အကောင်းအဆိုး…ဒွန်တွဲလျက်သာ

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း…

ကျွန်တော်တို့အတွက် အရေးကြီးတဲ့ သူငယ်ချင်းလဲဖြစ်… နှစ်ပေါင်းများစွာ ရင်းနီးခဲ့တဲ့မိတ်ဆွေဟောင်းလဲဖြစ်ခဲ့တဲ့… Website တစ်ခုက

Hackulo.us

 

 

 

 

 

 

 

 

အခုလို အမှတ်တမဲ့နှုတ်ဆက်ထွက်ခွာသွားပါတော့တယ်…

ဒီဆိုဒ်ကို တော်တော်များများ သိချင်မှလဲ သိပါမယ်… သူကတော့ Apple ရဲ့ iPhone တွေ… iPod Touch တွေ… iPad တွေ အပေါ်မှာ Crack Application တွေ… Games တွေ တင်သုံးနိုင်အောင် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပေးခဲ့တဲ့ ဆိုဒ်တစ်ခုဖြစ်လို့ပါပဲ…

နဲနဲလေး ထဲထဲဝင်ဝင် Technically ရေးပါ့မယ်…

Apple ရဲ့ iDevice တွေကို ဘာလို့ Jailbreak လုပ်တာပါလဲ…

အရှင်းဆုံးအဖြေပေးရရင်… Admin Right လိုချင်လို့ပါ…(Jailbreak အကြောင်းတော့မရေးတော့ဘူးနော်…)

ပြောရရင် Apple က iTune Store မှာ တင်ရောင်းထားသမျှ Application တွေ… Games တွေအတွက် Install လုပ်ခွင့် Right ကို iTune မှာပဲရှိတယ်လို့ ဆိုရမှာပေါ့… တကယ်လို့များ iTune က ဝယ်ထားတာမဟုတ်တဲ့ ခိုးကူးတွေ (Cracked Application) တွေကို Jailbreak လုပ်ထားတဲ့ iDevice တစ်ခုဖြစ်ရင်တောင် Install လုပ်ပေးမှာမဟုတ်ပါဘူး…

အဲဒီတော့ iDevice တွေမှာ Cracked Application လေးတွေ Install လုပ်ချင်တယ်ဆိုရင်… အပေါ်က Hackulo.us ကနေထုတ်ပေးတဲ့ Appsync ဆိုတဲ့ဟာလေးကို Install လုပ်ပြီး iTune ကနေတဆင့် Cracked Application တွေကို install လုပ်ခွင့်ရမှာပါ…

appsync-for-ios-5

 

 

 

 

 

 

 

 

 

 

 

 

Appsync ဆိုတဲ့ ဟာလေးမရှိရင် Cracked Application တွေကို Install လုပ်ခွင့်ဆုံးရှုံးတော့မှာပါ…

အဲဒါဆိုရင် iDevice သုံးသူတွေအနေနဲ့ Hackulo.us ရဲ့ ဖျက်သိမ်းလိုက်မှုက ဘယ်လောက်အထိအကျိုးသက်ရောက်မှုရှိလဲဆိုတာကို စာဖတ်နေသူများသိနိုင်ပြီလို့ထင်ပါတယ်…

ဒီနေရာမှာ Jailbreaker တွေအတွက် Cydia ဆိုတဲ့ Application ကို ၂၀၀၈ ခုနှစ်မှာ စတင်ဖန်တီးပေးခဲ့သော Jay Freeman ဆိုတဲ့ ပုဂ္ဂိုဟ်ကြီးကို ချန်လှပ်ထားခဲ့လို့မရပါဘူး…

Saurik

 

 

 

 

 

 

 

 

သူဟာဆိုရင် iTune Store မှာမရနိုင်တဲ့ Jailbreak လုပ်ပြီးမှ အသုံးပြုခွင့်ရှိတဲ့ Function တစ်ချို့နဲ့ Application တွေကို အင်တာနက်မှတဆင့် iDevice တစ်ခုအတွင်းကို Install လုပ်နိုင်ဖို့ ဖန်တီးပေးခဲ့သူပါ… သူထုတ်လုပ်ခဲ့တဲ့ Application လေးကို Cydia လို့ခေါ်ခဲ့ပါတယ်…

