ကဗျာလေးတစ်ပုဒ်အတွက်အညွန်း……

တကယ်တန်းပြောရရင်….ကျွန်တော့် ကိုယ်စားများရေးထားသလားအောင့် မေ့ ရပါတယ်…..

ခံစားလို့ ကောင်းတဲ့ ကဗျာလေးပါ….

ခံစားမှူ့ သက်သက်တစ်ခုကြောင့် ….ခံစားရအောင်ပြန်လည်တင်ပြထားပါတယ်……

ခံစားကြည့် ကြပါစို့ လားခင်ဗျာ……

´ငါရေးခိုင်းတဲ့ ..ရေးပေးပါ..စာအုပ်လေးမှာတောင်

အမှတ်တရစာရေးပေးဖို့ ငြင်းခဲ့ တဲ့ နင့် ကို

ငါ့ နှလုံးသားမှာထာဝရနားခိုဖို့ …

တမ်းတမိတဲ့ အဖြစ်ဟာမိုက်မဲလွန်းတယ်ဆိုတာသိပါတယ်…..။

ငါချစ်နေတယ်ဆိုတာကို

သိများသိရင်ဟားတိုက်လိမ့် မယ်ဆိုတာသိပေမဲ့ 

တစ်သက်တာအတွက်ရည်ရွယ်ခဲ့ တာလည်း

ငါ့ ရဲ့ ရူးသွပ်မှူပါပဲ……။

ဘာတွေပဲဖြစ်ဖြစ်

အချိန်တွေဘယ်လောက်ကြာကြာ

နင်ဘယ်ဆီတွေပဲရောက်နေနေ

အခက်အခဲတွေကြုံတိုင်း

ခံနိုင်ရည်ရှိပြီး

ဖြစ်လာတဲ့ ပြသ၁နာတိုင်းကို

မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ 

ဖြေရှင်းနိုင်ပါစေ….ဆိုတဲ့ 

စကားလုံးတွေဟာ

ငါဘုရားရှိခိုးတိုင်း…နင့် အတွက်ဆုတောင်းပေးနေကျ

စကားတွေပါဟာ……ဒီမှန်ကန်တဲ့ ငါ့ ရဲ့ သစ္စာစကားတွေကြောင့် 

တချိန်ချိန်မှာ…

ပြန်ဆုံတွေ့ ခွင့် ရခဲ့ ရင်

ရှေ့ ဆက်ရမဲ့  ငါတို့ ရဲ့ အနာဂါတ်ခရီးတလျှောက်လုံးမှာ

အရမ်းခင်တဲ့  သူငယ်ချင်းတွေဖြစ်ပါရစေ…

ဒီကဗျာလေးအတွက်ဝန်ခံချက်…..

ခံစားချက်ကိုပေါ်လွင်အောင်ရေးခဲ့ တဲ့ ကဗျာဆရာကိုလည်းကျေးဇူးတင်မိပါတယ်…..

ပြီးတော့ ခံစားချက်ဆိုတာအသက်အရွယ်မရွေးဘူးလို့ ထင်မိပါတယ်…….

ဒါကြောင့် ကျွန်တော်ငယ်မှူငယ်သွေးပြန်ကြည့် တာပါ…..

ကျွန်တော်နဲ့ အတူထပ်တူထပ်မျှခံစားနားလည်ပေးကြပါနော်……..

ချစ်ခြင်းမေတ္တာဖြင့် 

မိုးမင်းသား(၈.၁.၂၀၁၃)အင်္ဂါင်္နေ့ 

About မိုး မင်းသား

မိုး မင်းသား has written 48 post in this Website..

သတိ ရခြင်း ငှက်... အချစ်ပင် ထက်မှာ ရောက်နေတယ် ။