ငါးရံ့ကို မြွေမျို……………. အတိတ်ဘယ်လိုကောက်မလဲဗျို

1 ဒီလို ဒီလို စတွေ့တာဗျာ
1 ဒီလို ဒီလို စတွေ့တာဗျာ

ငါးရံ့ကို မြွေမျို အတိတ်ဘယ်လိုကောက်မလဲဗျို

 

ရန်ကုန်ရောက်တဲ့ မနက်စောစော လမ်းလျောက်ပြီးပြန်အလာ မြက်တောလေးတစ်ခုကိုဖြတ်လာခဲ့ပါတယ်။

သွားနေရင်း ရွှပ်ကနဲအသံကြားတော့ အောက်ငုံ့ကြည့်မိမှ အလန့်တကြားဖြစ်သွားပါတယ်။

မြွေခပ်သေးသေးတစ်ကောင်ကို ရိပ်ကနဲ့မြင်လိုက်ရလို့ပါ။

ရှည်တော့ အတော်လေးရှည်ပါတယ်။

ရေမြွေဖြစ်ဘို့များပါတယ်။

သူ့ရှေ့မှာ မဲမဲလေးမြင်လို့ကြည့်လိုက်တော့ ငါးလေးတစ်ကောင်ကို မြွေက မျိုမလို့ပြင်နေတာ။

ကျနော်လမ်းလျောက်တဲ့မြက်ခင်းအစပ်မှာရေစပ်စပ် အိုင်ကလေးရှိနေတော့ အဲဒီအထဲက ငါးကို

ဖမ်းလာတာဖြစ်နိုင်ပါတယ်။

အဲဒါနဲ့သေချာကြည့်တော့ ငါးကို ကန့်လန့်ချီလာတာကနေ မြေကြီးပေါ်ချ။

အလျားလိုက်ဖြစ်အောင်ထားပြီးစ မျိုပါတယ်။

မြွေက ကျနော်သွားတဲ့လမ်းမှာ ကန့်လန့်ခံနေပါတယ်။

ငါးလဲ ပါးစပ်ထဲရောက်သွားရော ကျနော်လဲ သတ္တိ အပြည့်နဲ့ ရှေ့တည့်တည့်က သွားရိုက်ပါတယ်။

အဲတော့ မြွေက ခေါင်းထောင်ကြည့်ပါရော ဘာလာရှုပ်သလဲပေါ့။

ခဏနေတော့ ငါးလဲပါးစပ်ထဲရောက် တာနဲ့ တတွန့်တွန့်နဲ့ထွက်ပြေးပါတော့တယ်။

သိပ်မကြာခင်မြက်တောထဲရောက်ပျောက်ပေါ့။.

2 ငါးကို အရှည်လိုက်ဖြစ်အောင် ဆွဲစိလိုက်တာလေ
2 ငါးကို အရှည်လိုက်ဖြစ်အောင် ဆွဲစိလိုက်တာလေ

 

3 ရှေ့တည်းတည့်က သွားရိုက်ထားတာပါ
3 ရှေ့တည်းတည့်က သွားရိုက်ထားတာပါ
4 ခေါငးထောင်ပြီး ပြန်ကြည့်နေတယ် ဘာလာရှုပ်သလဲပေါ့
4 ခေါငးထောင်ပြီး ပြန်ကြည့်နေတယ် ဘာလာရှုပ်သလဲပေါ့

 

ကျနော်တို့မြန်မာလူမျိုးတွေက အတိတ်ကောက်တာ နိမိတ်ဖတ်တာဝါသနာပါ ပါတယ်။

အထူးသဖြင့် အကောင်ပလောင်တွေနဲ့ပါတ်သက်ပြီးပေါ့။

ဟိုးတစ်လောက ရွှေတိဂုံဘုရားမှာ လဒ နားတော့ ဘာဖြစ် ညာဖြစ်ပေါ့။

ဘုရားပေါ်ကျားတက်တော့လဲ ဘာဖြစ်ညာဖြစ်ပေါ့။

ခွေးအိမ်ခေါင်ပေါ်တက်တာ မြင်ရင်လဲ ဘာဖြစ်ညာဖြစ်ပေါ့။

 

 

