၂၀၁၂ ဒီဇင်ဘာလ မန်းဂဇက်ချစ်သူများ အကြိုက်ဆုံး စာပေဆု ကြေညာခြင်း…။

black chawJanuary 8, 20132min36654

အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀ဝ မှာ တဲ့…။
အဲဒီစာသား ၁၉၉ဝ ပြည့်လွန်နှစ်များဆီက ခေတ်စားခဲ့ဘူးတာ မှတ်မိနေပါသေးတယ်…။
အခု ၂၀၁၃…။
အာရှတော်ဝင်တို့ SSC တို့ အစရှိတဲ့ မစည်ကားအပ်တဲ့ နေရာတွေမှာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတုန်းပါ…။
ဆိုတော့…။
အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀ဝ မှာ ဆိုတာကြီးက အခုအချိန်မှာ ပြန်ကြည့်ရင်…
ဟာသ ပျက်လုံးတစ်ခုလို ဖြစ်ခဲ့ရပေါ့…။
နောက်…။
အဲဒီ သက္ကရာဇ် ၂၀၀ဝ မှာပဲ ခေတ်စားခဲ့သေးတာတစ်ခုက Y2K ပြသနာကြီးပါ…။
ကမ္ဘာပေါ်မှာ ရှိတဲ့ ကွန်ပျူတာတွေ အားလုံးပဲ ထပေါက်ကွဲတော့မလိုလို…။
လေယဉ်ခရီးစဉ်တွေပဲ ကမောက်ကမ ဖြစ်တော့မလိုလို…။
ဒါပေမယ့်…
ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးဆိုတဲ့ စကားလေးအတိုင်း…
ဘာမှ မဖြစ်ပဲ ကျော်လွှားနိုင်ခဲ့လို့ အခု ၂၀၁၃ ကိုရောက်နေခဲ့ပြီလေ…။
ထားပါတော့ ဗျာ…။
သက္ကရာဇ် ၂၀၀ဝ ကဝေးပါသေးတယ်…။
မကြာခင်ကမှ ကုန်လွန်သွားခဲ့တဲ့ ၂၀၁၂ ခုနှစ် ကိုပဲ ကြည့်ပါဦး…။
ကမ္ဘာကြီးပဲ ပျက်တော့မလိုလို…။
ငလျင်တွေလှုပ်…၊ မြေတွေပြို…၊ဆူနာမီလှိုင်းကြီးတွေ လွှမ်း…။
ရုပ်ရှင်တွေ ရိုက်ပြလို ပြ…။
တရားခံကလည်း အဆင်သင့်…။
မာယာလူမျိုးတွေရဲ့ ပြက္ခဒိန် ကြောင့်တဲ့…။
ဟော အခု…။
ကမ္ဘာကြီးက ၂၀၁၃ ခုနှစ်ကို ချောချောမောမော ရောက်ရှိနေခဲ့ပါပြီ…။
၂၀၁၂ ကမ္ဘာပျက် ဟောကိန်းကတော့ ဟာသပျက်လုံးတစ်ခုအဖြစ် ကျန်ရစ်ခဲ့…။
အဲဒီ ၂၀၁၂ ထဲမှာ ကျွန်တော်တို့ မန္တလေး ဂဇက် ရွာအတွက်တော့ ထူးခြားတဲ့ လုပ်ဆောင်ချက်လေးတွေ ရှိခဲ့ပါတယ်…။
အရင်ဆုံးပြောရရင်တော့ မန္တလေး ဂဇက် ရွာသူရွာသားတွေ ရဲ့ အလှူတော်တွေအကြောင်းပါ…။
နေ့စွဲနဲ့ တကွ ပြောနေရင် ရှည်နေမှာစိုးလို့ ၂၀၁၂ ခုနှစ်ထဲမှာ မန္တလေး ဂဇက် ရွာသူားတွေရဲ့ အလှူ ၄ ခု တိတိ
အထမြောက် ခဲ့ပါတယ်ဗျာ…။
သာဓု…၊ သာဓု…၊ သာဓု… ပါ…။
နောက်တစ်ခု ဆက် ပြောရရင်…။
မန်းဂဇက် ချစ်သူများ စာပေဆု ပေါ်ပေါက်လာခြင်းပါပဲ…။
၂၀၁၂ ခုနှစ် August လက စတင်ချီးမြှင့်လာခဲ့တဲ့ မန်းဂဇက်ချစ်သူများ စာပေဆု ကို ဒီလ ၂ဝ ရက်နေ့မှာပဲ ဆုပေးပွဲ
ကျင်းပတော့မယ်လို့လည်း နားစွန်နားဖျား ကြားထားရပါတယ်…။
အဲဒီ မန်းဂဇက် ချစ်သူများ စာပေဆု ပေါ်ပေါက်လာရာမှာ ကျေးဇူးတင်ရမယ့် ပုဂ္ဂိုလ်တွေ ရှိပါတယ်…။
နာမည်ဖေါ်ထုတ်ပြီး ကျေးဇူးတင်ခွင့်ပြုပါ…။
အရင်ဆုံး ကျေးဇူးတင်ချင်တာက အဘဆွေ ဖြစ်ပါတယ်…။
အဘဆွေ ဟာ ဒီနှစ်ဆုပေးပွဲအတွက် ငွေကျပ် တစ်သိန်း နှစ်သောင်းတိတိ ကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်…။
ကျွန်တော် ကျေးဇူးတင်ချင်တာက အဘဆွေရဲ့ ပူးပေါင်းပါဝင်မှုကိုပါ…။
ငွေကြေးထက် တန်ဘိုးကြီးပါတယ်…။
အခု ဖြစ်လာတဲ့ မန်းဂဇက်ချစ်သူများ စာပေဆု မှာ အဘဆွေရဲ့ ပူးပေါင်းပါဝင်မှုဟာ အင်မတန် တန်ဘိုးကြီးခဲ့တယ်လို့
မှတ်မှတ်ရရ ပြောချင်ပါတယ်…။
ကျေးဇူးပါ အဘဆွေ ခင်ဗျား…။
နောက် ငွေကြေးအားဖြင့် ကူညီခဲ့သူတွေကတော့ အဘဖေါလို့ အများခေါ်ကြတဲ့ Foreign Resident ပါ…။
အဘဖေါကလည်း ငွေကြေးအပြင် ဖတ်ရွေးအဖွဲ့ဝင်တစ်ယောက်အနေနဲ့ အပင်ပန်းခံ ဖတ်ပေးခဲ့တာအတွက်
ကျေးဇူးအထူးပါ ခင်ဗျာ…။
နောက်ထပ် ကျေးဇူးတင်ရမယ့် ပုဂ္ဂိုလ်တစ်ယောက်ကတော့…
ကိုပါလေရာ ပဲ ဖြစ်ပါတယ်…။
မန်းဂဇက်ချစ်သူများစာပေဆုဟာ ဆုပေးပွဲ ကျင်းပနိုင်သည်အထိ ခရီးဆက်နိုင်ခဲ့တာ…
ကိုပါလေရာကြီးရဲ့ ဦးဆောင်မှုက အဓိကကျခဲ့ပါတယ်…။
ပြသနာပေါင်းများစွာကို ဦးဆောင်ဖြေရှင်းနိုင်ခဲ့တဲ့ ကိုပါကြီး ကို
ကျွန်တော်တို့ ရွာရဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် လို့ တင်စားချင်ပါတယ်…။
ငွေကြေးစိုက်ထုတ်ကူညီမှုတွေ အပြင် ဖတ်ရွေးအဖွဲ့ဝင်တစ်ယောက်အနေနဲ့လည်း တာဝန်ကျေခဲ့ပါတယ်…။
နောက် ဖတ်ရွေးအဖွဲ့မှာ အပင်ပန်းခံ ပါဝင်ခဲ့ကြတဲ့ အစ်ကိုတွေ ညီတွေ အစ်မတွေ ညီမတွေ အားလုံးကလည်း အထူး ကျေးဇူးတင်ရမယ့် ပုဂ္ဂိုလ်တွေပါပဲ ခင်ဗျာ…။
အထူးသဖြင့် ဆုကြေညာတဲ့ ပို့စ်တွေကို အပင်ပန်းခံ ကြိုးစားတင်ခဲ့ကြတဲ့…
အစ်မပဒုမ္မာ၊ ကိုထူးဆန်း၊ အစ်မ မခင်လတ်၊ ကိုပေါက်…၊ မမ.. တို့ကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း
မှတ်တမ်းတင်ပါတယ်ခင်ဗျာ…။
နောက်ထပ် မှတ်မှတ်ရရ ကျေးဇူးတင်ချင်တာကတော့ ယနေ့ ပို့စ် ဆိုတဲ့ ပို့စ်ပိုင်ရှင် ညီငယ် အံစာတုံး ကိုပါပဲ…။
အံစာတုံး ရဲ့ ယနေ့ပို့စ် ဟာ ရွာသူရွာသားတွေအတွက်ရော…
ဖတ်ရွေးအဖွဲ့ဝင်တွေအတွက်ရော… အထူးအဆင်ပြေစေခဲ့တာကြောင့်..
ကျေးဇူးတင်တဲ့အကြောင်း မှတ်မှတ်ရရ ထည့်ပြောခွင်ပြုပါခင်ဗျာ…။
နောက်ဆုံး ကျေးဇူးတင်ချင်တာကတော့ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်တဲ့ ကျွန်တော်တို့ရွာရဲ့
သူကြီး ဖြစ်သူူ kai ပါပဲခင်ဗျာ…။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူးပါ သူကြီးရေ…။
ရွာသူရွာသားများအားလုံးနဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့ရေ…။
အမှားအယွင်းတစ်စုံတစ်ရာများ ပါခဲ့ရင်…ခွင့်လွှတ်ပေးကြပါဗျာ…။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ခင်ဝမ်းကြီးရဲ့ သီချင်းတစ်ပုဒ်ကို ကိုးကားခွင့်ပြုပါဦးခင်ဗျာ…။
(ခင်ဝမ်းကြီးဆိုလို့ ခင်ဝမ်းကြီး ကွယ်လွန်ခဲ့တာ ၂၀၀ဝ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၃ ရက်ဆိုတော့ လာမယ့် ဖေဖေါ်ဝါရီလ ၃ ရက်မှာ…၁၃ နှစ်ပြည့်တော့မှာပါ…။ ခင်ဝမ်းကြီးကို လွမ်းကြဦးစို့ရဲ့…။)

နှုတ်ဆက်ခဲ့ပါတယ်…
ကျွန်တော် သွားတော့မယ်…
လမ်းရဲ့သယ်ဆောင်ရာ ဟို…အဝေးကို…အဝေးကို…။
လွမ်းတတ်ရင်လည်း လမ်မှာပဲ လွမ်းတော့မယ်…