Best-Cydia-Tweaks-300x300

 

 

 

 

 

 

 

Hackulo.us ဖျက်သိမ်းလိုက်ပေမယ်… Jay Freeman ရဲ့ Cydia ကတော့ Jailbreak လုပ်လို့ရတဲ့ iDevice တွေအပေါ်မှာ ဆက်လက်ရှိနေဦးမှာပါပဲ…

နောက်တစ်ခုက Hackulo.us ရဲ့နောက်ဆက်တွဲ Cracked Application လေးတွေ Download ရနိုင်တဲ့ အကြီးဆုံးနဲ့ အများဆုံး ဆိုဒ်တစ်ခုဖြစ်တဲ့ apptrackr.org (သို့) apptrackr.cd ပါ…

သူဟာလဲ Hackulo.us နဲ့အပြိုင် ဖျက်သိမ်းလိုက်ပါပြီ… အဲဒီအတွက် အရင်လောက် iDevice အတွက် Crack Application တွေ အလွယ်တကူ ရနိုင်မယ်လို့ မထင်တော့ပါဘူး…

5987807156_49a9981640_z

 

 

 

 

 

 

 

 

 

 

 

 

 

 

အခုအချိန်မှာတော့ Cracked Application တွေကို နေရာပေါင်းစုံကနေ နည်းမျိုးစုံနဲ့တော့ ထပ်ပြီးထွက်လာပေမယ့်… Apptrackr ရှိတုန်းက လိုမျိုးတော့ အားမကောင်းတော့ပါဘူး…

အခု iPhone 5 နဲ့ iPad Mini တို့အတွက် Apple က iOS 6.0.2 ထုတ်ပေးလိုက်သလို… လက်ရှိကျန်နေတဲ့ iPhone 3Gs, iPhone 4, iPhone 4S အတွက် iOS 6.0.1 ကိုလဲ Hacker တွေအနေနဲ့ iPhone 4 နဲ့အထက်ကို Jailbreak မလုပ်နိုင်သေးပါဘူး…

အဲဒီတော့ နောက်ပိုင်းမှာ iDevice User တွေအနေနဲ့ iApplication တွေနဲ့ iGames တွေကို iTune Store ကနေ ပိုက်ဆံပေးဝယ်ရမယ့် အနေအထားဘက်ကို ဦးတည်နေပါပြီ… အဲဒီအတွက် ကျွန်တော်တို့ နိုင်ငံမှာ iPhone ရောင်းအားကျသွားနိုင်ပေမယ့် အရင်ကတည်းက ဝယ်သုံးနေကြတဲ့ Copy Right သက်ရောက်ပြီးသား နိုင်ငံတကာမှာတော့ ရောင်းအားက သိပ်ထူးထူးခြားခြားဖြစ်မသွားဘူးလို့ထင်ပါတယ်…

Myanmar Mobile Application မှာတော့

<blockquote>

နိုဝင်ဘာ ၂၅ ရက်တွင် ပြီးဆုံးသည့် ရက်သတ္တပတ် ၁၂ ပတ်ကြာ ဈေးကွက်စစ်တမ်း ကာလတွင်း အမေရိကန် စမတ်ဖုန်း ဈေးကွက်တွင် iPhone ရောင်းချရမှုမှာ ၅၃.၃ ရာခိုင်နှုန်း ဖြစ်လာကြောင်း Kantar Worldpanel ComTech ၏ ဈေးကွက်သုတေသနပြုမှုအရ သိရှိရသည်။