5 စပြီးမျိုနေတာကို မြင်ရတာ
5 စပြီးမျိုနေတာကို မြင်ရတာ
6 ကျနော်မြင်တော့ လှည့်ပြေးရော
6 ကျနော်မြင်တော့ လှည့်ပြေးရော
7 မြက်တောထဲပြန်ဝင်ပြေးသွားတယ်
7 မြက်တောထဲပြန်ဝင်ပြေးသွားတယ်

 

အခု မြွေက ငါးရံ့ကိုမျိုတယ်ဗျာ။

မြွေဆိုတာ ပ ဖ ဘ ဗ မ ကြာသာပတေးနံဗျာ။

ငါးဆိုတာ ကခဂဃင တနင်္လာဗျာ ။

ရံ့ ဆိုတာ ရတလဝ ဗုဒ္ဓဟူးဗျာ။

 

ကြာသာပတေးက တနင်္လာနဲ့ ဗုဒ္ဓဟူးကို မျိုတယ်ဗျာ။

ကဲ ဘာတွေဖြစ်လာနိုင်ပါသလဲ

သိသူများ ပြောကြပါဗျာ။

သိချင်လွန်းလို့ပါ။

သိချင်လွန်းလို့ပါ။

သိချင်လွန်းလို့ပါ။

သိချင်လွန်းလို့ပါ။]

 

ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့

(9-1-13) ရန်ကုန်တစ်

 

 

 

 

40 comments

  • ဦးကြောင်ကြီး

    January 10, 2013 at 9:37 am

    ပဖဘဗမကို မြွေလို့တိုက်ရိုက် မကောက်ဘဲ ပဇဘဗမ သီချင်းခွေ အဆိုတော် ရတနာမိုင်လို့ အဓိပါယ်ပြန်မယ်ဗျာ။ တနင်္လာကတော့ ကြောင်ကြီး၊ ဗုဒ္ဓဟူးကတော့ ရုန်းတာ..
    ဒီတော့… ရတနာမိုင်လေးက ကြောင်ကြီးကို မျိုဖို့ကြိုးစားပေမဲ့ ရုန်းရင်းကန်ရင်း လွတ်မြောက်သွားတယ်ဗျာ…။ နောက်တခါ ပွဲကောင်းနေတုန်း အဲလို လာမရိုက်ပါနဲ့ဗျာ၊ မိုင်လေး မျိုအချခံချင်လွန်းလို့ တမင်စောင့်နေခဲ့တာဗျ..။ 🙁

    • မြွေကြီးက အပြီးဆို
      ငါ့ရံ့တိုတို အမြီးတောင်မကျန်အောင်မျို
      မှားပါသဗျို မောင်ကြောင်ကြီးရယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 10, 2013 at 9:40 am

    အဲ့တာထီပေါက်ကိန်းဘဲ ဒီလိုကောက်ဂျ
    ” ငါးဆိုတာ ကမ္ဘာဦးကတည်းက မြွေရဲ့အစာ”

  • ဘဲဥ

    January 10, 2013 at 9:47 am

    အပီဘဲ ဒီတစ်ပါတ် ၅၂၄ ကို ပုံအောလိုက်တော့မယ်ဂျာ :harr:

  • ဘဲဥ

    January 10, 2013 at 9:50 am

    ဆပ်ကျူရတီ ကွက်ရှင်ဂျီးက ဘယ်ကဘယ်လို အပိုပါလာရတုံးမသိ
    သဂျီးဘာတွေ လက်ကမြင်းထားဗျန်ဘီလဲ

  • ငါးရဲ့ကို မြွေမျို တယ်တဲ့ …
    ဒါကို အတိတ်ကောက်ကျည့်ဒေါ့ ….
    ဒီနှစ် ကျုပ် သိန်းထီဆုကြီး ပေါက်မယ့် ကိန်းဘဲ … ငွင်းး ငွင်းး
    (ဖြစ်ချင်ဒါ ကောက်ရဒါဘဲ … :mrgreen: )

