“ခေါင်းစဉ်မရှိတဲ့ ကဗျာ”

“ဝုန်းကနဲ ကြားလိုက်တယ် ..”
ခပ်ပြင်းပြင်း သံစဉ်တစ်ခု ပေါက်ကွဲသွားသလား
နားနှစ်ဖက်ကို ခဏလောက် ကန်းကြည့်မိတယ်
ပေါက်ကွဲသံစဉ်က တုန်ခါနေဆဲပဲ
သေချာစမ်းစစ်မိမှ
ဪ ရင်ဘတ်ထဲက မြည်နေတာပါလား
နောင်တ ဆိုတာ မရှိခဲ့တဲ့ ငါ
နှောင်းတ တစ်ခုကို လက်ဝယ်ပိုက်လို့
ရီဝေဝေ အကြည့်တစ်စုံက
မျက်ဝန်းတွေ မှိတ်လို့ထားလည်း ဝဲလည်ခတ်နေတယ်
ခေါက်ရိုးကျိုးနေတဲ့ မှင်ရောင် ပျက်ပြယ်လု စာရွက်အဟောင်းကြားက
ပါ့စ်ပို့စ် ပုံလေးက အရင်လို အသက်ဝင်နေဆဲပဲ
ပြောင်းလဲနေတဲ့ လောကကြီးရဲ့ စီးမျောနေတဲ့ ရေစီးထဲက
ငါအမှီမလိုက်နိုင်တော့တဲ့ ပြောင်းလဲမှုတွေထဲမှာ
နင် တစ်ယောက်လည်း ကူးခတ်သွားမယ်ဆိုတာ ငါ မတွေးထားမိခဲ့ဘူး
မှန်ထဲက ပုံရိပ်တစ်ခုကို ပြန်ကြည့်မိတယ်
ငါ မဟုတ်တဲ့ လူတစ်ယောက်ကို တွေ့မိတယ် .
သေချာတယ် …… နင် သိခဲ့ဖူးတဲ့ ငါ လည်း မဟုတ်တော့ဘူး
တကယ်တော့ ငါကိုယ်တိုင်လည်း ရေစီးထဲမှာ လိုက်ပါနေတာပါလား
ဒါပေမယ့် ….. ငါတို့က ဆန့်ကျင်ဘက် ဦးတည်ရာတွေမှာ …

5 comments

  • သုရှင်

    January 9, 2013 at 10:29 am

    နည်းနည်းလေး လိုနေသလိုလိုပဲ
    ဘယ်နေရာလည်းတော့မသိဘူး။
    ဟီးဟီး သိသလိုလိုနဲ့ ဆရာကြီး ဝင်လုပ်သွားပါကြောင်း။
    :mrgreen:

    • Hnin

      January 9, 2013 at 12:34 pm

      ဟုတ်ကဲ့ …. ကဗျာတွေ စာတွေ သိပ်မရေးတတ်ပါဘူး
      ကာရံတွေ နဘေတွေဆိုတာလည်း နားမလည်ဘူး
      း) ခံစားမိတာလေးတွေကို စာအဖြစ် အသက်သွင်းလိုက်တာပါ
      အများကြီး လိုပါတယ် နည်းနည်းမဟုတ်ပါဘူး .ဟိ

  • အလင်းဆက်

    January 9, 2013 at 7:04 pm

    surrealism ဆန်တဲ ့ကဗျာ တစ်ပုဒ်လို ့..မြင်မိပါကြောင်း

    နှစ်သက်ပါကြောင်း…

  • မောင်ပေ

    January 9, 2013 at 8:18 pm

    ခေါင်းစဉ်မရှိ
    ပြောင်းပင်အကြည့်
    စောင်းတင်အမိ
    ရောင်းဆင်ငပိ
    လောင်းရင်မသိ

  • Yawna Tham

    January 9, 2013 at 9:18 pm

    ကောင်းတယ်ဗျာ.ကဗျာ တွေကိုအရမ်းနှစ်သက်တက်လို့…
    အားပေးသွားပါတယ်နော်……….။

Leave a Reply