တစ်ခါကရွာတစ်ရွာမှာ ဆင်းရဲသားမျက်နှာမွဲမိသားစု သုံးယောက်ရှိလေသည်။

ဆင်းရဲသည်ဆိုရာဝယ် အလွန်အမင်းဆင်းရဲခြင်းတော့ မဟုတ်ပါ။ မိခင်ဖြစ်သူမုဆိုးမနှင့်သမီးဖြစ်သူမှာလဲ အခြေအနေအရ ရွာထဲမှ “အတတ” နိုင်လွန်းသူ မောင်လွဲပိုနှင့် အိမ်ထောင်ဖက်ဖြစ်ခဲ့သည်။

မောင်လွဲပိုမှာ နာမည်နှင့်လိုက်အောင်လွဲနိုင်လွန်းသူဖြစ်သည်။ တစ်နေ့ ဇနီးသည် ကိုယ်ဝန်ဆောင်ပြီး မွေးခါနီး ဗိုက်နာလာလေသည်။ ထိုအခါ မိခင်ဖြစ်သူမှာ အရပ်လက်သည်နှင့် ခေါ်မွေးသော်လည်း အခြေအနေမကောင်းသဖြင့် သမက်ဖြစ်သူအား တစ်ဖက်ရွာမှ သားဖွားဆရာမအား အမြန်သွားပင့်ရန် ခိုင်းလိုက်လေသည်။ ဆိုင်ကယ်၊ စက်ဘီးမရှိသော မောင်လွဲပိုတစ်ယောက် တစ်ဖက်ရွာအား ခြေလျှင်ပြေးရတော့သည်။ ဒီလိုနှင့် မောင်လွဲပို တစ်ဖက်ရွာမှ သားဖွားဆရာမ ဆေးခန်းရောက်ချိန်တွင် ဆရာမအားမတွေ့ရသဖြင့် တစ်ဖက်အိမ်အားမေးကြည့်ရာ ဆရာမခတ္တမြို့ပြန်သွားကြောင်းသိရလေသည်။

 

မောင်လွဲပိုတစ်ယောက် စိတ်ညစ်ညစ်နှင့် ပူပန်စိတ်တို့များကာ ရွာအပြင်ဘက်အပြန်လမ်းမကြီးသို့ထွက်လာခဲ့သည်။ ထိုအခါ တစ်ဘက်မှ လမ်းမကြီးအတိုင်း အဝေးကြီးမှ တစ်ဖြည်းဖြည်းလာနေသော ကားတစ်စီးကို တွေ့လိုက်ရသည်။ မောင်လွဲပိုလဲ ဝမ်းသာအားရဖြင့် ကားကြုံစီးရန် ထိုင်စောင့်နေလိုက်သည်။ အချိန်အတော်ကြာသောအခါ ကားတစ်စီးအနားသို့ရောက်လာကာ ကားတားလေသည်။ ကားဆရာမှာလဲ တစ်ယောက်ထဲပျင်းရိလှသဖြင့် မောင်လွဲပိုအား ခရီးကြုံလိုက်ရန်သဘောတူလိုက်လေသည်။

ဒီလိုနှင့် မောင်လွဲပိုတစ်ယောက် မနက်စော4နာရီမှ နာရီဝက်သာသာလာရသောခရီးအား နေမွန်းတည့်ချိန်သာသာမှ ပြန်ရောက်လာလေသည်။

မောင်လွဲပို အိမ်ပြန်ရောက်ချိန်တွင် ဇနီးနှင့်မိခင်ကို မတွေ့ရသဖြင့် အလွန်အမင်းစိတ်ပူသွားလေသည်။ သို့နှင့်အိမ်နီးချင်းကို မေးကြည့်သောအခါ အခြေအနေဆိုးသဖြင့် မြို့ဆေးရုံကို ပို့လိုက်ကြောင်း သိရလေသည်။ ထိုအခါ အိမ်နီးချင်းမှ မနက်ကတည်းက ထွက်သွားကာ နေမွန်းတည့်ပြီးမှ ပြန်ရောက်လာသော မောင်လွဲပိုအား  မေးကြည့်ရာ မောင်လွဲပိုတစ်ယောက်အားရပါးရ ရှင်းပြလေသည်။ ကျွန်တော် သွားတော့ ဆရာမ မရှိဘူး ဒါကြောင့် ပြန်လာတာ။  ကျွန်တော်ကံကောင်းတာပဲ လမ်းမှာ ကားတစ်စီးကြုံတယ် ကျွန်တော် ထိုင်စောင့်ပြီး ကားကြုံလိုက်လာတာ လို့ပြောတော့ အိမ်နီးချင်းမှ မင်းဘယ်ကားနဲ့ ကားကြုံလိုက်လာတာလဲလို့ မေးသောအခါ…………………………………………………………..

” ကျောက်ကြိတ်ကားကြီးနဲ့ကို လိုက်လာတာလို့ ဗျိုးးးးးးးးးး” ဟု ပြန်ပြောလိုက်လေ သတည်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

 

About mamanoyar

mama noyar has written 25 post in this Website..