ဟုတ်တယ်…။
လွမ်းတတ်ရင်လည်း လမ်းမှာပဲ လွမ်းပါတော့မယ်…မန်းဂဇက်ရေ…။
ကျွန်တော်ဟာ မန်းဂဇက်ကို ချစ်ပြခဲ့ပြီးပါပြီ…။
တတ်နိုင်သမျှရဲ့ အဆုံးစွန်အထိ ချစ်ပြခဲ့ပြီးပါပြီ…။
ထားလိုက်ပါဗျာ…။
အဲဒါက မခမ်းနားလှပါဘူး…။
အခုအခါမှာတော့ ကျွန်တော် မန်းဂဇက်ကို လွမ်းရဦးတော့မှာပါ…။
တမ်းတလွမ်းဆွတ်ရဦးတော့မှာပါ…။
ဒါပေမယ့်…။
ကျွန်တော့်ကို လမ်းမှာပဲ လွမ်းခွင့်ပြုကြပါတော့…။
သူကြီးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုသစ်မင်းကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုအောင်ပု ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုကြောင်ကြီးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
အဘဆွေကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
အဘဖေါကိုလည်း လမ်းမှာပဲလွမ်းမယ်…။
ဆရာမကြီး TTNU ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
အစ်မမခင်လတ်ကိုလည်း လမ်းမှာပဲလွမ်းမယ်…။
ကိုပါလေရာကြီးနဲ့ ကိုထူးဆန်းကြီးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုစိန်သော့ကြီးကိုလည်း လမ်းမှာပဲလွမ်းမယ်…။
အစ်မပုဒုမ္မာနဲ့ မမတို့ကိုလည်း လမ်းမှာပဲလွမ်းမယ်…။
အန်တီဝေ ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ညီငယ်လေး အင်ဇာဂီကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ညီမငယ်လေး ပုချ်ကိုလည်း လမ်းမှာပဲလွမ်းမယ်…။
ကိုနိုဇိုးမိကြီး နဲ့ ကိုလင်းဝေကျော်တို့ကိုလည်း လမ်းမှာပဲလွမ်းမယ်…။
ကိုကြီးမိုက်ကြီးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုပေါက်ကြီးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ညီငယ်လေး ပေါက်ဖေါ်နဲ့ အံစာတုံးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုရင်စည်သူနဲ့ ကမ်းကြီးတို့ကိုလည်း လမ်းမှာပဲလွမ်းမယ်…။
နီဂိမိနဲ့ ရဲစည်ကိုလည်း လမ်းမှာပဲလွမ်းမယ်…။
ကိုဘုန်းကျော်ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုရင်မောင်ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ညီငယ် ဖက်တီးကက်၊ အမတ်မင်း၊ ရွှေတိုက်စိုးတို့ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
မမှီကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုရှုံးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုအောင်ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ဆူး ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
Etone နဲ့ အေကေကေအို ကိုလည်းလမ်းမှာပဲ လွမ်းမယ်…။
ဟုတ်ပါတယ်…။
ကျွန်တော် ချစ်ခဲ့ ခင်ခဲ့သော ရွာသူရွာသားတွေကို လမ်းမှာပဲ လွမ်းခွင့်ပြုကြပါတော့ခင်ဗျာ…။

အားလုံးကို လမ်းမှာပဲ လွမ်းနေတော့မယ့်…
ဘလက်ချော…။

ကဲ မဆိုင်တာတွေလျှောက်ပြီး ပေရှည်နေလို့ စိတ်အခန့်မသင့် ဖြစ်မနေပါနဲ့တော့ မိတ်ဆွေ…။
အောက်မှာ ခင်ဗျား စိတ်ဝင်စားမယ့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွက် မန်းဂဇက် ချစ်သူများ အကြိုက် စာပေဆု ရွေးချယ်ထားတာလေးကို ဖတ်ကြည့်ပေးပါဦး…။
ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ တစ်လတာအတွင်း မန်းဂဇက်မှာ တင်ခဲ့တဲ့ ပို့စ်ပေါင်း၊ တစ်နည်းအားဖြင့် တက်လာခဲ့တဲ့ ပို့စ်ပေါင်းဟာ (၄၂၃) ပို့စ် အထိ ရှိခဲ့ပါတယ်။ ဒီအထဲမှာမှ မန်းဂဇက်ချစ်သူများ စာပေဆု အတွက် ဇကာတင် ပို့စ်ပေါင်း သောင်းခြောက်ထောင် .. အဲ .. အဲ .. ယောင်သွားလို့ .. (၃၇) ပို့စ် ရှိတယ်လို့ ပြောတာပါ။ ဒီပို့စ်တွေက ဘယ်ပို့စ် တွေလဲ ??? ဘယ်သူတွေ ရေးတဲ့ ပို့စ်တွေလဲ ???

အောက်မှာ ရှုစားကြပါ အရပ်ကတို့ ……..။

++++++++++++++++++++++++++

၁။ အားလပ်ရက် အက်ဆေး – ရင်နင့်အောင်
https://myanmargazette.net/161398/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

၂။ “ဂျလေဘီ့သင်ပုန်း ၂၀၁၂ (သို့) ဆဲဆိုခြင်းအနုပညာ” – surmi
https://myanmargazette.net/161851/creative-writing

၃။ ကက´ပေါ်က ဘဝအပိုင်းအစများ – သျှားသက်မာန်
https://myanmargazette.net/161057/creative-writing/short-story

၄။ နေရာ – ခင်ခ
https://myanmargazette.net/161628/creative-writing

၅။ ဘွပုတ်……..ရေ – ကိုပေါက်(မန္တလေး)

“ဘွပုတ်…………..ရေ”

၆။ ဘယ်လိုစားကြမလဲ – နွေဦး

ဘယ်လိုစားကြမလဲ

၇။ အတတ်ပညာနဲ့ ဘာသာစကား ဘာကိုရွေးကြမလဲ? – Green Rose

အတတ်ပညာနဲ့ ဘာသာစကား ဘာကိုရွေးကြမလဲ?

၈။ နွားတစ်ကောင် ကံစမ်းမဲ ပေါက်သွားခြင်း – သော်ဇင် (လွိုင်ကော်)
https://myanmargazette.net/160067/creative-writing

၉။ သမီးလိမ္မာပါတယ် မေမေ……… (ဘဝအမြင်) – အောင်မိုးသူ
https://myanmargazette.net/158402/creative-writing

၁၀။ ခန့်စေ ကောင်း၏ မကောင်း၏ – ကိုပေါက် (မန္တလေး )
https://myanmargazette.net/159511/creative-writing

၁၁။ အမေ့လျော့ခံ အများပြည်သူပိုင်နေရာများ – မင်းနန္ဓာ

အမေ့လျော့ခံ အများပြည်သူပိုင်နေရာများ…

၁၂။ ကန့်လန့်ကာနောက်ကွယ်က သူခိုးများ – သော်ဇင် (လွိုင်ကော်)

ကန့်လန့်ကာနောက်ကွယ်က သူခိုးများ

၁၃။ ခရမ်းသီးကြွပ်ကြွပ်လေး …. နဲ့ အနော် – Yin Nyine Nway

ခရမ်းသီးကြွပ်ကြွပ်လေး …. နဲ့ အနော်

၁၄။ သ = သူ ့မှာတမ်း နှင့် ကိုယ့် စာ အလွမ်း – အလင်းဆက်
https://myanmargazette.net/160860/creative-writing

၁၅။ လူငယ်တို့ ဖန်တီးတည်ဆောက်ရမည့် လူမှုအခြေပြု ကွန်ယက်၊ စာပေနှင့် နိုင်ငံရေးအနုပညာ – သူရဿဝါ
https://myanmargazette.net/161648/creative-writing

၁၆။ လမ်းတွေရဲ့နောက်ဆက်တွဲ – ဆင်ဖြူရှင်
https://myanmargazette.net/161399/uncategorized-other/copypaste

၁၇။ သာဓုခေါ်ရမှာလားတရားစွဲရမှာလားမသိန်းကြည် – ဦးဦးပါလေရာ
https://myanmargazette.net/158703/creative-writing

၁၈။ ခရီးသွားလုပ်ငန်းထဲက S တစ်လုံး – လုံမလေးမွန်မွန်

ခရီးသွားလုပ်ငန်းထဲက S တစ်လုံး

၁၉။ ဘယ်သူကြောင့်လို့အပြစ်တင်မှာလဲ – ကြောင်ကြီး
https://myanmargazette.net/158836/economic-news-international-news-news-industry-people-in-the-news-us-news-news/u-s-news

၂၀။ ဒီလို အဖြစ် နဲ့ကြုံလာရင်ကျေးဇူး ပြုပြီး ကူညီပေးကြပါ – thar ag
https://myanmargazette.net/161936/uncategorized-other/copypaste

၂၁။ ကောင်းသောည ပါ – မောင့်ကျက်သရေ ဂီ့

ကောင်းသောည ပါ

၂၂။ သမဒဂျီးဦးသိန်းစိန် တောင်းပန်ပြီ Apoမlogy update – ကြောင်ကြီး
https://myanmargazette.net/158934/society-lifestyle/aha-jokes

၂၃။ အဆင့်မြင့် သူတောင်းစားလုပ်နည်းတဲ့ဗျ – lynnsatyar
https://myanmargazette.net/158560/uncategorized-other/copypaste

၂၄။ ဖြောင့်ချက် – Pooch

ဖြောင့်ချက်

၂၅။ ရှင်ဒေဝဒတ်ကို မြေမျိုခြင်းအကြောင်း – San Hla Gyi

ရှင်ဒေဝဒတ်ကို မြေမျိုခြင်းအကြောင်း

၂၆။ အော်… မောင်ရယ် – ကိုခင်ခ
https://myanmargazette.net/159491/creative-writing

၂၇။ လွတ်လပ်သောတိုင်းပြည် – မမ
https://myanmargazette.net/159876/creative-writing

၂၈။ ဝ = ဝါသနာ မပါဘူး လို ့. … မပြောပါနဲ ့….။ – အလင်းဆက်
https://myanmargazette.net/160285/creative-writing

၂၉။ မီသောဉာဏ်တစ်ထွာတစ်မိုက်ဖြင့်… ဦးခိုက်လိုက်ပါသည် – ကြောင်ဝတုတ်
https://myanmargazette.net/159392/computers-technology

၃၀။ ဘာကို အပြစ်တင်ရမှာလဲ မီးပုံးကားလေးရယ် – •*¨နန်းတော်ရာသူ •*¨
https://myanmargazette.net/160055/creative-writing

၃၁။ အသက်ကြီးသော်လည်း ရိုးမြေကျ ကြင်နာကြရအောင် – ခင်ခ
https://myanmargazette.net/160783/society-lifestyle

