နားစည်ကိုထွင်းနှလုံးသားအတွင်းဝင်သွေ.ကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်နေသော(18)

ကျနော်တေးသံသွင်းကနေနားလိုက်တဲ့အခါမှာ သည်လောကနဲ့မသက်ဆိုင်တဲ့လုပ်ငန်းထဲရောက်သွားပါတယ်။
အဲဒါကတော့ စားသောက်ကုန်ပစ္စည်းထုတ်လုပ်တဲ့လုပ်ငန်းမှာ အုပ်ချုပ်သူအဖြစ်လုပ်ရပါတယ်။
အဲဒီမှာရောက်တော့ အရင်ကလိုသီချင်းတောထဲမှာတော့အချိန်ပြည့်ရှိမနေနိုင်တော့တဲ့အတွက်အစကတော့မနေတတ်သလိုပါ

ဒါပေမဲ့ ကျနော်နဲ့အတူနေတဲ့ကောင်လေးက သီချင်းထက်ဂစ်တာတီးတာကို ဝါသနာပါပါ တယ် ။ဂစ်တာတီးတာကတော့ ကျွမ်းကျင်အဆင့်မှာရှိပါတယ်။သူ့မှာရှိ JVC စတီရီယိုကက်ဆက်ကလေး ရှိပါတယ်။
ဒါပေမဲ့သူ့မှာရှိတဲ့ကက်ဆက်ခွေတွေက ဂစ်တာလေ့ကျင့်ခန်းခွေတွေများပါတယ်။
သူနဲ့တွေ့မှ နိုင်ငံခြားက ရော့ဂစ်တာဘုရင်တွေဖြစ်တဲ့ ဂျင်မီဟင်းဒရစ်တို့၊စတီဗိုင်းတို့၊ဂျိုးဆက်သနီတို့ဆိုတဲ့
နာမယ်တွေရော သူတို့လက်သံဒေါင်ဒေါင်လန် တွေကိုပါကြားဘူးပါတော့တယ်။
သူကတော့ တီးလုံးတွေဖွင့်ပြ ပြီးရင် ဒီနားလေးကတီးလို့အရမ်းခက်တာ ဘယ်လိုတီးရတာတို့ကိုပြောရင်းသူ့ဟော်လိုဂစ်တာလေးနဲ့လဲ
တီးပြပါတယ်။တက်ပင်ပေါက်တာက ဒီလိုဆို ဂစ်တာကြိုးကိုလက်နဲ့ပုတ်ပုတ်ပြီး အသံတွေထွက်အောင် လုပ်လုပ်ပြတာ။
အစကတော့ကျနော့်နားထဲမှာဒေါင်ဒေါင် ဒန့်ဒန့်တို့ ဒွန်……………ဒူန့်ဒူန့်တို့ကို ဘဲကြားတာပေါ့။
နောက်မှသူက ရော့စကေးကဘယ်လို သူကဒရမ်ရိုက်ချက်ပေါ်မှာမှီပြီး အသံကို ရစ်တင်တို့ဆွဲတင်တာတို့တွေကိုပြောပြလို့လား
ဒါမှမဟုတ်နေ့စဉ်ကြားနေရလို့ နားယဉ်ပြီးနားထောင်တတ်လာလို့လားတော့မသိ သူတို့တီးတဲ့တီးကွက်တွေကို ခံစားလို့ရလာသလိုပါဘဲ။
သူပြောမှသိလိုက်ရတာ မြန်မာပြည်မှ ဂစ်တာဆရာကြီးက စောဘွဲ့မှူးဆိုတာရယ် သူသင်ပေးနေတဲ့ထွက်မလာသေးတဲ့ချစ်စမ်းမောင်ဆိုတာရယ်
အဆိုတော်လွှမ်းမိုးကလဲ ဂစ်တာအတီးကောင်းတယ်ဆိုတာတို့ သီချင်းအေးအေးလေးတွေဆိုတဲ့ ခင်မောင်တိုး သီချင်းတွေမှာ စန္ဒယားလှထွတ်သား
ဇော်မျိုးထွတ်က သီချင်းဆိုလိုအပိုဒ်တွေမှာ ရော့စကေးဝင်အောင်ဘယ်လိုတီးတယ်ဆိုတာတွေကိုပြောပြတော့ သိလှပြီလို့ထင်ထားတဲ့ကျနော့်မှာ ပါးစပ်အဟောင်းသားပါ။
