ယောကျင်္ားလေးများဖတ်ကြည့်ဖို့

cobraJuly 18, 20101min772

ဒီစာလေးကတော့ ကိုယ့်ကိုယ်ကို
ရုပ်ဆိုးတယ်..သူများလိုကြည့်ကောင်းတဲ့ရုပ်ရည်မျိုးမရှိပါဘူး…ငါတတ်တာဘာမှမရှိပါဘူးလို့
အားငယ်စိတ်မွေးတတ်တဲ့ယောကျင်္ားများ..ကိုယ့်ကိုယ်ကိုသိမ်ငယ်နေတတ်တဲ့ယောကျင်္ားများ..ဖတ်ကြည့်ကြဖို့ပါ….သင့်ကိုယ်သင်
Smart မဖြစ်ဘူးလို့ထင်နေခဲ့ရင် ဘယ်လိုနည်းအားဖြင့်
ကိုယ့်ကိုယ်ကိုယုံကြည်မှုကိုတည်ဆောက်နိုင်တယ်ဆိုတာ လေ့လာကြည့်ကြဖို့
တိုက်တွန်းလိုက်ပါရစေ…
ဆူမိုပေါက်စီ,
ရုပ်မချောလည်း ရုပ်ထွက်အောင်
လုပ်လို့ရတယ်
ဒီခေါင်းစဉ်ကိုလူတိုင်းစိတ်ဝင်စားမယ်ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့
ရုပ်ချောသူဟာ နေရာတိုင်းမှာ လူ့အခွင့်အရေးပိုရတတ်ပြီး
မိန်းမတွေရဲ့ချင်ခင်မှု၊လူတွေရဲ့နှစ်လိုမှုကို ပိုမိုရရှိတဲ့
လူအမျိုးအစားဖြစ်လို့ပါပဲ။ ဒါပေမဲ့ လူတော်တော်များများဟာ
ရုပ်ရည်ရူပကာချောမောပြေပြစ်ခြင်းမရှိကြပါဘူး။

ဒီအတွက်ထိုင်စိတ်ဓာတ်ကျနေစရာမလိုပါဘူး။ ယောက်ျားတွေရဲ့ အဓိကအရည်အချင်းက
ရုပ်ပေါ်မှာမူမတည်ပါဘူး။ အရည်အချင်းပေါ်မှာပဲမူတည်တာပါ။ ဒါပေမဲ့ရုပ်ချောခြင်းကို
ယောက်ျားတိုင်းအလိုရှိကြပါတယ်။ ကိုယ်အလိုရှိတဲ့အရာက ကိုယ့်ဆီမှာ
မရှိခဲ့ဘူးဆိုရင် ဒီဆောင်းပါးက အထောက်အကူပြုပါလိမ့်မယ်။

အဝတ်အစား
ရုပ်ထွက်တယ်၊ ရုပ်မထွက်ဘူးဆိုတာက အဝတ်အစားပေါ်မှာလည်း အများကြီးမူတည်တယ်။
အကယ်၍ကိုယ်ဝတ်ပုံစားပုံကို လူတွေကကြိုက်ကြတယ်ဆိုရင် ကိုယ်ရုပ်ဆိုးနေတာကို
လူတွေကမြင်တော့မှာ မဟုတ်ဘူး။

အကယ်၍ကိုယ့်မှာ ဘာစတိုင်လ်မှမရှိဘူးဆိုရင်
စတိုင်လ်ရှိဖို့အရင်ဆုံးအဝတ်အစားတချို့ဝယ်ရပါလိမ့်မယ်။
ဘယ်လိုအဝတ်အစားဝယ်ရမလဲဆိုတာ မသိရင် စတိုင်လ်ကျကျဝတ်စားတတ်တဲ့
သူငယ်ချင်းအပေါင်းအသင်းတစ်ယောက်ယောက်ကို အဖော်ခေါ်ပြီးသွားဝယ်ပါ။ မိန်းမတွေဟာ
စတိုင်လ်ကျကျဝတ်စားတတ်တဲ့ ယောက်ျားတွေကို အာရုံစိုက်တတ်ကြတယ်။
ဒါကြောင့်ယောက်ျားတိုင်း အထူးသဖြင့် ရုပ်မချောတဲ့ကိုလူပျိုတိုင်း အဝတ်အစားကို
စတိုင်လ်ကျကျဝတ်စားကြပါစို့။