၃၂။ သတိ ဟူသည် ပိုသည်မရှိ – MaMa
https://myanmargazette.net/160270/creative-writing

၃၃။ အများရွှင်တဲ့ နှစ်ပါးခွင် – ဦး ကျောက်ခဲ
https://myanmargazette.net/161735/creative-writing

၃၄။ လွဲမှားခြင်းနိယာမ – သော်ဇင် (လွိုင်ကော်)
https://myanmargazette.net/160799/creative-writing

၃၅။ ခေတ်၏သမီးပျိုနှင့် ……….နီ – သော်ဇင် (လွိုင်ကော်)

ခေတ်၏သမီးပျိုနှင့် ……….နီ

၃၆။ ဒေါ်စိမ်းတို့ မြေးအဖွားနှင့် အသုဘ ကူငွေ (၂၀၀၀) ကျပ် – TheWinner

ဒေါ်စိမ်းတို့ မြေးအဖွားနှင့် အသုဘ ကူငွေ (၂၀၀၀) ကျပ်

၃၇။ အင်တာနက်မီးကိုဘယ်သို့သုံးရပါ့ – •*¨နန်းတော်ရာသူ •*¨

အင်တာနက်မီးကိုဘယ်သို့သုံးရပါ့

++++++++++++++++++++++++++

အထက်က ပို့စ်ပေါင်း (၃၇) ပုဒ်ကတော့ဖြင့် ဇယာတင် စာရင်း ဝင်ခဲ့တဲ့ ပို့စ်တွေပဲ ဖြစ်ပါတယ်။ ဒီပို့စ်တွေထဲကမှ ပထမဆုရပို့စ်၊ ဒုတိယ ဆုရပို့စ်နဲ့ တတိယ ဆုရပို့စ် (၃) ပုဒ်၊ စုစုပေါင်း ပို့စ် (၅) ပုဒ်ကို ဖတ်ရွေးရခြင်း အကြောင်းလေးတွေနဲ့တကွ တင်ပြ ပေးသွားပါမယ်။

တတိယ ဆုရပို့စ် (၃) ပုဒ်

ဟုတ်ကဲ့ …..။ ဒီဇင်ဘာ၊ ၂၀၁၂ အတွက် တတိယ ဆု ရရှိတဲ့ ပို့စ်က သုံးပုဒ်တောင်မှ ရှိခဲ့ပါတယ်။ အဲ့ဒါတွေကတော့ …….။

၁။ အမေ့လျော့ခံ ပြည်သူပိုင် နေရာများ – မင်းနန္ဓာ
( https://myanmargazette.net/161583 )

လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ အချိန်ကိုက် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ ဓါတ်ပုံများနဲ့ သတင်းဆောင်းပါးတစ်ခုလို တင်ပြထားရင်း အများပြည်သူ သတိထားမိအောင် ခဲတစ်လုံးနဲ့ ပစ်လိုက်တဲ့ အလွန်လိုအပ်နေတဲ့ ကွက်လပ်လေးတစ်ခုကို ဖြည့်ဆည်းပေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ စာရေးသူရဲ့ စေတနာ ပေါ်လွင်တယ်။ စာဖတ်သူအားလုံးရဲ့ ရင်ထဲကို ထိစေသလို တာဝန်ရှိသူတွေရင်ထဲကိုလဲ ထိမယ်ဆိုရင်တော့ အလွန် အလွန် အကျိုးရှိလှတဲ့ ဆောင်းပါးတစ်ခု ဖြစ်သွားပါလိမ့်မယ်။

၂။ ကန့်လန့်ကာနောက်ကွယ်က သူခိုးများ – သော်ဇင် (လွိုင်ကော်)
( https://myanmargazette.net/161630/ )

စဉ်းစားစရာတွေကော ရသ ပါပါတဲ့ Post ကောင်းလေးပါပဲ ။
ကို သော်ဇင် ( လှိုင်ကော် ) ဟာ လစဉ် အမြဲဂရုပြုခံနေရတဲ့ စာရေးသူ တစ်ယောက်ပါ ။
ဖြစ်နေတာက သူက လစဉ် Post ကောင်းကောင်း ၃ / ၄ ပုဒ် အမြဲပါနေတော့ ၊
သူ့ Post အချင်းချင်း ပြိုင်နေရသလိုဖြစ်ပြီး အမှတ်တွေ ပြန့်ကုန်တာပါ ။

၃။ ဖြောင့်ချက် – Pooch
( https://myanmargazette.net/160034/ )

ရွာ ထဲ ဝင်လာပုံလေး နဲ့ စိတ်ထဲခံစားရတာတွေ ကို စာဖတ်သူများ စိတ်ဝင်စားအောင် ဆွဲဆောင် ရေးသားပြထား တဲ့ Post လေးပါ။
မှားမိတယ်ထင်တာလေးတွေကို သုံးသပ်ဆင်ခြင်ပြီး အမှန်ကို ရအောင် ယူနိုင်ဖို့ အတွေးလေး ထည့်ပေးထားတဲ့ အတွက် ဒီလ ရဲ့ ဒုတိယ အနှစ်သက်ဆုံး Post အဖြစ်ရွေး ပါတယ်။

ဂဇက်မန်ဘာလို့ ဖြစ်လာသူတိုင်း ဖြတ်သန်းခဲ့ရမြဲ အသစ်ဘဝကို တောင်ခုလပ်က တောင်အောက်ငုံ့ကြည့်ရသလိုရေးပြထားတာမို့ မန်ဘာတိုင်း ဖတ်သင့်တဲ့ ဖြောင့်ချက်ပါ။
လူဖြောင့်စိတ်တို နန်းမတော်မယ်ပုချ်ရဲ့ ဟန်အတိုင်း ရှင်းရှင်းဘွင်းဘွင်း တာလပေါဟင်းချို လေးသောက်ကြည့်ရင် အရသာသိသွားကြမှာပါ။

+++++++++++++++++++++++++

ဒုတိယ ဆုရပို့စ်

လွဲမှားခြင်းနိယာမ – သော်ဇင် (လွိုင်ကော်)
( https://myanmargazette.net/160799/creative-writing )

ဝမ်းရေးအတွက် နွဲ့နေရတဲ့ အခြောက်ကလေးပေါ်မှာ ကာမဘီလူး ကင်းသမားတွေရဲ့ ရက်စက်မှု ဟာ ဖတ်ရသူရဲ့ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားစေပါတယ်။ရှုပ်ထွေးပွေလီတဲ့ လောကကြီးဟာ ကြောက်စရာကြီးပါလားလို့ မြင်လာအောင် ဖွဲ့သွားတဲ့ အရေးပါပဲ။အပုဒ်တိုင်းနီးပါးကောင်းတဲ့ လက်ရာရှင်ပါ။
နွားတစ်ကောင်ကံစမ်းမဲပေါက်ခြင်းကလည်းကောင်းပေမယ့် ဒီတစ်ပုဒ်က ပိုပြီးရင်ကိုထိခိုက်စေလို့ ရွေးချင်ပါတယ်။

ထင်မထားတဲ့ဇာတ်လမ်းလေးတစ်ပိုဒ်ဖြစ်ပြီး ရသမျိုးစုံ ခံစားရပါတယ်။ လက်ရှိ ဘဝအခြေအနေတွေကို တစ်စေ့တစ်စောင်း ဖော်ပြထားတာ ပညာသားပါလှပါတယ်။

ရသစာပေ စစ်စစ်မို့ နှစ်သက်မိပါတယ်။ ချို့တဲ့တဲ့ဘဝပေးအခြေအနေမှာ အားနွဲ့တဲ့ မိန်းကလေးစိတ်ဝင်နေသူတစ်ယောက်ရဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ဒုက္ခတွေ အခက်အခဲတွေကို စာဖတ်သူကို အရင် မိတ်ဆက်ပေးတယ်။ တကယ်အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါမှာ ပင်ကိုယ်ယောင်္ကျားစိတ်ပြန်ဝင်လာတယ် ဆိုတာက ဒီဇာတ်လမ်းရဲ့ အဓိက ပေးလိုရင်းလို့ ထင်မိပါတယ်။ ရသစာပေ အရေးကောင်းတဲ့ သော်ဇင်ရဲ့ စာတွေကို သဘောကျမိသလို ဒီစာကိုရွေးတာဟာ ဒီတစ်ပုဒ်ထဲအတွက် မဟုတ်ပဲ သူ့ဖက်ကကြည့်တော့ လက်ဖဝါး၊ ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုးလို့ မြင်တတ်ကြတဲ့ `နွားတစ်ကောင် ကံစမ်းမဲ ပေါက်သွားခြင်း´ ဆိုတဲ့ စာနဲ့ပူးတွဲပေးချင်ပါတယ်။

စစဖတ်ချင်း မိန်းကလေးတစ်ယောက် လိုပုံဖော်ကြည့်နေရင်း နောက်ဆုံးကျမှ ဂေးလ်လေး ဖြစ်နေတာကို သိလိုက်ရတယ်.. တင်ပြပုံလေးဆန်းကြယ်လို.ကြိုက်မိပါတယ်..
လူတွေရဲ. ဂေးလ်တစ်ယောက်အပေါ် ဖိနှိပ်ချင်တဲ့စိတ် ကနွှဲ.ကလျလေးဆိုရင် အနိုင်ကျင့်ချင်တဲ့စိတ်တွေ ကို ထင်ထင်ရှားရှားတွေ.မြင်ရပြီး… မိဘအပေါ်လုပ်ကျွေးနေရှာတဲ့ အလုပ်အစုံလုပ်ပြီး မိန်းကလေးစိတ်ဝင်နေတဲ့သူကို ဖေးမ မကူပဲ နိုင်လိုမင်းထက်လုပ်တဲ့သူတွေကို ဒေါသပေါက်ကွဲ ယောင်္ကျားလေးစိတ် ဝင်လာကာ သတ်မိသွားတဲ့ ဂေးလ်လေးရဲ. စိတ်ကိုပေါ်လွင်အောင် ရေးပြနိုင်စွမ်းလို. ကြိုက်မိပါတယ်

+++++++++++++++++++++++++++++++++++++

ပထမ ဆုရပို့စ် ကတော့ ……….

