“ ရှက်တတ်သူများ မဖတ်ပါနဲ့ ´´

ခင္ခJanuary 8, 20131min44671

“ ရှက်တတ်သူများ မဖတ်ပါနဲ့ ´´

 

အိမ်ထောင်သည်တွေနဲ့ ချစ်သူစုံတွဲတွေ အတွက် အနမ်းသည် ကျန်းမာရေးတွင် အထောက်အကူ ဘယ်လိုပြုစေ သလဲ အဆိုတွေလား အကောင်းတွေလား ဗဟုသုတအဖြစ်သိထားရအောင် ဖတ်ဖူးခဲ့တာလေးကို ပြန်လည်ရှာ ဖွေပြီးမျှဝေပေးလိုက်တာပါ။ အဲဒါကတော့ –

“ အနမ်းနဲ့ ကျန်းမာရေး ´´တဲ့ ခင်ဗျ။

သင့်မှာ ချစ်သူ ရှိပါသလား။ နောက်ပြီး ချစ်သူကိုရော မြတ်မြတ်နိုးနိုး နမ်းခဲ့ဖူး ပါသလား။
ပြီးတော့ ချစ်သူကို နမ်းခြင်းဟာ ကျန်းမာရေးကို အထောက်အကူ ပြုတယ်ဆိုတာ ကိုရော သိပါသလား။ ကဲ … စိတ်ဝင်စား တယ်ဆိုရင် အောက်မှာ ရေးထားတဲ့ အနမ်းနဲ့ ကျန်းမာရေး ဘယ်နည်း ဘယ်ပုံ ဆက်စပ်နေတယ် ဆိုတာကို ဆက်ပြီး ဖတ်ကြည့် ပေါ့နော်။

တကယ်တော့ လူတစ်ယောက်နဲ့ တစ်ယောက် နမ်းတယ် ဆိုတာ ခံစားချက် အရရော၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေ အရပါ ချစ်ခင် နှစ်လိုခြင်းဆိုတဲ့ သက်ရောက်မှုကို ဖွင့်ဆိုတာ ဖြစ်ပါတယ်။ လူတစ်ယောက်ကို နမ်းပြီဆိုရင် နမ်းတဲ့လူက အနမ်းခံ ရတဲ့သူကို ချစ်ပါတယ် ဆိုတဲ့ အဓိပ္ပါယ် ပဲပေါ့။ ကဲ … ဒါဆို် အနမ်းနဲ့ ပတ်သတ်တဲ့ Definiton လေး တစ်ခုလောက် ထုတ်ကြည့် ရအောင်။ သင်ကရော ဘယ်လိုမျိုး ဖွင့်ဆိုမှာလဲ။ အနောက်တိုင်း ယုံကြည်မှု အရတော့ နမ်းတယ် ဆိုတာ “နှစ်လိုဖွယ် ခံစား ဆက်ယှက်မှုကို ပါးစပ်က မပြောဘဲ နှုတ်ခမ်းချင်း ထိတွေ့ ပူးကပ်ပြီး ဖော်ပြတဲ့ ချစ်ခြင်းရဲ့ သင်္ကေတ” လို့ ဖော်ပြ ထားပါတယ်။

နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် မြတ်မြတ်နိုးနိုး နမ်းရှုံ့ကြတဲ့ စုံတွဲတွေတိုင်း ကျန်းမာရေး အတွက် ကောင်းမွန်တဲ့ အချက်(၇)ခုကို အလိုလို ရရှိနိုင် တယ်တဲ့။ အဲဒီ(၇)ချက်က ဘာတွေလဲဆိုတော့ …

၁။ တစ်ယောက်ကို တစ်ယောက် နမ်းနေကြတဲ့ အခါ ချစ်သူစုံတွဲ နှစ်ယောက်လုံးရဲ့သွေးကြော တွေဟာ ပြန့်ကားသွားပြီး သွေးခုန်နှုန်း ကိုလည်း မြန်လာ စေပါတယ်။ ဒါ့ကြောင့် သွေးကြောတွေ ထဲမှာ ပိတ်ဆို့နေတဲ့ အဆီတွေကို ချေဖျက်ပစ်ပြီး သွေးထဲမှာရှိတဲ့ ကိုလက်စထရော ပမာဏကိုလည်း ကျဆင်း စေပါတယ်။

၂။ နမ်းနေတဲ့ အချိန်မှာ စုံတွဲနှစ်ယောက်လုံးရဲ့ မျက်နှာ ပေါ်မှာရှိတဲ့ ကြွက်သားမျှင် အခု(၃၀)လောက်ကို လှုပ်ရှား လာအောင် ဦးနှောက်က လှုံ့ဆော် ပေးပါသတဲ့။ ဒါကြောင့်လဲ မျက်နှာမှာ ရှိတဲ့ အရေပြားတွေမှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေကို ဖယ်ရှား သန့်စင်စေပြီး မျက်နှာ တစ်ပြင်လုံး ပိုမို ချောမွေ့ လာစေပါတယ်။ နောက်ပြီးတော့ မျက်နှာပေါ်မှာ ယှက်ဖြာနေတဲ့ ဆံချည်မျှင် သွေးလွှတ်ကြော တွေရဲ့ သွေးစီးဆင်းမှုကို ပိုပြီး ကောင်းလာ စေပါတယ်။

၃။ နောက်တစ်ခု ကတော့ ဝတဲ့သူတွေ စိတ်ဝင်စားမယ့် ကိစ္စပါပဲ။ (၅)စက္ကန့် ကြာအောင် တစ်ခါနမ်းတိုင်း ကိုယ်တွင်းမှာ သိုလှောင်ထားတဲ့ အဆီပမာဏ (၁၂)ကီလိုရီ လောင်ကျွမ်း စေတယ်ဆိုပဲ။ ဒါကြောင့် ဝိတ်ကျ ချင်ရင် ရည်းစား ဒါမှမဟုတ် မိမိအိမ်ထောင်ဖက်ကို များများ နမ်းကြပါ။