သန့်ရှင်းသပ်ရပ်မှုရှိခြင်း
သန့်ရှင်းသပ်ရပ်မှုရှိတဲ့ယောက်ျားကို ဘယ်သူမဆိုသတိမပြုမိဘဲ မနေပါဘူး။
ညစ်ပတ်တဲ့သူကို ဘယ်လောက်ပဲချောနေပါစေ ဘယ်သူမှကပ်ချင်မှာ မဟုတ်ပါဘူး။
ဒါကြောင့်မို့ ကိုယ်အနံ့အသက်(ကိုယ်သင်းနံ့) ကောင်းအောင်လုပ်၊
ခြေအဆုံးခေါင်းအဆုံးသပ်သပ်ရပ်ရပ်ရှိအောင်လုပ်။ ဒီအဓိပ္ပါယ်က လက်သည်းမှာ
ချေးတွေကင်းစင်နေရုံမဟုတ်ဘဲ လက်သည်းကိုညီညီညာညာနဲ့ တိထားရမှာဖြစ်ပါတယ်။
ဆံပင်ကလည်း ချေးညှော်ကင်းစင်နေရမယ်။ မရှုပ်ပွနေရဘူး။ အနံ့ဆိုးထွက်မနေရဘူး။

ဗဟုသုတပြည့်စုံခြင်း
အမေမွေးတဲ့ရုပ်က မဒီပျိုကို လည်ပြန်ကြည့်ရလောက်အောင် မဖြူးဘူးဆိုရင်
အိမ်ပြန်ပြီးတော့ စိတ်ဓာတ်ကျမနေပါနဲ့။ ရူပါကစူပါမဖြစ်ပေမယ့် ဉာဏ်ရည်က
ကုန်ဈေးနှုန်းလိုမြင့်နေရင် ဘယ်သူမှ ဟင့်အင်းလုပ်ကြမှာ မဟုတ်ပါဘူး။ အများက
ကြားဖူးတဲ့အဖြစ်အပျက်လေးတစ်ခုပြန်ပြောပြမယ်။ တစ်ခါက အိုင်းစတိုင်းကို
ခပ်ချောချောခပ်တောင့်တောင့် မဒီတစ်ယောက်က ဆရာကြီးနဲ့ ကျွန်မသာပေါင်းစပ်လိုက်ရင်
ကျွန်မလိုရုပ်ချောမောပြီး ဆရာကြီးလိုဉာဏ်ရည်ထက်မယ့်
ကလေးမျိုးမွေးလာမှာပဲနော်တဲ့။ ကြည့်စမ်း….ဘယ်လောက်ထိသက်သေထူချင်စရာကောင်းတဲ့
စိန်ခေါ်စကားပါလိမ့်။

ဒီလိုအပြောမျိုးကြုံတယ်ဆိုရင် အိုင်းစတိုင်းလောက်ဉာဏ်ရည်မြင့်ဖို့မလိုပါဘူး။
လက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို အလတ်ဆတ်ဆုံးသိရှိနေဖို့ပဲလိုတယ်။
ဆယ်ကျော်သက်မိန်းကလေးတွေသည်းသည်းလှုပ်နေတဲ့ ထဲက ဟိုကောင်လေး ဂျိုးက
ဘီယွန်ဆေးနော်ဝဲလ်ရဲ့ သီချင်းကို မိန်းမလိုကသွားတာအရမ်းကောင်းတာပဲ။
စီးပွားရေးကတော့ဖြင့် ဘယ်နိုင်ငံမှာ ဘယ်လိုဖြစ်နေတာစတဲ့
အကြောင်းအရာတွေကိုသိရှိထားမယ်ဆိုရင် ဘယ်အကြောင်းအရာပဲပြောပြော
ကိုယ်ဝင်ဆန့်နိုင်တဲ့အတွက် လူတိုင်းက ကိုယ်နဲ့စကားလက်ဆုံပြောချင်ကြမှာပါပဲ။
စကားဝိုင်းမှာလည်းကိုယ်က ဖြစ်နေမှာအမှန်ပါပဲ။ ဒါကြောင့်သင့်ရဲ့
မင်းကုသလိုရုပ်ရည်ဟာလည်း မျက်စိထဲမှာ အပြစ်မမြင်တော့ဘဲ
အချစ်တွေဝင်လာတော့မှာကလည်း အမှန်အကန်ပါပဲ။