ဘယ်လိုစားကြမလဲ – နွေဦး
( https://myanmargazette.net/161873 )

အရင်လ တွေအားလုံးမှာ ရသ တွေကိုချည်းပဲ ရွေးနေမိတာ ၊
သုတ ရေးနေတဲ့သူတွေအပေါ် မတရားရာ ရောက်နေပြီလို့ ခံစားမိနေတာ ကြာပါပြီ ။
ဒီလမှာတော့ ရှားရှားပါးပါး သုတ လေး တစ်ပုဒ်က ထိုးထွက်လာပြီး ၊
ခေတ် အခြေအနေအရ လိုအပ်နေတဲ့ ကွက်လပ်လေးကို ၊
စာရေးသူရဲ့ ကြိုးစား စုဆောင်းပေးမှု စေတနာ နှင့် ၊
ပုံလေးတွေကအစ သေသေသပ်သပ် ရွေးချယ် ထည့်သွင်းထားလို့ ၊
ဒီလအတွက် ကျနော် အကြိုက်ဆုံးအနေနှင့် ရွေးမိရပါတယ် ။

နိုင်ငံတကာနှင့်ကူးလူးဆက်ဆံမူ့များလာချိန်တွင် လက်နှင့်စားမှအားရတတ်သော
ကျနော်လို့လူအတွက် ဖြစ်သလိုနေတတ်သော ကျနော်စရိုက်အတွက် သတိထားစရာ
အတုယူစရာ ပိုစ်တစ်ခုဖြစ်နေ၍နှစ်သက်မီပါသည်။

ပြောင်းလဲနေသောယနေ့ခေတ်ကြီးမှာ နိုင်ငံတကာနဲ့ဆက်ဆံကြရတဲ့အခါမှာ သူ့နေရာနဲ့သူ နေထိုင်စားသောက်တတ်ကြဖို့အတွက် လိုအပ်တဲ့ သိသင့်တဲ့ အသိပညာကို စနစ်တကျ သိထားပြီး ဖြန့်ဝေပေးတာမို့ နှစ်သက်မိပါတယ်။ Output ပြီးတော့ Input lesson တွေ တစ်ခုပြီး တစ်ခုပေးတတ်တဲ့ နွေဦးရဲ့ နောင်လာမယ့် Etiquette lesson တွေကိုလည်း သိချင်ပါသေးတယ်။

လူတိုင်းအတွက် အသုံးဝင်တဲ့ သိထားသင့်တဲ့ ယဉ်ကျေးဖွယ်ရာ ထမင်းစားနည်းလေးကို ပုံလေးတွေနဲ့ ရှင်းရှင်းလင်းလင်းတင်ပြထားတာနှစ်သက်ပါတယ်။သုတရော ရသပါ ပြည့်စုံပါတယ်။ဖတ်ရသူတိုင်း အကျိုးရှိစေတဲ့ အကြောင်းအရာပါ။
ဒီစာရဲ့ရှေ့က အိမ်သာဘယ်လိုသုံးကြမလဲ တွက်ပါ ပေါင်းပြီးပေးချင်တဲ့ အမှတ်တွေပါ။

(ဒီလ စာပေဆုရွေးချယ်တဲ့ ပို့စ်အတွက် အကူအညီပေးခဲ့တဲ့ ညီငယ်လေး အံစာတုံးရဲ့ ကူညီမှုကို တစ်သက်လုံး အမှတ်ရနေတော့မယ် ဆိုတဲ့ အကြောင်း မှတ်မှတ်ရရ ရေးခဲ့ပါတယ်ဗျာ…။)

လမ်းပေါ်က အလွမ်းသမား
ဘလက်ချော…။

54 comments

  • ကိုဘလက်ရေ
    နောက်ဆုံးပိတ်အိတ်နဲ့လွယ်သလိုရေးထဲ့လိုက်နော်
    “ကံမကုန်ရင် ပြန်ဆုံကြအုံးမယ် ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်”
    (ခင်ဝမ်း)

  • ဘယ်လိုဂျီးတုန်း ဦးဘလက်ကြီးရဲ့ …
    လမ်းပေါ်မှာ လွမ်းမယ် ဆိုတော့လေ …..
    အိုက်လိုဂျီးဒေါ့ လုပ်ပါနဲ့ဂျာ …
    ကြုံရင် ကြုံသလို ဝင်ကစ်မယ် ဆိုတာလောက်လေးတော့ လုပ်ပါအုံးဂျာ ….

    ဒီဇင်ဘာ အတွက် ဆု ရရှိသွားတဲ့ ကိုနွေဦး ခင်ဗျာ ….
    ကွန်ကရက် ကျူလေးရှင်းပါ ဆိုတဲ့အကြောင်းးးးးး
    ကိုနွေဦး ဆိုတာ ဘယ်လိုကြီးတုံး သိခွင့်ရအောင်လည်း :mrgreen:
    ဆုပေးပွဲကို တက်ရောက်ပြီး ဆုယူပါဦးလို့လည်း ဖိတ်ကြားအပ်ပါသည် ခင်ဗျာ ……။

  • ခင်ခ

    January 8, 2013 at 10:32 pm

    ကိုနွေဦး ရေ ဂုဏ်ပြုစွာနဲ့ လက်ခုပ်တီးကာ အားပေးလိုက်ပါတယ်။ ဖြောင်း…ဖြောင်း…ဖြောင်း……
    ပိုစ့်တင်ပေးသူ ဦးဘလက်ချောရေ လွမ်းနေရင်း နဲ့ ကျေးဇူးဗျို့။

  • blackchaw

    January 8, 2013 at 10:38 pm

    အထင်မလွဲပါနဲ့ ကိုရင်အံစာ…။
    အွန်လိုင်းနဲ့ အချိန်တော်တော်ကြာအောင် ဝေးနေရဦးမှာ သေချာနေတာမို့…
    လမ်းမှာပဲ လွမ်းတော့မယ်လို့ ဆိုလိုတာပါ…။

  • weiwei

    January 8, 2013 at 10:38 pm

    နောက်ဆုံးပိတ် အိတ်နဲ့လွယ်သလို အားရပါးရ ရေးထားတာတွေကို ဖတ်လိုက်ရပေမယ့် …
    လွမ်းသလိုလိုဖြစ်လာတယ် .. ဘာကို ဘယ်လို ဘာကြောင့် လွမ်းမှန်းတော့ မသိဘူး …

    ပထမဆုရှင်အတွက် congratulations! ပါလို့ ..
    ဒုတိယ .. တတိယ … ဇကာတင်ပို့စ် အားလုံးအတွက်လဲ ဂုဏ်ယူဝမ်းမြောက်ပါတယ်လို့ …

    ၂၀၁၃ မှာလဲ စာကောင်းကောင်းတွေကို များများရေး များများဖတ်နိုင်ပါစေလို့ ဆုတောင်းချင်ပါတယ် …

  • ဦးဦးပါလေရာ

    January 8, 2013 at 11:23 pm

    တာဝန်ကျေပါတယ် တံခါးမှုးကြီးရေ-
    လမ်းမှာလွမ်းရတာ အားမရလို့
    လဘက်ရည်ဆိုင်လေးထိုင်ပြီးလွမ်းချင်တဲ့အခါ ကျုပ်ကို သတိရလိုက်ပါနော..

  • pooch

    January 8, 2013 at 11:35 pm

    ကိုဘလက်ရေ တွေ့လိုက်ဆုံလိုက် ကြုံလိုက် ခွဲခွာလိုက်ကြနဲ့ သံသရာ ခရီးသည်တွေ ဆိုတော့ တကွေ့ မကြုံ တကွေ့တော့ ပြန် ဆုံကြအုန်းမှာပါ။

    နောက်ဆံမတင်းပါနဲ့ ။ လမ်းကိုလည်း ဖြောင့်ဖြောင့်သွားပါ။ မောလာတော့လည်း ခရီးတထောက်ပြန်ဝင်နားလှည့်ပါ။

    ကျမပိုစ့်ကို ရွေးပေးတာ တာလဘောကြိုက်တဲ့ ကထူးဆန်းကြီးမလား 😀
    ဖတ် ရွေးပေးတဲ့ သူများ အားလုံး ကျေးဇူးပါ။

  • surmi

    January 8, 2013 at 11:50 pm

    ကိုဘလက်ရေ …..
    လမ်းပေါ်ကလွမ်းကြေးဆို ကျနော်လည်းပါသဗျ ။ ပြီးခဲ ့တဲ ့လနဲ့ ဒီလဆို ရွာထဲမဝင်ဖြစ်တာ ခတ်များများ ။
    ဘာပဲဖြစ်ဖြစ် သတိတော့ ရနေမိတာပါပဲ …..
    အဲ ….. အခုရသွားတဲ့ ကိုနွေဦး ရေ …. ဂုဏ်ယူပါတယ်ဗျာ … ဒီလလည်း ထပ်မျှော်နေမယ်ဗျို့ ့ …
    ပြီးခဲ့တဲ့ အိမ်သာပို့စ်မှာကတည်းက ရလုနီးနီးဘဲနော ….
    ခုလည်း ရွားသူားများအားလုံးနီးပါးကြိုက်မယ်ထင်ပါတယ် …။
    ဒီလ မြန်မာထမင်းပွဲလေးလည်း စားကောင်းတယ်ဗျို့ ့ ။။။။

    ပြီးတော့ အံ ့ဩမိတာလေး တစ်ခုက ကျနော့်ရဲ ့ ပို့စ် ကိုဆန်ကာတင်အဖြစ်နဲ့ ရွေးခဲ့တာကိုပါ …
    ကျနော် ဘယ်လိုမှထင်မထားပါဘူး … ဖတ်ရွေးအဖွဲ့ကြီးကိုလည်း အထူးပဲ လေးစားပါတယ် ။
    တကယ်တော့ ဒီရွေးချယ်မှုက အခန့်မသင် ့ရင် မေတ္တာပို့ ခံရနိုင်ပါတယ် ….။
    အကယ်၍များ အပြစ်တစုံတရာ မြင်စရာဖြစ်ခဲ ့ရင် ရေးမိတဲ့ ကျနော် ့ကိုသာလျှင် အပြစ်ဆိုပါ…လို့ …

    နောက်တစ်ခုက ….
    ဒီပို့စ်ကို ရေးဖြစ်အောင် အဓိကနေရာက ကူညီပေးခဲ့တဲ့ မောင်အံ(အံစာတုုံး) ကိုလည်း ကျေးဇူး
    အထူးပါ … နောက်ထပ် ကျေးဇူးတင်ရမည် ့သူတွေကတော့ ရေးဖြစ်ဖို့ မြှောက်ပေး … အဲ …ယောင်လို့
    အကြံဥဏ်ပေး တိုက်တွန်း ဆွေးနွေး ပေးခဲ့တဲ့ ဦးမာဃ ၊ မခိုင်ဇာ ၊ မမွန်မွန် ၊ မောင်မိုဘိုင်း နှင် ့
    မနန်းတော်ရာသူ … တို့နှင် ့တကွ ဖတ်ရှုအားပေး မှတ်ချက်ရေးပေးခဲ့ကြသောရွာသူားများနှင် ့တစ်ကွ
    စာဖတ်သူ စာပေမိတ်ဆွေများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း …..