အမေရိကန်တွင် iPhone ၏ ဈေးကွက်ဝေစု ၅ဝ ရာခိုင်နှုန်းကျော်သို့ ရောက်ရှိလာခြင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ ဈေးကွက်စစ်တမ်းကာလ ၁၂ ပတ်အတွင်း Android က ဈေးကွက်ဝေစု ၄၁.၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ပြီး Microsoft ၏ Windows Phone မှာ ၂.ရ ရာခိုင်နှုန်းြဖစ်ကြောင်း Forbes မဂ္ဂဇင်းတွင် ဖော်ပြသည်။ ထို့အပြင် အမေရိကန်ရှိ မိုဘိုင်းဝန်ဆောင်မှု ကုမ္ပဏီတို့၏ ဈေးကွက်ဝေစု ရရှိမှုကိုလည်း စစ်တမ်းပြုစုခဲ့ရာ AT&T က ၃၅.၄ ရာခိုင်နှုန်းဖြင့် ပထမဆုံးနေရာတွင် ဆက်လက် ရပ်တည်ခဲ့သည်။ Verizon Wireless က ၃၁.၉ ရာခိုင်နှုန်းနှင့် Sprint က ၁၄.၅ ရာခိုင်နှုန်း မိုဘိုင်းဝန်ဆောင်မှု ဈေးကွက်ဝေစု အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

Ref & Credit to Planet Myanmar

</blockquote>

ဆိုပြီးတွေ့ရပါတယ်…

နောက်ပိုင်းမှာ… Jailbreak လုပ်လို့မရတော့ရင် iPhone ကနေ မြန်မာစာသုံးဖို့အခွင့်အလန်းနည်းသွားတာကိုတော့ စိတ်မကောင်းစွာ စဉ်းစားမိပါတယ်… ဒါပေမယ့်နည်းလမ်းတွေရှိလာဦးမှာပါ…

အနှစ်ချုပ်ဆိုရရင်….

Jailbreaker တွေအတွက်… ဒီသတင်းဟာ သတင်းကောင်းမဖြစ်ပေမယ့်…

Mobile Application Developer တွေအတွက်တော့ သတင်းကောင်းတစ်ခုဖြစ်မှာပါ…

 

ခင်မင်လျက်…

ကြောင်ဝတုတ်

8 comments

  • မောင့်ကျက်သရေ ဂီ့

    January 8, 2013 at 3:02 pm

    အော်… ပန်းသီး ..ပန်းသီး…
    ယူဇာတွေ ခညာ ..ကိုယ် ပိုင်တဲ့ဖုန်းကို ကိုယ် အပြည့်အဝ စီမံခွင့်မရပါလားနော်…
    အပြည့်အဝ စီမံချင်ရင် ထောင်ဖောက် ခိုးသုံး … အကုသိုလ်တွေ ..အကုသိုလ်တွေ..
    တရာ ရစရာကောင်းလှချီတကား….

    ဒက်ဂလောက် ဒက်ဂလောက်..

    • မောင့်ကျက်သရေ ဂီ့

      January 8, 2013 at 3:09 pm

      သူများ အုံးနှောက်တွေကိုခိုးတာ နောင်ဘွ ဆိုတာရှိခဲ့ရင် …အကြံတုံး ဌာဏ်တုံးကြီးဖစ်မှာ
      မကြောက်ဝူးလား ဟင်င်င်င်င်င်
      ခုရော ..တချပ် ၅၀ဝတန် စီဒီလေးတွေ သွင်းတုန်း
      တောရန့်လေးတွေ ဒေါင်းတုန်းပဲလား..
      အကုသိုလ်ကြီးပါတယ် အစ်ကိုကြီးရာ…

      ဒုက္ခ

      :byae:

  • ယူဇာတွေကကိုယ်ပိုင်ပစ္စည်းတွေကိုစီမံခွင့်မရသလို ဘဘစတိဂျော့ကြီးကလဲ သူ့ဘဝကို သရွက်ရွက်က စီမံသွားရှာတယ်လေ။
    ပန်းသီးကို မကိုင်ချင်လို့မကိုင်တာမဟုတ်ပဲ မကိုင်နိုင်လို့မကိုင်ရပေမယ့် သူများတွေကိုင်တာမြင်ရင် သွားရည်ကျပါတယ်။
    ပန်းသီးထုတ်ကုန်တွေသုံးရင် ကမာ္ဘသစ်ကိုရောက်သွားသလိုခံစားရတယ်ဆိုတာ တကယ်လား။
    တကယ်နေမှာပါ။
    မဆိုင်ပဲဝင်မန့်တာမဟုတ်ဘူးနော်။အားပေးသွားတာပါ ကိုဖက်တီးကတ်ရေ။

    • မောင့်ကျက်သရေ ဂီ့

      January 9, 2013 at 7:09 am

      ဘဘ ဘီလ် က ပြောသွားတာတော့ the world is built on PCs တဲ့
      ဆိုတော့ ..

