သမီး ဒီနေ.ဟာ သမီးကြီးအတွက် ကျောင်းစနေကတည်းက ပထမဆုရခဲ.တာ ငါးကြိမ်မြောက် ဆုရတဲ.နေ.လေးပါပဲ။ တစ်နည်းအားဖြင်. သူငယ်တန်း ကနေစတုတ္ထတန်းအထိ ငါးနှစ် ဆက်တိုက် ပထမရတဲ.နေ.လေးပါပဲ။ ဒီလိုဆုတွေ ရတဲ.အတွက် အဖေ ဝမ်းသာ ပီတိ ကြီးစွာ ဖြစ်ရသလို အပျိုပေါက် ဘဝကို တက်လှမ်း တော.မယ်. ချစ်သမီးကြီးအတွက် အတွေးတစ်စ က အဖေ.စိတ်ထဲမှာ ဝင်ရောက်လာခဲ.တယ်။
အခုဆိုရင် အဖေ နဲ. အမေ လက်ထပ်ခဲ.ကြပြီး သမီးတို.ကို မွေးခဲ.ကြတာ ဆယ်စုနှစ်တစ်ခု ကိုကျော်လွန်ခဲ.တာကြာသွားခဲ.တာတောင် အဖေတို. သတိ မထားမိလိုက်ကြဘူး ။ လက်ထပ်ကာစမှာ အဖေနဲ.သမီးမေမေတို. အပျော်ကြီး ပျော်ခဲ.ကြတာ၊အဲဒီ အပျော်တွေ အကြာကြီးဆက်ရှိနေပေမယ်. သမီးတို.မွေးလာတဲ. အချိန်မှာ ပျော်နေရင်း နဲ.ပဲ စားဝတ်နေရေး ၊သမီးတို.အတွက်ပညာရေး တွေနဲ.ပဲ အချိန်တွေကုန်ဆုံး လစ်ဟာသွားခဲ.တယ်။
ဒီအချိန်မှာ အဖေတစ်ခု စဉ်းစားမိတာက သမီးက ပညာရည်ချွန် မှတ်တမ်းကောင်းတွေရရှိထားခဲ.ပြီ နောက်ထပ်လည်းသမီးအများကြီး ရလိမ်.ဦးမယ်လို. အဖေယုံကြည်ပါတယ် ။ တစ်ခုပဲရှိတယ် သမီး တော်ရင် တော်သလို အဖေတို. ပံ့ပိုးမပေးနိုင်မှာကို အကြောက်ဆုံးပဲ။ အခု ခောတ်အနေအထားအရ ငွေရှာရတာ အင်မတန် ခက်ခဲပါတယ် သမီး ။ ဒါပေမယ်. မပူပါနဲ. အဖေကြိုးစားမှာပါ ၊အဖေ. သမီး လူတန်းစေ.နေနိုင်အောင် ။ လူ. အောက်မကျအောင် အဖေကြိုးစား ရုန်းကန်မှာပါ။
ဒီနေ. ခောတ်မှာ မိန်းမပျိုလေးတွေ တော်တော်များများ ပျက်စီးကြတယ်။ အကြောင်းအမျိုးမျိုးကြောင်.ပေါ.လေ၊ ဒါကြောင်. ဒီလိုအဖြစ်မျိုးတွေ သမီးလေး မကြုံတွေ.ရအောင် ကိုယ်. ကိုကိုယ် ပညာနဲ. အသက်မွေးနိုင်အောင်၊ ပညာဥာဏ်နဲ. အရာရာ စဉ်းစားနိုင်အောင် အဖေပံ့ပိုးပေးမှာပါ။ ပထမဆုတွေ ဘယ်လောက်ပဲ ရရ ပညာ ဥာဏ်နဲ. မစဉ်းစား တတ်သ၍ တော.သမီးလိုအပ်ချက်တွေ သိပ်များနေလိမ်.ဦးမယ်ဆိုတာကို သမီးယုံပါ။
အဖေ.သမိးအတွက် အခုပြောတဲ. အကြောင်းလေးတွေကို သမိးနဲ.ရွယ်တူ မိန်းကလေးသူငယ်ချင်းတွေကိုလဲ ပြောပြပါသမိး တစ်ချို.မိဘတွေဟာ သားသမီး တွေကို အချက်ကျကျ သွန်သင်လိုတဲ.ဆန္ဒ အပြည်.ရှိသော်လည်းပဲ သူတို.ရဲ. အချိန် ခက်ခဲမှုတွေ၊ စတဲ. အကြောင်းအမျိုးမျိုးတွေကြောင်. မိဘ နဲ. သားသမိး တွေ.ချိန် နဲပါး ကြတယ်။ တစ်ချို.တွေကတော့ မိဘက စာပေ ပညာမသင်ကြားခဲ.ရရှာလို. ကိုယ်.သားသမီးလေးတွေကို ပညာရှင်ဆန်ဆန် မဆုံးမ နိုင်ရှာကြဘူး သမီး။
