ကိုယ့်အတွက်ပဲ မကြည့်ပါနဲ့

Yawna ThamJanuary 9, 20131min1308

နိုင်ငံတစ်နိုင်ငံအတွက် အဓိက ကြတာတိုင်သူပြည်သားအဆင်ပြေမူ့နဲ့စည်းလုံးညီညွှတ်ပြီး လူမျိုးရေးကို ကောင်စွာစောင့်တိန်းနိုင်ဖို့လို့

ကျွန်တော်ကတော့မြင်မိပါတယ်…..။ ငဿန် ကအခုမလေးရှာမှာအလုပ်လုပ်နေသူတစ်ဦးပါ.။

ဟိုတစ်နေ့က ရွှေမြန်မာ ဂျာနယ်တစ်ခုမှာ ကျွန်တော်ခဏဖတ်ရင်းမြင်လိုက်မိပါတယ်.။

အဲ့ဒါကတော့ မလေးရှားနိုင်ငံ မှာ 2012 ခုနှစ် မူးယစ်ဆေးဝါးရောင်ဝယ်ရေး အများဆုံးဖမ်းဆီးမိတဲ့ လူမျိုးဆိုလို့ပါ.။

စာဖတ်သူရေတစ်ခြာလူမျိုးတော့မထင်လိုက်ပါနဲ့ဗျာ….မြန်မာလူမျိုးပါတဲ့.။ ပီနန်း ၊ ကေလဲလ် ၊ ဂျိုဟိုးလ် ၊ မလာကာ ၊ အီပို(စ်) ၊ ရှားလန်း၊ မာဆိုင်း ၊ ကလန်း ၊

နဲ့တစ်ခြားတစ်ခြားသောထင်ရှာတဲံနေရာတွေတိုင်းမှာ မြန်မာ လူမျိုးအများစုတွေ ရှိနေတက်ကြပါတယ်.။

အများအပြားဆုံး ဖမ်းဆီမိတာကတော့ ။ အီပို(စ်) နဲ့ ကေလဲလ် ပဲဖြစ်ပါတယ်….။ ကျွန်တော် တို့မြန်မာတွေဘာကြောင့်အခုလိုတွေလုပ်ဖြစ်တာလဲ

မြန်မာပြည်မှာကျန်ရှိနေခဲ့တဲ့ မိသားစုအဆင်မပြေမူ့တွေကြောင့်လား.။

ဒါမှမဟုတ် သူတို့ကိုယ်တိုင်သုံးစွဲမိနေကြတာလား.။ဘာဖြစ်လို့လဲသေချာမသိရပေမဲ့ အခုလိုတွေကြားရတာတကယ်စိတ်မကောင်းမိတာအမှန်ပါ.။

စာဖတ်သူကိုယ်တိုင်လဲသိမှာပါ မူယစ်ဆေးဝါးဆိုတာ လူညွှန့်ပါတုံးစေတဲ့အရာပါ.။

ဘယ်လူမျိုးဘယ်နိုင်ငံကမှလိုလာအပ်တဲ့အရာမဟုတ်ပါဘူး.။အခုလိုကိစ္စမျိုးတွေနဲ့ပတ်သတ်ပြီး

မလေးရှာ ဝန်ကြီးချုပ် မစ္စတာ မာ(စ်)ဒါဝီ ကိုတိုင်ကလဲမြန်မာအပေါ်အထင်သေးသွားနိုင်ပါတယ်.။

ကျွန်တော်တို့မြန်မာတွေ တရာဝင် ပတ်(စ်)စပို့ နဲ့လာရောက်လုပ်ကိုင်နေသူတွေရှိကြသလို.။ တရားမဝင်လာရောက်လုပ်ကိုင်နေကြသူတွေလဲရှိပါတယ်.။

တစ်ချို့ ဒီမှာရှိတဲ့မြန်မာတွေက ပိုက်ဆံကိုလွယ်လွယ်ရလွယ်လွယ်သုံးနေတက်ကြပါတယ်..။

မြန်မာပြည်ကလာတုန်းကတော့ ဘာအတွက် ဘာမျှော်လင့်ချက် တွေနဲ့လာရောက်လုပ်ကိုင်နေကြတာပါ.။

ဘီယာ တစ်ဘူးကို ၅ ကျပ်တစ်ခါသောက်ရင် ၄ ဘူး လောက်သောက်ကြတယ် စဉ်စားတာကြည့်ကြပါတော့ ။ မြန်မာငွေ

