Gmail, Facebook password ကိုလွယ်လွယ် လေး နဲ့ သိအောင်လုပ်မယ်

သူများတွေ ဟတ်တာကိုရေးထားတာတွေ့လို့ အလွယ်ကူဆုံး Google / Facebook password ကို သိအောင် လုပ်တဲ့ နည်းလမ်းကို ဝေမျှလိုက်ပါတယ်။ အဲ ဒီနည်းလမ်းဟာ မိမိကို သူများတွေ လာရောက် ရင် သတိထားရအောင် ဖြစ်ပြီး သူများကို ဒုက်ခ ပေးဖို့ မဟုတ်တဲ့ အတွက် မိမိသိရပြီးပြီ ဆိုရင် ကာကွယ်ရ အောင် မိမိ သူငယ် ချင်း တွေကိုပါ အသိပေးထားစေလိုပါတယ်

Google တွင် မကပါဘူး facebok ကိုရော ဒီနည်းလမ်း စမ်းပြီး အောင်မြင်ပါတယ်။ ချွင်းချက်တော့ ရှိပါတယ် ဘာတွေလဲဆိုတော့

  1. user name ကိုရော လူကိုပါသိရပါမယ်
  2. သူ့ဆီမှာ အင်တာနက် ဖွင့်ထားတဲ့ ဖုံး ရှိရပါမယ်၊ အဲဒီ နံပါတ်ကို သိထားရပါမယ်
  3. အဲဒီသူက ဖုံး နဲ့ အင်တာနက်သုံးနေရပါမယ်

အထက်ပါ အခြေအနေရှိနေပြီဆိုရင် ရပါပြီ။ ဘယ်လိုသိအောင်လုပ်မလဲဆိုတော့

  1. ပထမဆုံး အဲဒီသူက ဖုံး နဲ့ အင်တာနက်သုံးနေတဲ့ အချိန်ကို သိအောင်လုပ်ရပါမယ်ဒါက လွယ်ပါတယ် သူ online တက်နေတဲ့ အခါ facebook icon လေး စိမ်းနေမှာ ပေါ့နော်
  2. သူသုံးနေတာ သေချာပြီဆိုရင် သူ့ connection ကိုcrash ဖြစ်သွားစေဖို့ ဖုံးခေါ်ပြီး misscall ပေးလိုက်ပါ
  3. ပြီးရင် အောက်က ကုတ်ကိုကူးပြီး ပို့လိုက်ပါ။ ကုတ်ထဲက google ဆိုတဲ့ နေရာမှာ gmail ဆိုရင် google.com/facebook  ဆိုရင် facebook.comဆိုပြီးဖြည့် ပြီးပို့ပါ<!doctype html>
    <head>”google.com password”>
    <title>Google</title>
  4. ပို့ပြီး၂ မိနစ်အကြာမှာ ဖုံးဆက်ပြီး ကိုယ်သိချင်တဲ့ Gmail ဒါမှမဟုတ် Faceook ရဲ့ Password ကိုမေးလိုက်ပါ။ သူပြောရင် သိရပါမယ်။

ဒီနည်းနဲ့ လေဒီအုတ်ကို စမ်းကြည့်တာ အောင်မြင်တာ မို့လို့ ရနိုင်ပါတယ်

စမ်းသပ်အောင်မြင်ကြပါစေ

13 comments

  • Mလုလင်

    January 10, 2013 at 12:50 pm

    ဒါက မှ မိုက်သေးတယ်ဗျာ … ခန့်မှန်း ရတဲ့ step မပါဘူး .. ဒါမျိုး မှ …… ဒါ တာဗျာ .. အဲ့ဒါ .. အဲ့ဒါ။

  • mamanoyar

    January 10, 2013 at 1:46 pm

    အကောင်းမှတ်လို့
    တော်တော်နောက်တဲ့လူဂျီး
    သူပြောရင်တော့သိမှာပေါ့လို့…ဟွန်းးးးးးးးးးးးး

  • Mr. MarGa

    January 10, 2013 at 9:17 pm

    အတော်သေချာတဲ့နည်းပဲ
    ရာနှုန်းပြည့်ကို သေချာတယ်။

  • မောင်ပေ

    January 10, 2013 at 9:31 pm

    စမ်းကြည့်ရသေးတာပေါ့ ဆုပ်အာ ဆြာအုပ်ရေ
    ထူးခဲ့ရင်တော့ ကျေးဇူးရှယ်တင်မယ်
    လောလောဆယ်တော့ ကလိစရာရတာမို ့ ရှဲရှဲ

  • padonmar

    January 11, 2013 at 12:22 am

    အရေးထဲ လေဒီအုပ်ကို ကြွားလိုက်သေး။
    ကျမတို့ သူများကို ဒုက္ခမပေးပါဘူး။အဲဒီနည်းလေးသုံးခွင့်ပြုပါ။

  • တိမ်မည်း

    January 11, 2013 at 9:01 am

    မှတ်သား လောက်စရာပါပဲ…..

  • MaMa

    January 11, 2013 at 9:16 am

    Gmail ဒါမှမဟုတ် Faceook ရဲ့ Password ကို လေဒီအုပ်က ပြောပြတယ်ဆိုတော့….
    အပြည့်အဝ ယုံကြည်တယ်လို့ တဖက်လှည့်နဲ့ ကြွားလိုက်တယ် ထင်ပ့ါ။
    ငြီးကြွားခြင်း အနုပညာ အကြောင်းရေးချင်နေတာ ကိုယ့်ထက်အရင်ဦးတဲ့ ဆြာအုပ်ရဲ့ ကြွားလုံးနဲ့ တွေ့နေပြီ။ :kwi:

  • Thu Wai

    January 11, 2013 at 10:51 am

    ရပြီဗျ PW ကို သူကပြောတယ်
    -စောစောထ၊ သွားသောက်
    မျက်နှာအစ် ၊ ခြေထောက်ဖော
    မိဘဆူ ၊ ပြန်ရမ်း

  • ရွှေတိုက်စိုး

    January 11, 2013 at 12:04 pm

    တော်သေးတာပေါ့ အဆုံးထိဖတ်လိုက်လို. ဖုန်းတောင်ထုတ်ပြီးပြီးစမ်းမလို…
    တော်ပါသေးရဲ.. ယုံလိုက်မိရင် Message ဖိုး ၂၅ကျပ် ကုန်အုံးမှာ..

  • မှော်ဆရာ

    January 12, 2013 at 9:58 am

    ဟာ … တော်တော် အဆင့်မြင့်တဲ့ နည်းပဲ …

  • အာဂ

    January 14, 2013 at 4:24 pm

    လူချိုးကြီး ….လူမိုက်ကြီး….လူလိမ်ကြီး…. တားတား က ဂယ်မှတ်ရို့..အားရဝမ်းသာစွာဝင်ကြည့်မိတာကို….နောက်ဆုံးပိုဒ်ရောက်မှ အလိမ်ခံရမှန်းသိရတယ်။…။ တွားလူဆိုး……ခေါ်တော့ဝူး…..။

  • ညလေး

    January 14, 2013 at 5:39 pm

    နှစ်ထပ်ဂွမ်းးးလှည့်စားခြင်းးးး :hee:

Leave a Reply