      ပန်းသီးထုတ်ကုန်တွေသုံးရင် ကမာ္ဘသစ်ကိုရောက်သွားသလိုခံစားရတယ်ဆိုတာ တကယ်လား။

      ဆိုတော့ ..တကယ်ပေါ့ဗျ …. ကမာ္ဘသစ်တော့မဟုတ်ဝူး ..ကမာ္ဘ့အပြင်ဘက်ရောက်သွားတာလေ…
      ကမာ္ဘမှာ ၈၀% ကျော်သော ပီစီတွေက တဖက် … ၈% လောက်ရှိတဲ့ မက် ကတဖက် ….ခိခိ…

      ယူအက်စ် ထိပ်ဆုံးက အပါအဝင် နိုင်ငံတကာက စတူးဒန့်တွေ မက် သိပ်သုံးကြတယ်ဆိုပဲ…
      အဟိ.. အလုပ်ဝင်တော့မှ …right-clicker PC တွေ ပြန်ပြောင်းကိုင်ကြသပေါ့ …
      တခြားမကျိ နဲ့ …ပိုစ့်ပိုင်ရှင်တောင် ဝင်းဒိုးဆဲဗင်းကို ဗီအမ်ဝဲယား ခံပီး မက်ဘုတ်ပရိုပေါ် တင်ထားတယ် ဆိုလား…

      ဒက်ဂလောက် ..ဒက်ဂလောက်..

      • မောင့်ကျက်သရေ ဂီ့

        January 9, 2013 at 7:26 am

        စကားမစပ်ဗျ…..လွဲနေတာလေးတခု…
        သရက်ရွက် ဆိုတာ Spleen ကိုခေါ်တာဗျ…
        အဲ့ကောင်က အစာအိမ် နောက်ကျောမှာ ကပ်နေတဲ့ဟာ
        ဘဘစတိဗ် ကြွသွားတာက အသည်းနားကပ်နေတဲ့ Pancreas ခေါ်တဲ့ ပန်ခရိယ ကင်ဆာဗျ..
        တခါတခါ နောက်လေ့ရှိတဲ့ စကားလေးပါ….

        Steve Jobs had a PC တဲ့..

        PC ဆိုတာ Personal Computer ကို ညွှန်းတာမဟုတ်ဘဲ Pancreatic Cancer ပါတဲ့ …

        ကြွသွားတဲ့ အကြောင်းပြချက် ကို ရိုးရိုးလေးပေးပါဆိုရင်တော့ ခေါင်းမာတာ ..ပေတာ ပါပဲ..
        ကင်ဆာဖြစ်နေတာ စောစောကြီးကတည်းကသိတယ်… တတ်နိုင်သလောက် မခွဲချင်ဘူး
        ဆေးစားပြီး သတ်သတ်လွတ်စားပြီး ထိန်းကုသွားလို့ရနိုင်တယ် ယူဆတယ် ..
        (အလုပ်အပျက် မခံချင်တာလည်း ပါသပေါ့..) အဲ့လို အထိန်းကောင်းလို့ .. နောက်ဆုံး
        မဖြစ်မနေ အခြေအနေမှာမှ အသည်း အစားထိုးတယ်…
        အဲ့အချိန်မှာ ကင်ဆာဆဲလ်က ပျံ့နေပြီ… အသည်း အလုပ်မလုပ်တော့လို့
        နောက်ဆုံး ကြွက်သားတွေကို ကိုယ့် ခန္ဓာကိုယ်အတွက် ပြန်ဖျော်ပြီး စားသုံးရလို့ ..
        လူလည်း အရိုးပေါ်အရေတင် ဖြစ်ပြီး ကြွသွားတာပါပဲ … စိတ်တော့မကောင်းပါဝူး
        ဒါပေသိ…. ဒါက အဖြစ်မှန်ပါကွယ်..

