စပိန်နိုင်ငံရဲ ့ဂုဏ်ထူးဆောင်မြို ့သားအဖြစ်ဂုဏ်ပြုခံရသည် ့ရေဘဝဲ ပေါလ်….

HtooJuly 18, 20101min1086

ကမာ္ဘ ့ဖလားကို သူလည်းပိုင်တယ်…

ကမာ္ဘ ့ဖလားဘောလုံးပွဲနဲ ့အတူ အကြီးအကျယ်နာမည်ကျော်ကြားလာခဲ ့တဲ ့ရေဘဝဲလေး
ပေါလ် ဟာတရားဝင်၊ လူသိရှင်ကြား ( ဘောလုံးပွဲရလာဒ်များခန် ့မှန်းခြင်းမှ ) အနားယူသွား
ခဲ ့ပါပြီ…
ဒါပေမယ် ့ကမာ္ဘကြီးကတော ့လက်တံရှစ်ခုရှိတဲ ့ရှေ ့ဖြစ်ဟောသည် ့တိရိစာ္ဆန်လေးနဲ ့ပါတ်သက်
ပြီး အနားမရနိုင်ကြသေးပါဘူး…
စပိန်နိုင်ငံမှ မြို ့လေးတစ်မြို ့ကတော ့ရေဘဝဲလေးကို သူတို ့မြို ့လေးရဲ ့ဂုဏ်ထူးဆောင်မြို ့
သားအဖြစ်ပေးအပ်၊သတ်မှတ်ခဲ ့သလို အင်္ဂလန်နိုင်ငံမှ လောင်းကစားသမားများကတော ့ရေ
ဘဝဲလေးကိုအကြောင်းပြုပြီး လောင်းကြေးငွေ ပေါင်စတာလင် ၁ သိန်းကျော်နိုင်သွားခဲ ့ကြ
ပါတယ်တဲ ့…

စပိန်မှာတော ့သူရဲကောင်း….

စပိန်နိုင်ငံအနောက်မြောက်ပိုင်း

မှ လူဦးရေ ၁၄၀၀ဝ ခန် ့ရှိတဲ ့ကာဘယ်လီညို မြို ့လေးရဲ ့အုပ်ချူပ်မှု
ကောင်စီဟာ လွန်ခဲ ့တဲ ့တနင်္ဂနွေနေ ့က ကျင်းပခဲ ့တဲ ့ကမာ္ဘ ့ဖလားနောက်ဆုံးဗိုလ်လုပွဲမှာ ဟော်လန်
အသင်းနှင် ့ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဂျာမနီအသင်းနဲ ့ကန်ခဲ ့တဲ ့စပိန်အသင်းကို အနိုင်ရလိမ် ့မယ်လို ့ကြို
တင်ခန် ့မှန်းနိုင်ခဲ ့တဲ ့ရေဘဝဲလေးကို မြို ့လေးရဲ ့ဂုဏ်ထူးဆောင်မြို ့သားအဖြစ်သတ်မှတ်ပေးဖို ့တစ်
ညီတစ်ညွတ်တည်း မဲပေးခဲ ့ ကြပါတယ်…
ရေဘဝဲလေးပေါလ်ဟာ ဂျာမနီအသင်းကန်ခဲ ့တဲ ့ပွဲစဉ်ပေါင်း ရ ပွဲစလုံးမှာလည်း အနိုင်ရမယ် ့အသင်း
ကို မှန်ကန်စွာ ကြိုတင်ခန် ့မှန်းပေးနိုင်ခဲ ့ပါတယ်…
ကာဘယ်လီညို မြို ့တော်ဝန် ကားလို ့စ်မွန်တက်စ် ဟာ ရေဘဝဲလေးရှိနေတဲ ့ဂျာမနီနိုင်ငံ အနောက်
ပိုင်းရှိ အိုဘာဟိုဆင် မြို ့က ပင်လယ်ရေသတ္တဝါများပြတိုက်ကိုသွားရောက်ပြီး ရှေ ့ဖြစ်ဟောတဲ ့ကောင်
လေးကို ဂုဏ်ပြုဆုပေးအပ်ဖို ့ရည်ရွယ်စီစဉ်ထားပါတယ်….
ရေဘဝဲလေးကို ပေးအပ်မယ် ့ဆုကတော ့ရေဘဝဲလေး ဘောလုံးပွဲမှာအနိုင်ရမယ် ့အသင်းတွေကိုရွေး
ချယ်လေ ့ရှိတဲ ့ဂုံးကောင်နဲ ့အတူပြုလုပ်ထားတဲ ့အတုံးလေးတွေနဲ ့ပုံသဏ္ဍာန်ချင်းဆင်တူတဲ ့မြို ့တော်
လေးရဲ ့အထိမ်းအမှတ်တံဆိပ်ကို ထိပ်ဆုံးမှာပြုလုပ်ထားတဲ ့ထွင်းဖောက်မြင်တွေ ့နိုင်သော အတုံးလေး
တစ်ခုဖြစ်ပါတယ်…