  • Mon Kit

    January 10, 2013 at 10:03 am

    ဟယ်.. ကိုပေါက် က တော်တော်လေးစွန့်စားပီး ဒါ့ပုံရိုက်ထားရတာ..
    တော်သေးလို့နော်..မြွေက အစာဝသွားလို့ အေးဆေးလှည့်ပြန်သွားတာ.. :kwi:
    မွန်ကစ်တော့ နမိတ်မကောက်တတ်လို့ သူများတွေ ကောက်တာဘဲ ဖတ်တော့မယ်နော်.. :hee:

  • surmi

    January 10, 2013 at 10:37 am

    ရေထဲကကောင်ကို တွင်းအောင်းတဲ ့ကောင်က စားတယ်ဆိုတော ့…..?
    ရေရှံသော သူဌေးများ ခရိုနီများ ဘေးတွေ ့အ ံ့ …….
    တိမ်မြှုုတ်နေသူများကျော်ဇောအံ့ ……………
    မိတ်ဆွေအချင်းချင်း တိုက်ခိုက်ကြအံ့…………
    အစာရေစာ ရှားပါးဈေးတက်အံ ့ ……
    မထင်မှတ်သော ရန်သူပေါ်လာအံ့………..
    ကြီးနိုင် ငယ်ညှင်း သံသရာ လည် အံ့…………
    ငါးပါးသီလ ပျက်စီးစေသော အကြောင်းများပေါ်ပေါက် အံ့……..
    သီလမြဲသောသူများ ဘေးလွတ်အံ့ …………….

    ဤသည်ကားးးးး…
    ဝေဒကဝိ မောင်ဆာမိ၏ အလိုတည်း …….

    • အမြီးရှည်သူက အမြီးတိုသူကိုမြိုတယ်ဆိုတော့
      အင်း အကြီးကြီးက အသေးသေးကို ထပ်မျိုအုံးမှာဘဲ။
      ဒီတော့ကာ မြန်မာပြည်က လုပ်ငန်းအငယ်လေးတွေကို အကြီးကြီးတွေက မျိုမယ်ဆိုတဲ့သဘောပါဘဲနော်။

  • ဗုံဗုံ

    January 10, 2013 at 10:55 am

    မြွေဆိုတော့ ပ ဖ ဘ ဗ မ ကြာသပတေးနံ ပေါ့နော်
    ငါးဆိုတော့ က ခ ဂ ဃ င တနင်္လာနံ ပေါ့နော်
    အဲဒီတော့ အတိတ်ကောက်ရရင် ကြာသပတေးနဲ့ တနင်္လာနံပါတဲ့ မန်းလေးက လေးခ၊မမခိုင်ဇာ၊ မိဗုံ၊ ဘဲဥ၊ ကိုပေ၊ ဦးမာဃ တို့ကို ကြာသပေးသား လေးပေါက်က တနင်္လာနံတဲ့စတဲ့ ကန်တော်ကြီးက ကောင်းကောင်းစားဥယျာဉ်မှာ လိုက်လံပို့ဆောင်ကျွေးမွေး ဧည့်ခံမည်ဟူသော အတိတ်နမိတ် ဖြစ်ပါကြောင်း းးးးးးးးးး :harr:

    • ခိုင်ဇာ

      January 10, 2013 at 10:58 am

      အဟမ်း။ ကယ်ကူလေတာ ချက်ချင်းလိုက်ရှာပြီး ဗုံဗုံပြောတာကို သဘောတူကြောင်း လာပြောတာပါ ကိုကြီးပေါက်။
      :kwi:

      • ခင်ခ

        January 10, 2013 at 1:41 pm

        ဤသို့နမိတ်ကောက်သည့်အတိုင်း ဖြစ်ပါစေသော်ဝ်။
        တော်လိုက်တဲ့ ဗိဗုံလေး။

    • အဲလိုကွက်ကျွေးလိုက်ရင် ဖိုးထောင်နဲ့ ဖရဲသီးက လေးလေးကို ဝိုင်းဗျဉ်းလိုက်မှာပေါ့အေ့