၄။ နောက်တစ်ခုကတော့ စိတ်နဲ့ဆိုင်ပါတယ်။ နမ်းခြင်းဟာ စိတ်ထဲမှာ ရှိနေတဲ့ ဖိစီးမှုတွေ၊ အားငယ်မှု တွေကို ချေဖျက်ပေးပြီး စိတ်ခွန်အား နိမ့်ကျခြင်း ဖြစ်ပေါ်လာအောင် လှုံ့ဆော် ပေးတဲ့ ဟိုမုန်းဓာတ် တစ်မျိုး ဦးနှောက်က ထုတ်ပေးတာ ကိုလည်း တားဆီး ပေးပါတယ်။ နောက်ပြီး ယုံကြည်မှု ပျောက်ဆုံးနေတဲ့ သူတွေတောင် ချစ်သူရဲ့အနမ်းကြောင့် ကိုယ့်ကိုယ်ကို အကြီးမြတ်ဆုံး သူရဲကောင်းကြီး တွေလို့ ထင်မှတ်လာတတ် တယ်လို့ သုတေသီတွေက အတည်ပြု ထားပါတယ်။ ဒါကြောင့် ချစ်သူရဲ့အနမ်းဟာ အကောင်းဆုံးသော စိတ်ပိုင်းဆိုင်ရာ
ကုထုံး တစ်ခုပါပဲ။

၅။ ပြီးတော့ အနမ်းဆိုတာ သဘာဝ ရောဂါ ကာကွယ်ဆေး တစ်မျိုး ပါပဲတဲ့။ ဆေးပညာ သဘောအရ လူတစ်ဦး ဆီမှာ ရှိနေတတ်ကြတဲ့ သဘာဝ ကိုယ်ခံစွမ်းအား တွေဟာ မတူညီကြပါဘူး။ ဒါပေမယ့် ချစ်သူနှစ်ဦး နမ်းကြ တဲ့အခါ သူတို့ တစ်ယောက်ချင်းစီမှာ ရှိတဲ့ ကိုယ်ခံပဋိဇီဝ စွမ်းအားတွေဟာ တံတွေးကနေ တဆင့် ပေါင်းစပ် သွားပါတယ်။ အဲဒီကနေ တဆင့် ကိုယ့်ချစ်သူမှာရှိပြီး ကိုယ့်ဆီမှာမရှိတဲ့ ရောဂါကာကွယ်မှု စွမ်းအင်တွေ ကိုယ့် ခန္ဓာ ကိုယ်ထဲ ပေါင်းစပ် ရောက်ရှိ လာနိုင်ခြေဟာ ရာခိုင်နှုန်း(၈၀)ထိ ရှိတယ်ဆိုပဲ။ ဒီဖြစ်စဉ်ကို “အနမ်းဖြင့် ရောဂါကာကွယ်နည်း”လို့ စိတ်ပညာရှင် တွေက နာမည် ပေးထား ပါတယ်။

၆။ နောက်ပြီး အနမ်းဟာ လူရဲ့ဦးနှောက် စွမ်းဆောင်ရည် တိုးတက်လာအောင် စနစ်တကျ နှိုးဆွ ပေးပါတယ်။ ဘယ်လို အချိန်မျိုးမှာ သိသာလဲဆိုရင် ကိုယ့်ချစ်သူကို ပထမဆုံး အကြိမ် နမ်းဖူးတဲ့ အခါ ပေါ်ပေါက် လာတတ် တဲ့ ရှိန်းကနဲ၊ ဖိန်းကနဲ ခံစားမှုမျိုးမှာ ထင်ထင်ရှားရှား တွေ့နိုင် ပါတယ်တဲ့။ အဲဒီအခိုက်အတန့်မှာ လူတစ် ယောက်ရဲ့ ဦးနှောက် အရည်အသွေးဟာ ထိပ်ဆုံး အဆင့်ထိ တက်နေပြီးတော့ ကိုယ်ရည် ကိုယ်သွေးကလည်း အမြင့်မားဆုံး ဖြစ်နေတတ် တယ်လို့ ဆိုပါတယ်။

၇။ နောက်ဆုံး တစ်ခုကတော့ သင်ကိုယ်တိုင်ပဲ စမ်းကြည့်ပြီးမှ ယုံပါတော့။ အဲဒါက ဘာလဲဆိုတော့ … ချစ်သူကို နမ်းရတာ ရင်ခုန် ကြည်နူးစရာ ကောင်းတယ်တဲ့။ နောက်ပြီး ပျော်စရာလဲ ကောင်းပါတယ်တဲ့။ ဘယ်လိုလဲ။ ဟုတ်ရော ဟုတ်ရဲ့လား၊၊၊ အခု ရေးသား ဖော်ပြချက် အနမ်းကို ပြုစုရေးသားသူ ကမ္ဘာကျော် အချစ် သုတေသန ဆရာကြီး ဒေါက်တာ ဝီလျံစတိုင်းဘတ်၏ ကိုယ်တွေ့များ ဖြစ်ကြောင်းပါ ခင်ဗျာ။

အဲဒီလို အနမ်းများကြောင့် ကျန်းမာရေးကိုအထောက်အကူပြုကြောင်းညွှန်းဆိုထားတာတွေ့ရပါတယ်၊ အဲဒီညွှန်း ဆိုတဲ့အတိုင်း ဟုတ်လေမဟုတ်လေတော့ လက်တွေ့မှာဘယ်လိုအကျိုးရှိလေမလဲ တွေးနေမိတာပါဘဲဗျာ။

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ခင်ခ။

 

 

71 comments

  • kokothandar

    January 8, 2013 at 8:20 am

    နမ်းရင်းမောသွားရတာလဲ ရှိပါရဲ့ အားလဲကုန်သွားတတ်ပါရဲ့ နမ်းနေနိုင်သမျှ အသက်ရှည်နေတတ်ပါရဲ့

    • ခင်ခ

      January 8, 2013 at 11:08 am

      ဖတ်ရှု့ကာ ဦးဆုံးကွန်မန့်ပေးသူ kokothandar ရေ ကျေးဇူးပါလို့။ အဲ အားလည်းမကုန် မမောလည်း မမောအောင် ချိန်ဆကာ နမ်းနိုင်ပါစေနော်။

  • မောင့်ကျက်သရေ ဂီ့

    January 8, 2013 at 8:26 am

    အင်း…
    အနမ်းအကြောင်း ဆိုတော့ ..အနမ်းသီချင်းတွေချရေးပြီး အနမ်းဋီကာ ဖွင့်ဖူးတဲ့ ဘဘဘလက်ရယ်..
    ခြေချုပ်၍ ..မြေဖုတ်ကဝေနှယ် နမ်းတတ်တယ် လို့ ဝန်ခံထားတဲ့ သဂျီးရယ် မြင်ရင် ဘာပြောအုံးမယ်မသိ…
    :harr:

    ကျော် သိတာကတော့ … ကျန်းမာရေးအတွက် ဒေါင်းဥခန့်မျှ အိမွမွကို ၁ဝမိနစ်လောက်
    နေ့စဉ် ကျိ သင့်တယ် ဆိုပဲ …ဟီဟိ …. ကျိ အုံးမှာ …မွမွ အုံးမှာ …..
    :kwi:

    ဒက်ဂလောက် ဒက်ဂလောက်….

