ငို ဖူးကြလား ဗျို့

Yawna ThamJanuary 9, 20131min17211

ငါ့..ကိုချစ်ရင်မငိုပါနဲ့ကွာ…..

ချစ်သူ…..နေမှကောင်းရဲ့လား…ဆိုးရိမ်စိတ်လေးနဲ့…

အမြဲလိုလိုမေးတက်တဲ့…မင်း ရဲ့စကားသံလေးတွေ…

ငါနဲ့မဝေးသေးဘူးနော်…..ရေမြေတွေခြားနေရလို့………

မွှေချင်သလိုမွှေမနေနဲ့နော်…ငါချစ်သလိုငါ့ကိုလဲချစ်ပါ..

ငါလွမ်းသလိုငါ့ကိုလဲလွမ်းနေပါပြောရင်…..အမြဲတမ်းသဝန်တိုတက်တဲ့…

မင်းရဲ့အကျင့်လေးတွေအရင်လိုပဲနော်……….

ဖုန်းဆက်တိုင်..ဘယ်တော့ပြန်လာမှာလဲမေးရင်နဲ့..ငိုနေတက်တဲ့.ချစ်သူ..

မင်းရဲ့အသံလေးတွေ…ငါ..အရမ်းလွမ်းနေရတယ်ကွာ……..

ခဏလေးဝေးနေရချိန်မှာ…..လွမ်းရတဲ့အလွမ်းတွေကို….

သီခံထားပါ…ချစ်သူရယ်….ငါ..ဒီအချိန်မှာအလွမ်းတွေကို…

ခဏလေးလောက်ဘေးဖယ်ထာခြင်တယ်..နောင်တချိန်ပိုင်ဆိုင်ရမဲ့…

ငါတို့နှစ်ယောက် အနာဂတ်လေးအတွက်…ငါ..ကြိုးစားပါရစေဦး…

ငါအရင်လိုချစ်နေဆဲဆိုတာကိုတော့……မင်းသိပါစေ………

အဆင်ပြေတဲ့တနေ့..ငါ.ချစ်ရတဲံ..မင်းဆီကို…..အပြီးပြန်ခဲ့မှာပါ..

ဒီအချိန်မှာ…ငါ့..ကိုလွမ်းလို့ကြနေရတဲ့…မင်းရဲ့မျက်ရည်တွေကို……..

ငါခံနိုင်ရည်ရှှိိရှိမကြည့်နိုင်သေးလို့……

please…အိမ်မက်ထဲမှာတွေ့တဲ့အခါ…မငိုပါနဲ့လား……ချစ်သူရယ်

 

 

 

မှတ်ချက်..။   ။ နိုင်ငံခြားရောက် ကိုကို မမ တို့မြန်မာပြည်ကချစ်သူတွေကို

မမေ့စေခြင်လို့ပါ…..ခင်တဲ့ကောင်လေး……yawna tham..405946_279065182147175_1226881234_n malaysia_big_002

 

11 comments

  • ဦးကြောင်ကြီး

    January 10, 2013 at 8:15 am

    ငိုဖူးလား
    တို့ဟူးစား
    နို့ဗူးသား
    ပျို့ထူးကျား
    စို့ခြူးပါး
    ဒို့ဦးထား
    မှို့လူးနွား
    ဂျို့ပြူးကား.။

  • ခင်ခ

    January 10, 2013 at 9:45 am

    အငိုတိတ်ဖို့ အမြန်ကြိုးစားကာ
    အပြီးပြန်နိုင်ပါစေလို့ဘဲ ဆုတောင်းပေးဖြစ်မယ်ကွယ်။

  • mamanoyar

    January 10, 2013 at 9:49 am

    စာရေးသူက နိုင်ငံခြားရောက်နေတာထင်တယ်
    ချစ်သူနဲ့အမြန်ဆုံနိုင်ပါစေနော်

  • ရွှေတိုက်စိုး

    January 10, 2013 at 11:49 am

    အင်းကဗျာရှင်အတွက် အားပေးလိုပါတယ်…
    ကြိုးစားထားဗျို……….
    ငါတို့နှစ်ယောက် အနာဂတ်လေးအတွက်…ငါ..ကြိုးစားပါရစေဦး…
    ငါအရင်လိုချစ်နေဆဲဆိုတာကိုတော့……မင်းသိပါစေ………
    အဆင်ပြေတဲ့တနေ့..ငါ.ချစ်ရတဲံ..မင်းဆီကို…..အပြီးပြန်ခဲ့မှာပါ..
    ဒီအချိန်မှာ…ငါ့..ကိုလွမ်းလို့ကြနေရတဲ့…မင်းရဲ့မျက်ရည်တွေကို……..
    ငါခံနိုင်ရည်ရှှိိရှိမကြည့်နိုင်သေးလို့……
    please…အိမ်မက်ထဲမှာတွေ့တဲ့အခါ…မငိုပါနဲ့လား……ချစ်သူရယ်

    ဒီစာသားလေးတော့ ခိုက်မိသဗျာ..

