`Love story´ အပိုင်း ၂

aung nainglinJanuary 7, 20131min842

ညင်သာစွာ  ကားလေးက   ရပ်လိုက်တော့       သူတို ့နှစ်ယောက်စလုံး  အပြင်ကို     ကြည် ့လိုက်ကြလေသည်။       `blue  night´   ဆိုတဲ ့   စားသောက်ဆိုင်တစ်ခုကိုရောက်နေပြီလေ။        မှန်တွေကိုပဲ    ကာရံထားပေမဲ ့         အထဲမှာ   လူရှိသည်   မရှိသည်ကို   မတွေ ့ရပေ။       သူတို ့နှစ်ယောက်     ကားပေါ်က     ဆင်းပြီး      စားသောက်ဆိုင်လေးထဲသို ့ဝင်လိုက်ကြလေသည်။

`မင်္ဂလာပါ……….ဘယ်ဝိုင်းမှာ    ထိုင်မလဲရှင်……….´

တခါးဖွင် ့ပေးသော       ဧည် ့ကြို   ကောင်မလေးက      သူတို ့နှစ်ယောက်ကိုမေးလေသည်။

`သီးသန် ့ နေရာရှိလား   ညီမ……..´

`ဟုတ်   ရှိပါတယ်အစ်မ……….ဒီဘက်ကို    ကြွပါ……´

`အင်း………….´

ဧည် ့ကြိုကောင်မလေးခေါ်ဆောင်ရာနေရာသို ့   သူတို ့နှစ်ယောက်    လိုက်ပါသွားကြလေသည်။          ခဏနေတော့    အခန်းလေးတစ်ခုဆီရောက်ပြီးသူတို ့နှစ်ယောက်ကို    တခါးဖွင့် ပေးလေသည်။       သူတို ့အခန်းလေးထဲရောက်တော့    ဧည် ့ကြိုကောင်မလေး    ပြန်လည်ထွက်ခွာသွားလေသည်။

`ဇူး……..ဘာတွေဖြစ်နေတာလဲဟင်…..မောင် ့စိတ်ထဲတစ်မျိုးကြီးပဲ   ဇူးရယ်………………´

`မောင် ့ကို    ဇူးပြောစရာရှိလို ့ပါ…………´

`အင်းပါ ………..´

စားပွဲပေါ်ရှိ    ခလုတ်လေးကိုနှိတ်ပြီ       ခွန်းသစ်က      စားဖို ့သောက်ဖို ့အတွက်       ဝိတ်တာကောင်လေးကို   လှမ်းခေါ်လိုက်လေသည်။    ခဏနေတော့       တခါးလေးဖွင် ့ပြီး    ကောင်မလေးတစ်ယောက်ဝင်လာလေသည်          သူတို ့ကို    အခန်ထဲလိုက်ပို ့ပေးတဲ ့ကောင်မလေး  မဟုတ်တော့ပါ။

`အစ်ကို      ဘာသုံးဆောင်မလဲဟင် ………..´

`ဇူး……….ဘာမှာမလဲ       တစ်ခုခုမှာလေ………´

`အင်း………ညီမ     အစ်မကို       မစ်(စ်)ရှိတ်တစ်ခွက်ပေးနော်……….´

`ဒီက  အစ်ကိုကကော     ဘာမှာမလဲရှင်………´

`ညီမ….အစ်ကိုယ် ့ကိုတော့         ဝိုင်တစ်ပုလင်းရယ်         ဖား  ကင်ရယ်ပေးပါနော်………ဝိုင်က     အေးအေးလေး နော်    ညီမ……´

`ဟုတ်….´

အခန်းထဲမှ        ကောင်မလေး   ပြန်ထွက်သွားတော့မှ       သိပ်ချစ်ရသော     ချစ်သူက      စကားစပြောလေသည်။