      • ခင်ခ

        January 10, 2013 at 2:21 pm

        ဖိုးထောင် နဲ့ ဖရဲ ဆိုတာလည်း ကြာသပတေးနံနဲ့ ကိုက်တဲ့အတွက် ခေါ်လိုက်ပေါ့ဗျာ။

    • Mr. MarGa

      January 11, 2013 at 2:55 pm

      ဦးမာဃလဲ
      အထူးတလည် သဘောတူတယ်ဆိုတာရယ်
      အနားမှာရှိတဲ့ ဗေဒကဝိကလဲ မိဗုံ ဟောတာ မှန်ကန်တယ်လို့ ထောက်ခံတယ် ဆိုတာရယ်
      အထူးအနေနဲ့ လေးပေါက်က မန်းလေးမှာရှိသမျှ မန်ဘာအားလုံးကို အသေအချာကျွေးမယ်လို့ စိတ်ကူးထားတယ်ဆိုတာရယ်
      လာပြောတာ အဟီး

      • ကျွေးအုံးမှာ………………………………….
        ကျွေးအုံးမှာ………………………………….
        ကျွေးအုံးမှာ………………………………….
        ကျွေးအုံးမှာ………………………………….

        • Mr. MarGa

          January 11, 2013 at 3:18 pm

          လေးပေါက်ကျွေးရင်
          ဦးမာဃလဲ
          စားအုံးမှာ……………………………………..
          စားအုံးမှာ …………………………………….
          စားအုံးမှာ……………………………………..
          ဘယ်တော့ကျွေးမလဲ
          ဒါ့ပုံနဲ့တော့ မရဘူးနော်
          :kwi:

  • kai

    January 10, 2013 at 10:57 am

    ဗီဒီယိုရိုက်ပြီး.. ယူတုတင်လိုက်ရင်.. “ဟစ်”တော်တော်ရမယ်…

    • ရိုက်တာလွယ်တယ် ကိုခိုင်ရေ
      မြန်မာပြည်ကော်နက်ရှင်က ယူတု မှာ ပုံတင်ဘို့မပြောနဲ့ ဖွင့်ရင်တော့ ထစ်အ ထစ်အ

      • အဟမ်းးး
        ဖေပေါက်ဂျီးဂို သနွှားလိုက်ဒါဂျာ ….
        ကိုးနတ်ရှင် ကောင်းကောင်း ပြည်တွင်းမှာလည်း ချိဘာဒယ် …
        ကျုပ်ဒို့ ရုံးမှာဆို ဖလန်းဖလန်းကို ထနေဒါဘဲ …
        mediafire, hotfile တို့က 1GB ဆိုက်တွေ ဆွဲရင်တောင် ခီနလေးရယ် ..
        ကျုံဒုံးလေး ဝင်ကစ်တွားဘာဂျောင်းးး :mrgreen:

  • thureinmaung

    January 10, 2013 at 11:03 am

    ကိုပေါက်ရာ..
    သူ့ဟာသူ ခက်ခက်ခဲခဲအစာရှာဖွေစားသောက်နေရတာ..
    ကိုယ်တွေစိတ်အပန်းဖြေဘို့အတွက် သူ့ရဲ့ တစ်လစာလေး
    ဗိုက်ပြည့်ဘို့အတွက်နောက်ထပ်ပင်ပင်ပန်းပန်းလိုက်ရှာရတော့မယ်…..
    အပြစ်တင်တာတော့ မဟုတ်ဘူးနော်..စိတ်မရှိပါနဲ့

    • Mon Kit

      January 10, 2013 at 11:10 am

      အပေါ်ကလူကြီး ပုံလည်း တေချာကြည့်ဝူးး…
      စာလည်းတေချာဖတ်ဝူးး…

    • ငါ့ရံ့တစ်ကောင်လုံး ပါးစပ်ထဲရောက်မှ ထွက်ပြေးတာပါဗျာ။
      သူများထမင်းလုပ် ပုတ်ချတတ်တဲ့အကျင့် ကျနော်မှာမရှိပါဘူးဗျို့

  • ရွှေတိုက်စိုး

    January 10, 2013 at 1:47 pm

    တနင်္လာနဲ. ဗုဒ္ဓဟူးကို မြိုတာတော့ တိဘူး..
    တားတို.တော့ ညနေညနေ Prome မှာ တနင်္ဂနွေနဲ.ဗုဒ္ဓဟူးကို မြိုမြိုနေတာ…….လူကို မူးထာဂျာ…………. ဟိဟိဟိဟိ

    • ကြာသာပတေး ဘီဘီနဲ့
      တနင်္ဂလာ ကြက်ကြော်ရယ်
      ဗုဒ္ဓဟူး ဝက်ခေါက်သုတ်ရယ် တွဲလိုက်လို့ကတော့
      မိတိုက်ရေ…………..
      ပလက်ဖောင်းဘေးငုတ်တုတ်ထိုင်တာတွေတင်လိုက်ရမလားအေ့

  • kyeemite

    January 10, 2013 at 1:48 pm

    မြွေကတော်တော်ထင်ပေါ်ဖို့ ဇာတာပါတယ်နဲ့တူရဲ့..
    တစ်ခါတစ်ရံလာလည်တဲ့ ဂဇက်က လက်ဆော့တဲ့
    ကိုပေါက်နဲ့မှတဲ့တဲ့သွားတိုးတော့တာကိုး..ဟိုးဟိုး..

  • cobra

    January 10, 2013 at 5:16 pm

    ရိုက်ထားတာလေး မိုက်လိုက်တာ
    မြွေကလည်းချစ်ဖို့ကောင်းတယ်
    ငါးရံ ့ကိုမျိုနေတာများ အားနဲ့မာန်နဲ ့

  • aanyar thar

    January 10, 2013 at 5:43 pm

    ဟား…….ထူးဆန်းတယ်..ကိုပေါက်ရေ…တအံ့တဩ ကိုထူးဆန်းတယ်ဗျာ..မြွေက သူအစာဖြစ်တဲ့ ကြွက်တို့ ငါးတို့ ဖားတို့ို့ကို မြိုတာက..ကိုပေါက် တစ်ရက်ထက်တစ်ရက် အသက်ကြီးလာနဲ့အမျှ လူကြီးဖြစ်မယ် ထမင်းစားပြီး ရေသောက်လိမ့်မယ်လို့ အတိတ်ကောက်လို့ရသဗျ…ငါးက မြွေ ကိုမြိုတယ်……ကြွက်က မြွေကို မြိုတယ်..ဆိုရင်တော့..ကိုကိုရွှေရဲ့ ဘိုးတော်တစ်ယောက်ပဲ အတိတ်ကောက် ပြီးမှန်အောင် ပြောနှိုင်ပါလိမ့်မယ်..သူရွာထဲမှာ ရှိ့နေတယ်လေ..(ကလေးတစ်ယောက်အဖေ လူပျိုလေး)

  • San Hla Gyi

    January 10, 2013 at 6:49 pm

    ကိုပေါက်ရေ
    မြွေလဲ ကိုပေါက်နဲ့ တွေ့လို့ ကံကောင်းပြီး ဓတ်ပုံ အင်တာနက်ထဲ ပါသွားတယ်။ ကျနော်နဲ့သာတွေ့ရင် အခန့်မသင့်ရင် မာလကီးယားသွားနိုင်တယ်။ သူတို့ အစာမျိုနေချိန်က သူတို့ရဲ့ အားနည်းချက်ပဲ။ ဘာမှ ပြန်မလုပ်နိုင်ဘူး။ မြွေဟောက်လို ကောင်မျိုးတောင် အဲဒီအချိန်မှာ အေးအေးဆေးဆေး ရိုက်သတ်လို့ရတယ်။
    အတိတ်ကောက်ရရင်တော့ အင်္ဂဟဝိဇ္ဇာပညာကို သိပ်မကျွမ်းဘူး။ ဒါပေမယ့် ဖြစ်ရိုးဖြစ်စဉ်ဆိုတော့ သိပ်တော့ ထူးထူးခြားခြား အတိတ်ကောက်လို့ မရဘူးတော့ ထင်တာပဲ။

    • ဟုတ်ပ ကိုစံလှကြီးရေ
      ရိုက်သာရိုက်လိုက်ရတယ် ကြုံခဲလို့
      တော်ကြာ တိရိစ္ဆာန်များ အသင်းက ငါ့ရံ့ကိုမကယ်လို့ဆိုပြီး အဗျဉ်းခံရမှာကြောက်ရသေးသဗျာ

  • ငါးရံ့ကိုမြွေမြို၊မြွေဗိုက်ဝ
    ဦးပေါက်ကိုများ ပေါက်လိုက်မှဒွတ်ခ မကြောက်မရွံ့ လိုက်ရိုက်ထားတယ်။

