၂၀၁၂ ဒီဇင်ဘာလ မန်းဂဇက်ချစ်သူများ အကြိုက်ဆုံး စာပေဆု ကြေညာခြင်း…။

black chawJanuary 8, 20132min33654

အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀ဝ မှာ တဲ့…။
အဲဒီစာသား ၁၉၉ဝ ပြည့်လွန်နှစ်များဆီက ခေတ်စားခဲ့ဘူးတာ မှတ်မိနေပါသေးတယ်…။
အခု ၂၀၁၃…။
အာရှတော်ဝင်တို့ SSC တို့ အစရှိတဲ့ မစည်ကားအပ်တဲ့ နေရာတွေမှာ လူတွေ ကြိတ်ကြိတ်တိုး စည်ကားနေတုန်းပါ…။
ဆိုတော့…။
အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀ဝ မှာ ဆိုတာကြီးက အခုအချိန်မှာ ပြန်ကြည့်ရင်…
ဟာသ ပျက်လုံးတစ်ခုလို ဖြစ်ခဲ့ရပေါ့…။
နောက်…။
အဲဒီ သက္ကရာဇ် ၂၀၀ဝ မှာပဲ ခေတ်စားခဲ့သေးတာတစ်ခုက Y2K ပြသနာကြီးပါ…။
ကမ္ဘာပေါ်မှာ ရှိတဲ့ ကွန်ပျူတာတွေ အားလုံးပဲ ထပေါက်ကွဲတော့မလိုလို…။
လေယဉ်ခရီးစဉ်တွေပဲ ကမောက်ကမ ဖြစ်တော့မလိုလို…။
ဒါပေမယ့်…
ဘာမှ မဖြစ်ရင် ဘာမှ မဖြစ်ဘူးဆိုတဲ့ စကားလေးအတိုင်း…
ဘာမှ မဖြစ်ပဲ ကျော်လွှားနိုင်ခဲ့လို့ အခု ၂၀၁၃ ကိုရောက်နေခဲ့ပြီလေ…။
ထားပါတော့ ဗျာ…။
သက္ကရာဇ် ၂၀၀ဝ ကဝေးပါသေးတယ်…။
မကြာခင်ကမှ ကုန်လွန်သွားခဲ့တဲ့ ၂၀၁၂ ခုနှစ် ကိုပဲ ကြည့်ပါဦး…။
ကမ္ဘာကြီးပဲ ပျက်တော့မလိုလို…။
ငလျင်တွေလှုပ်…၊ မြေတွေပြို…၊ဆူနာမီလှိုင်းကြီးတွေ လွှမ်း…။
ရုပ်ရှင်တွေ ရိုက်ပြလို ပြ…။
တရားခံကလည်း အဆင်သင့်…။
မာယာလူမျိုးတွေရဲ့ ပြက္ခဒိန် ကြောင့်တဲ့…။
ဟော အခု…။
ကမ္ဘာကြီးက ၂၀၁၃ ခုနှစ်ကို ချောချောမောမော ရောက်ရှိနေခဲ့ပါပြီ…။
၂၀၁၂ ကမ္ဘာပျက် ဟောကိန်းကတော့ ဟာသပျက်လုံးတစ်ခုအဖြစ် ကျန်ရစ်ခဲ့…။
အဲဒီ ၂၀၁၂ ထဲမှာ ကျွန်တော်တို့ မန္တလေး ဂဇက် ရွာအတွက်တော့ ထူးခြားတဲ့ လုပ်ဆောင်ချက်လေးတွေ ရှိခဲ့ပါတယ်…။
အရင်ဆုံးပြောရရင်တော့ မန္တလေး ဂဇက် ရွာသူရွာသားတွေ ရဲ့ အလှူတော်တွေအကြောင်းပါ…။
နေ့စွဲနဲ့ တကွ ပြောနေရင် ရှည်နေမှာစိုးလို့ ၂၀၁၂ ခုနှစ်ထဲမှာ မန္တလေး ဂဇက် ရွာသူားတွေရဲ့ အလှူ ၄ ခု တိတိ
အထမြောက် ခဲ့ပါတယ်ဗျာ…။
သာဓု…၊ သာဓု…၊ သာဓု… ပါ…။
နောက်တစ်ခု ဆက် ပြောရရင်…။
မန်းဂဇက် ချစ်သူများ စာပေဆု ပေါ်ပေါက်လာခြင်းပါပဲ…။
၂၀၁၂ ခုနှစ် August လက စတင်ချီးမြှင့်လာခဲ့တဲ့ မန်းဂဇက်ချစ်သူများ စာပေဆု ကို ဒီလ ၂ဝ ရက်နေ့မှာပဲ ဆုပေးပွဲ
ကျင်းပတော့မယ်လို့လည်း နားစွန်နားဖျား ကြားထားရပါတယ်…။
အဲဒီ မန်းဂဇက် ချစ်သူများ စာပေဆု ပေါ်ပေါက်လာရာမှာ ကျေးဇူးတင်ရမယ့် ပုဂ္ဂိုလ်တွေ ရှိပါတယ်…။
နာမည်ဖေါ်ထုတ်ပြီး ကျေးဇူးတင်ခွင့်ပြုပါ…။
အရင်ဆုံး ကျေးဇူးတင်ချင်တာက အဘဆွေ ဖြစ်ပါတယ်…။
အဘဆွေ ဟာ ဒီနှစ်ဆုပေးပွဲအတွက် ငွေကျပ် တစ်သိန်း နှစ်သောင်းတိတိ ကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်…။
ကျွန်တော် ကျေးဇူးတင်ချင်တာက အဘဆွေရဲ့ ပူးပေါင်းပါဝင်မှုကိုပါ…။