    (အဆဲခံရမယ်ထင်တဲ့ ပို ့စ်က ဆန်ကာတင်စာရင်းဝင်သွားလို့ အိမ်မက် လေလား ၊ တကယ်လား ဟု
    အံ ့ဩဝမ်းသာ ဖြစ်နေမိပါကြောင်း …. 🙂 )
    :kwi:

  • Foreign Resident

    January 9, 2013 at 12:42 am

    Congratulations ပါ ကိုနွေဦး ။

  • kai

    January 9, 2013 at 2:34 am

    “ဆားနဲ့ပါဘုရား”ကြီးက.. လောကအရသာအရှိဆုံးတွေထဲ.. ကျင်ကြီးကိစ္စလို့.. ဘုရင်ကိုလက်တွေ့သက်သေနဲ့.. တင်လျှောက်ဖူးတယ်တဲ့..
    ကိုရင်နွေဦးက.. “အိမ်သာနဲ့ဖွင့်..ပါးစပ်နဲ့ပိတ်.. ဆုကိုထိပ်ကဆွတ်”တာပေါ့..
    =
    ဆိုတော့..
    လမ်းပေါ်ဆိုတာကြားရရင်.. “လမ်းခင်းတဲ့ကျောက်ခဲ”သီချင်းကိုသတိရတယ်..
    အဲဒီကနေ.. ကျောက်ခဲက..တန်ဖိုးမရှိသလို ဖွဲ့ထားတာသတိရတယ်..
    အဲဒီကနေ..
    တလောကဖတ်ဖြစ်တဲ့.. အင်္ဂ ါဂြိုလ်ကကျောက်ခဲသတင်းလေး..သတင်းရတယ်..
    တန်ဖိုးမသေးဘူးနော…။
    လမ်းပျော်၍
    လှိမ့်နိုင်.. လိမ့်နိုင်ပါစေ.. :harr:

    Ancient Resource: Moon Rock, Mars Rock, and Meteorites For Sale
    http://www.ancientresource.com/lots/moon_mars_meteorites.html
    Authentic Moon rock, mars rock, and meteorites for sale. … DaG 400 & DaG 262 – and the asking prices were still $200,000 – $250,000 a gram. Hence a small …
    =
    Water found in two-billion-year-old Mars rock
    The Sofia Globe-Jan 3, 2013
    Scientists examining a 2 billion-year-old rock from Mars that landed in the Sahara desert say it holds a large amount of water for a Martian …

  • ဦး ကျောက်ခဲ

    January 9, 2013 at 7:48 am

    ကိုနွေဦး နဲ့ ဒီဇင်ဘာလ မန်းဂဇက်ချစ်သူများ အကြိုက်ဆုံး စာပေဆု ရရှိသူအားလုံး ကွန်ကရက် ကျူလေးရှင်းပါ ခင်ဗျား……
    ပိုစ့်ပိုင်ရှင် ကိုဘလက်ကြီးကိုလဲ မောင်ကျောက်က လွမ်းနေတာခင်ဗျ….
    ကံကုန်ကုန် မကုန်ကုန် ပြန်ဆုံချင်ပါသေးတယ်…

  • aye.kk

    January 9, 2013 at 8:43 am

    မကြာခင်ဘာဝနာအလုပ်
    အားထုတ်တော့မှာမို ့။
    ပျော်မွေ ့သလောက်နေရင်းနဲ ့
    ဂေဇက်မှာသံယောဇဉ်ဖြစ်ခဲ့ရတဲ့ခင်မင်သူမိတ်ဆွေအပေါင်းကို
    သတင်းပါးရင်း…။
    ကိုဘလက်အပါဝင်အားလုံးကိုနှုတ်ဆက်ပါကြောင်းပြောပြလိုက်ပါရစေ။။
    အားလုံးကိုကျေးဇူးတင်စွာဖြင့်သာ…..(aye.kk)

    • ဦးကြောင်ကြီး

      January 10, 2013 at 9:05 am

      နွေဦး ငွေမြူး ဇေထူးရင် ရေဘူးဆောင်…..

      အန်တီအေး ဘာဝနာကမ္မဌာန်း မပင်ပန်း ဆင်မြန်းနိုင်ပါစေ..
      ဘာဝနာအလုပ်
      တဏှာခွာထုတ်
      ဆရာလာဟုတ်
      ငါမရှာပြုတ်…။

  • MaMa

    January 9, 2013 at 8:53 am

    ၂၀၁၂ စာပေဆုကို ကြေညာပေးတဲ့ ကိုဘလက်က အစာပိတ်အနေနဲ့ ပီတီအပြည့်ရအောင် ကြေညာပေးလိုက်နိုင်ပါပေတယ်။ :hee:
    အင်းးးးးးးး ဘလက်ချော မြွေဖမ်းပြီး လွမ်းခိုင်းလို့ တရွာလုံးလည်း မျက်ရည်စိုရွှဲ တပို့တွဲဖြစ်ကုန်ကြပြီ။
    အဲ…. ဇကာတင်စာရင်းရဲ့ နောက်ဆုံးမှာ ကိုယ့်ပိုစ့်လေးတွေ့လိုက်တော့…
    တယ်ဟုတ်တဲ့ ငါပါလား လို့တောင် သွေးနားထင်ရောက်သွားတယ်။
    ဆုများရရင်တော့ ဘယ်လိုနေမယ်မသိဘူး။ :kwi:

    ဘယ်လိုစားကြမလဲ ဆိုတဲ့ပိုစ့်နဲ့ ဆုရတဲ့ နွေဦးကိုလည်း ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါကြောင်းးးးးးးးးးးး
    နှင့်
    လက်တွေ့သင်ကြားပေးနိုင်ရန် ဇန်နဝါရီ ၂ဝရက်နေ့ မန်းဂဇက်မန်ဘာများတွေ့ဆုံပွဲသို့ ကိုယ်တိုင်ကိုယ်ကျ ကြွရောက်ချီးမြှင့်စေလိုပါကြောင်းးးးးးးးးးးး :hee:

  • mamanoyar

    January 9, 2013 at 9:36 am

    ဆုရရှိသူများ အတွက် အရမ်းကိုဝမ်းသာပါတယ်ရှင်

  • nozomi

    January 9, 2013 at 9:42 am

    ပထမရတဲ့ ကိုနွေဦး နဲ့ စကာတင်အားလုံး ၊ ပို့စ် ၄၂၃ ပုဒ် ရေးခဲ့ကြတဲ့ ရွာသူား အားလုံးအတွက် ဝမ်းသာ ဂုဏ်ယူပါတယ်

    ကိုချောကြီး ရဲ့ ကျေးဇူးတင် စကားလေးက အကယ်ဒမီဆုရတဲ့သူတွေ ပြောတဲ့ ကျေးဇူးတင်စကားတွေထက် ပိုကောင်းနေတယ်ဗျ (ဘယ်လောက်တောင် ကျင့်ထားတယ် မသိ )

    လွမ်း တဲ့ အကြောင်း သိပ်မပြောကြပါနဲ့ ဗျာ အသည်းငယ်လို့ ငိုချင်လို့ပါ
    ရွာထဲမှာလဲ နုတ်ဆက်ကြ လွမ်းကြနဲ့ ဖတ်ရတိုင်း စိတ်မကောင်းဖြစ်မိတာမို့
    တတ်နို်င်ရင် တိတ်တိတ်လေးထွက် အချိန်ရရင် အခြေအနေပေးရင် တိတ်တိတ်လေးပဲ ပြန်ဝင်ကြပါလား ဘယ်အချိန် မဆို ရွာကြီးကတော့ နွေးနွေးထွေးထွေး ကြိုဆိုနေမယ်ဆိုတာ အကြွင်းမဲ့ ယုံပါတယ်

  • မိုချို

    January 9, 2013 at 9:48 am

    ကွန်ဂရက်ကျူလေးရှင်း ပါ ကိုနွေဦး ၊ ဓါတ်ပုံလေးတွေ ဝေဝေဆာဆာ၊ အရေးသား ကောင်းကောင်း နဲ့ ကိုနွေဦးရဲ့ ပိုစ့် လေးတွေ က သုတစာပေ ဆိုပေမယ့် ဈေးကွက်ဝင် မဂ္ဂဇင်းတွေ က ဆောင်း ပါး တွေ လို ဖတ်တဲ့ သူ စိတ်ဝင်စားအောင် ဆွဲဆောင်မှု ရှိတဲ့ ပိုစ့် လေးတွေ ပါ။ နောက် လ အတွက်လည်း မြန်မာ့ ထမင်းစား ပွဲ ယဉ်ကျေး မှု က စကာတင်ထဲ ကြိမ်း သေ ပါနေမှာ မြင်ယောင် နေပါတယ်။
    ကိုသော်ဇင်ရဲ့ ပိုစ့် တွေမှာလည်း ကွန်မန့် သိပ် မပေး ဖြစ်ပေမယ့် စိတ်ထဲ မှာ တော့ အမြဲသဘောကျမိပါတယ်။ ဆုနဲ့ တေ့တေ့ လွဲ နေပေမယ့် အား မလျှော့ ပဲ ဆက်ရေး ပါနော်။ မကြာခင် မှာ ဆု ရ မယ့် သူ လို့ မြင်နေမိပါတယ်။
    ကိုရွာစား၊ မယ်ပုချ် နဲ့ တခြား စကာတင် အားလုံး အတွက်လည်း ထပ်တူ ထပ်မျှဝမ်း သာ မိပါတယ် ။
    ကို ဘလက် က လမ်း မှာ ပဲ လွမ်းတော့ မယ် ဆိုတော့ ဂဇတ် ကို ခွဲ ပြီး ဘယ်သွား မှာ မို့ လဲ ဟင်။

  • Green Rose

    January 9, 2013 at 10:41 am

    မင်းနန္ဓာ, သော်ဇင် (လွိုင်ကော်), Pooch, နွေဦး အားလုံးပဲ ကွန်ကရက်ကျူလေးရှင်းပါ

  • ဆူး

    January 9, 2013 at 11:53 am

    အမလေး နှုတ်ဆက်နေတယ်.. နှုတ်မဆက်နဲ့ ငိုချင်တယ်.. သီချင်းမဟုတ်ဘူး.. နောက်ထပ် ပိုစ်လေးတွေ မြင်ချင် တွေ့ချင်ပါသေးတယ်။ အတည်ပြောတာ မလွမ်းချင်ဘူး။

  • စားတတ်အောင်ပုံလေးတွေနဲ့တကွသင်ကြားပြသပေးတဲ့ ကိုနွေဦးရေ ဝမ်းသာဂုဏ်ယူပါတယ်ရှင်။
    ဒီဇင်ဘာလဆုရှင်ကိုမျှော်နေတာလည်ပင်းညောင်းလှပေါ့။
    ဖတ်ရွေးအဖွဲ့ကြီးကိုကျေးဇူးတင်ပါတယ်။