သူကဆက်ပြောပြပါသေးတယ် လူတွေက ရော့က်ဆိုရင်ဝုန်းဒိုင်းကြဲပြီးဆူနေအောင်တီးကြဆိုကြတာကိုထင်နေတယ်
အဲဒါမှားတယ် ရော့က်မှာလဲ အအေးလေးတွေရှိပါတယ်။ရော့က်ဆိုတာ ဂစ်တာတီးတဲ့စကေးတစ်ခုကိုသတ်မှတ်တယ်လို့ပြောပါတယ်။
သူက အရပ်ရှိုးပွဲလေးတွေမှာလဲ အပျော်တမ်းလိုက်တီးပါတယ် ပိုက်ဆံပေးငှားတယ်ဆိုတဲ့ပွဲမှာတောင် သူကပိုက်ဆံထပ်စိုက်ရတာများပါတယ်။
သူ့မှာလဲ ဂီတနဲ့ပါတ်သက်တဲ့အပေါင်းအသင်းတွေက အများကြီးပါ။
တစ်ရက်သူရန်ကုန်ကပြန်လာတဲ့အခါ ကျနော်နားထောင်ဘို့ဆိုပြီးကက်ဆက်ခွေလေးတစ်ခွေယူလာပါတယ်။
ရော့က်အဆိုတော်အသစ် အသံအစုံမထည့်ရသေးဘူး ခွေကြမ်း (3)ပုဒ်ထဲဘဲပါ ပါတယ်။
(သန်းခေါင်ယံ ညနက်ထဲ သံစဉ်များနဲ့……………….အလင်းရောင်………..ရင်ခုန်သံတွေနီးစပ်ပါရစေအချစ်ရေ……………..)ပါဘဲ။
အဲဒီထဲမှာပါတဲ့ကျန်တဲ့သီချင်းတွေကတော့လုံးဝအမြူးတွေပါ။
ဘယ်သူလဲလို့မေးတော့ မကြာခင်ထွက်မဲ့ အဆိုတော်အသစ် ပါတဲ့။
နောက်ခွေထွက်မှသိလာရတာကတော့ ကျနော်ဆီပါလာတဲ့သီချင်းက
(အလင်းရောင် ဆိုတဲ့ အလွမ်းသီချင်းလေးရယ် ။ကမ္ဘာကြီးကလုံးပြီးဝိုင်းနေတော့ရယ်။ညရဲ့ဆူးရယ်ပါ။
ဒါလေးနားထောင်ပြီးလို့မကြာခင်မှာဘဲ ကန္တာရလမင်းဆိုတဲ့ခွေလေးနဲ့ လေးဖြူဆိုတဲ့
မြန်မာပြည်က ရိုးရိုးလေးဝတ်လို့ အေးအေးလေးနေတတ်သူ ရော့က်ကာတစ်ယောက်ကိုမွေးဖွားပေးလိုက်ပါတော့တယ်။
နောက်ဆက်တိုက်ဘဲ ပင်လယ်အော်သံဆိုတဲ့ခွေလေးထွက်လာတဲ့အခါမှာလေးဖြူဟာခိုင်မာသော ဘဝကို ရယူနိုင်သွားပါတယ်။
ဘာလို့ခို်င်မာတဲ့ဘဝကိုရယူနိုင်တယ်လို့ပြောရသလဲဆိုရင် တစ်ချို့သောအဆိုတော်များမှာ (ဥပမာ ဗဒင်)ပထမခွေရဲ့အောင်မြင်ပေမဲ့
နောက်ခွေမှာ ကျတော့ ခပ်အေးအေးဖြစ်သွားတတ်လို့ပါဘဲ။
လေးဖြူ နာမယ်ကြီးခဲ့တဲ့သီချင်းတွေကတော့
(အိပ်မက်ရထား။မုန်းလိုက်။နောက်ထပ်တို့မဝေးဘူး။မျှော်လင့်ခြင်းလေး။စုန်းမ။သေခြင်းရဲ့တံခါးများ။လွမ်းတဲ့စိတ်။အသုံးမကျတဲ့နှင်းဆီ။အလွမ်းများတစ်ကိုယ်ရေလွမ်းဆွတ်မူ့။လိပ်ပြာ။အဖေ။)သီချင်းတွေအပြင်လူကြိုက်များတဲ့သီချင်းတွေများပါတယ်။
ထူးဆန်းတယ်ပြောရမှာက ရော့က်သီချင်းဆို ဆူမှညံမှ ပွက်လောရိုက်မှလို့ထင်နေတဲ့သူများ ကို အလင်းရောင်လို လွမ်းတဲ့စိတ်လိုသီချင်းအေးအေးလေးများနဲ့ဖမ်းစားထားနိုင်တာပါဘဲ။