ငွေကြေးထက် တန်ဘိုးကြီးပါတယ်…။
အခု ဖြစ်လာတဲ့ မန်းဂဇက်ချစ်သူများ စာပေဆု မှာ အဘဆွေရဲ့ ပူးပေါင်းပါဝင်မှုဟာ အင်မတန် တန်ဘိုးကြီးခဲ့တယ်လို့
မှတ်မှတ်ရရ ပြောချင်ပါတယ်…။
ကျေးဇူးပါ အဘဆွေ ခင်ဗျား…။
နောက် ငွေကြေးအားဖြင့် ကူညီခဲ့သူတွေကတော့ အဘဖေါလို့ အများခေါ်ကြတဲ့ Foreign Resident ပါ…။
အဘဖေါကလည်း ငွေကြေးအပြင် ဖတ်ရွေးအဖွဲ့ဝင်တစ်ယောက်အနေနဲ့ အပင်ပန်းခံ ဖတ်ပေးခဲ့တာအတွက်
ကျေးဇူးအထူးပါ ခင်ဗျာ…။
နောက်ထပ် ကျေးဇူးတင်ရမယ့် ပုဂ္ဂိုလ်တစ်ယောက်ကတော့…
ကိုပါလေရာ ပဲ ဖြစ်ပါတယ်…။
မန်းဂဇက်ချစ်သူများစာပေဆုဟာ ဆုပေးပွဲ ကျင်းပနိုင်သည်အထိ ခရီးဆက်နိုင်ခဲ့တာ…
ကိုပါလေရာကြီးရဲ့ ဦးဆောင်မှုက အဓိကကျခဲ့ပါတယ်…။
ပြသနာပေါင်းများစွာကို ဦးဆောင်ဖြေရှင်းနိုင်ခဲ့တဲ့ ကိုပါကြီး ကို
ကျွန်တော်တို့ ရွာရဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် လို့ တင်စားချင်ပါတယ်…။
ငွေကြေးစိုက်ထုတ်ကူညီမှုတွေ အပြင် ဖတ်ရွေးအဖွဲ့ဝင်တစ်ယောက်အနေနဲ့လည်း တာဝန်ကျေခဲ့ပါတယ်…။
နောက် ဖတ်ရွေးအဖွဲ့မှာ အပင်ပန်းခံ ပါဝင်ခဲ့ကြတဲ့ အစ်ကိုတွေ ညီတွေ အစ်မတွေ ညီမတွေ အားလုံးကလည်း အထူး ကျေးဇူးတင်ရမယ့် ပုဂ္ဂိုလ်တွေပါပဲ ခင်ဗျာ…။
အထူးသဖြင့် ဆုကြေညာတဲ့ ပို့စ်တွေကို အပင်ပန်းခံ ကြိုးစားတင်ခဲ့ကြတဲ့…
အစ်မပဒုမ္မာ၊ ကိုထူးဆန်း၊ အစ်မ မခင်လတ်၊ ကိုပေါက်…၊ မမ.. တို့ကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း
မှတ်တမ်းတင်ပါတယ်ခင်ဗျာ…။
နောက်ထပ် မှတ်မှတ်ရရ ကျေးဇူးတင်ချင်တာကတော့ ယနေ့ ပို့စ် ဆိုတဲ့ ပို့စ်ပိုင်ရှင် ညီငယ် အံစာတုံး ကိုပါပဲ…။
အံစာတုံး ရဲ့ ယနေ့ပို့စ် ဟာ ရွာသူရွာသားတွေအတွက်ရော…
ဖတ်ရွေးအဖွဲ့ဝင်တွေအတွက်ရော… အထူးအဆင်ပြေစေခဲ့တာကြောင့်..
ကျေးဇူးတင်တဲ့အကြောင်း မှတ်မှတ်ရရ ထည့်ပြောခွင်ပြုပါခင်ဗျာ…။
နောက်ဆုံး ကျေးဇူးတင်ချင်တာကတော့ အရှုပ်ထဲမှာ ရှင်းအောင်နေတတ်တဲ့ ကျွန်တော်တို့ရွာရဲ့
သူကြီး ဖြစ်သူူ kai ပါပဲခင်ဗျာ…။
ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူးပါ သူကြီးရေ…။
ရွာသူရွာသားများအားလုံးနဲ့ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါတယ် မိတ်ဆွေတို့ရေ…။
အမှားအယွင်းတစ်စုံတစ်ရာများ ပါခဲ့ရင်…ခွင့်လွှတ်ပေးကြပါဗျာ…။
ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ခင်ဝမ်းကြီးရဲ့ သီချင်းတစ်ပုဒ်ကို ကိုးကားခွင့်ပြုပါဦးခင်ဗျာ…။
(ခင်ဝမ်းကြီးဆိုလို့ ခင်ဝမ်းကြီး ကွယ်လွန်ခဲ့တာ ၂၀၀ဝ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၃ ရက်ဆိုတော့ လာမယ့် ဖေဖေါ်ဝါရီလ ၃ ရက်မှာ…၁၃ နှစ်ပြည့်တော့မှာပါ…။ ခင်ဝမ်းကြီးကို လွမ်းကြဦးစို့ရဲ့…။)