  • အရင်လမှာလဲ ဇကာတင်၂ပုဒ်၊အထုလမှာလဲဇကာတင်၂ပုဒ်
    နန်းတော်ရာသူက ဇကာချလို့မရအောင် ဝနေပါလား :kwi:
    …ဘာပဲပြောပြော ၁၂၃ ၃ယောက်စလုံးအတွက်ကော၊ဇကာတင် ၃၄ရဲ့အတွက်ပါ ဂုဏ်ယူပါတယ်ရှင့်။
    🙂

  • etone

    January 9, 2013 at 12:44 pm

    WoooooW !!!! Congratulation ပါ ကိုနွေဦးရေ …. ။ :gee:
    ကျင်လည်နေရတဲ့ လူမှု အသိုင်းဝိုင်းထဲ မရှိမဖြစ်လိုအပ်တဲ့ etiquetteနဲ့ သက်ဆိုင်တဲ့စာလေးမို့ .. အရမ်းပဲ သဘောကျခဲ့တာ .. ။ အခုလို ထိုက်တန်တဲ့ ပို့စ်လေးဆုရတဲ့အတွက် ထပ်တူ ဝမ်းသာမိပါတယ် ။

    အဟီး .. ပြောချင်တာပြောနေတာနဲ့ …. နှုတ်ဆက်ဖို့ မေ့သွားတယ် … ။ 😉
    ဦးချောကလက်ကြီးရေ .. မင်္ဂလာပါရှင့် …. ။ အမေနဲ့ တမာကို လွမ်းလျှင် ရွာပြန်လာပါလို့ …… :harr:

  • amatmin

    January 9, 2013 at 1:15 pm

    ဒီဇင်ဘာ ဆုရှင် ကိုနွေဦးအပါအဝင် ..
    စကာတင်အားလုံးကို ဂုဏ်ပြုပါသဗျ…
    ကိုဘလက်က အူးခင်ဝမ်းသီချင်းနဲ့ လွမ်းပြပီး.
    နှုတ်ဆက်တေးဆိုတာကို ဖတ်ရတော့..
    တဂိုး ကဗျာ တပိုင်းတစလေးကို သတိရမိ ရင်း
    ပြန်နှုတ်ဆက်လိုက်ပါတယ်ဗျာ..
    တွေ့.ဆုံ.ကြုံ.ကွဲ.ဖြစ်နေတာကိုက ဘဝ လို့ ဆိုကြသကိုး..
    အစစ အရာရာတိုင်း အကုန်အဆင်ပြေပါစေ..အူးလေးရာ.. 🙂

    ဦးညွတ်ကာ
    အားလုံးကို ကျနော်နှုတ်ဆက်ခဲ့ပါသည်။
    ညီအစ်ကိုတို့…
    ကျနော့်အားလည်း မေတ္တာပို့ကြပါလေ…
    ဟောဒီမှာ…
    ကျနော့်ရဲ့ အိမ်သော့ကို ပြန်ပေးခဲ့ပါပြီ။
    ကြင်နာခြင်းနှင့် ပြန်လည်နှုတ်ဆက်ခြင်းကိုသာ
    သင်တို့ထံမှ တောင်းဆိုလိုပါသည်။
    ကျနော်တို့သည် အိမ်နီးချင်းများအဖြစ်
    နှစ်ပေါင်းကြာခဲ့၏။
    ကျနော်ကား အပေးထက် အယူများခဲ့သည်။
    နံနက်ခင်း၏ အလင်းသည်
    ကျနော်ထွန်းသော အမှောင်ထောင့်ချိုးမှ
    မီးအိမ်ကို ငြိမ်းစေ၏။
    ခေါ်သံကို ကြားရလေပြီ။
    ကျနော်သည်လည်း…
    သွားရန် အသင့်ဖြစ်ချေပြီ။

    • amatmin

      January 9, 2013 at 2:10 pm

      အပေါ်နားမှာ အောက်ကလိုမန့်ထားတာလေးကို မမြင်မိလို့..
      ဇွတ်နှုတ်ဆက်သလို ဖြစ်သွားရင်ဆောရီး..ဗျာ့.
      အူးလေး ပြောထားဖူးတဲ့ ဟိုဆြာရီးရေးပေးတဲ့ စာကို ပို့စ်မြန်မြန်တင်လိုက်ရင်.
      လွမ်းစရာမလို တော့ဘူးမှတ်လိုက်ပါ့မယ်. 🙂

      blackchaw says:

      အထင်မလွဲပါနဲ့ ကိုရင်အံစာ…။
      အွန်လိုင်းနဲ့ အချိန်တော်တော်ကြာအောင် ဝေးနေရဦးမှာ သေချာနေတာမို့…
      လမ်းမှာပဲ လွမ်းတော့မယ်လို့ ဆိုလိုတာပါ…။

  • Shwe Tike Soe

    January 9, 2013 at 2:38 pm

    ကျွန်တော်လဲ မီးဖိုးချောင်ထဲက လွမ်းတော့မယ်ဗျာ………..

    မိန်းမရသွားတော့ အိမ်သူသက်ထားဇနီးမယားကို မျက်နှာလို မျက်နှာရ လုပ်ရင် အဝတ်လျှော်၊ထမင်းချက်၊ နင်းနှိပ်ပေးနေရတော့ အခု ရွာထဲကို မလာနိုင်ပါဘူးဗျာ……. ခိခိခိ
    အော် ဦးဘလက်လိုပဲ အော်လိုက်ချင်တယ်.. ရွာသူားတို.ရေ ရွှေတိုက်စိုးလဲ မီးဖိုးချောင်ထဲက လွမ်းသဗျာ…
    အဝတ်ထုတ်ကို ဘယ်မှာကိုင် ညာလက်က ယောက်မ ဆွဲ ခြေထောက်က အောက်က ချစ်ဇနီး လက်ပကျွတ်ကို လည်မှာချိတ် ဖုန်းအင်တာနက်နဲ. လွမ်းဒါဘဲ……

    ဦးဘလက်ရာ ကားမောင်းရင် ရွာထဲဝင်လို.ရပါတယ်.. လက်ပကျွတ်လေး လည်ပင်းသိုင်းကြိုးလေးနဲ.ချိတ် ဖုန်းအင်တာနက်လေးနဲ. ပို.စ်တင်လို.ရပ……… ပိန်းပ ဗျာ……..ခိခိခိ

    ရွာသူားတွေက ဦးဘလက်ကို နှုတ်ဆက်နေကြတယ်ထင်နေတာ….. ဦးဘလက်ချောဆိုတာ ရွာထိပ်မှာထားတဲ့ နတ်ရုပ်ကြီးဗျ………..ဟဟဟဟဟဟဟဟဟ
    ရွှေ.ချင်ရင်တောင် ကန်တော့ပွဲနဲ. နေရာရွှေ.ရမှာ…….. ဘယ်တော့မှထွက်မှာမဟုတ်ဘူး…

    အပေါ်မှာ ကော့မန်.ပေးတဲ့သူများ ကို ပိုးစိုးပက်စက်ဝေဖန်ချင်ပါတယ်…….. ပို.စ်လေးကို လှလှပပလေးဖတ်ကြဇမ်းဘာ ဂျာ…………….
    တားတားတောင် တဘောပေါက်တေးဒယ်……လူဂျီးဒွေဖစ်ပြီး ပိန်းပ အေ………. ခွိခွိခွိ
    ဦးဘလက်က ရွာကထွက်မယ်ကျောနေဒါဟုတ်ဘူးအေ့… သူ.ဖန်မလီဒလိုက်ဘာ လုပ်ပြီး ကြားပေါက်တက်စီဆွဲနေလို. မအားဒါကို ကျောဒါ အဲဒါ အဲဒါ အဲဒါ…….
    အဲဒါကို ဟို မျက်နှာမှာ ဗလာစီယာတပ်ထားတဲ့ အမတ်ကြီးက လွမ်းချင်းတောင် ရေးသွားသေး………
    မျက်မှန်ကြီးတပ်ပြီး ပိန်းပအေ……..ဟေဟေဟေဟေး (ဆော်ချင်နေဒါကြာပေါ့..အခုမှ အကွက်တွေ.သွားဒါ)… ခိခိခိ
    :kwi: :kwi: :kwi:

    • ဆူး

      January 9, 2013 at 2:43 pm

      တိုက်တိုက် မနေ့က ဘာဟင်းချက်လဲဟင်..
      လက်ရာတွေ တိုးတက်လာရင် ထမင်းစား ဖိတ်အုန်းဟယ်..

  • manawphyulay

    January 9, 2013 at 2:50 pm

    အလွမ်းများနဲ့ မရောက်တာကြာလို့ ခဏတဖြုတ် လာရောက်ဝင်လည်ပြီး လွမ်းသွားပါတယ်။ ရရှိသူကိုလည်း လက်ခုပ်တီးပြီး ဂုဏ်ပြုလိုက်ပါတယ်နော်။

  • kyeemite

    January 9, 2013 at 4:20 pm

    Congratulations ပါ ကိုနွေဦး ခင်ဗျား…
    ကျန်ဇကာတင်အရွေးခံရသူများကိုလည်းချီးကျူးလေးစားပါကြောင်းနဲ့
    ဒီလ အကြောင်းကြောင်းကြောင့် ဖတ်ရွေးအဖွဲ့ က ခွင့်ယူလိုက်ရတာ
    ကြောင့် ကျန်ဖတ်ရွေးအဖွဲ့ဝင်များကိုလည်းအောင်မြင်အောင်ရွေးပေးကြလို့
    ဝမ်းသာကျေးဇူးတင်ပါဂျောင်း…
    ကိုဘလက်ကိုတော့…ဦးပါလေရာ လေသံနဲ့ပြောရရင်…
    တာဝန်ကျေပါတယ် တံခါးမှုးကြီးရေ-
    လမ်းမှာလွမ်းရတာ အားမရလို့
    ဗြစ်ရည်ဆိုင်လေးထိုင်ပြီးလွမ်းချင်တဲ့အခါ ကျုပ်ကို သတိရလိုက်ပါနော..
    အားလုံးကိုလေးစားခင်မင်လျှက်…
    ရွာထဲမဝင်နိုင်ဖြစ်နေရပါသော..
    ကြီးမိုက်။
    :kwi: :kwi: :kwi:

  • ဗုံဗုံ

    January 9, 2013 at 4:28 pm

    ဟေးးးးးးးးးဖြောင်း းးးးးးးဖြောင်းးးးးးးးးးးး ဖြောင်းးးးးးးးးးး ဦးလေး နွေဦးပေါက် ကွ မုန့်ကြွေးရမယ် ဒါဘဲ :harr:

  • TheWinner

    January 9, 2013 at 5:05 pm

    ဆုရတဲ့သူတွေအတွက်ရော၊ လက်ရွေးစဉ် post လေးတွေအတွက်ပါ အလွန့်အလွန့်ပဲ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင့်။
    ဖတ်ရွေးအဖွဲ့ကြီးကိုလည်း လေးစားမိပါတယ်။ တကယ်တော့ တကယ့်ကို မလွယ်ပါဘူး။
    ဦးဦးဘလက်ချောရဲ့ အကယ်ဒမီပေးပွဲအတိုင်း ကျေးဇူးတင်စကားပြောကြားသွားတာလည်း နောင်နှစ် အကယ်ဒမီ ဆုရှင်များ အတုယူစရာပါနော်။

  • ဦးလေးဖြူကြမ်းရေ..
    လုံမလေးကိုတော့ Prome မှာ လွမ်းပါနော်… 🙂

    ဆုရပို့စ်အတွက် (ပို့စ်ပိုင်ရှင် ကိုနွေဦး အတွက်) လှိုက်လှိုက်လှဲလှဲကို ဝမ်းသာဂုဏ်ယူပါတယ်လို့… သုတပို့စ်လေးတစ်ပုဒ်လောက်ကို မျှော်နေမိတဲ့အပြင် ထူးခြားတဲ့ အဲ့ဒီပို့စ်လေးကို အရမ်းကြိုက်လို့ပါ…

    နောက် စကာတင်တွေအားလုံးကိုလည်း ဂုဏ်ပြုပါတယ်လို့…

    ပြီးတော့ အားလုံးပျော်ပျော်ရွှင်ရွှင် စားသောက် … အဲ.. တွေ့ဆုံရအောင် ၂ဝ ရက်နေ့ကို မျှော်နေမိပါတယ်လို့…

    ချစ်တဲ့
    လုံမလေးမွန်မွန်..

    စကားအတင်းစပ် (ခွက်ဒစ်တူ သဂျီး..) အာဗာတာက မနန်းတော်ရာသူလက်ရာလေးပါ…ကြွားတာပါ.. 🙂

  • ဦးဦးပါလေရာ

    January 9, 2013 at 5:35 pm

    ကိုချောက သူ့ဇနီးလေးနဲ့ ဂဒီးဂဒီး ဟန်းနီးမွန်းထွက်ဖြစ်နေတာကို ကဗျာဆန်ဆန်ကြွားတာများ….

    :harr:

    စိတ်ချကြပါ……
    တံခါးမှုးကြီး ရွာထဲက တစ်လက်မမှမရွေ့တဲ့အပြင်
    မန္တလေးဂဇက် အဖွဲ့ဝင်များ တွေ့ဆုံပွဲ နဲ့ မန်းဂဇက်ချစ်သူများအကြိုက်ဆုံးစာပေဆုပေးပွဲ မှာ မှတ်တမ်းတင်ပြီး
    အထိမ်းအမှတ်ပိုစ့်တောင် တင်ပေးဦးမှာ…။
    တံခါးမှုးကြီးပါဆိုမှ …. နော် ….

  • aanyar thar

    January 9, 2013 at 5:56 pm

    ဟုတ်ကဲ့ဗျာ.ကိုယ်ပိုင်အတွေးအခေါ်တစ်ခု့ကို..ဖော်ပြရေးသားခဲ့တဲ့…ကိုနွေဦး..အတွက်တော့ ဂုဏ်ယူမိ့ပါတယ်…….တစ်ခု့ပဲဗျား…ရွေးချယ်စီစစ်သူ..တာဝန်ရှိ့ ..ပုဂ္ဂိုလ်များ..ခင်ဗျား..ဇကာတင်ပိုစ့်..၃၇..ပုဒ်ထဲက….နံပါတ်…၂၃..ကို ..ထည့်သွင်းရွေးချယ်ခြင်းဟာ…ဘာ့ကြောင့်လဲဆိုတာ ..ရွာထဲက ရွာသားတစ်ယောက်အနေနဲ့..ကျနော် သိ့ခွင့်ရှိ့မလားခင်ဗျာ…ရွာရဲ့ စည်းကမ်းချက်(၄)..နဲ့..(၈)..တွေကြောင့် မေးရတာပါခင်ဗျ..ကျနော်အညာသား…ငပိန်းကလေးဟာ…ဖန်တီးသူမဟုတ်..စာပေချစ်သူ အားပေးသ ူရွာချစ်သူ ရွာသားတစ်ယောက်ပါ..ကိုယ်တိုင်မဖန်တီး နှိုင်သော်လည်း .(ကိုယ်တိုင်ခံစားရေးဖွဲ့ ဖန်တီးပေးသူတွေအတွက်တော့..ဂုဏ်ယူအားကျမိ့တဲ့..ရွာသားလေးတစ်ယောက်ပါခင်ဗျ….ကိုယ်တိုင်ခံစားရေးဖွဲ့ ဖန်တီးပေးသူတွေအတွက်တော့..ဂုဏ်ယူအားကျမိ့တဲ့..ရွာသားလေးတစ်ယောက်ပါခင်ဗျ….ကိုယ်တိုင်ခံစားရေးဖွဲ့ ဖန်တီးပေးသူတွေအတွက်တော့..ဂုဏ်ယူအားကျမိ့တဲ့..ရွာသားလေးတစ်ယောက်ပါခင်ဗျ….)

    • ဦးဦးပါလေရာ

      January 9, 2013 at 10:12 pm

      ကို aanyar thar ကို လေးစားစွာ ပြန်ကြားအပ်ပါတယ်…။
      ဇကာတင်ပိုစ့်..၃၇..ပုဒ်ထဲက….နံပါတ်…၂၃
      ((((အဆင့်မြင့် သူတောင်းစားလုပ်နည်းတဲ့ဗျ – lynnsatyar
      https://myanmargazette.net/158560/uncategorized-other/copypaste))))

      ကိုဖတ်ရွေးအဖွဲ့ဝင်တစ်ယောက်က ကြိုက်လို့ စာရင်းတင်တာဖြစ်ပါတယ်။
      ဒါပေမယ့် အဲသည်ပိုစ့်ဟာ copypaste ဖြစ်နေတာကို သတိထားမိရင် အမှတ်အများဆုံးဖြစ်ရင်တောင် အကြိုက်ဆုံးအဖြစ်/ဆုရစာမူအဖြစ် ရွေးမှာမဟုတ်ပါဘူး…။ အဲဒါကလဲ အဖွဲ့ရဲ့ ရွေးချယ်ရေးစည်းမျဉ်းကြောင့်မဟုတ်ပဲ ဆိုက်ရဲ့ စည်းကမ်းကြောင့် ဖြစ်ပါတယ်။
      သတိမထားမိရင်တော့ ရွေးမိသွားနိုင်ပါတယ်။
      ဒီကိစ္စမှာတော့ အမှတ်အများဆုံးမဟုတ်လို့ ဘာမှ လုပ်ဖို့ မလိုတော့ပါကြောင်း…။

      လေးစားစွာဖြင့်
      ဦးဦးပါလေရာ

    • Foreign Resident

      January 10, 2013 at 2:48 am

      ကို အညာသား ရေ ။

      ကျနော်တို့ က အမှန်တော့ ကိုယ်စီ စိတ်ကြိုက် သုံးပုဒ် ရွေးပြီး ၊
      အတွင်းရေးမှူး ဆီ ပို့လိုက်မိတာပါဗျာ ။
      သူများတွေ ဘာတွေ ရွေးထားမှန်းတောင် သေချာ သတိမထားမိပါဘူးဗျာ ။
      အဲဒါလည်း ၊ အပုဒ် ၄၀ဝ ကျော်ထဲက ဖတ်ပြီးရွေးရတာ ဆိုတော့ မလွယ်ပါဘူးဗျာ ။

      ဘယ်သူရွေးခဲ့လဲ မသိပေမယ့် ၊ အခု ပြန်ဖတ်ကြည့်တော့ ၊
      Post ထဲမှာ ရေးတဲ့သူ ( lynnsatyar ) ရဲ့ ကိုယ်ပိုင် သုံးသပ်ချက်လေးတွေ ပါတာတော့ တွေ့ရပါတယ် ။
      နောက်ပြီး ရေးတဲ့သူက သူ ကူးယူလာတဲ့နေရာကို Credit ပေးထားပါတယ် ။
      ဆိုလိုတာက ၊ ရေးတဲ့သူက ဗလိုင်းကြီး ကူးရုံ သက်သက် မဟုတ်ပဲ ၊
      သူ့ရဲ့ ဖန်တီးမှုလည်း နည်းနည်းတော့ ပါပါတယ် လို့ ကာကွယ်ပေးတာပါ ။
      အဲဒါတွေကြောင့်လည်း ရွေးတဲ့သူက စိတ်ရှင်းရှင်း နှင့် ရွေးခဲ့ပုံရပါတယ် ။

      ကျနော့် အမြင်တော့ ရေးခဲ့တဲ့သူ ဘက်ကတော့ တာဝန်ကျေပါတယ်ဗျာ ၊
      ရေးတဲ့သူ lynnsatyar ရဲ့ ရွာသူားတွေကို မျှဝေလိုတဲ့ စေတနာကိုလည်း အသိအမှတ် ပြုပါတယ်နော် ။
      ကျနော်တို့ အပြောတွေကြောင့် ၊ ရေးခဲ့တဲ့သူ ( lynnsatyar ) စိတ်မကောင်း မဖြစ်စေလိုပါ ခမျာ ။

      လစဉ် အပုဒ် ၄၀ဝ ကျော် ဖတ်ရတာ တကယ့်ကို မလွယ်တာပါ ။
      အဲဒါကြောင့်လည်း ၊ စေတနာရှိတဲ့ အချိန်ပေးနိုင်တဲ့ ရွာသူား အားလုံး ဖတ်ရွေးထဲမှာ ၊
      အလှည့်ကျပဲဖြစ်ဖြစ် ၊ ပါဝင် ကူညီပေးကြပါလို့ ကြိုဆို ဖိတ်ခေါ် ထားခဲ့တာပါ ။

      ဒီကိစ္စဟာ ဖတ်ရွေး အဖွဲ့ရဲ့ အားနည်းမှု တစ်ခု ၊
      ဒါမှမဟုတ် ဆက်ဆွေးနွေးစရာ ကိစ္စ တစ်ခု ဆိုတာကို ဝန်ခံပါတယ်ဗျာ ။
      ထောက်ပြတဲ့ အတွက် ကျေးဇူးပါဗျာ ။
      နောက်လည်း အဲလိုမျိုး ထောက်ပြ ဝေဖန်ပေးပါအုံးဗျာ ။