၅၅၀ဝ ဖိုးပါ.။ မြန်မာပြည်မှာမရှိဆင်းရဲသာ တနေ့လုပ်အားခ ဘယ်လောက်ရတယ် ကျွန်တော် တို့လိုတေားသာတွေအသိဆုံးပါ.။

ပိုက်ဆံကိုသုံးမှန်မသိဖြုန်းမှန်မသိ သလိုဖြစ်နေကြပါတယ်..။ ရောက်ခါ.စ.ကတော့ တနေ့တနေ့ ကြက်ဥ ကန်စွန်ရွက်ကြော်၊ နဲ့နှစ်ပါးသွား

နေတဲ့သူတွေက အခု ဘီးယာတစ်ဘူး ၅ ကျပ်နဲ့ မနက်ညမပျက်သောက်နေကြတယ်.။ အလုပ်နဲ့ပတ်သတ်လာရင်လဲ ရောက်ခါ.စ. အလုပ်ပျက်မှာ အင်မတန်ကြောက်ကြပါတယ်.။

တနေ့ အလုပ်ပျက်ရင် ၁၀ဝ ကျော်ကျော်ထိဖျတ်တက်ကြပါတယ်(ငဿန်တို့စက်ရုံလိုမျိုးဆိုရင်ပြောပါတယ်)

သူငယ်ချင်းလာလို့ ဘယ်သွားစရာရှိလို့ .။ နေမကောင်းလို့ အကြောင်းအမျိုးမျိုးပြပြီးအလုပ်ပျက်တက်ကြပါတယ်.။

ပိုက်ဆံဆိုတဲ့အရာက ကိုယ် နဲ့ခင်တက်မှသူလဲခင်တက်တာပါ.။ များများရှာနိုင်လို့များများသုံးနေတာပါဆိုရင်

ကိုယ် သူများနိုင်ငံအထိ လာရောက်လုပ်ကိုင်နေရသေးတယ်ဆိုတာ မမေ့ သင့်ပါဘူး.။ များများရှာများများစုပြီးမြန်မြန်ပြန်ရရင်

မကောင်းကြဘူးလားဗျာ.။ နောက်တစ်ခုရှိပါသေးတယ်.။ အေးဂျင်း(စ်) တွေပါ အလုပ်သမားတွေကို စက်ရုံတွေက တစ်လကို

၁၂၅ဝ လော်ထိပေးကြပါတယ် အိုတီ အပါအဝင်ပေါ့နော်.။ ဒါပေမဲ့ရရင်တော့ ၆၂ဝ မှ ၇၅ဝ အတွင်ပါ အဲ့ထက်တော့မပိုကြပါဘူး.။

တော်ကြာရေဖိုးးမီးဖိုး ဖျက်၊အဆောင်ဖိုးဖျက်၊အသုံးအဆောင်ဖိုးဖျက်နဲ့၊ အမျိုးမျိုးကိုဖျက်တက်ကြပါတယ် တီဗွီ အစုတ်အိမ်ပေါ်တင်ပေးထားရင်တောင် အဲ့ တီဗွီ ဖိုးဆိုပြီး ဖျက်တက်ကြပါတယ်.၊ တကယ်တော့ ပါးလှည့်ပြီး နားရိုက်တဲ့သဘောပါ.။မလေးရှာ  အေးဂျင်း(စ်)တွေကိုအပ်ထားပြီးတော့သူတို့ကပဲ

ဘယ်လိုဘယ်လောက်အထိဖျက်တောက်ဖို့ကိုသဘောတူထားကြတာပါ.။သူတို့လဲမြန်မာလူမျိုးပါပဲ မြန်မာမြန်ာ အချင်းချင်း ကိုယ်ချင်မစာ ဖျက်တောက်နေကြတာပါ.။

ဒီမှာသူတို့ကိုယ်တိုင်ကျုလာရောက်လုပ်ကိုင်ကြည့်ပါ.။ လုယက်တဲ့ရန်ကြောက်ရတာတစ်မျိုး အန္တရယ်အမျိုးမျိုးကြုံရတာပါ ဒါကိုကိုယ်ချင်မစာမနာ လုပ်နေကြတာပါ

မြန်မာပြည်ကမထွက်ခင်ကတော့ ဘယ်လိုလစာရမှာဘယ်လောက်ပို့နိုင်မှာမက်လုံးပေးပြီးပြောကြပါတယ်.။