နှုတ်ဆက်ခဲ့ပါတယ်…
ကျွန်တော် သွားတော့မယ်…
လမ်းရဲ့သယ်ဆောင်ရာ ဟို…အဝေးကို…အဝေးကို…။
လွမ်းတတ်ရင်လည်း လမ်မှာပဲ လွမ်းတော့မယ်…

ဟုတ်တယ်…။
လွမ်းတတ်ရင်လည်း လမ်းမှာပဲ လွမ်းပါတော့မယ်…မန်းဂဇက်ရေ…။
ကျွန်တော်ဟာ မန်းဂဇက်ကို ချစ်ပြခဲ့ပြီးပါပြီ…။
တတ်နိုင်သမျှရဲ့ အဆုံးစွန်အထိ ချစ်ပြခဲ့ပြီးပါပြီ…။
ထားလိုက်ပါဗျာ…။
အဲဒါက မခမ်းနားလှပါဘူး…။
အခုအခါမှာတော့ ကျွန်တော် မန်းဂဇက်ကို လွမ်းရဦးတော့မှာပါ…။
တမ်းတလွမ်းဆွတ်ရဦးတော့မှာပါ…။
ဒါပေမယ့်…။
ကျွန်တော့်ကို လမ်းမှာပဲ လွမ်းခွင့်ပြုကြပါတော့…။
သူကြီးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုသစ်မင်းကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုအောင်ပု ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုကြောင်ကြီးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
အဘဆွေကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
အဘဖေါကိုလည်း လမ်းမှာပဲလွမ်းမယ်…။
ဆရာမကြီး TTNU ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
အစ်မမခင်လတ်ကိုလည်း လမ်းမှာပဲလွမ်းမယ်…။
ကိုပါလေရာကြီးနဲ့ ကိုထူးဆန်းကြီးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုစိန်သော့ကြီးကိုလည်း လမ်းမှာပဲလွမ်းမယ်…။
အစ်မပုဒုမ္မာနဲ့ မမတို့ကိုလည်း လမ်းမှာပဲလွမ်းမယ်…။
အန်တီဝေ ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ညီငယ်လေး အင်ဇာဂီကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ညီမငယ်လေး ပုချ်ကိုလည်း လမ်းမှာပဲလွမ်းမယ်…။
ကိုနိုဇိုးမိကြီး နဲ့ ကိုလင်းဝေကျော်တို့ကိုလည်း လမ်းမှာပဲလွမ်းမယ်…။
ကိုကြီးမိုက်ကြီးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုပေါက်ကြီးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ညီငယ်လေး ပေါက်ဖေါ်နဲ့ အံစာတုံးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုရင်စည်သူနဲ့ ကမ်းကြီးတို့ကိုလည်း လမ်းမှာပဲလွမ်းမယ်…။
နီဂိမိနဲ့ ရဲစည်ကိုလည်း လမ်းမှာပဲလွမ်းမယ်…။
ကိုဘုန်းကျော်ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုရင်မောင်ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ညီငယ် ဖက်တီးကက်၊ အမတ်မင်း၊ ရွှေတိုက်စိုးတို့ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
မမှီကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုရှုံးကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ကိုအောင်ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
ဆူး ကိုလည်း လမ်းမှာပဲ လွမ်းမယ်…။
Etone နဲ့ အေကေကေအို ကိုလည်းလမ်းမှာပဲ လွမ်းမယ်…။
ဟုတ်ပါတယ်…။
ကျွန်တော် ချစ်ခဲ့ ခင်ခဲ့သော ရွာသူရွာသားတွေကို လမ်းမှာပဲ လွမ်းခွင့်ပြုကြပါတော့ခင်ဗျာ…။

အားလုံးကို လမ်းမှာပဲ လွမ်းနေတော့မယ့်…
ဘလက်ချော…။

ကဲ မဆိုင်တာတွေလျှောက်ပြီး ပေရှည်နေလို့ စိတ်အခန့်မသင့် ဖြစ်မနေပါနဲ့တော့ မိတ်ဆွေ…။
အောက်မှာ ခင်ဗျား စိတ်ဝင်စားမယ့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွက် မန်းဂဇက် ချစ်သူများ အကြိုက် စာပေဆု ရွေးချယ်ထားတာလေးကို ဖတ်ကြည့်ပေးပါဦး…။
ကျနော်တို့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ တစ်လတာအတွင်း မန်းဂဇက်မှာ တင်ခဲ့တဲ့ ပို့စ်ပေါင်း၊ တစ်နည်းအားဖြင့် တက်လာခဲ့တဲ့ ပို့စ်ပေါင်းဟာ (၄၂၃) ပို့စ် အထိ ရှိခဲ့ပါတယ်။ ဒီအထဲမှာမှ မန်းဂဇက်ချစ်သူများ စာပေဆု အတွက် ဇကာတင် ပို့စ်ပေါင်း သောင်းခြောက်ထောင် .. အဲ .. အဲ .. ယောင်သွားလို့ .. (၃၇) ပို့စ် ရှိတယ်လို့ ပြောတာပါ။ ဒီပို့စ်တွေက ဘယ်ပို့စ် တွေလဲ ??? ဘယ်သူတွေ ရေးတဲ့ ပို့စ်တွေလဲ ???

အောက်မှာ ရှုစားကြပါ အရပ်ကတို့ ……..။

++++++++++++++++++++++++++

၁။ အားလပ်ရက် အက်ဆေး – ရင်နင့်အောင်
https://myanmargazette.net/161398/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories

၂။ “ဂျလေဘီ့သင်ပုန်း ၂၀၁၂ (သို့) ဆဲဆိုခြင်းအနုပညာ” – surmi
https://myanmargazette.net/161851/creative-writing

၃။ ကက´ပေါ်က ဘဝအပိုင်းအစများ – သျှားသက်မာန်
https://myanmargazette.net/161057/creative-writing/short-story

၄။ နေရာ – ခင်ခ
https://myanmargazette.net/161628/creative-writing

၅။ ဘွပုတ်……..ရေ – ကိုပေါက်(မန္တလေး)

“ဘွပုတ်…………..ရေ”

၆။ ဘယ်လိုစားကြမလဲ – နွေဦး

ဘယ်လိုစားကြမလဲ

၇။ အတတ်ပညာနဲ့ ဘာသာစကား ဘာကိုရွေးကြမလဲ? – Green Rose

အတတ်ပညာနဲ့ ဘာသာစကား ဘာကိုရွေးကြမလဲ?