မြို ့တော်ဝန် မွန်တက်စ် ဟာ ရေဘဝဲလေးပေါလ် ကို သူတို ့မြို ့မှာကျင်းပပြုလုပ်မယ် ့ကာဘယ်လီညို
မြို ့လေးရဲ ့အထူးအစားအသောက်ပွဲတော်ကိုလည်း တက်ရောက်ဖို ့တစ်ရက်တာမျှ လာရောက်ခွင် ့ပေး
ဖို ့ကြိုးစားညှိနှိုင်းဦးမှာဖြစ်ပါတယ်…
” ကျွန်တော်တို ့ဟာ ရေဘဝဲလေး ပေါလ် ကိုစားပစ်လိမ် ့မယ်လို ့ဂျာမန်တွေအနေနဲ ့စိုးရိမ်ဖို ့မလိုပါဘူး…”
လို ့ကာဘယ်လီညိုမြို ့မှ ငါးအအေးခန်းစက်ရုံပိုင်ရှင်ဖြစ်သူ မန်နူယယ်ပါဇော ့စ် ကပြောဆိုခဲ ့တယ်လို ့
ဂျာမန် သတင်းဌာန ဒီပီအေ ရဲ ့အဆိုအရသိရပါတယ်…
ငါလုပ်ငန်းသူဌေး ပါဇော ့ဟာ ဂျူလိုင်လ ရ ရက်နေ ့ကစပိန်အသင်းက ဂျာမနီအသင်းကို အနိုင်ပြီးနောက်
လွန်ခဲ ့တဲ ့ရက်သတ္တပါတ်က ရေဘဝဲလေး ပေါလ် ကို ဒေါ်လာ ၃၈၁၃၁ နဲ ့ဝယ်ယူဖို ့ကမ်းလှမ်းခဲ ့လို ့သ
တင်းကြီးသွားခဲ ့ပါသေးတယ်…
လွန်ခဲ ့တဲ ့တနင်္ဂနွေနေ ့က နောက်ဆုံးဗိုလ်လုပွဲမှာတော ့စပိန်အသင်းကဟော်လန်အသင်းကို အချိန်ပို
ကစားပြီး ၁ ဂိုး၊ ဂိုးမရှိနဲ ့အနိုင်ရပြီးနောက်မှာတော ့သူဟာ ရေဘဝဲလေးကို ပေါင်စတာလင် ၅၀၀၀
( ဒေါ်လာ ၇၅၀ဝ ခန် ့) အထိ ဈေးထပ်တိုးပေးခဲ ့ပါတယ်…

စပိန်လက်ရွေးစင်ဘောလုံးအသင်းဟာလည်း အိုဘာဟိုဆင်က ရေဘဝဲလေးကို သူတို ့ရဲ ့အသင်းသား
အဖြစ်ပုံဖေါ်ခဲ ့ကြပါသေးတယ်…
လွန်ခဲ ့တဲ ့ တနင်္လာနေ ့က စပိန်နိုင်ငံမြို ့တော် မက်ဒရစ်မြို ့မှာ အောင်ပွဲရအသင်းရဲ ့လှည် ့လည်ပွဲမှာ
အသင်းခေါင်းဆောင် ဂိုးသမား အီကာကက်ဆီလက်စ် ကစပိန်ဘောလုံးအသင်းရဲ ့ကံကြမ္မာဟာ အနိုင်
ရဖို ့ဖန်တီးခဲ ့ပြီးဖြစ်တယ်ဆိုတာကို ရည်ညွှန်းတဲ ့အနေနဲ ့စပိန်နိုင်ငံအမျိူသားအလံရဲ ့အရောင်ဖြစ်တဲ ့
အနီနဲ ့အဝါရောင် ကတ္တူစက္ကပြားဖြင် ့ရေဘဝဲလေးပေါလ် ရဲ ့သဏ္ဍာန်တူ စက္ကူပြားကို ကိုင်မြှောက်ပြခဲ ့
ပါတယ်….

