ရေးလက်စကဗျာတစ်ပုဒ်

သောက်လက်စကော်ဖီတစ်ခွက်

ရေဘူးထဲကိုထည့်ထားခဲ့တဲ့

လက်ဖက်ခြောက်တစ်ထုတ်လို

ပုလင်းကျဉ်းလေးထဲ ပက်လက်ကလေးမျောလို့

နင့်ကိုချစ်တဲ့အကြောင်း ရေးလက်စကဗျာကလည်း

အခုထိအဆုံးမသတ်သေး

နင့်အတွက်ခေါင်းစဉ်တပ်ထားတဲ့ အကြောင်းအရာတချို့ကလည်း

ရင်ဘတ်ထဲက ပြူတစ်ပြူတစ်နဲ့ ထွက်ထွက်လာလွန်းလို့

အေမိုင်နာကိုချစ်တဲ့

လီဟိုရီကိုကြိုက်တဲ့

ကြောင်လေးတွေကိုအသည်းယားတဲ့

ကွမ်းယာအပျင်းပြေစားတတ်တဲ့

တခါတခါ ကလေးတစ်ယောက်လိုဂျစ်တတ်တဲ့

အညာသားလို့ခေါ်ရင်မကြိုက်တတ်တဲ့

ငါ့ကိုချစ်တဲ့

တစ်ယောက်သောသူရယ်

နင်နဲ့ငါဟာ

တိမ်တွေကိုရေတွက်

ရေပြာပြာမှာမျော

သစ်သားရောင်တွေကိုခံစား

နင့်သဘောနဲ့ငါ့မနောထပ်တူကျစမြဲနော်

နင့်ကိုလွမ်းလွန်းနဲ့နေ့တွေဆိုရင်

ငါ့ဘဝကြီးလည်းအရောင်ရင့်

ဒုတ်ခတွေကလည်းထူ

ခပ်နင့်နင့်ရင်ဘတ်ကို တမ်းတခြင်းနဲ့သာ ချွေးသိပ်ရတယ်

နင့်မသိတဲ့ငါ့ဖက်ခြမ်းက ခံစားမှုဟာလည်း

နင့်အရောင်တွေဟပ်လို့

ဘဝကြီးတခြမ်းလုံးစာ နင့်ဘက်ကိုယွန်းလို့

မ ဆိုတဲ့စကားကို လျစ်လျုရှုရင်း

ချစ်တယ်ဆိုတဲ့စကားကို အကြိမ်ကြိမ်ရွတ်ဆိုနဗေထပ်

ငါ ကာရန်တွေစပ်နေလိုက်တာ

ဟောဒီကဗျာလေး အဆုံးသတ်တဲ့အထိ ။ ။

About ဆုမြတ်မိုး

ဆုမြတ်မိုး has written 18 post in this Website..