အဖေ.ကိုကျေးဇူးပြုခဲ.ဘူးတဲ. အဖေ.ဆရာသမားတစ်ယောက် ကြုံတွေ.ခဲ.ရတဲ. အကြောင်းလေးတစ်ခုကို လက်ဆင်.ကမ်း ပြောပြချင်တယ် သမီး သူက စစ်တပ်က အရာရှိတစ်ယောက်ဖြစ်တော. စစ်တပ်ထဲက အကြောင်းပေါ.သမီးရယ်၊ ဒီလို–စစ်တပ်ရင်းတစ်ခုရဲ. ဆေးတပ်မှာ အရာရှိက အမျိုးသမီး ဆရာဝန်၊ ဗိုလ်ကြီးဒေါ်ဘယ်သူပေါ.သမီးရယ်။ အဖေတို.လို အရပ် ဘက်မဟုတ်တော. ဝန်ထမ်းကလဲနဲ ၊ အမျိုးသမီး သူနာပြုတွေ ပေါပေါများများ မခန်.ထားနိုင်ဘူးထင်ပါရဲ.သမီးရယ်။ဒါမှမဟုတ် စစ်တပ် ဆိုတော.ကာ လုံခြုံရေးအရလား ဘာလား ၊ ဝန်ထမ်းမခန်.တာက သေသေချာချာတော. မသိပါဘူး သမီးရယ်၊ ထားပါတော.၊ ပြောချင်တာက ကွန်ပေါင်ဒါ က(ကွန်ပေါင်ဒါဆိုတာက ဆရာဝန်က ဘာဆေး၊ညာဆေး လူနာကိုပေးပါ ဆိုရင် ဆေးစပ်ပေးရတဲ.လူ) အမျိုးသား ၊ပွင်.ပွင်.လင်းလင်းပြောရရင် အတန်းပညာက လေးတန်း၊ ငါးတန်း လောက်ပဲ ရှိတဲ. ရိုးရိုးစစ်သား ။ သူတို.နှစ်ယောက်အနေနီးတော. ညားကြလေသတည်းပေါ. သမီးရယ်။ ချစ်လို.ကြိုက်လို. နှစ်ယောက်သဘောတူ ယူလိုက်ကြတာကို အပြစ်ဆိုစရာ မရှိဘူး သမီး။
ပြသနာ ကအမျိုးသမီးဆရာဝန် ဗိုလ်ကြီးက သိပ်တော်တယ်။သမီးလေးလို နေမှာပဲ။ သိပ်တော်တော. ရာထူးတွေ ခဏလေးနဲ.တက်တက်သွားခဲ.တော. ဒုတိယ ဗိုလ်မှုးကြီး ရာထူးကိုရောက်သွားခဲ.တယ်သမီး။ အဖေပြောချင်တယ် သမီး ၊ အဆင်.အတန်းဆိုတာ၊ သူ.နေရာ ကိုယ်.နေရာ ဆိုတာ လောကမှာ ရှိတယ်သမီး ငွေကြေး ဆင်းရဲတာ၊ ချမ်းသာတာ အဆင်.အတန်းနဲ. ဆိုင်ချင်ဆိုင် ၊မဆိုင်ချင်နေ အဖေ နားမလည်ဘူး။ ဒါပေမယ်. ပညာဥာဏ် နဲ. ရင်ဆိုင်ပြီး ဆုံးဖြတ်ရတဲ. ကိစ္စတွေ မှာ အဆင်.အတန်းဆိုတာ ရှိပါတယ် သမီးလေး။