ကျွန်တော်ဂိုးသွင်းနိုင်ခဲ ့တာသူ ့ကြောင် ့ပါ…

စပိန်အသင်းရဲ ့နောက်ဆုံးဗိုလ်လုပွဲမှာ နယ်သာလန်အသင်းကို အနိုင်ဂိုးသွင်းခဲ ့တဲ ့အင်ဒရီးစ်အင်နီယေ
စတာကတော ့ သူ ့ရဲ ့ကံကောင်းခြင်းကိုဂုဏ်ပြုတဲ ့အနေနဲ ့မက်ဒရစ်မြို ့ကပရိတ်သတ်တွေကို ရေဘဝဲ
လေးပေါလ် ရဲ ့ပုံသဏ္ဍာန်တူ ရေမြုပ်အရုပ်လေးနဲ ့ဝှေ ့ရမ်းနှုတ်ဆက်ခဲ ့ပါတယ်…
” ဒီအနိုင်ပွဲဟာ ပေါလ်ကြောင် ့ဖြစ်ရတာပါ…သူ ့ကြောင် ့ကျွန်တော်တို ့ဟာကမာ္ဘ ့ဖလားချံပီယံဖြစ်ရ
တာပါ…” လို ့အင်နီယေစတာ ကပြောခဲ ့တယ်လို ့ဘာလင်မြို ့ထုတ် သတင်းဂျာနယ် B.Z အရသိရှိ
ရပါတယ်…
” ဘယ်လိုပြောရမလဲဆိုတော ့အခု ကျွန်တော်တို ့အနိုင်ရလို ့ ရေဘဝဲလေးဟာ စပိန်မှာ ပိုပြီးထင်ရှား
ကျော်ကြားလာမှာပါ…” လို ့သူကဆက်ပြောခဲ ့ပါတယ်…

အဲဒီလောက်ထိ ချစ်ကြတာပါ….

ဘောလုံးပွဲလောင်းသူတွေဟာလည်း ရေဘဝဲလေးပေါလ် စပိန်က ဂျာမနီကို နိုင်မယ်လို ့မှန်ကန်စွာခန် ့
မှန်းနိုင်ခဲ ့ပြီးနောက်မှာသူ ့ကိုအလေးအနက်ထားလာခဲ ့ပါတော့တယ်…
” ကျွန်တော်  ့ဘဝတစ်လျှောက်လုံးအတွေ ့အကြုံတွေတော်တော်စုံခဲ ့ပါပြီ…ဒါပေမယ် ့ဒီတစ်ခါပဲ ရေ
ဘဝဲတစ်ကောင်ပြောတာကို လူတွေလိုက်နာရွေးချယ်ကြတာကို တွေ ့ရတာပထမဦးဆုံးအကြိမ်ပဲဖြစ်
ပါတယ်…” လို ့အင်္ဂလန်နိုင်ငံရဲ ့ဘောလုံးပွဲဒိုင် ဝီလီယံဟီးလ် ရဲ ့ပြောရေးဆိုခွင် ့ရှိသူ ဂရေဟန်ရှာ ့ပ်
က ရိုက်တာသတင်းဌာနကိုပြောကြားခဲ ့ပါတယ်…
” ကျွန်တော်တို ့ဆီကို လူတွေဟာလာပြီး ဘာလောင်းရမယ်တော ့မသိဘူး ဒါပေမယ့် ဂျာမာန်ရေဘဝဲ
လေးနဲ ့အတူ ( သူရွေးတာပဲ ) လောင်းမယ်လို ့ပြောကြပါတယ်…တစ်ကယ် ့ကို ကြောင်တောင်တောင်
နဲ ့ရယ်ချင်စရာပါပဲ…ဒါပေမယ် ့သူကတော့မှန်နေခဲ ့တာပါပဲ…ဒါဟာဘောပွဲအနိုင်အရှု