    :528:

    • ခင်ခ

      January 8, 2013 at 11:17 am

      ဂီ့ရေ သူကြီးက ပုံလေးတောင် ပိုစ့်နဲ့အညီတင်လိုက်သေးဗျ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 8, 2013 at 9:09 am

    ဘယ်နေရာလည်းမသိ ဖတ်ဘူးမှတ်ဘူး သိဘူးတာကတော့
    အကုန်းလုံးချွတ်ပြီး ဟိုဒင်းတာ ပိုပြီးအရသာရှိတယ်ဆိုဘဲ

  • P chogyi

    January 8, 2013 at 9:21 am

    အရှက်မရှိလို့ ဖတ်မိပါတယ် ကိုခင်ခရေ
    ကျန်းမာရေးအတွက် ကောင်းမယ်မသိခင်ကတောင်
    ဒီလောက်ဖြစ်နေကြတာ
    အခုဆိုရင်တော့
    ပန်းခြံနဲ့ ခုံတန်း
    လူမလွတ်တမ်းဖြစ်တော့မှာပဲ။

  • ဘဲဥ

    January 8, 2013 at 9:31 am

    ကျန်းမာရေးအတွက် အားရပါးရ နမ်းးးးးးးးးး ပလိုက်မယ်
    ရွာဒူဒွေဘူချိလဲ
    အာ… ဘွား…. ရှလူးးးးးးးးးးးးးးးး :harr:

    • ခင်ခ

      January 8, 2013 at 11:25 am

      ကိုအောင်ပုရေ အဟုတ်ဘဲလားလေ တကယ်ဘဲလားလေ ( သီချင်းဆိုတာပါ )

      P chogyi ရေ ဒါလည်းကျန်းမာရေးအတွက်ဘဲမို့ ခွင့်လွှတ်နိုင်ဖို့ ကြိုးစားစို့ပေါ့။
      ချစ်ခြင်းကိုမခွဲပါနဲ့ ချစ်ခြင်းကိုမခွဲကြပါနဲ့……. သီချင်းလေးလိုလေ။

      ဘဲဥကလည်း ရွာဒူဒွေမှ တရတယ်လို့ဗျာ။

      ကိုအံစာတုံးကလည်း သူများရေးတာကို သေချာလည်းဖတ်သေးတယ် ဘာမှန်းလဲ သိဝူးတဲ့၊
      မခေါ်တော့ဘူး တော်ပြီမချစ်တော့ဘူး ….. … (သီချင်းလေးဆိုမိပါ၏)

  • ကထူးဆန်း

    January 8, 2013 at 9:55 am

    မရှက်တတ်မှန်းတော့ ပေါ်သွားပြီ.. :harr:
    ရှက်တတ်သူများ မဖတ်ပါနဲ့ ဆိုတော့ ရွာသူတွေ မန့်ဖို့ ခက်သွားရှာပြီ.. :kwi:

    • ခင်ခ

      January 8, 2013 at 11:15 am

      ဖတ်တာတော့ဘယ်သူသိသာမှတ်လို့ ဖတ်လို့ရတာဘဲနော့်။
      အဲ မန့်တာတော့ ကထူးဆန်းပြောသလို ရွာသူတွေမန့်လောက်တော့ဘူးဆိုပေမယ် အဟိ ခိ ခိ တော့ ရှိချင်ရှိမလား၊ ဖတ်ပြီးမှ ဘာတွေရေးမှန်းလည်း သိဘူး ဆိုပြီး ရေးသူအကျွန်ုပ်အား ရေရွတ်သွားလေ မလားပေါ့ဗျာ။

  • ဦးကြောင်ကြီး

    January 8, 2013 at 10:31 am

    ကြေးမုံဂျီး… ဦးကြောင် တောင်းပန်ပါတယ်ကွာ..။ အပေါ်က မင်းတမီးနဲ့ မင်းတားလေးလို လာထား အာဘွား လျှာယား ပဏာစား ဂျရအောင် နော်…နော်လို့။ 😳

    • ခင်ခ

      January 8, 2013 at 11:27 am

      ပုံကလေးနဲ့ လင့်ကလေး တင်ပေးတဲ့ သူကြီးနဲ့ ကာရံလေးနဲ့ မန့်သူ ဦးကြောင်ကြီး တို့ ကျေးဇူးပါနော်။

  • ခိုင်ဇာ

    January 8, 2013 at 11:19 am

    ကိုယ့်ကိုယ်ကို သိပ်မရှက်တတ်ဘူးယူဆလို့ရော၊ ကိုခ ပို့(စ) ဖြစ်နေတဲ့အတွက်ရော လာဖတ်လိုက်တယ်။ :mrgreen:
    ကောင်းကျိုးတွေ အကျဉ်းချုံ့လိုက်တော့
    ၁) အဆီကျမယ်။
    ၂) အသားအရေကောင်းမယ်။
    ၃) ဝိတ်မတက်ဘူး။
    ၄) စိတ်ဖိအားလျော့နည်းစေမယ်။
    ၅) ကိုယ်ခံစွမ်းအားမြင့်မယ်။
    ၆) ကိုယ်ရည်ကိုယ်သွေးတက်မယ်။
    ၇) ပျော်ရွှင်ရမယ်။
    ……………………………………..ဆိုတော့………………,ဆိုတော့ …………………………
    အားပေးသွားတယ်လို့ ပြောမလို့ပါကိုခ။ :harr:

    • ခင်ခ

      January 8, 2013 at 11:32 am

      အလွန်တစ်ရာမှ ခင်စရာကောင်းလိုက်တဲ့ မခိုင်ဇာ လို့ကိုသတ်မှတ်လိုက်တယ်ဗျာ။
      အမှန်တော့ ပိုစ့်ပါအကြောင်းအရာတွေက ရှက်စရာမဟုတ်ပါဘူး ကျန်းမာရေးအတွက် ဗဟုသုတလေးတွေပါ၊
      ဒါပေသည့် အနမ်းနဲ့ ကျန်းမာရေး မို့ တစ်ချို့သဲသဲလှုပ် ဗျိုင်းကောင်းတွေက အပြစ်ဖို့မှာစိုးလို့ ခေါင်းစဉ်နဲ့ ကြိုကာမိတာပါဗျာ။

  • Shwe Tike Soe

    January 8, 2013 at 11:24 am

    ရှက်တော့ရှက်တတ်တယ် ဒါပေမယ့် ဖတ်သွားတယ်ဗျာ..
    အိမ်က ချစ်ဇနီးလေး စိမ်းခမျာ အဆီတွေတက်နေတော့ စိတ်ညစ်နေရှာတာ..
    ဟိဟိ အိမ်ကျရင်တော့ လေးခပို.စ်ကို Print ထုတ်ပြီပြီး အဆီကျဖို. နမ်းကြစို. ဆိုပြီး ခွိခွိခွိခွိ…
    ရှဲရှဲညိသွေးပချိ အာာာာာာာာာာာဘွားးးးးးးးးးးးး ပေါ့……… ဟေဟေဟေးးးးးးးး
    :kwi: :kwi: :hee:

    • ခင်ခ

      January 8, 2013 at 11:35 am

      ကိုရွှေတိုက်တို့တော့ မပြောလိုက်ချင်ဘူး အကွက်ကိုတန်းပြီးမြင်တာဘဲနော်။

    • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

      January 8, 2013 at 11:52 am

      ကိုတိုက်…
      မဒမ်တိုက်ပုက ရိပ်သာဝင်နေတယ်ဆို… ဘယ်သူနဲ့နမ်းမလို့တုန်း…

      ခင်မင်လျက်-
      ကြောင်ဝတုတ်

      • ခင်ခ

        January 8, 2013 at 12:26 pm

        ဟုတ်လား ကိုကြောင်ဝတုတ်ရေ၊ ဒါနဲ့များ ပရင်ထုတ်ပြီး ပြမယ်လေးဘာလေးနဲ့ ကြွားချက်ကတော့။

  • ဗုံဗုံ

    January 8, 2013 at 12:10 pm

    ၁) အဆီကျမယ်။
    ၂) အသားအရေကောင်းမယ်။
    ၃) ဝိတ်မတက်ဘူး။
    ၄) စိတ်ဖိအားလျော့နည်းစေမယ်။
    ၅) ကိုယ်ခံစွမ်းအားမြင့်မယ်။
    ၆) ကိုယ်ရည်ကိုယ်သွေးတက်မယ်။
    ၇) ပျော်ရွှင်ရမယ်။
    ဆိုတော့ ကော်နက်ရှင်ကြီးကောင်းမှ အသံလေးဘဲ ကြားရတဲ့ မိဗုံဘဝက အဆီတွေပိတ် ဝတုတ်မဖြစ်ပြီး မြန်မြန်အသက်တိုမှာပေါ့လို့ လေးခပို့စ်ကို ဖတ်ပြီး မျက်ရည်တောက်တောက်ကျနေပြီ :mrgreen:

    • ခင်ခ

      January 8, 2013 at 12:36 pm

      မိဗုံကလည်း ရှေးရှေးတုန်းက ရေဒီယို ဆိုတာ အသံဘဲကြားရတာလေ။
      နောက်တော့ တစ်ဆင့်တိုးက တီဗွီပေါ်လာတော့ အသံအပြင် ရုပ်ပါမြင်ရတယ်ပေါ့။
      နောက်တော့ စလောင်းဆိုတာတွေ တဆင့်တိုးပေါ်လာတော့ တိုက်ရိုက်တောင် ရုပ်နဲ့အသံ ကို မြင်ရပ။
      အခုတော့ အင်တာနက်လည်းဖြစ်လာရော ပြောချင်တဲ့စကား ရုပ် သတင်း စာ အို အစုံဘဲ အချိန်နဲ့အမျှလေ။
      ဆိုလိုချင်တာက အားမငယ်နဲ့ မိဗုံရေ တိုးတက်ပြောင်းလည်ကာ ဖြစ်လာမယ်လို့…..။

    • ဘဲဥ

      January 8, 2013 at 12:58 pm

      ဘာမှ အာမငယ်ဇမ်းဘာနဲ့ မိဘုံရယ်….
      ဟောဒီမှာ … ဘုန်း…. ဘုန်း……. (ရင်ဘတ်ကြီးအားထုသံ)
      မန်းဒလေးသားဒွေကို အားကိုးလိုက်စမ်းဘာအေ့ :mrgreen:
      :harr: :harr: :harr:

        • ဘဲဥ

          January 8, 2013 at 1:10 pm

          မနာလို မဖစ်ချမ်းဘာနဲ့အေ ဟွင်း…ဟွင်း… :hee:

    • မောင်ထက်ကြီး(မုံရွာ)

      January 8, 2013 at 11:08 pm

      လာချင်ရင်အနီးလေးပါ ဗုံလေးရယ်…
      ကော်နက်ရှင်ကောင်းစရာမလိုပါဘူး ။

  • surmi

    January 8, 2013 at 12:26 pm

    ကျုပ်က ဘဲအိုကြီးဆိုတော ့………..
    ဦးခ
    ဖတ်သွားမှတ်သွားတယ်ဗျို ့……

  • ဦး ကျောက်ခဲ

    January 8, 2013 at 12:42 pm

    ဟမ်း….. နမ်းစရာမရှိလို့ မောင်ကျောက် အဆီတက်၊ ဝိတ်တက်နေတာဖြစ်မယ်……
    မြန်မြန်ပိန်အောင် အာဘွားပေးစရာ နှစ်ယောက်လောက်ရှာမှ….
    ကျေးဇူးပါ ဦးခ ရေ
    :harr:

    • Shwe Ei

      January 8, 2013 at 1:26 pm

      အောင်မငီး အန်ကယ်ကျောက် အပြောက ပိန်တဲ့လူတွေအတွက်
      မတွေးဝံ့စရာပါလား။
      ပိန်နေတာကိုက ဘာဂလိုလိုဖစ်နေဘီ အဟိ။ 😳

    • မောင့်ကျက်သရေ ဂီ့

      January 8, 2013 at 1:27 pm

      ဟိုမင်းသမီးကတော့ မနမ်းနိုင်လို့ ကားရိုက်ဖျက်လိုက်ပါသတဲ့…
      ဒင်းတော့ ဝအုံးမယ်…
      စိုးတယ်.. စိုးမိတယ် …စိုးယိမ်မိတော့တယ်..

      :528:

    • ခင်ခ

      January 8, 2013 at 2:04 pm

      မဟောင်းနွမ်းသွားတဲ့ အချစ်နဲ့၊ မပြောင်းလဲတဲ့အချစ်နဲ့၊ မအိုမင်းတော့တဲ့အချစ်နဲ့….. အဲလို သီချင်းမျိုး ကြားမိသလိုဘဲဗျ ကိုဆာမိရေ။

      ဦးကျောက်ခဲရေ ရက်တိုတိုနဲ့ အဆီကျဖို့ဆိုရင် နှစ်ယောက်က နည်းနေအုံးမယ်နော်။

  • မိုချို

    January 8, 2013 at 1:29 pm

    လေးခင်ခ ရဲ့ ပိုစ့် ကို အရှက် မရှိဝင်ဖတ်ပြီး တော့ ပထမဆုံး အနမ်း ခံခဲ့ ရတဲ့ အဖြစ် ကို သတိ ရသွားပြီ။

    ကန်တင်း မှာ နှစ်ယောက် အတူ ထမင်း သွားစားပြီး အပြန် လူပြတ်တဲ့ ကော်ရစ်တာ အကွေ့ မှာ ဘာမပြောညာမပြော နဲ့ ဖြတ် ခနဲ အနမ်း ခံ လိုက် ရတယ်။ ( ဘယ်လိုခံစား လိုက်ရလဲ လို့ တော့ မပြောပြဝူး ၊ သတ်ချင် သတ်ပလိုက်)
    သေချာ ပြောနိုင် တာကတော့ သူ့ ပါးစပ်က ဆီတွေ ငါ့ ပါးမှာ ကွက် နေတော့ မှာ ပဲ လို့ တွေး ပြီး တနုံ့နုံ့ နဲ့ စိတ် တွေ ဆင်း ရဲ နေခဲ့ တာတော့ မှတ်မှတ် ရရ ပဲ။

    • ဘဲဥ

      January 8, 2013 at 1:38 pm

      ဘယ်လို ခံဇားရသလဲဆိုရင်……….
      ဓါတ်လိုက်သလို တွန့်ခနဲ့ဖစ်တွားပီးဒေါ့ ရင်ထဲမှာ ဖလမ်းဖလမ်းထတွားဒယ် :mrgreen:

      • ဗုံဗုံ

        January 8, 2013 at 3:50 pm

        ဘဲဥ ရယ် မုတ်ဆိတ်နဲ့ ဘာဘူကြီးကိုများ မှားနမ်းမိလိုက်လို့ ” ဓါတ်လိုက်သလို တွန့်ခနဲ့ဖစ်တွားပီးဒေါ့ ရင်ထဲမှာ ဖလမ်းဖလမ်းထတွား” တာလား ဟယ် :harr: :harr: :harr:

    • ခင်ခ

      January 8, 2013 at 2:21 pm

      မမိုးချိုရေ တစ်ခါတလေတော့လည်း လွမ်းမိပါတယ် ဆိုတာလေးတွေလည်း ရှိမှာပါနော့။
      ခင်ခ မှာတော့ ရှိတယ်ဗျ၊ အဲဒီအလွမ်းလေးတွေက အခုအချိန် ပိုစ့်ရေးစရာလေးတွေအတွက် တစ်ခါတရံ အထောက်အကူဖြစ်တယ်လေ။

      • ဗုံဗုံ

        January 8, 2013 at 3:46 pm

        အယ်…. အယ် ပေါ်လာပြီ ပေါ်လာပြီ လေးခရဲ့ ရင်တွင်းဖြစ်အလွမ်းတွေ ဖတ်ချင်ပါတယ်ဗျို့
        မြန်မြန်လေးရေးပါ :harr:

  • Thu Wai

    January 8, 2013 at 2:40 pm

    ရည်းစားမဟုတ်ပဲနဲ့ နမ်းရင်လဲ ကျန်းမာရေးကောင်းတာပဲ

  • Hnin Hnin

    January 8, 2013 at 3:30 pm

    ပွင့်ပွင့်လင်းလင်း ကျန်းမာရေး ပို့စ်ဆိုရင် ရှက်တတ်ပေမယ့် မရှက်လို့ ဖတ်ပြီး
    ကျန်းမာရေးအမြင်အနေနဲ့ပဲ မန့်ပါတယ်…
    နမ်းတယ်ဆိုတာ ရွံစရာကြီးလားလို့…အကျိုးတော့ တယ်များနော်… :mrgreen:

    တီဗီမှာ အနမ်းပန်းခြွေနေကြတဲ့ စုံတွဲကို ကြည့်ပြီး မြေးလေးရဲ့ အမေးကို အဘိုးက
    ပြန်ဖြေတာက…..
    မြေးယောကေ်ျာလေး- အဘိုး…အဲဒါ ဘာလုပ်နေကြတာလဲ?
    အဘိုး- အဲဒါ သွားချေး စုပ်နေကြတာကွ။ :hee:

    • ခင်ခ

      January 8, 2013 at 4:08 pm

      အနမ်းသည် ကျန်းမာရေးအတွက်အထောက်အကူပြုပါတယ်၊ အိမ်ထောင်ဖက်နဲ့ ရည်စားကတော့ ပြဿနာ မရှိနိုင်ပေမယ့် အဲလိုမဟုတ်သူဆိုတာကတော့ ကိုယ်ပိုင်ရင် do ပေါ့ ကိုသုဝေရေ။