၈။ နွားတစ်ကောင် ကံစမ်းမဲ ပေါက်သွားခြင်း – သော်ဇင် (လွိုင်ကော်)
https://myanmargazette.net/160067/creative-writing

၉။ သမီးလိမ္မာပါတယ် မေမေ……… (ဘဝအမြင်) – အောင်မိုးသူ
https://myanmargazette.net/158402/creative-writing

၁၀။ ခန့်စေ ကောင်း၏ မကောင်း၏ – ကိုပေါက် (မန္တလေး )
https://myanmargazette.net/159511/creative-writing

၁၁။ အမေ့လျော့ခံ အများပြည်သူပိုင်နေရာများ – မင်းနန္ဓာ

အမေ့လျော့ခံ အများပြည်သူပိုင်နေရာများ…

၁၂။ ကန့်လန့်ကာနောက်ကွယ်က သူခိုးများ – သော်ဇင် (လွိုင်ကော်)

ကန့်လန့်ကာနောက်ကွယ်က သူခိုးများ

၁၃။ ခရမ်းသီးကြွပ်ကြွပ်လေး …. နဲ့ အနော် – Yin Nyine Nway

ခရမ်းသီးကြွပ်ကြွပ်လေး …. နဲ့ အနော်

၁၄။ သ = သူ ့မှာတမ်း နှင့် ကိုယ့် စာ အလွမ်း – အလင်းဆက်
https://myanmargazette.net/160860/creative-writing

၁၅။ လူငယ်တို့ ဖန်တီးတည်ဆောက်ရမည့် လူမှုအခြေပြု ကွန်ယက်၊ စာပေနှင့် နိုင်ငံရေးအနုပညာ – သူရဿဝါ
https://myanmargazette.net/161648/creative-writing

၁၆။ လမ်းတွေရဲ့နောက်ဆက်တွဲ – ဆင်ဖြူရှင်
https://myanmargazette.net/161399/uncategorized-other/copypaste

၁၇။ သာဓုခေါ်ရမှာလားတရားစွဲရမှာလားမသိန်းကြည် – ဦးဦးပါလေရာ
https://myanmargazette.net/158703/creative-writing

၁၈။ ခရီးသွားလုပ်ငန်းထဲက S တစ်လုံး – လုံမလေးမွန်မွန်

ခရီးသွားလုပ်ငန်းထဲက S တစ်လုံး

၁၉။ ဘယ်သူကြောင့်လို့အပြစ်တင်မှာလဲ – ကြောင်ကြီး
https://myanmargazette.net/158836/economic-news-international-news-news-industry-people-in-the-news-us-news-news/u-s-news

၂၀။ ဒီလို အဖြစ် နဲ့ကြုံလာရင်ကျေးဇူး ပြုပြီး ကူညီပေးကြပါ – thar ag
https://myanmargazette.net/161936/uncategorized-other/copypaste

၂၁။ ကောင်းသောည ပါ – မောင့်ကျက်သရေ ဂီ့

ကောင်းသောည ပါ

၂၂။ သမဒဂျီးဦးသိန်းစိန် တောင်းပန်ပြီ Apoမlogy update – ကြောင်ကြီး
https://myanmargazette.net/158934/society-lifestyle/aha-jokes

၂၃။ အဆင့်မြင့် သူတောင်းစားလုပ်နည်းတဲ့ဗျ – lynnsatyar
https://myanmargazette.net/158560/uncategorized-other/copypaste

၂၄။ ဖြောင့်ချက် – Pooch

ဖြောင့်ချက်

၂၅။ ရှင်ဒေဝဒတ်ကို မြေမျိုခြင်းအကြောင်း – San Hla Gyi

ရှင်ဒေဝဒတ်ကို မြေမျိုခြင်းအကြောင်း

၂၆။ အော်… မောင်ရယ် – ကိုခင်ခ
https://myanmargazette.net/159491/creative-writing

၂၇။ လွတ်လပ်သောတိုင်းပြည် – မမ
https://myanmargazette.net/159876/creative-writing

၂၈။ ဝ = ဝါသနာ မပါဘူး လို ့. … မပြောပါနဲ ့….။ – အလင်းဆက်
https://myanmargazette.net/160285/creative-writing

၂၉။ မီသောဉာဏ်တစ်ထွာတစ်မိုက်ဖြင့်… ဦးခိုက်လိုက်ပါသည် – ကြောင်ဝတုတ်
https://myanmargazette.net/159392/computers-technology

၃၀။ ဘာကို အပြစ်တင်ရမှာလဲ မီးပုံးကားလေးရယ် – •*¨နန်းတော်ရာသူ •*¨
https://myanmargazette.net/160055/creative-writing

၃၁။ အသက်ကြီးသော်လည်း ရိုးမြေကျ ကြင်နာကြရအောင် – ခင်ခ
https://myanmargazette.net/160783/society-lifestyle

၃၂။ သတိ ဟူသည် ပိုသည်မရှိ – MaMa
https://myanmargazette.net/160270/creative-writing

၃၃။ အများရွှင်တဲ့ နှစ်ပါးခွင် – ဦး ကျောက်ခဲ
https://myanmargazette.net/161735/creative-writing

၃၄။ လွဲမှားခြင်းနိယာမ – သော်ဇင် (လွိုင်ကော်)
https://myanmargazette.net/160799/creative-writing

၃၅။ ခေတ်၏သမီးပျိုနှင့် ……….နီ – သော်ဇင် (လွိုင်ကော်)

ခေတ်၏သမီးပျိုနှင့် ……….နီ

၃၆။ ဒေါ်စိမ်းတို့ မြေးအဖွားနှင့် အသုဘ ကူငွေ (၂၀၀၀) ကျပ် – TheWinner

ဒေါ်စိမ်းတို့ မြေးအဖွားနှင့် အသုဘ ကူငွေ (၂၀၀၀) ကျပ်

၃၇။ အင်တာနက်မီးကိုဘယ်သို့သုံးရပါ့ – •*¨နန်းတော်ရာသူ •*¨

အင်တာနက်မီးကိုဘယ်သို့သုံးရပါ့

++++++++++++++++++++++++++

အထက်က ပို့စ်ပေါင်း (၃၇) ပုဒ်ကတော့ဖြင့် ဇယာတင် စာရင်း ဝင်ခဲ့တဲ့ ပို့စ်တွေပဲ ဖြစ်ပါတယ်။ ဒီပို့စ်တွေထဲကမှ ပထမဆုရပို့စ်၊ ဒုတိယ ဆုရပို့စ်နဲ့ တတိယ ဆုရပို့စ် (၃) ပုဒ်၊ စုစုပေါင်း ပို့စ် (၅) ပုဒ်ကို ဖတ်ရွေးရခြင်း အကြောင်းလေးတွေနဲ့တကွ တင်ပြ ပေးသွားပါမယ်။