ံးခန် ့မှန်းမှုသမိုင်း
မှာ အကောင်းဆုံးဆက်တိုက်မှန်သွားခဲ ့တာတစ်ခုပါပဲ…” လို ့သူကဆက်ပြောခဲ ့ပါတယ်…
ရေဘဝဲလေးပေါလ် ရဲ ့ခန် ့မှန်းချက်အတိုင်းလိုက်ပြီးလောင်းခဲ ့ကြလို ့၎င်းတို ့ဒိုင်အနေနဲ ့လျော်ခဲ ့ရတဲ ့
ငွေပမာဏဟာ ပေါင်စတာလင် ၁ သိန်း ( ဒေါ်လာ ၁ သိန်းခွဲကျော် ) ရှိခဲ ့ပါတယ်….
အစမှာ ၁ဝပေါင် ( ၁၅ ဒေါ်လာ ) စတင်လောင်းခဲ ့တဲ ့သူတစ်ယောက်ဟာ ရေဘဝဲလေးရဲ ့တစ်ပေးမှု
အတိုင်းဆတိုးလောင်းလာခဲ ့လိုက်တာ ကမာ္ဘ ့ဖလားအပြီးမှာတော့ ပေါင်စတာလင် ၃၀၀ဝ ( ဒေါ်လာ
၄၅၀ဝ ကျော် ) အနိုင်ရရှိသွားခဲ ့ပါတယ်…
၎င်းတို ့အနေနဲ ့ ပထမတော့ ရေဘဝဲလေးရဲ ့ခန် ့မှန်းချက်တွေကို အလေးမထားခဲ ့ပါဘူးလို ့ဒိုင်ရဲ ့
ပြောရေးဆိုခွင် ့ရှိသူ ရှာ ့ပ် ကပြောခဲ ့ပါတယ်…
” ရေဘဝဲကိုယုံတဲ ့သူဟာ ရေဘဝဲနဲ ့အတူ ရေထဲကို ရောက်သွားမှာပေါ ့လို ့သူကပြောကြားခဲ ့ပါသေး
တယ်…

နယ်သာလန် ( ဟော်လန် ) နိုင်ငံသားတွေအတွက်တော့ ပေါလ်ဟာ နတ်ဆိုးပေါ့ …

တစ်ချိူ ့အကြီးအကျယ်ယုံသူတွေကတော ့ရေဘဝဲလေးပေါလ်ကို အစိုးရပိုင်းဆိုင်ရာမူဝါဒတွေရွေးချယ်
ပြီး ဥရောပမှာဖြစ်နေတဲ ့စီးပွားရေးအကြပ်အတည်းကိုခန် ့မှန်းဖြေရှင်းပေးဖို ့တောင်းဆိုကြပါတယ်…
ဒါပေမယ် ့ရေဘဝဲလေးရဲ ့ရှေ ့ဖြစ်နမိတ်ဟောတဲ ့အခန်းကဏ္ဍကတော ့အဆုံးသတ်သွားပုံရနေပါပြီ…
” ကျွန်မတို ့အနေနဲ ့ရေဘဝဲလ်လေးပေါနဲ ့ပါတ်သက်ပြီး တောင်းဆိုမှုတွေအများအပြားရခဲ ့ပါတယ်…
ဒါပေမယ် ့သူ ့ကိုဘယ်မှမပို ့ပဲ ကျွန်မတို ့နဲ  ့အတူပဲ ( ပြတိုက်မှာ ) ရှိနေပြီး ကလေးတွေကိုပျော်ရွင်
အောင်ပြသထားမှာဖြစ်ပါတယ်…” လို ့ပြတိုက်ရဲ ့ပြောဆိုခွင် ့ရှိသူအမျိူးသမီး တန်ဂျာမန်ဇစ် က ရိုက်
တာသတင်းဌာနကိုပြောကြားခဲ ့ပါတယ်…
ရေဘဝဲလေးပေါလ်ကို သူ ့ရဲ ့အစာဖြစ်တဲ ့ဂုံးကောင်တွေနဲ ့မွမ်းမံထားတဲ ့ကမာ္ဘ ့ဖလားအရုပ်တစ်ခုုကို
ယခုသီတင်းပါတ် မှာပဲပေးခဲ ့ပါသေးတယ်…
ယခုအခါ အသက် ၂ နှစ်ခွဲရှိပြီဖြစ်တဲ ့ရေဘဝဲဟာ သူတို ့သက်တမ်းအရ လက်ငါးချောင်းမကျော်အောင်
( ငါးနှစ် ) မနေရတော့မှာမို ့သူူ ့ဘဝရဲ ့နေဝင်ဆည်းဆာအချိန်ကိုရောက်နေပါပြီ….