      မနှင်းနှင်းရဲ့ ကွန်မန့်လေးတွေ့ရလို့ ဝမ်းသာမိပါတယ်၊ သတိရနေတာပါဗျာ။
      မြေးအမေးကို အဘိုးကလည်း ဖြေတတ်သားပါလားနော်။

  • water polo

    January 8, 2013 at 4:23 pm

    နမ်းရင်းနဲ့အဆီကျတယ်ဆိုတော့ မယုံပေါင်….
    နမ်းတုန်းခဏကျရင်တော့ ကျရင်လဲကျမပေါ့လေ…..ပီးရင်အစားပြန်စားရင်တော့ ဝိတ်ကပြန်တက်အုံးမပေါ့လေ…
    ဘဲဥကတော့ နမ်းရင် ဖလမ်းဖလမ်းထတယ်တဲ့……တိုတိုအု ဘီလူ့ကိုတွားနမ်းပီး ဖလမ်းဖလမ်း
    ထတွားတာလဲ….. 😛

    • ဘဲဥ

      January 9, 2013 at 9:59 am

      သူဂ ပျင်းတယ်ဒဲ့ အပျင်းပြေ ရန်ဖြစ်ရအောင်ဆိုလို့
      နှုတ်ခမ်းခြင်းဖက် ကိုက်ပလိုက်တာ ……. အဟီးးးးးးး :mrgreen:

  • နမ်းးးးးးးးးးးးးးးးးးးးးးးအုံးးးးးးးးးးးးးးးးးးးးးးးးးးးးမှာ
    (အင်းအိမ်က မဒမ်ကတော့ သူငယ်ပြန်တယ် ထင်မှာစိုးရသေးတယ်ဗျို့)

    • ခင်ခ

      January 8, 2013 at 9:06 pm

      water polo က ကြည့်ရတာ အစားမက်ပုံလားမသိဘူးနော်။

      အသက်အရွယ်ကြီးပေမယ့် ချစ်ဇနီးနဲ့ နွေးထွေးပွေ့ဖက်ကာနေခြင်းသည်လည်း စိတ်အထီးကျန်မှု့ ကိုပြေလျော့ စေပါတယ် ကိုပေါက်ခင်ဗျ။

  • Nyein Nyein

    January 8, 2013 at 4:45 pm

    လေးခင်ခရေ……… ရှက်တတ်သူများ မဖတ်နဲ့ဆိုတော့ ရှက်တော့ရှက်တတ်ပေမယ့် ဖတ်ပြီး စပ်စုချင်စိတ်ကများနေတော့ ဝင်ဖတ်လိုက်မိတာ……….. ကျန်းမာရေးပို့စ်ဖြစ်နေတော့ ဖတ်မှတ်သွားပါကြောင်း။……….. 😳
    တစ်ခုတော့ မေးချင်တယ် လေးခင်ခရေ…………. နံပါတ်(၅) အချက်မှာပြောထားတဲ့ ရောဂါကာကွယ်မှုစွမ်းအားတွေကို နမ်းခြင်းအားဖြင့် ရရှိနိုင်တယ်ဆိုတော့ အဲလိုပဲ သူ့ဆီက ရောဂါတွေကို ကိုယ့်ဆီကို ရောက်မလာနိုင်ဘူးလားဟင်။ 🙄

    • အိုက်ဒါဒွေ တွေးနေနဲ့ .. ဒဲ့ ..
      အိုက်ဒါဒွေ တွေးနေရင် ..
      ဟိုဒင်း .. အာပိုဂျီး ဖစ်တွားလိမ့်မယ် .. ဒဲ့ .. :mrgreen:

      နောက်ဒါ .. ဦးခင်ခကြီး ကြောလိမ့်မယ်နော် …

      • ခင်ခ

        January 8, 2013 at 9:18 pm

        သူကဖြင့်နိဒါန်းချီကာ ပြောပြီးမှ ဆက်မပြောဘဲ ဦးခင်ခကြီး ကြောလိမ့်မယ်နော်တဲ့။
        အဲဒီတော့လည်း ဆက်ပြောရမပေါ့ဗျာ။
        ငြိမ်းငြိမ်းရေ သေလောက်တဲ့ ရောဂါဆိုးလို့လူတွေသတ်မှတ်တဲ့ အိပ်အိုင်ဗွီတို့၊ စီပိုးတို့၊ ကင်ဆာ တို့မှာတောင် လူရဲ့တံတွေးနဲ့ ပါးစပ်ကထွက်တဲ့ အကျိအချွဲကနေ ကူးခြင်းမရှိပါဘူးဗျ၊ အဲ ဆေးကုရတဲ့ တီဘီတို့ ဘီပိုး တို့မှာတော့ ရှိနိုင်တယ်ဆိုပေမယ့် သွေးအုပ်စုတူ ဆဲလ် တည်ဆောက်မှု့ နီးစပ်လောက်မှ ကူးနိုင်တာတောင် ရာခိုင်နှုန်းနည်းတယ်လေ၊ ပြီးတော့ ပိုစ့်အစမှာလည်း ညွှန်းဆိုရေးခဲ့ပါတယ် အိမ်ထောင်သည်တွေ ချစ်သူရည်စားတွေလို့ ဒါက ဘာကိုဆိုလဲဆိုတော့ ချစ်လျှင်အကျိုး၊ မြတ်နိုးသဒ္ဒါ ဆိုသလို အပြစ်မမြင်တတ်ကြ ခွင့်လွှတ်တတ်ကြ မျှဝေခံစားတတ်ကြ တဲ့သူချင်းမို့ ငြိမ်းငြိမ်းတွေးသလို အဲဒါတွေထက် ချစ်ကြတယ်ဆိုကြရာဝယ်ပေါ့ဗျာ။ အဲလို အဲလို နဲ့ဘဲ —— ရွှစ် —— အလို ဘာသံပါလေ့ပေါ့။