    • နန်းတော်ရာသူရေ
      ကြောက်တော့လဲ ကြောက်တာပေါ့အေ
      မြွေပါးစပ်ထဲငါးရောက်မှ ရိုက်ရဲတာအေ့
      တော်ကြာ ဖလိုင်းမကစ်ဘဲ ဒဲ့ကစ်လိုက်မှ ဆေးရုံပြေးနေရမယ်

  • မောင်ပေ

    January 10, 2013 at 8:56 pm

    အတိတ်ကောက်
    ထိပ်ပေါက်
    ဆိတ်ကြောက်
    လိပ်ဖောက်
    မှိတ်သောက်

  • အိုး ကျနော်ကလဲ မပေါက်နိုင်မှန်းသိလို့ရိုက်ရဲတာပါဗျာ။
    ဒီတစ်ခေါက်ရန်ကုန်မြွေအကျိုးပေး၏။
    ပဲခူးသွားရင်း မြွေဘုရားကိုရောက်ခဲ့ပါ၏။
    နည်းတဲ့အကောင်ကြီး ဟုတ်ဘူး
    တင်ပေးမည်နောက်ရက်။

  • water fish

    January 11, 2013 at 8:28 am

    လေးပေါက် ရန်ကုန်လာတာတန်တယ်…ထူးထူးဆန်းဆန်းတွေတွေ့လိုက်ရတယ်….
    လေးပေါက်ရယ် အန္တရာယ်များလိုက်တာ ဓါတ်ပုံသွားရိုက်တာ..
    လေးပေါက်နေရာမှာဆို ကိုယ်လဲဒီလိုပဲ အဆုံးထိလိုက်ကြည့်မိမှာပဲ…ဟီးဟီး
    အတိတ်နမိတ်တွေကတော့ သိပ်မကောက်တတ်ဘူးလေးပေါက်ရေ….
    ့မြွေနဲ့ပတ်သက်ရင်ကောင်းတဲ့အယူအဆတွေများတယ်လို့တော့ကြားဖူးပါတယ်…
    တခါမှတော့ဒီလိုမတွေ့ဖူးဘူးလေးပေါက်ရေ………………….မြွေနဲ့ပတ်သက်ပြီးတော့ပေါ့

  • “ရားငေ”လေးရေ
    မြွေက ပေါက်စနလေးဖြစ်နေတာရယ်
    နောက်ငါးကလဲ ပါးစပ်ထဲရောက်နေတော့ ကိုယ့် ကိုမပေါက်နိုင်မှန်းသိလို့ရယ်
    ရှေ့ကနေရိုက်ရဲတာပါအေ့။

  • nature

    January 11, 2013 at 5:52 pm

    ငါးရံ့ကိုမြွေမြိုသောကြောင့် မြွေသည် ဆာလောင်ခြင်းကင်းပြီးချမ်းသာသောအဖြစ်သို့ရောကလတ္တံ့။ ငါးရံ့သည်ဘဝတပါးသို့ကူးပြောင်းလတ္တံ့။ နောင်ဘဝမရှိဆိုသူများအတွက်မူ သွားစရာနေရာမရှိဖြစ်လတ္တံ့။ 😛

    ကြာသာပတေးနံမြွေသည် နင်္လာနံငါးကိုမြိုသောကြောင့် ကြာသာပတေးသားကိုပေါက်သည် တနင်္လာနံဖြစ်သော ငွေအဿပြာ တစ်သိန်းတိတိကို သူကြီးထံမှ ရရှိလတ္တံ့။ လာဘ်ကြီးဝင်လတ္တံ့။ တနင်္လာနံ ရန်ရှိသော် အောင်လတ္တံ့။
    ဥပမာ – တနင်္လာနံ —->က ခ ဂ ဃ င—–> သူကြီးခိုင်
    ဥပမာပြောတာနော်။
    မမှန်လျှင်ငွေပြန်မအမ်းပါ။ 😛

  • ဟယ.်…………………ကိုနေချားကြီး ဂလောက်တော်တာ အခုမှသိတယ်
    တကယ်ကို သွေးထွက်အောင်မှန်တာအေ့
    တော်လိုက်တာအေ့

Leave a Reply