ရိုးရိုးလေးပါပဲ .............

ရိုးရိုးလေးပါပဲ ………….

++++++++++++++++++++++++++++++

ရိုးရိုးလေးပါပဲ
ဟိုရှေ့က ငှက်လေးတွေ
တေးဆိုနေကြတယ်လေ …

ရိုးရိုးလေးပါပဲ
ဟိုနားက ပန်းလေးတွေ
ပွင့်လန်းနေကြတယ်လေ …

ရိုးရိုးလေးပါပဲ
အလင်းရဲ့ နှလုံးသားကို
အမှောင်က တစ်စတစ်စ
ဝါးမြိုချတယ်လေ …

ရိုးရိုးလေးပါပဲ
တိုးတိုးလေး သူကပြောတယ်
‘သိပ် ချစ်တယ်’ တဲ့ …

ရိုးရိုးလေးပါပဲ
တိုးတိုးပြီး ဖက်တွယ်ထားရင်း
အနမ်းများက နှုတ်ခမ်းနားမှာ
ခိုနားနေကြတယ် …

ရိုးရိုးလေးပါပဲ
အဲဒီ ညနေခင်းတွေ
ပြန်တွေးမိတိုင်းမှာ
ဝမ်းနည်းမျက်ရည်က
ပါးပြင်ထက်
အလိုလို စီးကျလာတတ်တယ် …

ရိုးရိုးလေးပါပဲ
ခိုးခိုးပြီး မျှော်လင့်မိတာ
သူ့အချစ်တွေကို
ပြန်လည် ရရှိဖို့ပါ …

ရိုးရိုးလေးပါပဲ
ဒီသံသရာ လောကထဲ
အသည်းကွဲဖူးတာလည်း
ကိုယ် တစ်ယောက်တည်းမှ
မဟုတ်တာပဲလေ ………….။

 

by – မောင်ရွာ

++++++++++++++++++++++++++++++

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။