တတိယ ဆုရပို့စ် (၃) ပုဒ်

ဟုတ်ကဲ့ …..။ ဒီဇင်ဘာ၊ ၂၀၁၂ အတွက် တတိယ ဆု ရရှိတဲ့ ပို့စ်က သုံးပုဒ်တောင်မှ ရှိခဲ့ပါတယ်။ အဲ့ဒါတွေကတော့ …….။

၁။ အမေ့လျော့ခံ ပြည်သူပိုင် နေရာများ – မင်းနန္ဓာ
( https://myanmargazette.net/161583 )

လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ အချိန်ကိုက် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။ ဓါတ်ပုံများနဲ့ သတင်းဆောင်းပါးတစ်ခုလို တင်ပြထားရင်း အများပြည်သူ သတိထားမိအောင် ခဲတစ်လုံးနဲ့ ပစ်လိုက်တဲ့ အလွန်လိုအပ်နေတဲ့ ကွက်လပ်လေးတစ်ခုကို ဖြည့်ဆည်းပေးထားတဲ့ ဆောင်းပါးဖြစ်ပါတယ်။ စာရေးသူရဲ့ စေတနာ ပေါ်လွင်တယ်။ စာဖတ်သူအားလုံးရဲ့ ရင်ထဲကို ထိစေသလို တာဝန်ရှိသူတွေရင်ထဲကိုလဲ ထိမယ်ဆိုရင်တော့ အလွန် အလွန် အကျိုးရှိလှတဲ့ ဆောင်းပါးတစ်ခု ဖြစ်သွားပါလိမ့်မယ်။

၂။ ကန့်လန့်ကာနောက်ကွယ်က သူခိုးများ – သော်ဇင် (လွိုင်ကော်)
( https://myanmargazette.net/161630/ )

စဉ်းစားစရာတွေကော ရသ ပါပါတဲ့ Post ကောင်းလေးပါပဲ ။
ကို သော်ဇင် ( လှိုင်ကော် ) ဟာ လစဉ် အမြဲဂရုပြုခံနေရတဲ့ စာရေးသူ တစ်ယောက်ပါ ။
ဖြစ်နေတာက သူက လစဉ် Post ကောင်းကောင်း ၃ / ၄ ပုဒ် အမြဲပါနေတော့ ၊
သူ့ Post အချင်းချင်း ပြိုင်နေရသလိုဖြစ်ပြီး အမှတ်တွေ ပြန့်ကုန်တာပါ ။

၃။ ဖြောင့်ချက် – Pooch
( https://myanmargazette.net/160034/ )

ရွာ ထဲ ဝင်လာပုံလေး နဲ့ စိတ်ထဲခံစားရတာတွေ ကို စာဖတ်သူများ စိတ်ဝင်စားအောင် ဆွဲဆောင် ရေးသားပြထား တဲ့ Post လေးပါ။
မှားမိတယ်ထင်တာလေးတွေကို သုံးသပ်ဆင်ခြင်ပြီး အမှန်ကို ရအောင် ယူနိုင်ဖို့ အတွေးလေး ထည့်ပေးထားတဲ့ အတွက် ဒီလ ရဲ့ ဒုတိယ အနှစ်သက်ဆုံး Post အဖြစ်ရွေး ပါတယ်။

ဂဇက်မန်ဘာလို့ ဖြစ်လာသူတိုင်း ဖြတ်သန်းခဲ့ရမြဲ အသစ်ဘဝကို တောင်ခုလပ်က တောင်အောက်ငုံ့ကြည့်ရသလိုရေးပြထားတာမို့ မန်ဘာတိုင်း ဖတ်သင့်တဲ့ ဖြောင့်ချက်ပါ။
လူဖြောင့်စိတ်တို နန်းမတော်မယ်ပုချ်ရဲ့ ဟန်အတိုင်း ရှင်းရှင်းဘွင်းဘွင်း တာလပေါဟင်းချို လေးသောက်ကြည့်ရင် အရသာသိသွားကြမှာပါ။

+++++++++++++++++++++++++

ဒုတိယ ဆုရပို့စ်

လွဲမှားခြင်းနိယာမ – သော်ဇင် (လွိုင်ကော်)
( https://myanmargazette.net/160799/creative-writing )

ဝမ်းရေးအတွက် နွဲ့နေရတဲ့ အခြောက်ကလေးပေါ်မှာ ကာမဘီလူး ကင်းသမားတွေရဲ့ ရက်စက်မှု ဟာ ဖတ်ရသူရဲ့ စိတ်နှလုံးကို တုန်လှုပ်ခြောက်ခြားစေပါတယ်။ရှုပ်ထွေးပွေလီတဲ့ လောကကြီးဟာ ကြောက်စရာကြီးပါလားလို့ မြင်လာအောင် ဖွဲ့သွားတဲ့ အရေးပါပဲ။အပုဒ်တိုင်းနီးပါးကောင်းတဲ့ လက်ရာရှင်ပါ။
နွားတစ်ကောင်ကံစမ်းမဲပေါက်ခြင်းကလည်းကောင်းပေမယ့် ဒီတစ်ပုဒ်က ပိုပြီးရင်ကိုထိခိုက်စေလို့ ရွေးချင်ပါတယ်။

ထင်မထားတဲ့ဇာတ်လမ်းလေးတစ်ပိုဒ်ဖြစ်ပြီး ရသမျိုးစုံ ခံစားရပါတယ်။ လက်ရှိ ဘဝအခြေအနေတွေကို တစ်စေ့တစ်စောင်း ဖော်ပြထားတာ ပညာသားပါလှပါတယ်။