        :byae:

        • ကိုဂီရေ ပန်ခရိယက သရက်ရွက်လေးနဲ့တူလို့ ကျွန်မတို့၉တန်းတည်းက သရက်ရွက်လို့ သင်လာခဲ့တာပဲ။
          တက္ကသိုလ်တက်တေ့ာ ဆရာတွေက ပန်ခရိယ လို့ပဲ ခေါ်သင်တဲ့အတွက် အစာအိမ်နားကပ်နေတာကို ပန်ခရိယ လို့ပဲမှတ်ခဲ့တယ်။
          ဟိုကောင်ကိုတော့ စပါးလင် ဆိုပြီး မှတ်လာတာပဲ။
          ဘယ်လိုလုပ်မှားမှတ်လာမိလဲမသိတော့ဘူး။
          ကျွန်မက သတ္တဝါမေဂျာလေ :kwi:

          ဘဘဂျော့ကြီးအစားတော့ ရင်နာစရာပါ ဖြစ်နေမှန်းသိရက်နဲ့ အူဆေးတာတွေ၊အပ်စိုက်တာတွေ၊ဟိုဟာဒီဟာ တွေနဲ့လိုက်ကုနေတယ်လို့ဖတ်ရပါတယ်။
          စောစောစီးစီးခွဲစိပ်မခံခဲ့တာတောင် အကြာကြီးနေသွားရတာတော့ သူတို့ရဲ့အားသာချက်ပေါ့။
          တော်သေးဘီ။

  • ခင်ခ

    January 8, 2013 at 10:47 pm

    ကိုကြောင်ဝတုတ်ရေးပြတဲ့ iphone ပန်းသီးကဈေးကြီးလို့ စားလို့ရတဲ့ ပန်းသီးဘဲ ဝယ်ဖြစ်တယ်ဗျာ။
    ခုလို သတင်းလေးရေးပေးတာ ကျေးဇူးဗျာ။

  • မောင့်ကျက်သရေ ဂီ့

    January 9, 2013 at 9:50 am

    စကားမစပ်ဗျာ …ကျုပ်သာ စူပါမားကတ် ပိုင်ရှင် ဆိုရင် Tablet as a POS Device
    ဆိုပီး စဉ်းစားမှာပဲ .. ။ စက်ရုပ်ဖြစ်ချင်ဖြစ်မယ် ပန်းသီးဖြစ်ချင်ဖြစ်မယ်ဗျာ …
    ဥပမာပေါ့နော ..ဒေါ်လှတရာကျော်တန် ကင်ဒယ် ဖိုင်းယားလေးနဲ့ ခေတ်မမှီတော့တဲ့
    Bar code reader တွေ Cash Computer တွေကို QR Code သုံးပြီး အစားထိုးပစ်မဗျာ …
    ဆိုင်ခွဲတခုချင်းစီတိုင်းမှာ ဆာဗာ တလုံးစီထားလို့ HQ ကနေ အနှီ Server တွေကို
    Inventroy Control System သုံးပြီး လှမ်းကွပ်ကဲနိုင်ရင်ကုန်စည်စီးဆင်းမှု
    တအား ချောမွေ့သွားမှာ သေချာရဲ့

    ကျုပ်သာဟော်တယ် ပိုင်ရင် Tablet as a Reception Front office Device ကို စဉ်းစားမှာပဲ…
    ဘယ်လောက်တန်အခန်းတွေ ဘယ်လောက် လွတ်နေပြီး ငှားထားတဲ့အခန်းတွေက ဘယ်အချိန်ထွက်မယ်
    ဘယ်နေ့ထိနေမယ် ဆိုတာ လယ်ဂျာလှန်စရာမလိုဘဲ ပြနိုင်မယ့် ဝန်ဆောင်မှုပေးနိုင်မယ့် စနစ် အဖြစ်ပေါ့…။