ပြောပြမယ်နော် သမီး အမျိုးသမီးက ဗိုလ်ကြီး ဘဝနဲ.တပ်သားလေးကို ယူခဲ.တာ ဂရုမစိုက်ဘူးပဲ ထား။ ရာထူးတွေတက်လာချိန်မှာတော. အရေးကြီးတဲ. မင်းပွဲ၊ စိုးပွဲတွေ ၊ အစည်းအဝေးတွေ၊ ညစာစားပွဲတွေ အစရှိတဲ. လင်မယား စုံတွဲတွေ ဝတ်စုံပြည်.တက်ရတဲ. အခမ်းအနားတွေမှာ လင်ယောင်္ကျားတစ်ယောက် အနေနဲ. တွဲပြီး တက်ခွင်. မရှိတော.ဘူး။ ယုတ်စွအဆုံး အိမ်မှာ အရာရှိတွေနာမည်တွေ စာတမ်းနဲ.ချိတ်ထားတာတောင် အမျိုးသားနာမည် မပါတော.ဘူး။ သမီးက အဖေ.ကို စောဒကတက်ပြီး အဖေရယ် အဲ.ဒါ စစ်တပ်ထဲမှာပဲ အပြင်မှာမှ မဟုတ်တာလို. ပြောရင်လဲ အပြင်မှာလဲနမူနာယူစရာ၊ သင်ခန်းစာ ယူစရာတွေ အများကြီးပါသမီး။
ဒါကြောင်.သမီးရယ် ကိုယ်.ဘဝကိုယ်တည်ဆောက်တဲ.နေရာမှာ အဆင်.အတန်းတစ်ခုကို ကိုယ်.ဟာကိုယ်သတ်မှတ်ပါ လူ လူ ချင်းအဆင်.အတန်း ခွဲခြားခိုင်းတာ မဟုတ်ဘူးနော်သမီး ၊အမျိုးသမီး ဗိုလ်ကြီးလို အဆင်.အတန်း သတ်မှတ်တာ မမှားစေချင်ဘူး၊ လူတွေအမြင် မှာ မတင်.တယ်တာမျိုး ၊ ဘယ်အချိန်ပဲ ကြည်.ကြည်. လူကဲ.ရဲ.မခံရတဲ.၊ ဂုဏ်သရေ ရှိတဲ. အမျိုးကောင်းသမီးတစ်ယောက် အဖြစ် အဖေမြင်ပါရစေ။ ကျောင်းစာတွေဘယ်လောက်ပဲတော်နေပါစေ အပြင်ဗဟုသုတ တိုးစေတဲ. စာကောင်းပေမွန်တွေကိုလဲ အချိန်ယူပြီး ဖတ်စေချင်တယ်။
သမီးရဲ. ပတ်ဝန်းကျင်မှာရှိတဲ. လူတွေတစ်ချို.တွေအောင်မြင်ပြီး၊ တစ်ချို.တွေ ဆုံးရှုံးကြတယ်။ ဘာကြောင်.ဆုံးရှုးံကြတယ် ၊ ဘာကြောင်. အောင်မြင်ကြတယ်။ သင်ခန်းစာတွေ ၊နမူနာ ယူစရာတွေ အများကြီးပဲသမီးလေး။ ဒါတွေကို သိဖို.မြင်ဖို.၊ ကိုယ်.မှာ ဥာဏ်ရည်၊ဥာဏ်သွေး၊ ပညာပြည်.ဝနေဖို. လိုအပ်ပါတယ်။ အဖေ.ရဲ.သမီးလေး လောကအလည်မှာ စွမ်းရည်အပြည်.၊ ပညာအပြည်.နဲ. လောကရဲ. ပရိယာယ်တွေ၊ ထောင်ချောက်တွေကို အောင်အောင်မြင်မြင် တွန်းလှန် ကျော်ဖြတ်နိုင်ပါစေ ၊အမျိုး ဘာသာ၊သာသနာ ကိုစောင်.ရှောက်နိုင်တဲ. အမျိုးကောင်းသမီးလေး ဖြစ်ပါစေလို. အဖေဆန္ဒပြုပါတယ် ချစ်သမီးလေး။

About ထိပ်တင် တုတ်ကြီး

ထိပ်တင် တုတ်ကြီး has written 6 post in this Website..

မန္တလေးဂေဇက် အတွက် မန္တလေးသား တစ်ယောက်အနေနဲ. စာလေးပေလေးတွေ တတ်နိုင်သလောက် ရေးချင်ပါတယ်။ ကျွန်တော်ရေးတဲ.စာလေးတွေ ကြိုက်နှစ်သက်ခဲ.ကြရင်လဲ ပြန်လည်ပြီး ဝေမျှနိုင်ပါတယ်။ ကျွန်တော်.အနေနဲ. မန္တလေးဂေဇက်နဲ. ရွာသူ၊ ရွာသား အပေါင်းတို.အား စေတနာအမြဲ ထားလျှက်ပါ။ အများအတွက် အတွေးအမြင်နဲ. ဗဟုသုတ လေးတွေရဖို.သာ အများအားဖြင်. ရေးသွားမှာပါ။