြားကတည်းကဆွဲထားခြင်းဖြစ်ပြီး တကယ်တမ်းလာရောက်ချိန်မှတော့ ထုံးများသာကျန်တော့သည်။ မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့ မြန်မာနိုင်ငံ အတွင်းရှိလူငယ်အချို့မှာ Graffiti ပညာရပ်ကိုသေသေချာချာ စိတ်ဝင်တစားလိုက်စားကြပြီး သူတို့အနာဂတ်အတွက်လည်း Graffiti ပညာမှာ ယုံကြည်ချက်တစ်ခုပင်ဖြစ်နေ၏။ လမ်းဘေးတွင်လက်သရမ်းပြီး ဘာအနုပညာမှမပါတဲ့ ရမ်းကားမှုမျိုး ကိုတော့ မည်သူမှလက်ပိုက်ကြည့်နေမှာမဟုတ်ပေ။

ကျွန်တော် ဒီ post ရေးရန် ရန်ကုန်မြို့ရှိ graffiti ရေးဆွဲနေသော လူငယ်များနှင့်လည်း Interview များမေးဖြစ်ခဲ့ပြီး  graffiti writers အားလုံးရှိ သဘောထားအမှန်နှင့်လိုအပ်ချက်များ ကို အပြန်အလှန်ဆွေးနွေးတိုင်ပင်နိုင်ခဲ့ပါသည်။

ဆက်ရန် …….

Thanks by Mg Raymond

 

imagewr01Myanmar-Obama_Webf-690x388

5 comments

  • Wai Yan Latt

    January 7, 2013 at 8:20 am

    လိုအပ်နေသေးပါသည် …. အချက်အလက်များလိုက်ရှာနေ၏

    • Shwe Ei

      January 7, 2013 at 10:19 am

      ဆက်ပါဗျို့ ကိုယ်နဲ့သိပ်မရင်းနှီးပေမယ့် စိတ်ဝင်စားမိတဲံ့အကြောင်းအရာတေပါ။

  • kokothandar

    January 8, 2013 at 8:49 am

    လက်ရာမြောက်ပါတယ် အိုမြန်မာကိုယ်တိုင် နံရံမှာ ကပ်နေတဲ့အတိုင်းဖဲ အာဏာရူးကြီးပုံ တစ်ပုံလောက် ရှင်လောင်းဝတ်စုံလေးနဲ တိရစ္ဆန်ရုံ အုတ်တံတိုင်းမှာ ရေးထားစေချင်ပါတယ် ဒေါ်ကြိုင် ကိုခါးထစ်ခွလျက်ဆို ပိုကြည့်ကောင်းမယ်ထင်တယ်

  • MaMa

    January 9, 2013 at 8:58 am

    ထောက်ခံပါတယ်။
    graffiti လို အနုပညာကို အားပေးပါတယ်။ :hee:

Leave a Reply