“ဒီကားတွေငါတို့ကိုမတိုက်ရဲပါဘူးကွာ” ဟု ဆိုသူများနှင့်ပတ်သက်ပြီး …

Wai Yan LattJanuary 9, 20131min1906

““ဆရာမနက်တိုင်း မနက်တိုင်း လမ်း လျှောက်တယ်မို့လား”” ““ဟုတ်ကဲ့ ကျွန်တော်မနက်တိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်ပါ တယ်။”” ““ဆရာ့ကို ကျွန်တော်မနက်တိုင်း တွေ့တွေ့နေရလို့ပါ။ လမ်းလျှောက်ရင် ကားတွေကို သတိတော့ထားပါ ဆရာ ရယ်။ လွန်ခဲ့တဲ့ (၃-၄)ရက်လောက်က လှည်းတန်းဈေးထဲက ကုန်စုံရောင်းတဲ့လူ ငယ်လေးတစ်ယောက်လမ်းလျှောက်နေ တုန်း ကားတစ်စီးကဝင်တိုက်သွားတာ ပွဲ ချင်းပြီးပဲတဲ့ တရားခံကားကိုလည်း မသိ လိုက်ဘူး။ တိုက်တဲ့ကားကမောင်းပြေး သွားတယ်လို့တော့ ပြောနေကြတာပဲ ဆရာ””တဲ့။ ““ဟုတ်ကဲ့ ကျွန်တော်သတိထားပါ့ မယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ”” နေ့စဉ်လမ်းလျှောက်ရင်းတွေ့နေကျ မျက်မှန်းတန်းမိသူတစ်ဦးက စေတနာဖြင့်ပြောလာခြင်းဖြစ်သည်မှာ ခံစားမိသည်။ ရန်ကုန်မြို့တွင်ကားအမျိုးမျိုး စည်း မဲ့ကမ်းမဲ့မောင်းနှင်နေသည်ကို သတင်းရင်းမြစ်အသီးသီးကတဆင့်ပြည်သူများ သိပြီး ဖြစ်ပါလိမ့်မည်။ထို့အတူ နယ်မြို့များတွင်လည်း ကား၊သုံးဘီးဆိုင်ကယ်၊ရိုးရိုးဆိုင် ကယ်များ စည်းမဲ့ကမ်းမဲ့ မောင်းနှင်မှုများ ကြောင့် လူအသေအပျောက်ရှိသော သတင်းများကိုလည်း စိတ်မကောင်းစွာဖြင့် နေ့စဉ်ဖတ်နေရသည်။ ဒီလိုမျိုးမတော်တဆယာဉ်တိုက်မှု သတင်းတွေကို တစ်ခေတ်တစ်ခါက သတင်းထိန်ချန်ခဲ့လို့ ပြည်သူများမသိရှိ ခဲ့ကြဘဲ ယခုမှသိရှိခဲ့ကြခြင်းလော၊သို့မဟုတ် ထိုခေတ်က ထိုကားတိုက်မှု/ဆိုင် ကယ်တိုက်မှုပြဿနာများ ယခုကဲ့သို့ များ စွာဖြစ်ပွားခဲ့ခြင်းမရှိဘဲ ခုမှကားတွေ၊ ဆိုင်ကယ်တွေများလာခြင်းကြောင်း ထိခိုက် ဒဏ်ရာရသေဆုံးမှုများလာရခြင်းလား ဆိုသည်များက မေးစရာဖြစ်လာပြီဖြစ် သည်။ ဘယ်လိုပဲဖြစ်ဖြစ် ကားနှင့်လူနှင့်တိုက် မိက လူသာခံရမည်။ကားနှင့်ဆိုင်ကယ် တိုက်မိရင် ဆိုင်ကယ်သမားသာထိခိုက် သည်။ ကားကြီးနှင့်ကားသေးတိုက်မိရင် ကားသေးသာနစ်နာမည်ဆိုသည်ကိုတော့ လောကနိယာမတရားအရ သိထားပြီး သားဖြစ်ကြပါသည်။ ကားများစည်းမဲ့ကမ်းမဲ့မောင်းနှင်နေ မှုများက ရန်ကုန်တွင် သိသာလွန်းသည်။ နံနက်တိုင်းလမ်းလျှောက်ရင်းတွေ့နေကျ ကတော့ ပြည်လမ်း၊အင်းယားမီးပွိုင့်တွင် ဖြစ်သည်။ လမ်းကြောင်း (၆)လမ်းရှိသည့် အနက်(၃)လမ်းက Free လမ်းဖြစ်ပြီး ကျန်(၃)လမ်း၏ကားများသွားလာမှုအ တွက် မီးပွိုင့်ဖြင့်ထိန်းသိမ်းထားသည်။ သို့သော် ကျွန်တော်တို့လမ်းလျှောက်နေ ကျအချိန်ဖြစ်သည့် နံနက်(၄)နာရီမှ(၆) နာရီအတွင်း ထိုမီးပွိုင့်မှ မီးအရောင်ကို မည်သည့် ယာဉ်မောင်းမျှ ဂရုမစိုက်ပိုဆိုး သည်က TAXI ယာဉ်ငယ်များနှင့် ထိုပွိုင့် မှယာဉ်ထိန်း၏တပည့်အား ငွေပေး၍ဖြတ် နေသောတရားမဝင်မောင်းနေသည့် ကုန်စိမ်းတင်ယာဉ်များဖြစ်သည်။ နံနက်ပိုင်းလမ်းလျှောက်သောသူများ သည် ဒီဇင်ဘာအားကစားတွင် လူအင် အားများသည်ဆိုပေမယ့် ကျန်လ၊ရက် များတွင်လည်း များစွာရှိတတ်ပါသည်။ တစ်ချို့ကျ နံနက်စောစောအချိန်တွင် ကျန်းမာရေးလိုက်စားသူများမှာ ကျွန်တော် တို့ကဲ့သို့ တစ်ဦးချင်းသမားများဖြစ်သဖြင့် ကားတိုက်ခံရပါက အနီးအနားတွင် သက်သေမရှိနိုင်ပါ။ သို့ပါ၍ ဥစ္စာရင်လို ဥစ္စာရင်ခဲဆိုသော စကားကဲ့သို့ ကျန်းမာ ရေးကောင်းရန်အတွက် လမ်းလျှောက် လေ့ကျင့်ပါမှ ယာဉ်တိုက်ခံရ၍ အသက် အန္တရာယ်ထိခိုက်နိုင်သဖြင့် ဆင်ခြင်နိုင် စေရန်အတွက်- ၁၉၆၄ မော်တော်ယာဉ်ဥပဒေ၊ ၁၉၈၉ မော်တော်ယာဉ်နည်းဥပဒေများ စာအုပ်တွင် အခန်း(၈)၌ ““ခြေလျင်လျှောက် သူများလိုက်နာရန်စည်းကမ်းဆိုသော”” ဆိုသောအခန်းပါ နည်းဥပဒေများကို ထုတ်နှုတ်၍ တင်ပြသွားပါမည်။ ထိုအခန်းတွင် နည်းဥပဒေ၁၇၆မှ ၁၉၁အထိ ၁၆ပိုဒ်ပါရှိပါသည်။ အချို့ကို တော့ မလိုအပ်၍ မရေးဘဲ ချန်ထားခဲ့ ပါမည်။ နည်းဥပဒေ ၁၇၆။ လမ်းနယ်ပေါ်၌ လမ်း လျှောက်သွားလာနေသူများ ကလေးတွန်း လှည်းဖြင့်သွားလာနေသူများ၊မသန်မစွမ်း သုံးဘီးတပ်ကုလားထိုင်ဖြင့် သွားလာနေ သူများ၊မှတ်ပုံတင်ရန်မလိုသည့် တွန်းလှည်း ြ့ဖင့်သွားလာနေသူများ၊ခေါင်းရွက်ဖျတ်ထိုးဈေးသည်များ၊အထမ်းသမားများ၊ စသည့် ခြေလျင်လျှောက်သူသည် ၎င်းနှင့်သက် ဆိုင်သည့် လမ်းညွှန်ကိုလိုက်နာရမည်။ သို့ရာတွင် ယာဉ်ထိန်းရဲ(သို့မဟုတ်)တာဝန် ပေးအပ်ခြင်းခံရသည့် ပုဂ်္ဂိုလ်တစ်ဦးဦးက သွားလာမှုကို ကြီးကြပ်ထိန်းသိမ်းနေသည့် အခါ ကြီးကြပ်ထိန်းသိမ်းသည့်အတိုင်း လိုက်နာရမည်။ (ဒီဥပဒေမှာ မောင်တင့် ဆွေးနွေးချင်တာကတော့ စည်ပင်မှလက် တွန်းလှည်းဖြင့် လမ်းသန့်ရှင်းရေးဝန်ထမ်း များ၊ ယာဉ်ထိန်းရဲများ ကိုယ်တိုင်အလေး ထားသင့်ကြောင်းပါ။) နည်းဥပဒေ ၁၇၆။ (က)၊ ခြေလျင်လျှောက် သူသည် လူသွားစင်္ကြံန် သို့မဟုတ် သတ် မှတ်ထားသော လူသွားလမ်းရှိလျှင် ထို နေရာများပေါ်မှ သွားရမည်။ (ခ)၊ ခြေလျင်လျှောက်သူသည် သာမန်အားဖြင့် ယာဉ်သွားလမ်းပေါ်သို့ မဆင်းရ။ဆင်းလိုပါက ယာဉ်သွားလာမှု ရှင်း/မရှင်းကိုကြည့်ပြီး မရှင်းပါက မဆင်း ရ။ (ဂ)၊ ခြေလျင်လျှောက်သူသည် လူ သွားစင်္ကြံသို့မဟုတ် လူသွားလမ်းမရှိလျှင်တတ်နိုင်သမျှ လမ်း၏လက်ဝဲဘက်မှ ယာဉ်ကြောကိုမျက်နှာမူ၍ လမ်းနံဘေး ကပ်လျှောက်ရမည်။ (ဃ)၊ ခြေလျင်လျှောက်သူများသည် လမ်းမပိတ်ဆို့ရ။ရင်ပေါင်တန်းမလျှောက် ရ။ နည်းဥပဒေ ၁၇၈။ ခြေလျင်လျှောက်သူ သည် လမ်းဖြတ်ကူးလိုလျှင် သတ်မှတ် ထားသည့် မြေအောက်လမ်း၊လမ်းကျော် တံတား၊မျဉ်းကျား(သို့မဟုတ်)ခွင့်ပြုထား သည့်နေရာ စသည်တို့မှသာ ဖြတ်ကူးရ မည်။ လမ်းပေါ်တွင် ကျွန်းရှိလျှင် ၎င်း ကျွန်းပေါ်တွင်တစ်ထောက်နားပြီး ယာဉ် သွားလာမှုရှင်းမှ ဆက်လက်ဖြတ်ကူးရ မည်။(ဒီအပိုဒ်မှာ မောင်တင့်အမြင်ကတော့ ရန်ကုန်မြို့မှာ ခြေလျင်လျှောက်သူများ အတွက် လူကူးမျဉ်းကျားတွေက မလုံ လောက်ပါဘူး။ လုံလောက်ရင်လည်း ကားများအလွန်ပေါများလာတာကြောင့် ဘယ်သူမှအသက်ကိုစွန့်ပြီး ကူးဘို့မလွယ် ပါဘူး။ သက်ကြီးရွယ်အိုများ၊ကလေးငယ် များ၊မစွမ်းမသန်သူများအတွက်စဉ်းစားပေး ပြီး လမ်းကျော်တံတားငယ်များ၊မြေအောက် လမ်းများ အများအပြားထပ်မံပြုလုပ်ပေး သင့်ကြောင်းပါ) နည်းဥပဒေ ၁၇၉။ (က) ဘယ်ကြည့်၊ ညာကြည့်၊ဘယ်ပြန်ကြည့်၊ညာပြန်ကြည့် ဆိုတာပါ (အကျယ်မရေးလိုတော့ပါ) (ခ)၊ လမ်းဆုံလမ်းခွတွင် ထောင့် ဖြတ်မကူးဖို့ ကွေ့ကားကိုသတိထားဖို့ ပါ (အကျယ်မရေးလိုပါ။) (ဂ)၊ လမ်းဆုံလမ်းခွတွင်ဖြတ်ကူးသူ များ၊ မီးစိမ်းပြထားလျှင် (ကားများအတွက် သာဖြစ်လို့)လူများမကူးရဟု ဆိုလိုတာပဲ ဖြစ်ပါတယ်။ နည်းဥပဒေ ၁၈၀။ (က)၊ ခြေလျင် လျှောက်သူသည် မျဉ်းကျား သို့မဟုတ် ခွင့်ပြုထားသည့်နေရာမှ လမ်းဖြတ်ကူး သည့်အခါတိုင်း အန္တရာယ်မရှိဟုမယူဆ ရ၊ ဘရိတ်ချွတ်ယွင်းသောယာဉ်၊ကျော် တက်လာသောယာဉ် စသည်တို့၏ အန္တ ရာယများကိုသတိပြု၍ ဖြတ်ကူးရမည် (အသက် အန္တရာယ်နဲ့တော်တော်နီးတဲ့ ကိစ်္စပါ။ ရိုးရိုးဖြတ်ကူးတာတောင် သံဗုဒ္ဓေတနေရရင် စည်းပျက်ကမ်းပျက်ကားပျက် ယာဉ်(အုတ်၊သဲ၊ကျောက်တင်ယာဉ်များ) နဲ့ဆို မျဉ်းကျားသည်လည်း လမ်းဖြတ်ကူး သူများအတွက် လုံခြုံမှုမပေးနိုင်ကြောင်း ပါ။) (ခ) (ဂ) (ဃ) များကတော့ မဖော် ပြတော့ပါ။ နည်းဥပဒေ ၁၈၁။ မည်သူမဆိုလမ်းပေါ် တွင် ယာဉ်သွားလာမှုကို အနှောင့်အယှက် ဖြစ်စေသော သို့မဟုတ် အန္တရာယ်ဖြစ်စေ သော အောက်ပါအပြုအမူများကို မပြု လုပ်ရ။ (က)၊ ခိုင်လုံသောအကြောင်းတစ်စုံ တစ်ရာမရှိဘဲ လမ်းပေါ်တွင်လမ်းလျှောက် ခြင်း၊ရပ်ခြင်း၊ထိုင်ခြင်း၊အိပ်ခြင်း၊ကစားခြင်း စသည်များ(ဆောင်းရာသီအတွင်းကား လမ်းပိတ်၊တံတားများပိတ်ပြီး ဘောလုံး ကစားသူ၊အခြားအားကစားတစ်ခုခုလုပ် သူများ သတိထားစရာပါ။) (ခ)၊ ယာဉ်စီးရန်၊ပစ္စည်းပေးရန်၊အလှူ ခံရန်စသည့်ကိစ္စရပ်များအတွက် လမ်းပေါ် သို့ထွက်၍ ယာဉ်ကိုတားခြင်း။(ဘုရား စေတီများနဲ့နီးသော ကားလမ်းပေါ်ရှိ အ လှူခံမဏ္ဍပ်များမှ အလှူခံများ၊လမ်းပေါ် ကိုဆိုက်ကားတစ်စီးဖြင့် လှည့်လည်အလှူ ခံနေသော အရက်သောက်ထားသည့် အလှူခံများ သတိထားရမည့် အချက်ပါ။) (ဂ)၊ လမ်းနံဘေးတွင် ရပ်နားထား သောယာဉ် သို့မဟုတ် ရပ်နားရန်ဝင်နေ သောယာဉ်ကို လမ်းပေါ်သို့ထွက်၍ စောင့်ရှောက်ကြပ်မတ်ခြင်း Car Parking နေရာများမှ ဝန်ထမ်းများအထူး သတိ ထားရမည့် အချက်ပါး။ ကျွန်တော်တို့ လှည်းတန်းဈေးရှေ့နဲ့ လှည်းတန်းစိန်ဂေဟာရှေ့မှ ရပ်နားရန်တာဝန်ကျဝန်ထမ်း များလုပ်ဆောင်နေတာကတော့ လျှို့ဝှက်သဲဖိုရုပ်ရှင်ကားကြည့်နေရသလိုပါပဲ။ ကားတစ်စီးရပ့်မယ်ဆိုရင် အရှိန်နဲ့လာနေ တဲ့ကားကိုရပ်ပြီး ဝင်စေရပါတယ်။ ထွက် မယ်ဆိုရင်လည်း ထို့အတူပါပဲ သူတို့ခမျာ ကားသမား တော်တော်များများရဲ့ ဆဲဆိုခြင်းကိုနေ့စဉ်ခံရရှာပါတယ်။ စနစ်က မှားနေတာဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ စည်ပင်သာယာရေးဌာန အနေနဲ့ ဘယ်နေရာကိုကားရပ်နားစခန်း လုပ်သင့်တယ်၊ဘယ်နေရာကို မလုပ်သင့် ဘူးဆိုတာ သေသေချာချာ စီမံဆုံးဖြတ် ရမယ့်ကိစ္စပါ။ယခုတော့ ဘတ်စ်ကားတွေ ရပ်ရမယ့်နေရာတွေ၊ ကိုယ်ပိုင်ရပ်နားစခန်းမရှိတဲ့ ဈေးဝယ်စင်တာတွေရှေ့မှာတွေ၊ မျှားအတွင်းယာဉ်မရပ်ရဆိုတဲ့ သတိပေး တားမြစ်ချက်တွေရှိတဲ့ နေရာတွေမှာ ယာဉ်မရပ်သင့်တဲ့အခြားနေရာတွေမှာ ယာဉ်တွေရပ်နားပြီး ပိုက်ဆံကောက်နေ တာတွေက ယာဉ်အန္တရာယ်ကို ဖိတ်ခေါ် နေသလိုပါပဲ။ ကောက်ခံခွင့်ရှိ/မရှိဆိုတာ လည်း ဘယ်သူမှမသိပါဘူး။ စည်းပျက် ကမ်းပျက်ပါ။ (ဃ)၊ ရပ်ထားသော ယဉ်များအကြား သို့မဟုတ် မြင်ကွင်းကွယ်နေသောနေရာ မှ လမ်းပေါ်သို့ ရုတ်တရက်ထွက်လာခြင်း၊ လမ်းဖြတ်ကူးခြင်း(မမြင်ကွယ်ရာဆိုပြီး ရုပ်သံကမကြာခဏပြသဘူးပါတယ်။) နည်းဥပဒေ ၁၈၂။ ခြေလျင်လျှောက်သူ များသည် တရားဝင်ခွင့်ပြုချက်အရ အစု အဝေးဖြင့်လမ်းလျှောက်လိုလျှင်၊လမ်း၏ လက်ုဝဲဘက်မှ ယာဉ်ကြောမျက်နှာမူပြီး လမ်းနံဘေးသို့ကပ်၍ လျှောက်ရမည် ထို့ အပြင် အစုအဝေး၏ ရှေ့နှင့်နောက်သင့် တင့်သောအကွာအဝေးတွင် စောင့်ကြပ် ထားသူများထားရမည်။အလင်းရောင် နည်းသောအချိန်တွင် စောင့်ကြပ်သူများ သည် မီးအိမ်များကိုင်ဆောင်ထားရမည်။ (အစုအဝေးဖြင့် လေ့ကျင့်ခန်းလုပ်သူသင် တန်းသားများ၊ စခန်းသွင်းလေ့ကျင့်နေ သော အားကစားသမားများ၊စုဝေးချီတက်ဆန္ဒပြသူများအလေးထားရမည့်ကိစ္စပါ။) နည်းဥပဒေ ၁၈၃မှ ၉၁က အထူးဖော်ပြ ရှင်းလင်းရန် မရှိပါဘူး။ ၁၈၄မှဆိုထား သော အုပ်ထိန်းသူမပါသော အသက် (၆)နှစ်အောက်ကလေးများကို လမ်းနယ် ပေါ်သွားခြင်းမရှိစေရ(လို့ဆိုထားပါတယ်။ ဒီလိုကားအရေအတွက်နဲ့ဆိုရင် အသက် (၆)နှစ်မကပါဘူး။ (၁၀)နှစ် (၁၂)နှစ် အရွယ်တောင် စိတ်မချရသေးဘူးလို့ မောင်တင့်မြင်ပါတယ်။) နည်းဥပဒေ ၁၈၅မှာဆိုထားတာက ခြေ လျင်လျှောက်သူသည် ဘတ်စ်ကားစီးလို လျှင် သတ်မှတ်နေရာမှ စောင့်ဆိုင်း၍ စီးရမည်။ (လို့ဆိုထားတာက ဘတ်စ်ကားစီးမည့်ခရီးသည်အားလုံး၊ဘတ်စ်ကား ဒရိုင်ဘာ၊စပယ်ယာအားလုံး ယာဉ်ထိန်း ရဲအားလုံးနှင့်သက်ဆိုင်မယ်လို့ မောင်တင့်ထင်ပါတယ်။) ဥပဒေ၊နည်းဥပဒေတွေ လုပ်ထုံးလုပ် နည်းတွေမှာ ခေတ်နဲ့မလျော်ညီတာတွေ မြို့ပြလူဦးရေ၊ကားအရေအတွက်၊လမ်း အကျယ်အဝန်း၊မီးပွိုင့်အနေအထားနဲ့မ ကိုက်ညီတာတွေရှိနေမှာဖြစ်လို့ အသေး စိတ်ပြန်လည်ပြင်ဆင်ရေးဆွဲသင့်ပါကြောင်း အောက်ခြေလူတန်းစားပြည်သူများ၊ခြေ လျင်လမ်းလျှောက်သူများ အသက်အန္တ ရာယ်ကင်းဝေးစေရေးအတွက် မောင်တင့် တတ်သလောက် မှတ်သလောက် အော် လိုက်ပါရစေ။