  • ယောနသံဆိုလို့ တောင်ငူက လ္ဘက်ရည်ဆိုင်ကိုသတိရမိသဗျို့
    ခံဇားချက်လေးကို ဖတ်သွားကြောင်းပါ

  • မောင်ပေ

    January 11, 2013 at 8:18 pm

    ငိုဖူးကြလား
    နို ့ဘူးချသွား
    ဆိုထူးညများ
    အိုနှူးထစား
    ပျိုမူးကနား
    ချိုဦးမကား

    • ချိုဦးမကားရင် နွား မကောင်း
      ငမူးက နားရင် ပျို မကောင်း
      အိုနူးထားတာ ထစားရင် ပါးညောင်း
      ဆိုထူးတဲ့ညများဆိုရင် ဆိုဂျုးနဲ့မှကောင်း
      နို့ဘူချသွားရင် ကလေးကတောင်း
      ငိုဖူးကြသလားမေးရင်
      အင်း းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
      ဖြေရဲပေါင်ဗျာ

  • Mr. MarGa

    January 11, 2013 at 8:45 pm

    ချစ်သူရယ်
    မင်းရဲ့မျက်ရည်တွေကို မနှမျောဘူးလားကွာ
    ကိုယ်ကတော့
    ဝမ်းသာမျက်ရည်ကိုပဲ မြင်ချင်ပါတယ်ကွာ
    အမြန်ဆုံး ပြန်လာမယ်နော်

    တွေးမိတာလေးပါ

  • Yawna Tham

    January 13, 2013 at 1:20 am

    အားလုံးကိုပဲ အရင်ဦးဆုံးတောင်ပန်ပါရစေနော်..။
    အခုရက်တွေမှာ အလုပ်ကိစ္စနဲ့ခရီးထွက်နေရတာမို့.။
    မန်းဂေဇတ်ကိုမရောက်ဖြစ်တာဆောရီးပါဗျာ..။
    အားပေးကြလို့အားလုံးပဲကျေးဇူးပါနော်………….

  • မင်းနန္ဓာ

    January 13, 2013 at 12:33 pm

    ငိုဖူးတယ်
    ပျို မှူးငယ်…
    ဆိုဘူးတကယ်
    အို ရူးမယ်

  • Green Rose

    January 13, 2013 at 5:35 pm

    Yawna Tham ရေ

    `ဖုန်းဆက်တိုင်..ဘယ်တော့ပြန်လာမှာလဲမေးရင်နဲ့..ငိုနေတက်တဲ့.ချစ်သူ..´
    ဖုန်းဆက်တိုင်း ဘယ်တော့ပြန်လာမှာလဲ မေးရင်းနဲ့ ငိုနေတတ်တဲ့ ချစ်သူ´

    `သီခံထားပါ…ချစ်သူရယ်….ငါ..ဒီအချိန်မှာအလွမ်းတွေကို…´
    သည်းခံထားပါ…ချစ်သူရယ်….ငါ..ဒီအချိန်မှာအလွမ်းတွေကို…

    `ခဏလေးလောက်ဘေးဖယ်ထာခြင်တယ်..နောင်တချိန်ပိုင်ဆိုင်ရမဲ့…´
    `ခဏလေးလောက်ဘေးဖယ်ထား ချင်တယ်..နောင်တချိန်ပိုင်ဆိုင်ရမယ့်´

    `ဒီအချိန်မှာ…ငါ့..ကိုလွမ်းလို့ကြနေရတဲ့…မင်းရဲ့မျက်ရည်တွေကို………´
    `ဒီအချိန်မှာ…ငါ့..ကိုလွမ်းလို့ကျနေရတဲ့…မင်းရဲ့မျက်ရည်တွေကို……..

    အဲလိုမဟုတ်ဘူးလားဟင်… ကဗျာလေးကောင်းရက်နဲ့ စာလုံးပေါင်းက ဖျက်ဆိုတာမျိုးဖြစ်နေသလားလို့ပါ။
    ဆရာလုပ်တာ မဟုတ်ပါဘူးနော်……..

    ငိုဖူးသလားလို့မေးရင်တော့.. ဟုတ်ကဲ့ ငိုနည်းမျိုးစုံနဲ့ ငိုခဲ့ဖူးပါတယ် လို့ပဲ…

    ခင်တဲ့

    (Green Rose)

Leave a Reply