မမက်ချင်သော အိပ်မက်….

johnnydeerJanuary 9, 20131min864

အယ်မိုင်ခ….မလိခ…
အကိုမြစ်…နှမမြစ်…နှစ်မြွာ…
ကိုယ်နေတဲ့ကိုယ့်ဇာတိမြေ နေရာ…
ဘယ်လိုလုပ် ခွဲခွာချင်မှာလဲ…
တောထဲတောင်ထဲ တောအုံချုံကြား…
စားစရာ နတ္ထိ နေစရာအိမ်မရှိ…

ည ည တရေးမှ ကောင်းကောင်းမအိပ်ရ…
ဟိုနားက သေနတ်သံကြား…
သည်နားက အမြောက်သံကြား…
ကိုယ့်ခေါင်းပေါ် ဘယ်တော့များကျမလဲလို့…
သည်းတထိတ်ထိတ် ရင်တဖိုဖို…

မှေးကနဲ…
တရေးအိပ်ပျော်သွားတုန်း…
ကိုယ်လေတအားပျော်မိ…
ကြည့်စမ်း…ရွှေဝါ စပါးခင်းတွေ…
လေအတိုက် လှိုင်းထလို့…
ကဲ…ရိတ်လိုက်ကြစို့ ဖော်တသင်းတို့…
တံစဉ်းတွေနဲ့ တဗျင်းဗျင်း ဆွဲရိတ်…
အရိပ်ခိုဖို့တောင် မစဉ်းစားအား…
ဒါ…တို့စပါး…တို့စပါးတွေလေ…
အားပါးတရ ပျော်နေမိကြ…
ဖျတ်ကနဲ လန့်နိုးမှ…
ဒါ…အိပ်မက်ပါကလားလို့…

ကိုယ့်ကလေးတွေလဲ…
ကိုယ့်မြေ ကိုယ့်ကျောင်းက…
ခေါင်းလောင်းသံ မကြားရလို့…
ကကြီး ခခွေးတောင်…
ရေးတတ်ပါတော့မလား…
သူတို့ကစားနေတာ မြင်ရတော့…
ရင်ဝကို ကျည်ဆံ လာမှန်သလို ခံစားမိ…
အားလုံး သစ်သားသေနတ်ကိုယ်စီနဲ့….

…………….. မောင်ကြည်သော်(ကောလင်း)….

4 comments

  • kai

    January 9, 2013 at 4:47 pm

    ဖေ့စ်ဘုတ်မှာ.. အစ္စရေးဂရပ်ဖစ်ဒီဇိုင်နာစုံတွဲက.. အီရန်တွေအတွက်..ချစ်စကား ရေးတယ်..။
    အဲဒီကနေ..အောင်မြင်တဲ့ကန်င်ပိန်းဖြစ်သွားတယ်..
    ‘Israelis Heart Iran’ and ‘Iranians Love Israel’: Citizens Bid for Peace …
    https://www.commondreams.org/headline/2012/03/20-1Share
    Mar 20, 2012 – So they uploaded to Facebook posters featuring smiling photos of … “Iranians, we will never bomb your country, we [heart] you,” the posters, …

    ဆိုတော့..
    ကျုပ်တို့တွေရေးကြမယ်..
    “ကချင်တွေကို ချစ်သည်။” :528:

    ==

    မိုးလုံးမှိုင်း (သို့) ဖူးငုံလှိုင်

    တေးဆို – မွန်းအောင်

    မိုးလုံးမှိုင်းလို့ တို့သိခဲ့တဲ့ ဗင်ဒါတွေ
    ကောင်းကင်ယံထက် ကျွန်းထိပ်များကို တွယ်ကာနေ
    နွေခါဆိုရင် ရွက်ရိုးဆစ်မှာ ဖူးငုံလှိုင်ပွင့်စေ..

    ဂျိန်းဖောတို့မြေ ချမ်းအေးလွန်းရင် ခေါင်ရည်ရယ်
    မီးပုံဖိုပြီး ဝိုင်းဖွဲ့ကမယ် လာလေလာ
    ပျော်ပျော်ရွှင်ရွှင်ဆိုတေးဟစ်ကာ လှည့်အတူကဦးမယ်..

    နှင်းခဲလို့နေ မိုးသားထက်က တောင်စဉ်တွေ
    မြစ်ဧရာနဲ့ လက်တက်တို့ဆီ ရေဆိုရေ
    သွယ်ကာထာဝစဉ် ယူအမြဲသုံးစေ လန်းစိုပြေဖို့လေ..

  • မောင်ပေ

    January 9, 2013 at 7:51 pm

    သိပ်မကြာခင်
    အမြန်ဆုံး
    ပြေလည်ငြိမ်းချမ်းမှု ရှာတွေ ့ဖို ့
    ကဗျာဖတ်ရင်း ဆုတောင်းပေးခဲ့ပါတယ်

  • ကချင်ပြည်မှာ လက်နက်သံတွေပျောက် ဘုရာကျောင်းကသီချင်းသံတွေပြန်ရောက်ပါစေရှင်။

    “ကချင်စစ်မီးရယ်က
    ညစ်ညီးလျှံထိန်ဆဲ
    ရစ်ဘီးကိုနောက်ပြန်ရစ်လို့
    အာဏာနဲ့ငွေရွှင်လေတယ်
    သေနတ်ကိုင်သူတွေပဲ”
    (စောဝေ)

    စွန်ကို ပြန်ရုပ်နေကြပြီ။ အဲဒီ “စစ်စွန်“ ကို မဖြတ်နိုင်ရင်၊ စစ်ကျွန်သက် ရှည်တော့မယ်။ ဖြတ်စွန်တွေ လေထဲတက်လာကြလော့၊ ကဗျာဖြတ်စွန်တွေနဲ ့၊ စစ်စွန်ကို ပြတ်အောင် ဖြတ်ကြ။(အောင်ဝေး)

  • mamanoyar

    January 10, 2013 at 10:15 am

    ကချင်ပြည်နယ်နှင့်တကွ
    မြန်မာနိုင်ငံ တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုတွေနဲ့
    ရှေ့ဆက်နိုင်ပါစေရှင်
    ကဗျာရှင်ရဲ့ အိပ်မက်ထဲကလိုပေါ့

Leave a Reply