နောက်ထပ်သတင်းတစ်ပုဒ်အရတော့ အာဂျင်တီးနားနိုင်ငံက ရုပ်သံအစီအစဉ်တင်ဆက်သူတစ်ဦးဟာ
ရေဘဝဲလေးကို စိတ်နာလွန်းလို ့( သူတို ့နိုင်ငံအသင်းရှုံးအောင် ခန် ့မှန်းပေးခဲ ့လို ့လေ ) ပေါလ်နဲ ့မျိူးနွယ်
တူရေဘဝဲတစ်ကောင်ကို တီဗီအစီအစဉ်တစ်ခုမှာ ( လူအများရှေ ့မှာ ) ခေါင်းဖြတ်၊ ခြေတံ၊လက်တံတွေ
ဲဖြတ်ပြီး ဖျော်ရည်ကြိတ်စက်ထဲထည် ့ဖျော်ပြခဲ ့ပါသေးတယ်…

ဪ…
ခံစားမှုနောက် လိုက်နေကြတဲ ့လူတွေပါလား…


အလင်းစေတမန် မှကူးယူဖော်ပြခြင်း

ဖြစ်ပါသည်။

6 comments

  • kai

    July 18, 2010 at 10:21 am

    အခုလိုအင်တာနက်နဲ့ အိုင်တီခေတ်ကြီးမှာ….
    အခုလောက်ခန့်မှန်းနိုင်တဲ့ တိရိဆ္ဆန်ရေဘဝဲတောင် အခုလောက်ကမ္ဘာကျော်တာ တွေ့နိုင်ကြတာမို ့..

    ရွှေပြည်မြန်မာက..ဘောပွဲမှန်းတာ မှန်လှပါတယ်။ နှလုံးထီ။သုံးလုံးထီတွက်တာ တည့်လှပါတယ်ဆိုတဲ့ …ဘိုးတော်တွေ၊ ကိုရင်တွေ။ ဗေဒင်ဆရာတွေ၊နတ်ကတော်တွေ။ ဟိုလူတွေ။ ဒီလူတွေ (တကယ်သာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တယ်ဆိုရင်) ကမ္ဘာ့ရှေ ့ထွက်ဖို ့ကောင်းပြီလို ့ပြောချင်ပါကြောင်း..။
    ကမ္ဘာ့ရှေ ့ထွက်ရမှာ လန့်တယ်ဆိုရင်လည်း မန္တလေးဂေဇက်က ပရိသတ်ထဲကတယောက်ယောက် တွန်းတင်ပေးလိုက်သင့်တယ် ထင်ပါကြောင်း…
    ခန့်မှန်းတာ မှားတယ်ဆိုရင်..ခေါင်းဖြတ်၊ ခြေတံ၊လက်တံတွေ ဖြတ်ပြီး ဖျော်ရည်ကြိတ်စက်ထဲထည် ့ဖျော်ပြမှာမဟုတ်ပါလို့…အာမခံပါကြောင်း..။

  • Yin Nyine Nway

    July 18, 2010 at 10:31 am

    တိတော့ အတိဝူး
    ဒါပေမဲ့ အင်္ဂလန်ကတော့ ဘီယာနဲ့ မြည်းမယ်လုပ်နေကြတယ်

  • marnat

    July 18, 2010 at 11:26 am

    မြန်မာပြည်မှာမရှိတာနာတယ်

  • kopauk mandalay

    July 18, 2010 at 11:29 am

    တကယ်ပြောရရင် အလုပ်မရှိအလုပ်ရှာ ကြောင်ရေချိုးတဲ့အလုပ်တွေပါ။
    အသိတရားခေါင်းပါးတယ်လို့ပြောရင်လဲရပါတယ်။
    လူထက်တော့ဘာမှ အရေးမကြီးပါလို့ထင်ပါတယ်။

  • etone

    July 20, 2010 at 3:17 am

    အူကြောင်ကြောင်နဲ့ လူတွေပဲ ။ ရေဘဝဲက နှစ်သင်းမှာတစ်သင်းမှန်းလို့ မှန်တာဆန်းလို့လား ။ ပွဲမစခင်ကတည်းက နိုင်ငံတွေအများကြီးမှာမှန်းလို့ မှန်ရင် လက်ခံသေးတယ် ။

Leave a Reply