  • myanmarcitizen

    January 8, 2013 at 4:58 pm

    မရှက်တပ်သူများစာရင်း
    ၁. kokothandar
    ၂. မောင့်ကျက်သရေ ဂီ့
    ၃. မိုက်ကယ်ဂျော်နီအောင်ပု
    ၄. P chogyi
    ၅. ဘဲဥ
    ၆. မဟာရာဇာ အံစာတုံး
    ၇. ကထူးဆန်း
    ၈. kai
    ၉. ဦးကြောင်ကြီး
    ၁၀. ခိုင်ဇာ
    ၁၁. Shwe Tike Soe
    ၁၂. ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
    ၁၃. ဗုံဗုံ
    ၁၄. surmi
    ၁၅. ဦး ကျောက်ခဲ
    ၁၆. Shwe Ei
    ၁၇. မိုချို
    ၁၈. Thu Wai
    ၁၉. Hnin Hnin
    ၂၀. myanmarcitizen 🙂

    • No Name

      January 8, 2013 at 7:44 pm

      ဟေ့လူ …
      တပ် က မှားနေတယ် …
      တတ် ဖြစ်ရမှာ …
      ပြီးတော့လည်း ကျန်သေးတယ် …
      ဦးခင်ခ ဆိုတဲ့ လူကြီး မပေါသေးဘူးးး :mrgreen:

      ဒါနဲ့ … စကားမစပ် ..
      ကျုပ်တော့ မပါဘူးနော့ .. ငွင်းး ငွင်းးး
      အဲ့ဒါ … အဲ့ဒါ .. (ခရက်ဒစ်တူ မောင်ပေ)

      • ခင်ခ

        January 8, 2013 at 9:25 pm

        No Name ပြောတာဘဲ မှန်သလိုဗျ myanmarcitizen ရေ။
        မရှက်တတ်သူစာရင်းဆိုရင် ဦးခင်ခ က ထိပ်ဆုံးကပါရမယ်လေ၊ ဘာလို့လဲဆိုတော့ myanmarcitizen ရေ ခဲ့တဲ့ စာရင်းပါသူတွေက ဖတ်ပြီးမန့်ရုံဘဲ၊ ခင်ခ က ပိုစ့်ပါ အရှက်မရှိရေးခဲ့ ရှာလို့ဘဲပေါ့ဗျာ။

      • myanmarcitizen

        January 9, 2013 at 2:02 pm

        တတ် မှားသွားတာစော်တီးပါဗျာ။ ခုလိုအမှန်လေးပြောပေးလို့လဲကျေးဇူးပါ no name ရေ …
        အေးဗျ အဲ့ဒါမေ့သွားတယ် အမှန်ဆို နံပါတ် ၁ နေရာမှာ အဲ့ဦးခင်ခကြီး ကိုထဲ့လိုက်ရမှာ 🙂

  • aye.kk

    January 8, 2013 at 5:03 pm

    အနမ်းပန်းတစ်ပွင့်က….
    အတော်အဖိုးတန်တာဘဲနော်။။

    • ခင်ခ

      January 8, 2013 at 10:12 pm

      အနမ်းပန်းလေးတွေဝေကြမယ်တဲ့ မအေးရေ။
      လူရွယ်တုန်းက ကိုင်ဇာနဲ့မေဆွိ နံမည်ကြီးခဲ့တဲ့ သီချင်းလေးလေ။

  • Mr. MarGa

    January 8, 2013 at 9:07 pm

    ဦးခင်ခရေ
    ဦးမာဃ ကတော့ ရှက်တတ်လို့
    မမန့်တော့ဘူးနော်
    :kwi:

    • ခင်ခ

      January 8, 2013 at 9:33 pm

      ဦးမာဃ ကလည်း ရှက်တတ်သူအပြုံးနဲ့ ကျောကုန်းကိုထုရင် ကိုယ်ရီနေလိုက်မယ်နော် ဆိုသလိုလားဗျ။

  • ဦးခင်ခရေ ရည်းစားဘဝတုန်းကတော့ ကိုယ့်ချစ်သူနဲ့ကိုယ် နမ်းချင်ကြတာ ဓမ္မတာဆိုပေမယ့်
    အိမ်ထောင်သက်တမ်းကြာလာတော့ နမ်းဖို့သိပ်အာရုံမရှိတော့ပါဘူး။
    သားသမီးတွေကိုတောင်မှ ငယ်တုန်းသာ တရှုံ့ရှုံ့နမ်းနေတာ ကြီးလာတာနဲ့အမျှ နမ်းနှုန်းလျော့လာတာပဲလေ။
    အပျိုလူပျိုတွေကတော့ နမ်းဖို့အတွက် ဆန္ဒတပြင်းပြပြရှိနေကြဦးမှာပါ။
    အဲ..ခပ်ကြမ်းကြမ်းမဟုတ်တဲ့ အနမ်းဇာတ်ဝင်ခန်းတွေကိုတော့ သဘောကျတုန်းပဲဗျို့။
    (စကားမစပ် သမီးလေး နှာခေါင်းမနံတော့ဘူး ကျေးဇူးတင်ပါတယ် ဦးခင်ခရေ။)

  • ခင်ခ

    January 8, 2013 at 9:46 pm

    နန်းတော်ရာသူရေ အိမ်ထောင်သက်တမ်းကြာတော့ နမ်းဖို့သိပ်အာရုံမရှိတော့ဘူး ဆိုတာ လက်ရှိအနေ အထားအရ မှန်နေပါတယ်။ ဒါပေမယ့် သူငယ်ပြန်ခြင်း အထီးကျန်ခြင်းတွေ မဖြစ်ဖို့အတွက် အိမ်ထောင်သက်ကြာလေ နွေးထွေးကြင်နာမှု့ ပိုရှိပါစေလို့ သုတေသီတွေက ဆိုထားပါတယ်ဗျ။
    ( သမီးလေး အဆင်ပြေသွားတယ်ဆိုတာ သိရလို့ ဝမ်းသာပါတယ်ဗျာ။ )

  • kai

    January 9, 2013 at 2:19 am

    http://myanmargazette.net/113001/
    အပေါ်ကလင့်ခ်.. ကိုရင်ဘလက်ပို့စ်မှာ.. အဲလိုရေးခဲ့ဖူးတယ်.. :harr:

    ပါးကြောတင်းလို့.. နှာခေါင်းပြားမလား
    ပါးကြောလျော့လို့.. နှာခေါင်းမြုပ်သလား
    ဗမာနမ်းရယ်တဲ့ ထီမထင်
    ရင်ခွင်နစ်..
    တဆစ်ဆစ် ချစ်ဆိပ်တက်အောင်
    လျှာချင်းစီးထိုး .. နှုတ်ခမ်းချင်းစုတ်
    ခြေချုပ်၍ ..မြေဖုတ်ကဝေနှယ်
    နမ်းတတ်သူ။ ။

  • Mon Kit

    January 9, 2013 at 9:04 am

    အနမ်းက အဲလောက် တန်ဖိုးကြီးမှန်းသိခဲ့ဘူးတော့..
    ကျမ်းမာရေး ဗဟုသုတ နည်းတယ်ဘဲ ဆိုပါတော့လေ..
    ဒီပို့စ်ကို ပရင့်ထုတ် ပြီး ဒါလင်ကို ပြရမယ်… :kwi:
    ရှက်တော့ဘူးနော်.. 😆

    • ခင်ခ

      January 9, 2013 at 9:12 am

      သူကြီးရေ ကဗျာလေးရဲ့စာသားက ခိုက်စရာပါလားနော်။

      မွန်ကစ်ရေ အစီအစဉ်လေးကောင်းပါ့ဗျာ။ ချစ်ခင်နွေးထွေးစွာ ရင်းနှီနေထိုင်ခြင်းသည် အိမ်ထောင်သုခ စိတ်ချမ်းမြလို့ နေပျော်ပါတယ်လေ။

  • water fish

    January 9, 2013 at 9:10 am

    အနမ်းကတော့ ကျန်းမာရေးအတွက်တော်တော် ကောင်းတာပဲ…..
    အူးလေးခင်ခ မိဘတွေနမ်းတာကျတော့ကော….ဒါကျတော့ကျန်းမာရေးရှုထောင့်က ကြည့်ရင်ကော…
    ဝိတ်ကတော့ ကျချင်ပါတယ်…ကျချင်တိုင်းသာ နမ်းရရင်တော့….:(

    • ခင်ခ

      January 9, 2013 at 9:20 am

      အထူးဧည့်သည်တော်ကြီး water fish ပါလား။
      နမ်းတာကောင်းတယ်ဆိုပေမယ့်လည်း လက်ဦးဆရာ မည်ထိုက်စွာဖြင့် ………..
      ဆိုတဲ့စကား အလကားထား ခဲ့ဟန်မတူပါဘူးခင်ဗျ။
      ကာလ ဒေသ အချိန်မျှလို့တော့ လုပ်ကြပေါ့ဗျာ။
      ကွန်မန့်လေးအတွက်တော့ ကျေးဇူးဗျို့။

  • ဂန္ဓာရီ ဆြာအုပ်

    January 9, 2013 at 9:27 am

    မရှက်တတ်သူတော်များတာပဲ…
    တော်ပါသေးရဲ့ အပေါ်ကစာရင်းထဲမပါလို့ ခွိခွိ..

    • ခင်ခ

      January 9, 2013 at 9:48 am

      ဂန္ဓာရီ ဆြာအုပ် ကလည်းတွေးမပူပါနဲ့၊ နောက်တိုးစာရင်းမှ ထဲ့ပေးမှာပေါ့ဗျာ။
      ပါဝင် ကွန်မန့်ရေး အားဖြည့်သူတွေက မရှက်တတ်တာ မဟုတ်ပါဘူးဗျာ။
      မရှက်သင့်တာ ရှက်နေကြတဲ့ သူတွေသာ မလာဖြစ်ကြတာနေမှာပါလို့။
      အဲ တစ်ခုတော့ရှိတာပေါ့ ရှက်ရင်ကောင်းမလား မရှက်ရင်ကောင်းမလား ဒါမျိုးတွေဝေနေသူတွေလည်း
      ရှိချင်ရှိမပေါ့လေ။

  • Novy

    January 9, 2013 at 10:48 am

    ကိုခင်ခ တစ်ယောက်နုပျိုလန်းဆန်းနေတာဆေးနည်းကောင်းတွေရထားလို့ကို :harr:
    မနိုလည်း ရုံးကမိတ်ဆွေတွေကို ဆေးနည်းကောင်းလေးပြန်မျှလိုက်မယ်နော်

    • ခင်ခ

      January 9, 2013 at 12:15 pm

      မနိုဗွီရေ ကွန်မန့်ပေးကာ နည်းကောင်းလေးမျှဝေမယ်ဆိုလို့ ကျေးဇူးပါ။

  • သုရှင်

    January 9, 2013 at 2:15 pm

    ရှက်စရာ လည်းတစ်ခုမှ မပါပါလား။

    မာယာတွေရိုးနေပြီကွာ……………..
    မက်ခဲ့တဲ့အိပ်မက်တိုင်း……………..
    ဒါမျိုးတွေချည်းပါ…………………..

  • sorrow weaver

    April 25, 2013 at 6:15 pm

    အနမ်းမှာက နမ်းသတ်တယ်ဆိုတာရှိသေးတယ်….ဦးခရေ….ပညာရှင်အဆင့်တွေနမ်းတတ်တာမျိုး…အာဟိ…သိမ်မွွှေ့နူးညံ့လွန်းတော့ ..အနမ်းခံရသူအဖို့ ….တရှိုက်မက်မက်ခံစားရင်း နှလုံးရပ်ပြီးအသက်ပါသွားတာမျိုး….

  • ခင်ခ

    April 25, 2013 at 8:35 pm

    sorrow weaver ရေ အဟုတ်လား။ တွေ့ဖူးချင်စမ်းပါဘိကွယ်။

  • kyeemite

    April 26, 2013 at 9:53 am

    ွွှှအနမ်းပန်းလေးတွေ ဝေကြမယ်…ပေါ့
    ကောင်းပါလေ့ကိုခင်ခရေ..ကိုပေါက်ပြောသလို သူငယ်ပြန်တယ်ထင်လဲထင်.. :kwi:
    ဒီပို့စ်ကို အခုမှဖတ်ဖြစ်တယ်ဗျို့..

Leave a Reply