ရသစာပေ စစ်စစ်မို့ နှစ်သက်မိပါတယ်။ ချို့တဲ့တဲ့ဘဝပေးအခြေအနေမှာ အားနွဲ့တဲ့ မိန်းကလေးစိတ်ဝင်နေသူတစ်ယောက်ရဲ့ ရင်ဆိုင်ကြုံတွေ့ရတဲ့ ဒုက္ခတွေ အခက်အခဲတွေကို စာဖတ်သူကို အရင် မိတ်ဆက်ပေးတယ်။ တကယ်အန္တရာယ်နဲ့ ကြုံတွေ့ရတဲ့အခါမှာ ပင်ကိုယ်ယောင်္ကျားစိတ်ပြန်ဝင်လာတယ် ဆိုတာက ဒီဇာတ်လမ်းရဲ့ အဓိက ပေးလိုရင်းလို့ ထင်မိပါတယ်။ ရသစာပေ အရေးကောင်းတဲ့ သော်ဇင်ရဲ့ စာတွေကို သဘောကျမိသလို ဒီစာကိုရွေးတာဟာ ဒီတစ်ပုဒ်ထဲအတွက် မဟုတ်ပဲ သူ့ဖက်ကကြည့်တော့ လက်ဖဝါး၊ ကိုယ့်ဘက်ကကြည့်တော့ လက်ဖမိုးလို့ မြင်တတ်ကြတဲ့ `နွားတစ်ကောင် ကံစမ်းမဲ ပေါက်သွားခြင်း´ ဆိုတဲ့ စာနဲ့ပူးတွဲပေးချင်ပါတယ်။

စစဖတ်ချင်း မိန်းကလေးတစ်ယောက် လိုပုံဖော်ကြည့်နေရင်း နောက်ဆုံးကျမှ ဂေးလ်လေး ဖြစ်နေတာကို သိလိုက်ရတယ်.. တင်ပြပုံလေးဆန်းကြယ်လို.ကြိုက်မိပါတယ်..
လူတွေရဲ. ဂေးလ်တစ်ယောက်အပေါ် ဖိနှိပ်ချင်တဲ့စိတ် ကနွှဲ.ကလျလေးဆိုရင် အနိုင်ကျင့်ချင်တဲ့စိတ်တွေ ကို ထင်ထင်ရှားရှားတွေ.မြင်ရပြီး… မိဘအပေါ်လုပ်ကျွေးနေရှာတဲ့ အလုပ်အစုံလုပ်ပြီး မိန်းကလေးစိတ်ဝင်နေတဲ့သူကို ဖေးမ မကူပဲ နိုင်လိုမင်းထက်လုပ်တဲ့သူတွေကို ဒေါသပေါက်ကွဲ ယောင်္ကျားလေးစိတ် ဝင်လာကာ သတ်မိသွားတဲ့ ဂေးလ်လေးရဲ. စိတ်ကိုပေါ်လွင်အောင် ရေးပြနိုင်စွမ်းလို. ကြိုက်မိပါတယ်

+++++++++++++++++++++++++++++++++++++

ပထမ ဆုရပို့စ် ကတော့ ……….

ဘယ်လိုစားကြမလဲ – နွေဦး
( https://myanmargazette.net/161873 )

အရင်လ တွေအားလုံးမှာ ရသ တွေကိုချည်းပဲ ရွေးနေမိတာ ၊
သုတ ရေးနေတဲ့သူတွေအပေါ် မတရားရာ ရောက်နေပြီလို့ ခံစားမိနေတာ ကြာပါပြီ ။
ဒီလမှာတော့ ရှားရှားပါးပါး သုတ လေး တစ်ပုဒ်က ထိုးထွက်လာပြီး ၊
ခေတ် အခြေအနေအရ လိုအပ်နေတဲ့ ကွက်လပ်လေးကို ၊
စာရေးသူရဲ့ ကြိုးစား စုဆောင်းပေးမှု စေတနာ နှင့် ၊
ပုံလေးတွေကအစ သေသေသပ်သပ် ရွေးချယ် ထည့်သွင်းထားလို့ ၊
ဒီလအတွက် ကျနော် အကြိုက်ဆုံးအနေနှင့် ရွေးမိရပါတယ် ။

နိုင်ငံတကာနှင့်ကူးလူးဆက်ဆံမူ့များလာချိန်တွင် လက်နှင့်စားမှအားရတတ်သော
ကျနော်လို့လူအတွက် ဖြစ်သလိုနေတတ်သော ကျနော်စရိုက်အတွက် သတိထားစရာ
အတုယူစရာ ပိုစ်တစ်ခုဖြစ်နေ၍နှစ်သက်မီပါသည်။

ပြောင်းလဲနေသောယနေ့ခေတ်ကြီးမှာ နိုင်ငံတကာနဲ့ဆက်ဆံကြရတဲ့အခါမှာ သူ့နေရာနဲ့သူ နေထိုင်စားသောက်တတ်ကြဖို့အတွက် လိုအပ်တဲ့ သိသင့်တဲ့ အသိပညာကို စနစ်တကျ သိထားပြီး ဖြန့်ဝေပေးတာမို့ နှစ်သက်မိပါတယ်။ Output ပြီးတော့ Input lesson တွေ တစ်ခုပြီး တစ်ခုပေးတတ်တဲ့ နွေဦးရဲ့ နောင်လာမယ့် Etiquette lesson တွေကိုလည်း သိချင်ပါသေးတယ်။

လူတိုင်းအတွက် အသုံးဝင်တဲ့ သိထားသင့်တဲ့ ယဉ်ကျေးဖွယ်ရာ ထမင်းစားနည်းလေးကို ပုံလေးတွေနဲ့ ရှင်းရှင်းလင်းလင်းတင်ပြထားတာနှစ်သက်ပါတယ်။သုတရော ရသပါ ပြည့်စုံပါတယ်။ဖတ်ရသူတိုင်း အကျိုးရှိစေတဲ့ အကြောင်းအရာပါ။
ဒီစာရဲ့ရှေ့က အိမ်သာဘယ်လိုသုံးကြမလဲ တွက်ပါ ပေါင်းပြီးပေးချင်တဲ့ အမှတ်တွေပါ။