`မောင်……..´

`ပြောလေ     ဇူးရယ် ……..မောင် ့ကို      ပြောစရာ    ရှိတယ်ဆို    ………..ဘာများလဲကွာ……မောင်တော့စိတ်ပူလာပြီ…..´

`စိတ်ကိုငြိမ်ငြိမ်ထားပါနော်………ပြီတော့      သိပ်ပြီးစိတ်မလှုပ်ရှားပါနဲ ့…………မောင်ရယ်…….´

`ပြောမှာသာ   ပြောပါဇူးရယ်         မောင် ့ရင်တွေပူလိုက်တာ……..´

`အင်းပါမောင်ရယ်……..မပြောလို ့မဖြစ်တဲ ့အရာမို ့လို ့    ပြောပြမှာပါမောာင်…………´

 

`မောင်………..မောင်နဲ ့ဇူးကို       ဇူရဲ ့မိဘတွေက   သဘောတူလိုက်ပြီ………အဲ ့ဒါပြောချင်လို ့………´

`ဘာ………ဘယ်လိုပြောလိုက်တယ်…..သဘောတူလိုက်ပြီဟုတ်လား……..´

`ဟုတ်တယ်မောင်……..´

`ဟေး…………………………………………………………………………ပျှော်လိုက်တာ    ဇူးရယ်       အခုမှပဲ    မောင် ့ရင်ထဲမှာ     အပူတွေကင်းတော့တယ်ကွာ……..´

`ဘယ်လိုဖြစ်တာလဲမောင်…….ဇူးပြောထားရဲ ့သားနဲ ့    အရမ်းမပျှော်ပါနဲ ့လို ့………´

`ဘာလဲ      ဇူးက  မပျှော်လို ့လား……….´

`ဇူးလဲ    ပြောတာပေါ့မောင်………….´

`ရွှတ်…………´

`အာ…မောင်ကလဲ     သူများတွေမြင်ကုန်ရင်ရှက်စရာဖြစ်နေအုံးမယ်……….´

`ဇူးကို     သိပ်ချစ်လွန်းလို ့ပါ……မောင် ့အချစ်ရယ်…….´

`ဒေါက်…ဒေါက်…ဒေါက်……ဝင်ခွင် ့ပြုပါ……´

`ဝင်လာခဲ ့ညီမ….ဝင်ခဲ ့……´

`မှာထားတာတွေရပါပြီ………..ထပ်လိုရင်   ခေါ်လိုက်ပါနော်……..´

`ဟုတ်ပြီညီမ…..ကျေးဇူးပဲနော်…..´

`ဟုတ်……´

`အော်….ဒါနဲ  ့ညီမ…………´

`ဟုတ်……..ဘာလိုသေးလဲအစ်ကို……..´

`မလိုတော့ပါဘူးကွာ………ဇူးခဏနော်…………´

`ဟုတ်ကဲ ့မောင်…….´

`လာ..ညီမ             ညီမဆီက  အစ်ကိုတစ်ခုလောက်    အကူအညီတောင်းချင်လို ့ပါ…………..´

`ဟုတ်အစ်ကိုပြောပါ…..´

`ခဏနေရင်      အစ်ကိုတို ့အခန်းကို      မီးပိတ်ပေးပါနော်       နာရီဝက်လောက်ပေါ့………..ပြီးတော့     ဖရောင်းတိုင်ရှိလားညီမ……….´

`ဟုတ်အစ်ကို….ရှိပါတယ်………´

`အင်း……အစ်ကို ့ကို       ယူပေးနိုင်မလားညီမ……..´

`ဟုတ်အစ်ကို      ရပါတယ်ခဏစောင့်ပါနော်…………´

`အင်းညီမ……..´

 

 

`ဇူး……သောက်နှင် ့လေ…..မောင်လာခဲ ့မှာပေါ့……´

`ဟင် ့အင်း       မောင်နဲ ့အတူတူသောက်ချင်လို ့စောင့်နေတာလေ………မောင် ့မျက်နှာလေးကို    ကြည် ့ပြီး     ဇူး   သောက်ချင်လို ့ပါ………´