တေားသူတေားသားမသိနာမလည်ကြတော့အဟုတ်မှတ်ပြီးလိုက်လာကြ ဒီရောက်မှမကြေမချမ်းဖြစ်ပြီး ပြဿနာတက်ပြီးပြန်ရတဲ့သူတွေလည်း

မနည်းပါဘူး.။ မကျေနပ်လို့တိုင်ကြားရအောင်ဆိုတော့လည်းအဆင်မပြေကြဘူးလေ…။ တကယ်ကိုခါးတဲံဘဝတွေပါ.။

မြန်မာမြန်မာအချင်းချင်းမှ သေးမစီးကြတော့တာ ကျန်တဲ့လူမျိုးကို ဘယ်လိုလက်မထောင်ပြီးပြောကြမလဲ.။

ပြောခြင်တာက မြန်မာတွေ အချင်းချင်းစည်းလုံးကြပါ.။ အချင်းချင်းရိုင်းပင်ကူညီကြပါ.။

ငွေကိုငွေလိုတန်ဖိုးထားတက်ပြီး.။သမာအာဇီဝ ကြကြ ပိုက်ဆံကိုရှာဖွေပါ.။

ကိုယ်တစ်ယောက်ကောင်းစာဖို့ မြန်မာပြည်မျက်နှာ အိုးမဲ သုတ်ရတာမျိုးမဖြစ်မိပါစေနဲ့….။

ကျွန်တော်ပို့လေးကိုဒီလောက်နဲ့ပဲနိဂုံချုပ်ပါရစေ…။ စာဖတ်သူအပေါ်မှာ ရိုင်းမိတာ အမှားပါတာရှိရင် အနူညွှန့်တောင်ပန်အပ်ပါတယ်.။

တိုင်တစ်ပါးမှမြန်မာတွေအားလုံးပဲ ပိုက်ဆံများများရှာနိုင်ပြိး မြန်မာ ပြည်အမြန်ဆုံးပြန်နိုင်ကြပါစေဗျာ..။

 

 

 

 

 

မှတ်ချက်..။  ။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ရည်ရွယ်ရခြင်းမရှိပါ.ရင်ထဲရှိတာ ချ ရေးမိလု့ အများပါခဲံရင်

အထူးအထူးပဲတောင်ပန်အပ်ပါတယ်…..အားလုံပဲ နှစ်သစ်လေးမှာပျော်ရွှင်နိုင်ကြပါစေဗျာ…

ခင်တဲ့ကောင်လေး…………..yawna tham…

 

 

 

 

8 comments

  • ဘဲဥ

    January 10, 2013 at 10:05 am

    စာလုံးပေါင်းတွေက သေချာလွဲထား ချန်းထားတာလားဟင်င်င်
    နေအုံး ဂဏန်းပေါင်းလိုက်အုံးမယ် :mrgreen:
    အိုဘာဒဲ့……
    ခြောက်နဲ့ ကိုးနဲ့ပေါင်း
    လက်ဆယ်ချောင်းထောင် (လက်ဆယ်ချောင်းနဲ့ မလောက်ရင် ခြေထောက်ပါထောင်) :harr:
    တစ် နှစ် သုံး လေး ငါး ခြောက် ခွန်နှစ် ရှစ် ကိုး တစ်ဆယ် တစ်ဆယ့်တစ် တစ်ဆယ့်နှစ် တစ်ဆယ့်သုံး တစ်ဆယ့်လေး တစ်ဆယ့်ငါး (မောထှာအေ ရေသွားသောက်လိုက်အုံးမယ်)

  • Mon Kit

    January 10, 2013 at 10:19 am

    ဟိ. ဟိ.. ဒီပို့စ်ဖတ်ပီး အားရပါးရ ရီသွားပါတယ်… :harr:
    ပို့စ်ပိုင်ရှင်ကိုတော့ အားနာပါတယ်.. သတ်ပုံတွေ မှားနေတာ ရီစရာဖြစ်နေလို့ပါ..

