Facebook Page ကိုင်သူအားလုံး ဖတ်ရန် (အထူးသတိပေးချက်)

Wai Yan LattJanuary 8, 20131min1373

တကယ် Facebook Page ကိုင်နေသူများတင်မကပဲ Facebook အသုံးပြုနေသူ အားလုံး သိထားဖို့ိ လိုအပ်တဲ့ ကိစ္စ ဖြစ်ပါတယ်။

ယခု ကာလအတွင်း မျက်စီရှေ ့မှာတင် Facebook Page ( Facebook စာမျက်နှာ) များ တစ်ခုပြီးတစ်ခု ပျောက်သွားပါတယ်။ ပျောက်သွားတယ် ဆိုတာထက် တိတိကျကျပြောရင် Unpublished အလုပ်ခံရတာ ဖြစ် ပါတယ်။ အချို ့ကျတော့ ဘာမှကို မမြင်ရတော့ပဲ ပျက်သွားတဲ့အထိကို အခြေအနေ ဆိုးသွားပါတယ်။ အချို ့ကျ ကိုယ်ကလွဲလို့၊ Admin တွေက လွဲလို့ ဘယ်သူမှ မမြင်ရတော့တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့် ကျန်ရှိနေသေးတဲ့ ပြည်သူ အကျိုးပြု Page လေးများ မပျက်ရန် အားလုံး တူညီ ဗဟုသုတ ရှိထားရန် လိုအပ်ပါတယ်။

Page ပျက်ရသည့် အကြောင်းအရင်း

ပျက်ရတဲ့ အခြေအနေ အကြောင်းအရင်း အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

၁။ Report အလုပ်ခံရခြင်း

ဒါကတော့ ရှင်းပါတယ်။ Visitor များက ဝိုင်းပြီး Report လုပ်ကြရင် ဖြစ် ပါတယ်။ Page ကိုရယ်လို့မဟုတ်ပဲ Page က တင်တဲ့ ပုံတွေ၊ Post တွေ ကို Report လုပ်တဲ့ အကြိမ်အရေအတွက် များလာရင် Facebook က အဲ့ဒီ Page ကို Unpublished လုပ်လိုက်ပါတယ်။ ဒါက ယာယီသို့တည်း မဟုတ် ထာဝရ ဖြစ်ပါတယ် ဆိုပြီးတော့တောင် စာပြန် ပို့ ပါသေးတယ်။

၂။ Advertise your page ကို အသုံးပြုမိခြင်း

ဒါကတော့ ဖြစ်နိုင်ချေ နောက်တစ်ချက် ဖြစ်ပါတယ်။ Facebook က ပေးထားတဲ့ Option ဖြစ်ပေမယ့် သူက မြန်မာပြည်မှာ Service မရပါဘူး။ သို့ပေမယ့် ဒါကို ခဏခဏ လက်သွားကမျဉ်းမိရင်လည်း ကိုယ့်ရဲ ့ Page ကို Unpublished လုပ်ပါတယ်။ Advertise လုပ်တယ်ဆိုတာ မိမိ Page ကို Like အရေအတွက် တိုးအောင် Facebook က တရားဝင် လုပ်စားတဲ့ ကြော်ငြာ Banner လေး ဖြစ်ပါတယ်။ ဥပမာ- Suggest Page မှာ ပေါ်နေတာထက် ညာဘက်ထောင့်နားမှာ ဘယ် page ဖွင့်ဖွင့် ဒီ Page ကို Like ပါလို့ တက်တက်နေတာမျိုး ဖြစ်ပါတယ်။ ယင်းကို Service block လုပ်ထားတဲ့ နိုင်ငံကနေ လက်ကမျဉ်းရင်လည်း ပိတ်တတ်ပါတယ်။

၃။ Like တက်ရန် ဆော့ဖ်ဝဲသုံးခြင်း

Like အရေအတွက် တက်အောင် အသုံးပြုလို့ရတဲ့ Software တွေ ရှိပါတယ်။ အချို့လည်း သုံးနေကြပါတယ်။ အချို ့ရယ်လို့ မဟုတ်ပဲ နိုင်ငံတကာမှာ တွင်တွင်ကျယ်ကျယ်ကို သုံးပါတယ်။ ယင်း Software က Like ကိုတကယ်ရှိနေတာထက် အဆပေါင်းများစွာ တက်နေပါတယ်။ ဒါကို Facebook က မကြာပါဘူး။ ချက်ချင်း ထောက်လှမ်းထားပါတယ်။ Facebook API က ဒါကို Detect လုပ်မိပြီဆိုရင် Like ကို အသားလွတ် ဇွတ်ကျုံးယူတဲ့ ပုဒ်မနဲ့ Page ကို Unpublished လုပ်ပါတယ်။