`ဟုတ်ပါပြီဇူးရယ်……..´

`မောင်…….´

`ပြောလေဇူး……..ဘာပြောချင်လို ့လဲ….´

`မောင်   ဒီနေ ့အရမ်းချောတယ်………´

`မှားနေပြီနော်………မောင်က   ပြောရမှာပါဇူးရယ်……ဇူးက    ဒီနေ ့အရမ်းလှနေတာလေ……..´

`ဒေါက်….ဒေါက်…ဒေါက်……´

`လာပြီ…..လာပြီ……..ဇူးခဏနော်…..´

`ဟုတ်ကဲ ့မောင်……..´

`အစ်ကို      ဖရောင်းတိုင်ရပါပြီ………´

`ကျေးဇူးပါညီမ…….နေရာကို   ပြန်ရောက်ရင်    မီးပိတ်လိုက်နော်      နာရီဝက်လောက်ပေါ့……..ရတယ်မလား…….´

`ရပါတယ်အစ်ကို………´

`အင်း     ကျေးဇူးတင်ပြီးရင်း   တင်ပါပဲညီမရယ်……..´

`ဟုတ်    ရပါတယ်အစ်ကို……..´

`ကဲပြော      ဇူး   ဘာစားချင်သေးလဲ…….´

`မစားတော့ပါဘူးမောင်……..မောင်ရှိနေရင်ပဲ   ပြည် ့စုံလှပါပြီမောင်ရယ်      …………..´

`ဟာ……….´

`ဟင်……….မီးပိတ်သွားပြီ        ဇူးအရမ်းကြောက်တယ်မောင်………´

`ခဏပါ      ဇူးရယ်       မီး ပြန်လာမှာပါ……………´

`ဟင့်အင်း……ဇူးကြောက်တယ်မောင်……..´

 

 

 

 

ရှေ ့သို ့ဆက်ပါအုံးမည်။    အားလုံးကိုခင်မင်လေးစားလျှက်……………………..

 

2 comments

  • kokothandar

    January 8, 2013 at 8:27 am

    စားသောက်ဆိုင်မှာ မီးပိတ်ခိုင်းသတဲ့ အံ့ပါ ခေတ်နောက်ကျတာလား အူတာလားမသိ အခန်းထဲမှာနှစ်ယောက်ထဲ ဖြစ်ပါရဲ့နဲ့ ညံ့လိုက်တဲ့ဇတ်လိုက်ပါလား
    ရှေ့ဆက်ရေးရင် မီးဖွင့်ခိုင်းအုံးမယ် ထင်တယ်

  • မောင့်ကျက်သရေ ဂီ့

    January 8, 2013 at 8:33 am

    မှာစားတာကလည်း ဝိုင်နဲ့ ဖားကင်တဲ့ …
    ဖားက စားဇယာ လား ….
    :chee:
    ရိုမန်းတစ် မဖစ်လိုက်တာကွယ်…

    အခန်းထဲ မီးပိတ်ပီး ဖျောင်းတိုင် ကန်ပိန်း လုပ်သေး …အံ့ကျော်ပဲ
    အခန်းက အလုံပိတ်ဆို ကာဘွန်ဒိုင်အောက်ဆိုက်တွေ ထွက်လို့ …
    နာရီဝက်အတွင်း ၂ယောက်လုံး အသက်ရှူတွေကျပ်ကုန်ပါ့မယ်…
    လုံလောက်တဲ့ အလင်းရောင်ရှိမှ ဇာတ်လမ်းက ရှောရှော ရှူရှူဖြစ်မပေါ့
    ဇွတ်လိုက်မင်းသားရဲ့ ….
    နေရာဂျင်းသာ လဲလိုက်ချင်တော့ သကွယ်…

    :kwi:

Leave a Reply