နောက်ပြီး မြန်မာပြည်မှ ပထမဆုံးလို့ပြောနိုင်တဲ့ နှစ်ပုဒ်ထဲပါတဲ့မဉ္ဇူရီဆိုတဲ့
သီချင်းခွေလေးကို ထုတ်ပြခဲ့တာပါဘဲ။ဒါပေမဲ့ ငွေကြေးအပို်င်းမှာမအောင်မြင်တော့ တစ်ခါထဲပါဖြစ်သွားပါတယ်။

နောက် သူ့ညီအငဲနဲ့ သူ့တူမျိုးကြီးနဲ့တွဲလို့ စောဘွဲ့မှူးအမှတ်တရခွေပြီးတဲ့နောက်မှာ စင်ပေါ်မတက်တော့ဘူး အသက်ကြီးပြီဆိုုပြီးနားလိုက်ပါတယ်။ဒါပေမဲ့ နာဂစ်ရန်ပုံငွေပွဲအတွက်ဆိုပြီးအလှူပေးဘို့အတွက်စင်ပေါ်ပြန်တက်လာတဲ့အခါမှာချစ်သောပရိသတ်များက

အားပေးလိုက်ကြတာ ဘယ်သူမှလို်က်မမှီအောင် ဝက်ဝက်ကွဲပါဘဲ။
(လူကိုရူးမတတ်ဖြစ်စေတဲ့ …….သံယောဇဉ် …….ဒီသံယောဇဉ်………………….)တို့
(အပေါ်ယံရှပ်ထိသောဒဏ်ရာမဟုတ်တော့ လွယ်ကူစွာနဲ့ငါမေ့မရဘူးကွယ်……..ဘယ်ဆီကိုမင်းရောက်နေတယ်……….ဘယ်သူနဲ့မင်းရှိနေတယ်)
ဆိုတဲ့ ထူးခြားစွာ ပင်လယ်ကမ်းစပ်မှာအမှတ်တရသွားတီးထားတဲ့ B0B ကတော့သူ့နောက်ဆုံးခွေပါဘဲ။
သူနဲဇော်ဝင်းထွတ်ကို နိုင်းယှဉ်ကြည့်မယ်ဆိုရင် ဇော်ဝင်းထွတ်ကတော့ ဝတ်တားစားတာ လုံးဝအမြင့်တွေပါ။
လေးဖြူကတော့ ဂျင်းဘောင်းဘီ အနွမ်းလေး အကျီအကွက်ကလေး တီရှပ်ကလေးနဲ့ရိုးရိုးလေးဆိုတော့လူငယ်
တွေနဲ့ပိုနီးသလိုခံစားရပါတယ်။
လေးဖြူနဲ့အတူ မြန်မာပြည်က အိုင်စီလို့ခေါ်တဲ့တီးဝိုင်းရယ် (စောဘွဲ့မှူးကတော့ ဂစ်တာဘုရားပေါ့) ဂစ်တာသမားအသစ်ကလေး
ချစ်စမ်းမောင်(အတော်တော်တဲ့ပါရမီရှင်ပြောရင်မမှားပါ)ရယ် ကေအေတီဆိုတဲ့ သီချင်းရေးဆရာ အသစ်ရယ်မွေးဖွားလာပါတယ်။
နောက်မကြာခင်မှာဘဲ မြန်မာတစ်ပြည်လုံးမှာ အချစ်ဟာမီးလား …………………….ဆိုတဲ့ အသံလေးတွေလွှမ်းလာပါတယ်။

(လွယ်လွယ်လေးချစ်သူရေ…………….တို့ ယူပါမေ ကံကောင်းခြင်းတွေကိုလေ…………တို့ သောကများငြိမ်းစေသတည်း…..တို့
အရင်က လူနည်းနည်းသာသိခဲ့တဲ့ (အတောင်ပန်ပါရင်မင်းဆီကို ………………ဝေးနေချိန်ရဲ့ခရီးလေးကို……………)ဆိုပြီး
တမ်းတလိုက်တဲ့ အဆိုတော်အသစ်
ိုကလေးတွေက (ယင်ကောင်)လို့နာမယ်ဖျက်ဆိုတတ်တဲ့ (မယ်တင်ကိုလွမ်းတဲ့ ကျားပေါက်ရဲ့အဖေ)
ရင်ဂိုဆိုတာပေါ်လာပါတယ်။သူလဲရော့က်ကားပါဘဲ။အသံအားကောင်းသလိုအောင်နိုင်သလို အသံကလဲချိုတဲ့သူပါ။