(ဒီလ စာပေဆုရွေးချယ်တဲ့ ပို့စ်အတွက် အကူအညီပေးခဲ့တဲ့ ညီငယ်လေး အံစာတုံးရဲ့ ကူညီမှုကို တစ်သက်လုံး အမှတ်ရနေတော့မယ် ဆိုတဲ့ အကြောင်း မှတ်မှတ်ရရ ရေးခဲ့ပါတယ်ဗျာ…။)

လမ်းပေါ်က အလွမ်းသမား
ဘလက်ချော…။

54 comments

  • ခိုင်ဇာ

    January 10, 2013 at 11:33 am

    ကိုနွေဦး၊
    ကိုမင်းနန္ဓာ၊
    ကိုသော်ဇင် (လွိုင်ကော်)၊
    ပု၊
    အားလုံးပဲ၊ Congratulations ပါဗျို့။ ဝမ်းသာပါတယ်။ :hee:

    • ရွှေ ကြည်

      January 12, 2013 at 9:59 am

      အတူတူပါပဲဗျို့ အစ်မခိုင်ဇာနောက်ကလိုက်ပါတယ်။ အကြောင်းကြောင်းကြောင့်အဆက်အသွယ်ပြတ်နေတာမို့အခုမှပဲ ပြောရတော့တယ်။

  • blackchaw

    January 12, 2013 at 7:30 am

    ကံကောင်းချင်တော့ ကိုပါကြီးက
    ဒီဇင်ဘာလ ဆုကြေညာတဲ့ ပို့စ်ကို ကိုဘလက် ရေးပါလို့
    တစ်ချက်လွှတ်အမိန့်ပေးပါတယ်…။
    ကံဆိုးချင်တော့…
    ရှေ့က ဆုကြေညာတဲ့ ပို့စ်တွေကို ရေးခဲ့တဲ့
    အစ်ကိုတွေ အစ်မတွေက..
    ပါဖေါမန့် အစုံနဲ့ လက်ကုန်ဖွင့်ရေးခဲ့ကြတော့…
    မနူးမနပ်ကလေး ဘလက် အလှည့်ကျတော့…
    လုပ်ပြစရာ ပါဖေါမန့် က ကုန်သလောက်ရှိနေပါပြီ…။
    ကံကောင်းချင်တော့…
    ဆုကြေညာတဲ့ ပို့စ်ပဲကွာ…
    အဓိက က အဓိကပဲ ဆိုပြီး ဆုကြေညာတာကို အဓိကထားရေးဖို့
    အိုင်ဒီယာရသွားခဲ့ပါတယ်…။
    ကံဆိုးချင်တော့
    အဲဒီဆု နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကပဲ
    ရှာဖွေစုဆောင်းဖို့ အချိန်မပေးနိုင်လောက်တဲ့
    ဘဝအခြေအနေမျိုးဖြစ်နေခဲ့ပါတယ်…။
    ကံကောင်းချင်တော့
    ညီငယ်လေး အံစာတုံးက
    ဘာမှမပူနဲ့ ကျွန်တော့်တာဝန်ထား ဆိုပြီး
    ဆုနဲ့ ပတ်သက်တဲ့ အပိုင်းတွေကို တာဝန်ယူရေးပေးပါတယ်…။
    ကံဆိုးချင်တော့
    ဆုကြေညာ တဲ့ လူဆိုတော့
    နည်းနည်းတော့ ရေးဦးမှ ဆိုပြီး
    ဟိုလျှောက်ရေး ဒီလျှောက်ရေး ရေးမိပါတယ်…။
    ကံကောင်းချင်တော့
    ကျေးဇူးတင်စကားကို
    အလွန်ချောမွေ့စွာနဲ့ ရေးလိုက်နိုင်တယ်ပေါ့ဗျာ…။
    အဲ…အဲ…
    ကံဆိုးချင်တော့
    အဲဒီပို့စ်ကို ရေးရင်း
    ဘလက်ချောဆိုတဲ့ ကျွန်တော်ဟာ
    အရက်နည်းနည်း သောက်နေခဲ့မိတာပါပဲ…။
    ကံကောင်းချင်တော့
    လမ်းမှာပဲ လွမ်းမယ်ဆိုတဲ့
    ခင်ဝမ်းသီချင်းလေးနဲ့ ရွာထဲက
    မှတ်မိသလောက်နာမည်တွေကို
    မူးမူး နဲ့ လျှောက်ရေးပြီး လွမ်းလိုက်မိပါတယ်…။
    ကံဆိုးချင်တော့…
    လမ်းပေါ်မှာ လွမ်းတဲ့ နေရာမှာ
    မူးမူးနဲ့ လျှောက်ရေးတာ ဆိုတော့
    တချို့ ချစ်ရ ခင်ရ လေးစားရသော
    ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေ
    ကျန်နေခဲ့ တာပါပဲဗျာ…။
    ကံကောင်းချင်တော့
    သူတို့က ကျွန်တော့်အပေါ်
    စိတ်မဆိုးကြဘူး လို့ ယူဆရတာပါပဲ…။
    ဇာတ်ပေါင်းတော့ပေါ့ဗျာ…။
    သူတို့က ကျွန်တော့်ကို
    လမ်းပေါ်မှာ လွမ်းတာတောင်
    ကျွန်တော့် ကို ထည့်မလွမ်းဘူး
    ကျွန်မကို ထည့်မလွမ်းဘူး ရယ်လို့
    စကားနာထိုးကြတယ်ပေါ့…။
    တောင်းပန်ပါတယ်…
    အစ်ကိုတို့ အစ်မတို့ ညီတို့ ညီမတို့ရေ…။
    အရက်သောက်ခြင်းဟာ
    လုံးဝမကောင်းဘူးဆိုတာ
    အဲဒါကိုသာ ကြည့်ကြပါတော့…။
    မူးမူး နဲ့ ရေးလိုက်တော့ အမေ့မေ့ အလျော့လျော့တွေ ဖြစ်တတ်တယ်ဆိုတာကိုပါ…။
    ချစ်ရ
    ခင်ရ
    လေးစားရသော
    အစ်ကိုတွေ အစ်မတွေ ညီငယ် ညီမငယ်တွေကိုလည်း
    လမ်းပေါ်မှာ လွမ်းနေပါတယ် ဆိုတာ
    မမူးတဲ့ နံနက်ခင်းလေးမှာ
    အိပ်ယာစောစောထလို့
    ကြိုးစားပမ်းစား လွမ်းလိုက်ပါတယ်ဗျာ….။
    လမ်းပေါ်က အလွမ်းသမားလေး ဘလက်…။

