နိုင်ငံရေး ဆိုတာ သိလား

cobraJuly 18, 20101min490

နိုင်ငံရေး ဆိုတာ သိလား
သောကြာနေ့ ညနေ စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းဆရာက သူ့တပည့်တွေကို ကျောင်းပိတ်ရက်မှာ အိမ်စာ အဖြစ် ပေးသွားရန်အတွက် “နိုင်ငံရေး ဆိုတာ ဘယ်လဲ။ ကျောင်းပိတ်ရက်(၂)ရက်မှာ လေ့လာထား။ ကျောင်းပြန်ဖွင့်တဲ့ရက်ကျရင် တပည့်တို့ အဖြေပေးရမယ် ကြားလား”ဟု မှာကြားလိုက်သည်။

မင်းအာသံ လို့ အမည်ရတဲ့ ကျောင်းသားတစ်ယောက်က သူ့ဆရာရဲ့ ပဟေဠိကို ဖြေကြားနိုင်ဖို့ အဖေကို ပူဆာတော့ သူ့အဖေက “နိုင်ငံရေး ဆိုတာ သား နားလည်အော ရိုးရိုးရှင်းရှင်း ပြောရရင် အခု အဖေတို့ အိမ်ထောင်လိုပဲပေါ့။ အဖေက ငွေရှာပေးတဲ့သူ။ စီးပွားရေးပေါ့။ သားရဲ့ အမေက ရလာတဲ့ပိုက်ဆံကို စီမံခန့်ခွဲတဲ့သူ ဆိုတော့ အစိုးရပေါ့ကွယ်။ အဲ သားက ပြည်သူလူထုပေါ့။ သားရဲ့ ညီလေးက တိုင်းပြည်ရဲ့ အနာဂတ်ပေါ့။ ရှင်းပြီလား”ဟု ပြန်ဖြေပေးလိုက်ရာ မင်းအာသံမှာ ပျော်မဆုံး စိတ်ကူးယဉ်နေလေတော့သည်။

ကျောင်းမဖွင့်ခင် ညပိုင်း ရောက်တော့ သူ့ ညီလေးက ဝမ်းကြီးဝမ်းငယ် စွန့်ပြီး ချမ်းနေ၍ အော်ငိုလိုက်ရာ မင်းအာသံ လန့်နိုးသွားလေသည်။ ဒါနဲ့ သူ့ ညီလေး အဖြစ်ကို တွေ့တော့ အမေဖြစ်သူကို နှိုးလေတော့သည်။ အမေဖြစ်သူက ဆက်လက် အိပ်ပျော်မြဲ အိပ်ပျော်နေရာ သူ့အဖေ အား ရှာတော့ အိပ်ခန်းထဲ မတွေ့တာနဲ့ အပြင်ဘက်အခန်းများတွင် သွားရှာရာ အိမ်ငှားမိန်းကလေးတစ်ယောက်ရဲ့ အခန်းတွင် သွားတွေ့၍ မခေါ်ရဲဘဲ ဒီအတိုင်း ပြန်လာပြီး စဉ်းစားမိသွားရာ အဖေ ပြောသည့် နိုင်ငံရေး ဆိုတာ ဒီအထိတောင် ရှုပ်ထွေးပဲလား ဆိုတဲ့အသိ ပေါ်လာတော့သည်။

နောက်တစ်နေ့ ကျောင်းရောက်သွားတော့ သူ့ဆရာက “ကဲ နိုင်ငံရေး ဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်သူသိသလဲ” မင်းအာသံ ကြားလိုက်တာနဲ့ တက်ကြွစွာ မတ်တတ်ရပ်ပြီး “ကျနော် သိတယ် ဆရာ”၊ “ဟာ တော်လှချည်းလား၊ ဆိုစမ်းပါဦး တပည့်ရေ”ဟု ဖွင့်ပေးလိုက်ရာ မင်းအာသံ က “နိုင်ငံရေးဆိုတာ အရမ်း အရမ်းကို ရှုပ်ထွေးလေးနက်ပါတယ် ဆရာ။ အစိုးရက အိပ်ပြီးရင် မထတော့ဘူး။ အိပ်ပုတ်ကြီးတယ် ဆရာ။ စီးပွားရေး ကလည်း ဖောက်ပြန်နေတော့ ပြည်သူလူထုက အရမ်း ဒုက္ခရောက်တာပေါ့။ ဟို တိုင်းပြည်ရဲ့ အနာဂတ်ဆိုတဲ့ ကောင်ကလည်း စုတ်ပြတ်သတ်အောင် နှံစော်လိုက်တာ ဆရာရယ်”ဟု အားရပါးရ ပြောလိုက်လေသတဲ့။
–~–~———~–~—-~————~——-~–~—-~