လက်ပေးလက်ယူ အောင်ကြူကြူ handy

ပြည်ထောင်ဇုသမဒကြောင်နိုင်ငံဒေါ်

နိုင်ငံဒေါ်ကြောင်ရုံး အမေ့ငါးကြော် စာအမှတ် ကက်ကတစ်

၁၃၇၄ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁၁ ရက်

(၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်)

 

လက်ပေးလက်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ ဖွဲ့စည်းခြင်း၊ ပြည်ဒေါင်ဇု အစိုးမရအဖွဲ့သစ် တာဝမ် ယူပီးနောက် ကောင်းမွန်သော အပ်ချုပ်မှုစနစ်နှင့် သန်းရှင်သော အစိုးမရ ဖြစ်ပေါ်ရေးအတွက် အစိုးမရ အဖွဲ့စည်းများအတွင်း ဂတိအ တရားများ ကွင်းရှင်းရေးနှင့် လက်ပေးလက်ယူမှုများ ပပျောက်ရေး တို့အတွက် “လက်ပေး လက်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ” ကို အောက်ပါ လဗျွတ်အတိုင်း တွဲလောင်း ချလိုက်သည်။ ခေါင်းလောင်းလေးတွေ မြည်နေပြီ…. တွဲလောင်းခါလို့ ယမ်းနေသည်….

လက်ပေးလက်ယူ ကြောင်ဟန်တမူ
လက်ပေးလက်ယူ ကြောင်ဟန်တမူ

လက်ပေး လက်ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီ

(၁) ရိုးရာခြင်းလုံးအဖွဲ့ချုပ်

(၂) ပိုက်ကျော်ခြင်းအဖွဲ့ချုပ်

(၃) ဘောလုံးအဖွဲ့ချုပ်

(၄) ဖူဆယ်အဖွဲ့ချုပ်

(၅) တိုက်ကွမ်ဒိုအဖွဲ့ချုပ်

အထက်ဖော်ပြပါ အဖွဲ့ချုပ်များမှ တာဝန်ခံများသည် လက်ပေးလက်ယူခြင်းများ ပပျောက်အောင် (သို့မဟုတ်) မလိုအပ်ဘဲ လက်မပါရအောင် ကြပ်မတ်ဆောင်ရွက်ရမည်။

လက်ပေး လက်ယူမှု အရေးယူမှု ထိန်းညှိအကဲဖြတ်ရေး ကော်မတီ

(၆) လက်ဝှေ့အဖွဲ့ချုပ် (အနောက်တိုင်း)

(၇) သေနတ်ပစ်အဖွဲ့ချုပ်

(၈) သံလုံး၊သံပြား၊လှံတံပစ်အဖွဲ့ချုပ်

(၉) မြှားပစ်အဖွဲ့ချုပ်

အကဲဖြတ်ရေး ကော်မတီဝင် အဖွဲ့ချုပ် လူကြီးများသည် လက်ပေးလက်ယူမှု ပပျောက်ရေး ကော်မတီ၏ လုပ်ဆောင်ချက်များအား စီစစ်အကဲဖြတ် ထိန်းကျောင်းပေးရန် တာဝန်ရှိသည်။

 

(ပုံ) ပုဆိုးစ

တောင်ရှည်ပုဆိုး

ပြည်ဒေါင်ဇုသမဒကြောင်နိုင်ငံဒေါ်

ကိုးကား။ http://blog.irrawaddy.org/2013/01/blog-post_1470.html

18 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 10, 2013 at 9:15 am

    လာတ်ပေးလာတ်ယူမှု့ ကို အရေးယူဘို့ ကော်မရှင်ဖွဲ့စည်းတာကို ထောက်ခံပါတယ်
    ပုံ
    ဒေးဗစ်ချမ်း

  • mamanoyar

    January 10, 2013 at 10:07 am

    စာအမှတ်နဲ့တကွ
    ထုတ်ပြန်ကြေငြာမှုအားလုံးကို သဘောကျပါသည်
    ဖတ်ပြီး ပြုံးသွားမိပါသည်

  • MaMa

    January 10, 2013 at 10:08 am

    တကယ့်လက်တွေ့မှာတော့ အကြော်ဖိုးပေးရတဲ့ အခြေအနေမျိုးလည်း ကြုံတွေ့ရနိုင်တယ်။

    • MaMa

      January 10, 2013 at 10:09 am

      ကွန်မန့်ပေးမရလို့ ရေးရင်းနဲ့ ပိုစ့်မှားပြီး မန့်မိပြီ။
      ခွေးလွှတ်ပါ ဦးကြောင်။ :kwi:

  • ဗုံဗုံ

    January 10, 2013 at 10:21 am

    အဲ ဦးကြောင်လက်ချော်ပြီး enter နှိပ်မိသွားတယ် ဘာမှပါမသွားဘူး ဘာမန့်ရမှန်းတောင်မတိတော့ဖူး :mrgreen:

  • P chogyi

    January 10, 2013 at 10:28 am

    လက်ပေးလက်ယူပပျောက်ရန်
    ခွေးကလေး၊ ကြောင်ကလေးများ လက်ဖြတ်ထားပါရန်။

  • လက်ပေးလက်ယူပပျောက်အောင်ဆောင်ရွက်ပြီးသကာလ၊အနံ့ပေးအနံ့ရှူစနစ်နဲ့
    ပြည်ထောင်စုသမဒကြောင်နိုင်ငံသစ်ကိုထူထောင်ကြပါစို့။ :kwi:

  • surmi

    January 10, 2013 at 11:24 am

    လက်ပေး လက်ယူ ပပျောက်အောင်လုပ်ပြီး
    အာဒကေ ပေး အခွင် ့အရေးယူကြ တဲ ့
    ဦးကြောင်လည်း ဟိုနေ ့က ငံပိ တစ်ဗူး သဂျီးအိမ်ကိုသွားပို ့တယ်လို ့
    သတင်းရထားတယ် …..
    အဲဒါ ဘာလုပ်တာလဲ ဟင်င်င်
    :harr:

  • မောင်ပေ

    January 10, 2013 at 8:52 pm

    မဆိုးပါဘူးဗျ
    နဲနဲတော့ ထူးခြားလာမှာပါ
    ဥမပါ ဗြောင်ပြန်ပေးနေရတာတွေ ကို တိတ်တိတ်ပုန်းပြန်ပေးရမလား
    ဒါမှမဟုတ် လုံးဝမပေးပဲ စည်းကမ်းနဲ ့ညီရင် လုပ်ငန်းမြန်မလား
    မကြာမှီမျှော်

  • ဒီနေ့တောင်လူသုံးယောက်လက်ဖက်ရည်ဆိုင်မှာပြောနေကြသေးတယ်။

    နိုင်ငံကူးလက်မှတ်လုပ်တာ သူ့နောက်ရောက်သူက သူ့အရင်ပြီးသွားတဲ့အကြောင်း.
    အပြင်လူ ဆင်ကူမှ ရတယ်ပြောတာဘဲ.
    ကိုယ်တိုင် မတွေ့တော့ ဒီလောက်ဘဲပြောနိုင်ပါတယ်

  • padonmar

    January 10, 2013 at 10:05 pm

    မထူးသေးပါဘူး၊မထူးသေးပါဘူး။

  • pooch

    January 10, 2013 at 11:48 pm

    ခုပိုဆိုးနေတာပါ။ ပြောရမှာကို စိတ်တောင် ကုန်နေပြီ ။

  • MaMa

    January 11, 2013 at 8:52 am

    လက်ပေး လက်ယူ ဆိုတော့ ကြောင်လိမ္မာသင်တန်း ကြေငြာ လို့ ထင်လိုက်တာ။ :kwi:

  • aye.kk

    January 11, 2013 at 9:09 am

    အခုပိုဆိုးနေတာ အမှန်ပါ ။
    ရေလဲပုဆိုးလို ။တစ်ခါလာလဲအနားပြာ။ နှစ်ခါလာလဲအနားပြာ။
    အနားပြာတွေကြောင့် ခေတ်နောက်ကျခဲ့တာလဲကြာပါပြီ။။
    လာဘ်စား။ခြစား။အဖွဲ ့တွေ ။ ပါဝင်ပြီး ။ ဖွဲ ့ထားမှတော့ ။ ဘာမှလုပ်လို ့မရတာ ။ အမှန်ပါ။။

  • manawphyulay

    January 11, 2013 at 2:10 pm

    မရှိတော့ဘူးသာ လူတွေက ပြောနေကြတာ နေရာတိုင်းလိုလို ကျန်နေသေးပါလား… ခုအဖွဲ့ ဖွဲ့လိုက်တဲ့အဖွဲ့ကရော ဒီကို မပေးနဲ့ အိမ်လာပေးပြောကြမှာပဲမလား… 😛

  • Mr. MarGa

    January 13, 2013 at 2:01 pm

    အရင်လို…………..ပါ………..ပဲ……………..ဟဲ…………ဟဲ
    အရင်လို…………..ပါ……….ပဲ………………..ဟဲ…….ဟဲ
    အရင်လိုဒီအတိုင်း မျောဆဲပါ
    ဒီလှိုင်း ………………….ကြီးထဲမှာ
    နောက်ဆုံးမှာ………….ပြန့်ကာ ……….ပွားကာ………..ဆက်ကာ………….ပေးလို့နေဆဲပါ

Leave a Reply