    ကျုပ်သာ ပွဲရုံပိုင်ရင် Tablet as a Inventroy Control Device လုပ်ပစ်မှာပဲ …။ ဆူပါဗိုက်ဇာ ဆိုတဲ့ သတ္တဝါကို
    ဂိုထောင်ထဲ လှည့်ခိုင်းပြီး ဘယ်စင် ဘယ်တန်း ဘယ်နေရာ ဘယ်ချောင်မှာ ဘာပစ္စည်း ဘယ်လောက် ထားတယ်
    ဘယ်လိုထားတယ်ဆိုတာကို ကိုယ်ကိုယ်တိုင်က အိမ်မှာ ကော်ဖီသောက်ရင်း လှမ်းသိနိုင်မယ့် စနစ်မျိုးတွေ ပေါ့..။

    ကျုပ်သာ စားသောက်ဆိုင်ပိုင်ရင် Tablet as a Menu လုပ်ပစ်မှာပါပဲ…။ ဟင်းလျာအမယ် အမျိုးအစားအလိုက်
    ပါဝင်ပစ္စည်း ကယ်လိုရီ မှတ်ချက် ဈေးနှုန်း စတဲ့ အင်ဖော်မေးရှင်းတွေထည့်ထားတဲ့မီနျူးကို စားသုံးသူ လက်နဲ့
    နှိပ်ပီး ရွေးချယ်စေရင်း မီးဖိုချောင်က စားဖိုမှူးကြည့်နေမယ့် မော်နီတာမှာ ဘယ်ဝိုင်းက ဘယ်ဟင်းတွေမှာလို့
    ဘယ်နှပွဲပြင်ရမယ်ဆိုတာ သိရမှာဖြစ်သလို ကောင်တာကလည်း ဘယ်ဝိုင်းက တော့ ဘာတွေမှာပီး ဘယ်လောက်ကျနေပြီ
    ဆိုတာ သိရအောင်ပေါ့ …။

    ကျုပ်သာ အိမ်ခြံမြေ အကျိုးဆောင် ဆိုရင် Tablet as a customer consulting assistance device အနေနဲ့ သုံးမယ်..။
    ကတ်စတမ်မာ ဆီသွားတဲ့ ဆေးလ်စ် ရဲ့ လက်ထဲကို ရောင်းမယ့် ငှားမယ့် အိမ်ရဲ့ အတွင်းအပြင်ဓါတ်ပုံ မြေပုံ ထူးခြားချက်
    မှတ်ချက် ဈေးနှုန်း စတာတွေ ပါတဲ့ ကတ်တလောက် ထည့်ထားတဲ့ တက်ဘလက် ထည့်ပေးလိုက်မှာပဲ …။

    ကျုပ်သာ ခရီးသွား အေဂျင်စီ ပိုင်ရင် ..Tablet as a tour catalogue & reporting device လုပ်ပစ်မိမှာပဲ ..။
    တိုးဂိုက်လက်ထဲကို ခရီးစဉ် အသေးစိတ် နေရာတွေရဲ့ သမိုင်းကြောင်း ကို ဘာသာစကား ၄-၅မျိုးနဲ့ ရေးထားတဲ့
    ကွန်းတန့်တွေ ပါတဲ့ ကတ်တလောက် ရယ် .. ခရီးသည်က လိုချင်တယ် ဖတ်ချင်တယ်ဆိုရင် ပီဒီအက်ဖ် မေးလ်ပို့
    ပေးနိုင်တဲ့ ဖီချာရယ်… ရုံးချုပ်ကိုတော့ ခရီးထူးခြားဖြစ်စဉ် ဘယ်နှနာရီဘယ်မြို့ကို ချက်ကင် ဝင်တယ် ဘယ်မှာ ဘီးပေါက်တယ်
    စတာတွေ လိုက်ဗ် ရီပို့တ် လုပ်နိုင်တဲ့ စနစ်ရယ် နဲ့ ပေါ့…။