    အနူညွှန့်တောင်ပန်အပ်ပါတယ်.။ :kwi:

  • mamanoyar

    January 10, 2013 at 10:22 am

    မလေးရှားရောက်ပြီးပိုက်ဆံများများရှာ
    များများသုံးပြီး ရွာရောက်ရင်တောင် ခဏပဲနေပြီးပြန်သွားနေကြတာ
    ဘာပဲဖြစ်ဖြစ် သူများနိုင်ငံမှာသွားအလုပ်လုပ်နေရာက
    ပိုက်ဆံအများနဲ့ မြန်မြန်ပြန်လာပြီး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ကြပါစေ

  • ဦးကြောင်ကြီး

    January 10, 2013 at 10:56 am

    မလေးတရုတ်မနဲ့ စလုံးတရုတ်မ ဘယ်ဒင်းက ပိုဂွတ်သလဲဗွ….

  • ကိုငြိမ်းချမ်း

    January 10, 2013 at 4:28 pm

    ပို ့စ်ဖတ်ရင်း မျက်စေ့တောင်ချာချာလည်တယ်.. 🙂
    တချို ့စာလုံးပေါင်းတွေကို အတတ်နိုင်ဆုံးနားလည်အောင်ဖတ်နေရတယ်
    အဗ်ဒူလာ အာမက် ဘာဒါဝီက လက်ရှိဝန်ကြီးချုပ်မဟုတ်တော့ဘူးလေ…
    ယခင် ဝန်ကြီးချုပ်ဟောင်း အဗ်ဒူ ရာဇတ် ဟူစိန် (22.9.1970-14.1.1976) ရဲ ့သား နာဂျစ် ဆိုတာက 3.4.2009 ကတည်းကနေ ခုထိ ဝန်ကြီးချုုပ်အဖြစ်နဲ ့ဒီမလေးရှားမှာ သက်ရှိထင်ရှားရှိနေပါသေးတယ်..

  • Yawna Tham

    January 13, 2013 at 1:40 am

    ဟာ……အမြဲတမ်းလွဲတဲ့အကျင့်ကြောင့်ပါ….
    ကျွန်တော်…အထူးတောင်ပန်ပါတယ်.ဗျာ…..။

  • kai

    January 13, 2013 at 3:10 am

    မြန်မာတွေ.. ကမ္ဘာတန်းမှာနောက်ကျကျန်ခဲ့တာ.. စနစ်ကြောင့်မဟုတ်ဖူးလို့.. ကျုပ်ခဏခဏပြောတယ်..
    မြန်မာဟာ.. ယူအက်စ်မှာနေလည်း.. မြန်မာပဲ..။ ဥရောပမှာနေလည်း မြန်မာပုံစံပဲ..။ ဂျပန်၊စင်္ကာပူမှာရှိလည်း… တူတူပဲ..။ မြန်မာဟာ… မြန်မာပဲ..။

    ဆိုတော့..
    လူမျိုးတမျိုးရဲ့.. စိတ်ဓါတ်ပိုင်းဆိုင်ရာကို.. ပြုပြင်ထိန်းကြောင်းလွှမ်းမိုးတာ.. ဘာသာရေးပါ..
    မြန်မာတွေ..တိုးတက်ချင်ရင်.. လက်ရှိအတွေးအခေါ်..အယူအဆ..
    .. ပြောင်းပြန်လှန်..ဂငယ်ကွေ့.. ပြောင်းတွေးနိုင်ကြစေ…။
    ဒီလိုလုပ်ချင်နေရင်.. တခြားတနည်းတွေးပြီး.. ဟိုလိုလုပ်ပါ…။
    ဟိုလိုတွေးမိရင်.. တခြားတနည်းနဲ့.. ပြောင်းပြန်ပြန်တွေးပါ…။
    ဒီကိစ္စမှာငွေသုံးချင်.. ဟိုကိစ္စမှာငွေသုံးပါ..။
    ပုံမှန်အော်တိုမစ်တစ်ရောက်လာတဲ့.. အတွေးအမြင်ကို.. ပြောင်းပြန်ပြန်တွေးမြင်ကြည့်ပါ..။
    အဲဒါဆို.. မြန်မာဟာ.. နောက်ဂျန်နရေးရှင်း ၂ခုလောက်ပြီးရင်.. ကမ္ဘာတန်း.. နောက်ဆုံး၁ဝကနေ.. ရှေ့ဆုံး၁ဝထဲ.. ရောက်လာလိမ့်မယ်..။

    နှစ်၁၀၀ဝ ကျိန်စာ..။ :buu:

  • MaMa

    January 13, 2013 at 11:03 am

    ကောင်းစေချင်တဲ့ စာရေးသူရဲ့ စေတနာကို မြင်လိုက်မိပါတယ်။ :hee:

Leave a Reply