  • မင်းနန္ဓာ

    January 12, 2013 at 9:07 am

    ကိုနွေဦးရေ Congratulations ပါဗျို့။
    ဒီအပတ်ထဲ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုမှာဝင်နွှဲနေရတာ ကိုနွေဦး ကျေးဇူးကြောင့် ကောင်းကောင်း စားတတ်ခဲ့ပါတယ်ဗျ။ အမှတ်ရနေမိတာ..။ ဆုရသွားတဲ့အတွက် တကယ်ဝမ်းသာမိပါတယ်ဗျာ။
    ဒုတိယရပြီး ကပ်လွဲသွားတဲ့ ကိုသော်ဇင်ကိုလည်း အားပေးလျက်ပါ ရသတွေ ပေးပြီး ရေးအားကောင်းလို့ အားကျမိပါတယ်..
    တတိယ အတူရတဲ့ တီပုချ်ကိုလည်း ဗရာဗိုပါခင်ည.. :hee:

  • ဦးဦးပါလေရာ

    January 12, 2013 at 11:31 pm

    ဒီပိုစ့်က ဒီဇင်ဘာလအတွက် မန်းဂဇက်ချစ်သူများအကြိုက်စာမူဆုကြေငြာတာဆိုတော့-
    အခုဇန္နဝါရီလအတွက် ဖတ်ကူမယ့်မန်ဘာများကိုလဲ ဖိတ်ခေါ်ပါကြောင်း…။

    ဝမ်းသာစရာသတင်းကတော့ အရှေ့ကျွန်းက မောင်ဂီလဲ အချိန်နဲနဲပေးနိုင်ပြီဖြစ်လို့ ဖတ်ရွေးအဖွဲ့မှာ ခွင့်ယူထားရာကနေ ပြန်ဝင်ရွေးတော့မှာဖြစ်လို့ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း…။

  • cobra

    January 13, 2013 at 1:32 pm

    သူများတွေကိုအားကျလိုက်တာ
    ကျွန်တော်ကတော့မရေးရဲတော့ဘူး။
    အကိုတွေအမတွေက ရေးတာကောင်းနေတော့
    မရေးရဲဘူး ပီးတော့ ကိုကကလေးဆိုတော့ ကလေးအတွေးပဲတွေးတတ်သေးတယ်။

  • နွေဦး

    January 14, 2013 at 8:11 am

    တောင်းပန်ပါတယ်ခင်ဗျား….
    ကျွန်တော် ခရီးသွားနေရလို့ ဒီလ စာပေဆု ကြော်ညာတာကို မဖတ်ရမသိရဖြစ်ပါတယ်
    ဒီနေ့ ပြန်ရောက်လို့ ဂေဇက်ကို ဖွင့် ဒီလ ဘယ်post တွေကို ဖတ်သင့်လဲဆိုပြီး စာပေဆုကိုဖွင့်ဖတ်ပါတယ်
    ကျွန်တော်က ဂေဖက်ထဲက စာတွေ အားလုံးကို ဖတ်ဖို့အချိန်မရတာကြောင့် စာပေဆုရွေးချယ်ရေးအဖွဲ့က ရွေးထားတဲ့ စကာတင်တွေထဲကမှ ကောင်းနိုးရာရာတွေကို ရွေးဖတ်ရတဲ့သူပါ ။အမြဲတမ်း ပထမ ဒုတိယနဲ့ တတိယ ရွေးခံရတဲ့ ၃ပုဒ်ကိုတော့ ဖတ်ဖြစ်ပါတယ် ။ဒီလတော့ ဖတ်စရာတပုဒ်လျှော့သွားတာပေါ့ ။
    အားလုံကို ကျေးဇူးတင်ပါတယ်…။ ကျွန်တော့စာတပုဒ်ကြောင့် ဒုက္ခမရောက်ဘဲ အသုံးတဲ့ အကျိုးရှိ ခဲ့တဲ့သူတွေ ရှိတယ်ဆိုတော့ ကျွန်တော်ဟာ အကျိုးပြုစာလဲရေးတတ်တယ်ပါလားလို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူမိပါတယ်။
    ဂေဇက်က ရေးဖော်ရေးဖက် မိတ်ဆွေများနဲ့ ဆုံနိုင်အောင်လို့ လာခဲ့ပါမယ် ။ခရီးထွက်ဖို့ရှိရင်တောင် မဖြစ်ဖြစ်အောင် လာရေတော့မှာပါလား…။ယောင်နန နဲ့ ချောင်ကျကျ မှာချောင်ခိုနေလို့ မရတော့ဘူးပေါ့နော်..။
    အော်..ကိုယ့်စာလေးအရွေးခံရတယ်ဆိုတော့ ဝမ်းသာပါတယ် ။ ဝမ်းသာတာနဲ့အတူ တာဝန်တွေလဲ ပါလာခဲ့ပါလား…
    အားလုံးကိုကျေးဇူးတင်ပါတယ် ။
    နောက်ကျစွာ အကြောင်းပြန်မိတဲ့အတွက်လည်း အားလုံးကိုတောင်းပန်ပါတယ် ။

  • zarlay

    January 15, 2013 at 12:00 pm

    အင်တာနက်နဲ့အဆက်အသွယ်ပျက်နေတာကြာနေလို့ စာဖတ်ပြီးဘာပြန်ရေးရမလဲမသိဘူးဖြစ်နေလို့ပါ။

Leave a Reply