    ဒီဂျစ်တယ် ကွန်ပက် ကင်မလာတွေ စပေါ်ကာစက ဖိုက်မက်ဂါပစ်ဇယ်လောက်ကိုပဲ ၄-၅သိန်းပေးရတာ …
    ခုတော့ ၁သိန်းကျော်တန် တက်ဘလက်တွေမှာ ဘစ်အင် ပါပီးသား ခေတ်ကိုရောက်ပြီပဲဗျာ … တခြား ဆင်ဆာတွေ
    ဖီချာတွေနဲ့ အင်တာနက်ကော်နက်တစ်ဗတီ ပေါင်းစပ်လိုက်တဲ့အခါမှာ အလွန်အစွမ်းထက်တဲ့ လက်နှက်တခု ဖြစ်လာပါတော့တယ်..
    ကျုပ် ပရော်ဖက်ရှင်နယ် တမျိုးတွေ့ဖူးရဲ့ … အဲ့ ..သူ့ အလုပ်က သူတို့ စက်ရုံကထုတ်တဲ့ (ခေါင်းလျှော်ရည်ပဲဆိုပါစို့) ပစ္စည်းကို
    ကုန်တိုက်တွေမှာ ဘယ်လို ခင်းကျင်းပြသထားတယ်ဆိုတာကို လှည့်ပတ် ဓါတ်ပုံရိုက်ပြီး ရုံးချုပ်ကို ပြန်ပို့တဲ့အလုပ်…
    မိုက်တယ်နော …အိုင်ဖုံးတလုံးနဲ့ ရုံးစားရိတ်သုံး ဓါတ်ပုံလှည့်ရိုက်ရင်း လခ ရနေတာ….။ ရုံးက သူပို့တဲ့ပုံတွေကိုကြည့်ပြီး
    ဘယ်ကုန်တိုက် ကိုဖုန်းဆက်… ငါတို့ပစ္စည်းကို ချောင်ထဲမထားနဲ့ တို့ … စင်အမြင့်မှာ ထားပေးတို့ … စင်သပ်သပ်ခွဲထားပါတို့
    နောက်ကို မပို့တော့ဘူး တို့ စတဲ့ ဒီဇီရှင်မိတ်ကင်းကို လုပ်ပါသတဲ့ ….။ စူပါမားကတ် ပုံပြင်ရဲ့ Shelter Wars ပေါ့ဗျာ…

    တကယ်တော့ လုပ်စရာတွေ လုပ်လို့ရတာတွေ တပုံတခေါင်းပါဗျာ …။ မလုပ်ကြသေးလို့ပါ …။
    ဟို ဆြာသမား တယောက်စကား ငှားပြောရရင်တော့ သူများ အုံးနှောက်တွေခိုးဝှက် သုံးစွဲလာတဲ့ ဝဋ်တွေ လက်ငင်း
    လည်တဲ့အနေနဲ့ ပြည်တွင်း အပျော့ထည် ဈေးကွက် မပေါ်ထွန်းလာတာပါလို့ မြင်မိပါရဲ့ …။

    ဒီဂျစ်တယ်ဒီဗိုက် အရ ဘဝတွေ ခါးနေတာက ..
    အိုင်တီ သပ်သပ် လေ့လာသူက
    ဘစ်ဇနက် မော်ဒယ် သေချာ မသိ .. ဘစ်ဇနက်သမားက အိုင်တီ သုံးရင်
    ဘယ်လို ဘယ်လောက် လျှင်မြန်ချောမွေ့လာမယ် ဆိုတာ သေချာမသိ..
    ကြားထဲ အလုပ်ပြုတ်မှာ နေရာပျောက်မှာ ကြောက်တဲ့ မစ်ဒယ်မန်းနေ့ချ်မန့်က
    ခံနေပြန်…အင်းးးးးး

    တံခါးတွေဖွင့်လို့ နိုင်ငံတကာ လုပ်ငန်းစုတွေ ဝင်လာလို့ကတော့ ….
    သေလိုက်ကြမယ့် ပရုတ်လုံးတွေ နိုင်ငံခြားကို စီးဆင်းလိုက်ကြမယ့်
    စားသုံးသူရဲ့ ငွေကြေးတွေ…

    အမျှ အမျှ အမျှ…ပါတော်…
    :byae:

Leave a Reply