ပြောရရင် ရင်ဂိုက သီချင်းဟောင်းတွေပြန်ဆိုရင် ပိုနာမယ်ကြီးသွားပါတယ်။
(အယ်လ်ခွန်းရီရဲ့ကိန္နရာချောင်းခြားအမှာစကား။သန်းနိုင်ရဲ့ ရတာမလို လိုတာမရ။ပကာသနဇာတ်ပျက်သမား အပါအဝင်သီချင်းတော်တော်များများ
သီချင်းဟောင်းတွေဖြစ်တဲ့ (ပန်းလေးတပွင့်။အချစ်နတ်သမီး။စံပယ်ဖြူတွေတောင်ပွင့်ပြီကွယ်။ဝေဒနာလူ။အချစ်ဆိုတာလှို့ဝှက်ချက်တစ်ခုပါ။
အချစ်ကိုရင်း၍။အင်းလျားကန်စပ်က ဖိနပ်တရံ။အဆိပ်ရည်အပြည့်နဲ့ပုံး)အဆိုတော်အစုံရဲ့သီချင်းတွေပေမယ့်လဲလူကြိုက်များပါတယ်။
နောက်ဆုံးထွက်ခဲ့တဲ့သီချင်းကလဲ ပြန်ဆိုတေးပါဘဲ။
(မောင်တို့ချယ်ရီမြေ။သုံးရာသီ)တို့လိုမြန်မာဆန်ဆန်သီချင်းလေးတွေဆိုတော့ ရော့က်ကားကနေ ဘဝပြောင်းသွားတယ်လို့ဆိုနိုင်ပါတယ်။
နောက် လေးဖြူနဲ့ အသံဆင်တူတဲ့အဆိုတော်တစ်ယောက်ထွက်လာပါတယ်။
သူနာမယ်ကြီးလာတဲ့သီချင်းကလဲ မန်းလေး တက္ကသိုလ်ကညများကို လွမ်းတဲ့သီချင်းလေးတွေနဲ့ပါ။
လေးဖြူနဲ့တူဆိုနောက်မှသိလာရတာက လေးဖြူရဲ့ညီအရင်း နာမယ်ရိုးပေမဲ့ အကြားဆန်းနေတဲ့ (အငဲ)ပါ။
လေးဖြူနဲ့တူသလိုထင်ရပေမဲ့ သူကလဲသူ့စတိုင်နဲ့သူရပ်တည်သူပါ။
သူနဲ့သူ့အကိုတို့အိုင်စီ ရှိုးပွဲမှာ တစ်ယောက်နဲ့တစ်ယောက် အတည်ပေါက်ဟာသတွေထုတ်သွားကြတဲ့
(ဒီသီချင်းကို သူဒီညမဆိုရရင်သူသေသွားနို်င်တယ်…………….)တို့
(အမျုးိအရင်းတွေက မယုံရဘူးတို့ ဟောကြည့် ……လူကြီးရှက်တော့ စပ်ဖြီးဖြီးကြီး)လို့တစ်ယောက်နဲ့တစ်ယောက်
နောက်ကျတာလေးက အတော်ကိုကြည်နူးစရာကောင်းပါတယ်။
အငဲရဲ့နာမယ်ကြီးသီချင်းများကတော့ (85 မန္တလေးညများ။နူးညံ့တဲ့အမိန့်တော်အတု်ိင်း။မျှော်လင့်ခြင်းကွင်းပြင်။အကြည့်။
ကိုယ်ရေးရာဇဝင်။လမ်းပြပါဦး။ဘေဘီ။)
နောက်ထူးထူးခြားခြား ခင်မောင်ထူးသီချင်းကို ပုံစံသစ်နဲ့ပြန်ဆိုလိုက်တာကိုလူတွေခိုက်သွားတဲ့
(ဒွေးမယ်နော်ငွေတောင်ပြည်ပြန်သွား…………………..ဇာတ်ထဲမှာတော့ မင်းသားလေးလို သည်ဇာတ်ဟာအလွမ်းဆုံးဟေ……………………)
အဲဒီအချိန်မှာဘဲ နာမည်ကြီးနေတဲ့ အဆိုတော်ကတော့ မိန်းကလေးထဲကဆိုရင်
(နေရောင်ခြည်ကို ကန့်လန့်ကာဖွင့်ကမ္ဘမြေကြီးကနိုးလာ…………………………………………………………………….