  • အလင်းဆက်

    January 9, 2013 at 6:34 pm

    ကိုနွေဦးရေ….
    အင်မတန် ထိုက်တန်တဲ ့ ဆု ပါ ။
    အကျိုးများစေတဲ ့ ပိုစ့်ကောင်းတွေ…. နောက်ထပ် အများကြီး..ဖန်တီးပေးပါဦးလို ့….
    ပြောရင်း…..
    Congratulations နော့် ။
    ===============
    လေးလေးဘလက်…

    သားသားကို..ရော…
    ဘယ်နားမှာလွမ်းမှာလဲ…
    လမ်းပေါ်မှာပဲ..လား…

    သားသားကတော့…ဂဇက်ပေါ်ကနေ..လွမ်းနေမယ်..နော် ။
    =================
    လေးလေးဘလက်…
    ဒီထပ် ပို..မည်းပြီး.. ဒီထပ် ပိုချော လာပါစေ..ဗျာ ။
    :kwi:

  • ကိုရင်စည်သူ

    January 9, 2013 at 7:15 pm

    နှစ်ဟောင်းမှာ နောက်ဆုံးပိတ် အိတ်နဲ့လွယ်သွားတဲ့
    ကိုနွေဦးရေ.. Congratulation!! ပါခင်ဗျ…
    အဲ့ဒနေ့ ဘီယာသောက်ဖြစ်ရင် ကျွန်တော့်အစား
    ပိုသောက်လာပေးပါ.. ဂလု..ဂလု..
    ဆုပေးပွဲမှာ ဗန်းကိုင်ဖို့ အူးစည် ပါတနာ ယုသန်ဒါလေးကို
    လွှတ်ပေးလိုက်ပါ့မယ်.. :mrgreen:

  • Mr. MarGa

    January 9, 2013 at 9:05 pm

    ဆုရသူ အားလုံးကို ဂုဏ်ယူပါတယ်ဗျို့
    ဧည့်ခံပွဲလေးဘာလေး လုပ်ပေးကြပါဗျို့
    (သွားပြီး ဝါးရအောင်လို့) :mrgreen:

  • padonmar

    January 9, 2013 at 10:04 pm

    Congratulations !!!!!! ကို/ဦး နွေဦး၊
    (သူက ဆုပေးပွဲကိုလာမယ် ကတိပေးပြီးသား။ယောင်လည်လည်ရောက်လာမယ်တဲ့၊အသက်ကလည်းမသိဘူး။လွန်ခဲ့တဲ့ နှစ် ၄ဝက တက္ကသိုလ်တက်ခဲ့တယ်ဆိုတော့ ဦးတပ်ခေါ်မှ တော်ပေမယ်၊လူတွေ့တော့မှ အဘဖေါလို ကလေးမျက်နှာလေးဖြစ်နေမယ်)
    ..ဘရာကြော်ပါ ကိုဘလက်
    (အရှည်ကြီးရေးတတ်တဲ့လက်က အတိုချုံ့ပြီးတင်တာတော့ မကျေနပ်သေးဘူးဗျို့)
    …………………………..
    ကိုအညာသားရေ
    နံပါတ် ၂၄ ကို ဖတ်ရစဉ်က ကျမလည်းကြိုက်တယ်။ဒါပေမယ့် တခြားက ကူးလာတာများဖြစ်လေမလားလို့ သံသယလေးရှိလို့ Bookmark မလုပ်ဖြစ်ဘူး။စာရေးသူကတော့ copy/pasteလုပ်ထားပေမယ့် ကူးတာပါလို့ ခရက်ဒစ်မပေးထားဘူး။
    တစ်ချို့စာရေးသူတွေက ပို့စ်တင်စမှာ category ရွေးတာ မတတ်တော့ copy/paste ထဲရောက်မိရင် ပြန်ပြင်လို့မတတ်တော့ဘူးလေ။
    အဲဒီတော့ copy/paste တိုင်းကို တကယ်ကူးလာတာလို့ ကျမတို့ မယူဆကြပါဘူး။
    ဒါတွေကြောင့် ရွေးလိုက်မိတဲ့သူကလည်း copy/paste ဆိုတာကို ထည့်မတွက်တော့တာဖြစ်ပါမယ်။
    နောက်ပြီး ပထမ၊ဒုတိယ၊တတိယ အပြင် အရန်ရွေးတဲ့ ထဲမှာမှ လူနည်းစုလေးရွေးတာဖြစ်လို့ ဆုနဲ့ အလှမ်းဝေးပါတယ်။
    တကယ်ဆုရမယ့်ပို့စ်ဆိုရင်တော့ အခြားက ကော်ပီမဖြစ်စေဖို့ အားလုံးဝိုင်းသတိပေးကြပေမယ့်
    ဒါလေးကို ကျမ သတိထားပြီး ထပ်စစ်ပေးဖို့ လွတ်သွားပါတယ်။
    အဲဒီစာဟာ စာရေးသူကိုယ်တိုင်ရဲ့စာ မဟုတ်ကြောင်း သက်သေရှိရင် ဆန်ကာတင်ကနေ ဖြုတ်ပေးပါမယ်။

  • padonmar

    January 9, 2013 at 10:21 pm

    နံပါတ် ၂၃ ပါနော် မှားရေးမိလို့ပါ။
    ဦးပါနဲ့ ကျမ မတိုင်ပင်ပဲ ဖြေရှင်းတာချင်းတူနေတယ်။
    ငှက်ကထကြီး စကားအတည်ပါဗျို့။

  • အရီးခင်လတ်

    January 10, 2013 at 5:14 am

    ကဘချောရေ

    အလွမ်းတွေကို စမ်းရေထဲ မျောလိုက်ပြီ ဆိုတာ ဘာသဘောလဲ။ 🙄
    ခေါင်းထဲ ရောက်လာတဲ့ အလွမ်းမင်းသားကြီး ကိုတင်လှိုင် ဆိုတဲ့ သီချင်းပေမဲ့ ဆက်မရတော့ ကျန်တာတွေ ဆက်မသိတော့လို့။ 😆

    ဒီလို ချိုပေါ့ကျ စာမဖတ်ရတာ ကြာလို့ မျှော်နေသူတွေကို ခပ်စိမ်းစိမ်း စကား မဆိုပါနဲ့လေ။
    ရှင်လဲ ဂဇက်ကျိန်စာ မိပြီးသား သူ ဆိုတာ ကျွန်မ သိပါတယ်။
    အဝေးကြီး ခွဲ မနေနိုင်ပါဘူး။
    မဟုတ်လား။

    ဆုရတဲ့
    အိမ်သာ သွားပြီး ဘယ်လို စားသင့် တယ် ကို အကြံပြု တဲ့ ကိုနွေဦးရေ့။ 😉
    BIG Congratulations!!! ပါနော်။
    ရသင့်တဲ့ ဆု လို့ ကျွန်မ ထင်ပါတယ်။

    Runner-up ကိုသော်ဇင် ၊ တတိယ ပူးတွဲများ မင်းနန္ဓာ နဲ့ Pooch တို့ ကိုလဲ Congratulations ပါနော်။
    ဇကာတင် Post ပိုင်ရှင်များကိုလဲ Congratulations လုပ်ပါတယ်။
    စာကောင်းလေးတွေ ဆက်လက် မျှဝေပေးကြပါဦးလို့လဲ ပန်ကြားပါတယ်။
    :hee:

  • Thu Wai

    January 10, 2013 at 9:31 am

    ဆုမရရှိတဲ့သူတွေအတွက် အမှတ်တရလက်ဆောင်အဖြစ် ဦးဘလက် က ဘလက်လေဘယ် တစ်လုံးစီပေးအပ်သွားမည်ဖြစ်ကြောင်း

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 10, 2013 at 9:37 am

    စစ်တပ်သာဆိုရင် တစ်လကိုဗိုလ်တစ်ယောက်တိုးလာတယ်လို့ဆိုနိုင်တယ်
    ကိုယ်ကလည်း ဘယ်တော့မှ ဆုမရနိုင်ဘူးဆိုတော့
    သဂျီးမင်းခင်ဗျား
    ကျုပ်ကို ဘိုးဘိုးကြီးဘွဲ့ပေးဘာ
    …………
    ဆယ့်တစ်နဲ့ ဆယ့်ငါးပေါင်းတာ နှစ်ဆယ့်ခြောက်ရဘာဒယ်ခည
    ( so we know that you are a human ) 👿 ခွီးးးးးးးးးးးးးးး

  • MaMa

    January 10, 2013 at 10:07 am

    အညာသားရေ-
    အဆင့်မြင့် သူတောင်းစားလုပ်နည်းတဲ့ဗျ ဆိုတဲ့ပိုစ့်ကို ရွေးချယ်တာ ကျမပါ။
    အမှန်အတိုင်း ဝန်ခံရရင် ကျမဟာ ဆိုဒ်စုံအောင်မသွား၊ စာစုံအောင် မဖတ်သူပါ။

    တော်လို့ သိလို့ တတ်လို့ ဖတ်ရွေးလုပ်နေခြင်းမဟုတ်ပါ။
    ကိုယ်ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတစ်ခု စည်းလုံးညီညွတ်စေလိုတဲ့ စိတ်တစ်ခုတည်းနဲ့ လုပ်နေခြင်းသာဖြစ်လို့ မှားယွင်းမှု၊ ပေါ့ဆမှု၊ ညံ့ဖျင်းမှုများကို သည်းခံခွင့်လွှတ်စေလိုပါတယ်။

    စာပါအကြောင်းအရာနဲ့ အရေးအသားကို သဘောကျလို့ ရွေးခဲ့စဉ်က ကူးလာတာများ ဖြစ်နေမလားဆိုပြီး တွေးမိပါသေးတယ်။
    ခရက်ဒစ်ပေးထားတာ မတွေ့တာက တစ်ကြောင်း၊ စာကောင်းပြီး မရွေးဖြစ်မှာကို စိုးတာက တစ်ကြောင်းမို့ ရွေးပေးခဲ့တာပါ။

    ကိုယ့်ကြောင့် အဖွဲ့အစည်း သိက္ခာမကျစေလိုပါ။
    အခြားရွေးချယ်စီစစ်သူ..တာဝန်ရှိ့ ..ပုဂ္ဂိုလ်များနှင့် မဆိုင်ပါ။
    ကျမတစ်ယောက်တည်းတွင်သာ တာဝန်ရှိပါကြောင်း။

    အခုလို ဝေဖန်ထောက်ပြပေးတဲ့အတွက် အညာသားကို ကျေးဇူးအထူးတင်ပါတယ်။

Leave a Reply