၄။ ဗိုင်းရက်စ် ကိုက်ခြင်း

ဒါကလည်း ဖြစ်နိုင်ချေ တစ်ခု ဖြစ်ပါတယ်။ Facebook က မသုံးသင့်လို့ တားမြစ်ထားတဲ့ Facebook app တွေ အသုံးပြုမိတာမျိုး၊ အင်တာနက် သုံးနေရင်း ကိုယ်မသိ၊မမြင်ဖူးတဲ့ application ကို ယောင်ပြီး Install လုပ်မိတာမျိုးဆိုရင် Facebook page ကိုတင်မကပဲ ရှိသမျှ Page အားလုံးကိုပါ တိုက်ခိုက်ပါတယ်။ Spam နဲ့တိုက်ပါတယ်။ ယင်း Spam က Facebook ပင်မ Server ကိုရောက်ပြီး Spam အသားကုန် လွတ်နေတဲ့ Page ကို လမ်းပြီး Unpublished လုပ်လိုက်ပါတယ်။ အခန့်မသင့်ရန် အကောင့်ကိုပါ block ပါတယ်။

၅။ အက်ဒမင် သစ္စာဖောက်ခြင်း

ဒါကတော့ ဖြစ်နိုင်ချေနည်းပါတယ်။ တော်တော်များများက Page ကို တစ်တေယာက်တည်း မကိုင်ပါဘူး။ သူငယ်ချင်းလိုက်သော်လည်းကောင်း အုပ်စုဖွဲ့ပြီး Manage လုပ်ပါတယ်။ content Creature သော် လည်းကောင်း၊ Moderator သော်လည်းကောင်၊ Admin Manager သော် လည်းကောင်း ရာထူး အမျိုးမျိုး ပေးလို့ လုပ်ကြပါတယ်။ ယင်းထဲက တစ်ယော်ယောက်ဟာ Edit Page ကဏ္ဍထဲကို ဝင်ပြီး Unpublished page ကိုသွားနှိပ်မိပြီဆိုရင်လည်း Page ကို အော်တိုပဲ Unpublished လုပ်လိုက်ပါတယ်။

အထက် ငါးချက်က အဖြစ်နိုင်ဆုံးများ ဖြစ်ပါတယ်။ အခြားသော ဖြစ်နိုင်ချေ များလည်း ရှိပါတယ်။ နောက်ထပ် ဖြစ်နိုင်ချေ တစ်ခုက Facebook ကိုယ်တို်င်ပဲ ဖြစ်ပါတယ်။ Facebook က အမြဲ Perfect ဖြစ်မနေပါဘူး။ Server ကျသွားတာမျိုးလည်း ခဏခဏ ဖြစ်ပါတယ်။ ဒါကြောင့် သူ Maintain လုပ်နေတဲ့အချိန်ဆို Account ထဲဝင်မရတာ တော်တော်များ များ သိပါတယ်။ ပြီးတော့ Comment ပေးလို့မရတာ၊ Like လို့မရတာ၊ Message ပို့လို့မရတာ၊ Friend Request ပို့လို့မရတော့တာ အစရှိသဖြင့် အမျိုးမျိုးသော ပြဿနာ တို့အမြဲတမ်း ဖြစ်ပါတယ်။

Facebook က Privacy အမျိုးမျိုးအပြောင်းအလဲလုပ်နေပါတယ်။ စီးပွားရှာရမှန်းသိတော့ ပိုက်ဆံရမှ ရမယ့် Function တွေ၊ UI တွေ ထပ်တိုးလာပါအတယ်။ သူတိုးတာ ကိစ္စမရှိပေမယ့် သူ့ Service မရနိုင်တဲ့ နိုင်ငံများအတွက်ကတော့ တကယ့် ဒုက္ခပဲ ဖြစ်ပါတယ်။ အဲ့လို Service တွေတိုးလာလေ၊ Facebook ရဲ ့ လုံခြုံရေးစနစ်၊ ပေါ်လစီ၊ Privacy တိုးလာလေလေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်ကို မနေ့တစ်နေ့မှ သိရတဲ့၊ သုံးရတဲ့ သူများအတွက်ကတော့ တကယ့် အခက်တုံးတွေ ဖြစ်ပြီး ကွိုင်တွေတက်ရပါတယ်။ အကောင့်တောင် ဖုန်းနံပါတ် ပေးမှ ဖွင့်ရမယ်ဆိုတဲ့ Google Talk လို ဖြစ်လာပါတယ်။

ဒီလိုအခက်အခဲတွေကြားထဲမှာ၊ အဆင့်မြင့် Privacy, လုံခြုံရေး စနစ်ကြားထဲမှာ သုံးရတော့ အကောင့်တွေပျက်ရတာ၊ Lock ကျရတာ၊ page unpublished ဖြစ်ရတာနဲ့ ပြဿနာများက အတော်လေး စုံပါတယ်။