ကာယဗလ
ယောက်ျားတစ်ယောက်ဟာ ယောက်ျားတစ်ယောက်လိုပီပီသသ
ဆိုရလောက်အောင်ပီပီပြင်ပြင်ထင်ရှားတဲ့ကိုယ်ကာယ မရှိရင် ဘယ်မိန်းမကမှ
အားကိုးချင်ကြမှာ မဟုတ်ပါဘူး။
ဘော်ဒီကိုအရမ်းကြီးထွားကျိုင်းတောင့်တင်းစရာမလိုပါဘူး။ ရှိသင့်ရှိထိုက်တဲ့
ကိုယ်ကာယလေးတွေရှိထားသင့်ပါတယ်။ ဗလငါးတန်ထဲမှာ ကာယဗလပိုင်ဆိုင်ထားတဲ့သူဟာလည်း
အမျိုးသမီးတွေအာရုံစိုက်စေမယ့်အချက် တစ်ချက်ဖြစ်ပါတယ်။

ရုပ်ကလည်းဆိုးသေး၊ လူကလည်းပိန်ညောင်ညောင်ကုပ်ချောင်းချောင်းပုံစံဆိုရင်တော့
မိန်းမတွေကချောင်ထိုးထားကြမှာ အမှန်ပါပဲ။ တချို့မိန်းမတွေက
ပိန်တာကိုကြိုက်ကြတယ်။တချို့ကဝမှကြိုက်တယ်။ အများစုကတော့ အနေတော်ကြည့်
ကောင်းတဲ့ ကိုယ်ကာယရှိတာကိုကြိုက်ကြတယ်ဆိုတာမမေ့ပါနဲ့။

ကိုယ်နေဟန်ထား
ကိုယ်နေဟန်ထားကလည်း လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကိုကောင်းစွာဖော်ပြတတ်ပါတယ်။
ပျင်းရိပျင်းတွဲထိုင်နေတာ၊ ရပ်နေတာ၊ လေးတိလေးကန်လမ်းလျှောက်ပုံပုံစံတွေဟာ
မိန်းမတွေရဲ့အမြင်မှာ ဆွဲဆောင်မှုရှိတယ်လို့ မသတ်မှတ်ကြဘူး။
တောင့်တောင့်တင်းတင်းတက်တက်ကြွကြွ၊ ဖျက်ဖျက်လတ်လတ်ထက်ထက်မြက်မြက်ပုံစံတွေက
လူတွေရဲ့အမြင်မှာ မြင်မြင်ချင်းသတိထားအာရုံစိုက်မှုကိုဖြစ်ပေါ်စေတယ်။

တစ်ခုရှိတာက ကိုယ့်ရဲ့ကိုယ်နေဟန်ထားတမင်လုပ်ယူထားသလိုမျိုးမဖြစ်စေဖို့ပဲ
လုပ်ယူထားတဲ့ ကိုယ်နေဟန်ထားက ရီစရာပဲကောင်းတယ်။
ဟန်ကြီးတဲ့ကိုယ်တော်ချောကိုမြင်မြင်ချင်း အချစ်တော့ဝင်မှာမဟုတ်ဘူး။
မြင်မြင်ချင်းအမြင်ကပ်မှုပဲရလိမ့်မယ်။

ရုပ်ချောတယ်၊ မချောဘူးဆိုတာအမှန်အားဖြင့် အဓိကတော့မကျပါဘူး။
ဒါပေမယ့်လူတွေရဲ့ထုံးစံအတိုင်း ပြင်ပအသွင်ကိုပဲ မဲပေးပြီး ဆက်ဆံကြတာမို့
ရုပ်မချောလည်းရုပ်ထွက်အောင်လုပ်လို့ရတယ်ဆိုတာ လိုအပ်သည်များရှိနိုင်သော်လည်း
တတ်အားသလောက်ကြိုးစားဖော်ထုတ်ပြခြင်းပါ။

ဖတ်ဖူးတဲ့ဘလော့တစ်ခုထဲကပါ….

ကဲကဲ ကိုကိုညီညီမောင်မောင်တို့ အဟုတ်မခံလုပ်ကြံရေးခြင်း ဟုတ်မဟုတ်ကို
ကိုယ့်ကိုယ်ကို ကျင့်ြ့ကံကြည့်ပါဦး။ တကယ် အကျိုးထူးမှာပါ။

2 comments

  • thameecahw

    July 19, 2010 at 11:54 am

    ဖတ်လို့ကောင်းပါတယ်။ ဖြစ်နိုင်ရင် မိန်းကလေးများဖတ်ဖို့လည်း ဆောင်ရန်ရှောင်ရန်နဲ့တစ်ကွ သိရင် ဖော်ပြပေးစေလိုပါတယ်။

Leave a Reply