မှတ်ချက် – လှတင့်ဆွေ(ပိန်းဇလုပ်) The Hot News Weekly ဂျာနယ်မှဆောင်းပါးဖြစ်ပါတယ် …

ဖတ်လို့အဆင်ပြေရင် comment လေးပေးခဲ့စေချင်ပါတယ် ..

Thanks …

6 comments

  • ဖတ်လို့တော့အဆင်ပြေပါတယ်။ဒါပေမယ့် အဲ့ဂလို တိုက်ရိုက်ကူးတင်ခွင့်မရှိဘူးလို့ရေးထားတယ်နော်။
    ဝိုင်းမန့်တဲ့အခါ အဆင်မပြေဖြစ်မှာစိုးလို့ကြိုပြောပေးတာပါ။
    ဒါမှမဟုတ် Wai Yan Latt က လှတင့်ဆွေဆိုရင်တော့ အကြောင်းမဟုတ်ပါဘူး။

  • MaMa

    January 10, 2013 at 2:44 pm

    တင်ခွင့် ရှိမရှိဆိုတာကလွဲပြီး ဖတ်လို့ အဆင်ပြေပြီး အကျိုးများပါတယ်။ :hee:

  • surmi

    January 10, 2013 at 3:19 pm

    ဒီလိုမျိုး မူရင်းစာရေးဆရာ နဲ ့ မူရင်းဂျာနယ် /လင် ့ တွေကိုအမှန်အတိုင်း
    ပြောပြီး အကျိုးရှိတဲ ့စာတွေကိုကူးတာတော ့ ရလောက်မယ်ထင်တယ် ။
    တစ်ခုရှိတာက မူရင်းစာရေးသူက ခွင် ့ပြုမပြုဆိုတာပါပဲ
    စည်းကမ်းချက် အပိုဒ်( ၄ )နဲ ့လည်းညီညွတ်နေတာတွေ ့ရပါတယ်
    အဲ ……. အကျိုးရှိသောစာဖြစ်တိုင်း ကူးနေရင်တော ့ဒီဆိုဒ်ကြီးလည်း
    ကူးဆိုဒ် ဖြစ်သွားနိုင်ပါတယ် ။တန်ဆေး လွန်ရင်ဘေး ဆိုသလိုပါ။
    အကြံပြုချင်တာကတော ့ ကိုယ်ပိုင်သုံးသပ်ချက်လေးနဲနဲထည် ့ပြီး
    စု တု ပြု လုပ်ရင်တော ့ ပိုကောင်းပါတယ် ။
    ဆက်ပြီး ရေးစေချင်ပါတယ် ။ ကော်မန့် ့ဝင်မရေးပေမဲ ့ ဖတ်သူတွေရှိနေပါတယ် ။
    အားပေး စောင် ့မျှော်နေပါ ့မယ် ။

    (အပြန်အလှန်ဆွေးနွေးခြင်းအားဖြင် ့ ခင်မင်မှုပိုလာနိုင်တာမို ့ အဆင်ပြေရင်
    ဝင်ရောက်ဆွေးနွေး ကောမန် ့ပေးစေချင်ပါတယ် )

    လေးစားစွာဖြင် ့

  • Mလုလင်

    January 10, 2013 at 8:51 pm

    စုစုပေါင်း ပိုစ့် ၆ ပုဒ် မှာ ၂ ပုဒ် က ကိုယ်တိုင် ရေး နဲ့ လေးပုဒ် က Copy/Paste ပါ။ ဆိုတော့ … Weekly Eleven လို site မျိုးကတော့ အဲ့လို ကူး တာကို ကန့်သတ် ထားပါကြောင်း … နဲ့ ပိုစ့် ပိုင်ရှင် က … “Now i’m artist n photographer” လို့ ဆိုထားတာကြောင့် …..

  • Thet Aung

    February 5, 2013 at 2:15 am

    တိဘူးဂျာ ကွန် ့မန် ့ပေးပါတယ် နော်…နော်လို ့

Leave a Reply