ဒါကို စာရေးသူနဲ့ Techspace အဖွဲ့သားများက ဝိုင်းဝန်းဖြေရှင်းပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ ယခု Unpublished ဖြစ်သွားတဲ့၊ ပျက်သွားတဲ့၊ Block သွားတဲ့ Page များ ပြန်လည် ဆယ်ထုတ်လို့ရအောင် စာရေးသူ တို့ လေ့လာ နေပါတယ်။

appeal (အသနားခံစာ) တင်ရင် Page ပြန်ရမယ်ဆိုတဲ့ တစ်ခုတော့ တွေလိုက်တယ်။ သို့ပေမယ့် appeal လုပ်ခွင့်ကိုလည်း Facebook က Denied လုပ်ထားပြန်ပါသေးတယ်။ သို့ပေမယ့် ဒါဟာ ယာယီသာ ဖြစ်ပြီး ပြန်ရမှာ ဖြစ်ပါတယ်။ အခြားနည်းလမ်းများလည်း ရှာဖွေ နေပါတယ်။ ဒါကြောင့် လက်ရှိ page unpublished အလုပ်ခံထားရ သူများ ဆောင်ရန် ရှောင်ရန်ကို အောက်ပါအတိုင်း ဖော်ပြ လိုက်ရပါတယ်။

၁။ Page က Unpublished အလုပ်ခံရပြီ ဖြစ်တဲ့အတွက် အနည်းဆုံး ၄၈က နာရီလောက် မကလိပဲ ထားစေချင်ပါတယ်။ ခဏခဏ ကိုင်တော့ ကိုင်တဲ့ အကြိမ်တိုင်း Facebook server ကိုရောက်ပြီး appeal ရော၊ အခြားကော ဘာမှလုပ်လို့မရအောင် ဆက်ပိတ်မှာ ဖြစ်ပါတယ်။

၂။ အက်ဒမင်များ စည်းလုံးဖို့လိုပါတယ်။ ဆိုလိုရင်းက တစ်ဦးတစ်ယောက်က ဆုံးဖြတ်ချက်ချတာမျိုး မလုပ်ပါနဲ့။ အကောင်းဆုူံးကတော့ အက်ဒမင်အားလုံးနဲ့ တိုင်ပင်ပြီး တစ်ဦးတည်းကသာ ဒီပြဿနာကို ဖြေရှင်းဖို့လုပ်ရမှာ ဖြစ်ပါတယ်။ လက်နည်းလေ ကောင်းလေပဲ ဖြစ်ပြီး ကြားထဲမှာ သွား မကလိ၊ မစပ်စုဖို့ တိုင်ပင် သတိပေးထားစေလိုပါတယ်။

၃။ နိုင်ငံတကာမှာလည်း ဒီလိုဖြစ်နေတဲ့အတွက် မျက်စိဖွင့် နားစွင့် နေစေချင်ပါတယ်။ Google search မှာသော် လည်းကောင်း ပြဿနာကို အဂ်လိပ်လိုရိုက်ထည့်ပြီးရှာစေချင်ပါတယ်။ ကံကောင်းရင် ကယ်လို့ရမယ့် နည်းတောင် တွေ့ပါတယ်။ ယခုလို သတိပေးချက် ပုံမှန်ထုတ်ပေးနေတဲ့ စာရေးသူတို့ Techspace အဖွဲ့သားများကိုလည်း အကူအညီတောင်း နိုင်ပါတယ်။ စာရေးသူတို့ရယ်လို့ မဟုတ်ပဲ ကိုယ့်ပတ်ဝန်းကျင်မှာ Facebook ကို မြေအစ ခေါင်းအစုံး သုံးတတ်တဲ့သူများ၊ ကူလို့ရသူများ ရှိရင် သူတို့နဲ့ တိုင်ပင်ထားစေချင်ပါတယ်။

အထက်ပါ ၃ ချက်ကို လုပ်ထားပြီး Facebook Page ပြန်ရဖို့ စိတ်တော့ ရှည်ဖို့လိုပါတယ်။ ပြန်ရနိုင်မ့် နည်းလမ်းကိုလည်း စာရေးသူတို့ Techspace မှ သိလျင်သိချင်း အမြန်ဖော်ပြပေးမှာပါ။ ဒါကြောင့် လက်တလော Page ကိုင်သူများ၊ သုံးနေသူများ သတိထားမိစေဖို့ ယခုလို
သတိပေး တိုက်တွန်းမျှဝေ လိုက်ရပါတယ်။

(မှတ်ချက် – အောင်ခမ်း (TSJ team) ရေးသားထားခြင်းဖြစ်ပါတယ်)

အားလုံးအတွက် အကျိုးရှိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။

Thanks ….

3 comments

  • မောင့်ကျက်သရေ ဂီ့

    January 7, 2013 at 1:05 pm

    စည်းကမ်းချက်ထဲမှာ ဟောဒါလေး ပါနေပြီး
    မဖတ်ဖြစ်လိုက်ဘူး ထင်လို့ ကူးတင်လိုက်ပါတယ်ဗျို့..


    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ

  • Thu Wai

    January 8, 2013 at 3:42 pm

    ကျွန်တော့်ကိုပိန်းတယ်ဘဲပြောပြော အဲဒါတွေခင်ဗျားပြောမှသိရလို့ကျေးဇူးတင်ပါတယ် ။

Leave a Reply