အလင်းပက်စ ရန်ကုန် လှချက်က ကမ်းကုန်

1 လတောင်မဝင်သေးတဲ့နံနက်ခင်း
1 လတောင်မဝင်သေးတဲ့နံနက်ခင်း

 

“အလင်းပက်စ…….ရန်ကုန်..လှချက်က ကမ်းကုန်“

 

 

ရန်ကုန်ရောက်ပြီးနောက်တစ်ရက်မှာလဲ မနက်လမ်းလျောက်ထွက်ခဲ့ပါတယ်။

ဝေဇယန္တာလမ်းနံဘေးက မြန်မာအသံဝင်းကြီးထဲမှာ မြူတွေအငွေ့ထလို့နေတာ လှပလွန်းပါတယ်။

ဒါပေမယ့် အဲဒီအထဲကိုဝင်လို့မရပါဘူး။

မနက်ငါးနာရီခွဲကျော်ကျော်ရောက်တော့ ရောင်နီလေးတွေတက်လို့လာပါတယ်။

ပန်းရောင် အပြာနုရောင်ရောယှက်နေတဲ့ နံနက်ခင်းအလင်းစက်များကြောင့်

ကောင်းကင်ကြီးမြင်ရတာ ရောင်စုံပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပါဘဲ။

ဆောင်းပေမယ့် ရွက်ကြွေတွေမြေခနေလို့ ရိုးတံပြိုင်းပြိုင်းဖြစ်နေတဲ့ သစ်ပင်တွေကလဲ

ရောင်စုံအလင်းကြောင့်ပိုလှပနေသလိုလို။

လမ်းလျောက်လာရင်းက ပါရမီလမ်းက ကန်စွန်းခင်းများအနေားရောက်တော့ ချောင်းသေးသေးလေးမှာ

မြူငွေ့တွေထနေတာရယ် အလင်းရောင်နီက လဲ အနီဘက်ကို သန်းလာတာရယ်ကြောင့် မြင်ရတာ စိတ်အေးချမ်းလှပါတယ်.။

အဲဒီကနေလျောက်လာရင်း ဂန္တမာ ဂေါက်ကွင်းဘက်ကြည့်လိုက်တော့ မြက်ခင်းများမှာမြူငွေ့တွေထနေတာကိုမြင်တော့

ခပ်တည်တည်ဘဲ အထဲဝင်သွားပြီး လက်ဆော့ပါတယ၊်။

အားရပါးရလက်ဆော့ ပြီးအပြင်ပြန်ထွက်လာမှ အဝင်တုံးက မမြင်လိုက်တဲ့

ခွေးမိုက်ကယ် တစ်အုပ်က မာန်ဖီပြီးအ သံတွေပေးတာ မြင်မှ အတော်လေးလန့်သွားပါတယ်.။

ဒါပေမယ့် အဲဒီနားမှာနေသူတွေက မောင်းထုတ်မှ ခွေးတွေထွက်ပြေးပါတယ်။

ဒါတောင် တစ်ကောင်က အသာကပ်ပြီး ဆွဲမယ်လုပ်နေတာ ခဲကောက်ကိုင်မှ ထွက်ပြေးပါတယ်။

ဘာဘဲပြောပြော လှပတဲ့ နံနက်ခင်းကိုမြင်လိုက်ရတော့ စိတ်ချမ်းသာခဲ့တဲ့ မနက်ခင်းလေးလို့ဘဲဆိုချင်ပါတယ်။

 

 

 

ကိုပေါက်လမ်းသလားနေသည်

(11-1-13)

 

 

 

2 ဆောင်းနံနက် အလင်းပက်စ မှာ ယိမ်းက နေတဲ့သစ်ပင်
2 ဆောင်းနံနက် အလင်းပက်စ မှာ ယိမ်းက နေတဲ့သစ်ပင်
3 အကြိုအကြား ဝိုးတဝါး
3 အကြိုအကြား ဝိုးတဝါး

 

3လွမ်းနံနက်ခင်း
3လွမ်းနံနက်ခင်း

4IMG_3462 [640x480]

4 အလင်းစက်များအောက်က လမ်းကလေး

5 ရေမြောင်းလေးပေါ်အလင်းပက်ထားပုံက လှတယ်
5 ရေမြောင်းလေးပေါ်အလင်းပက်ထားပုံက လှတယ်

 

6 အဝေးမှာ မြူမှုန်တန်း
6 အဝေးမှာ မြူမှုန်တန်း

 

7ရောင်စုံအလင်းများနဲ့ဖွဲတည်ထားတဲ့ နံနက်ခင်း
7ရောင်စုံအလင်းများနဲ့ဖွဲတည်ထားတဲ့ နံနက်ခင်း
8 တိမ်ပေါ်ခုန်တက်နေတဲ့အလင်းစက်များ
8 တိမ်ပေါ်ခုန်တက်နေတဲ့အလင်းစက်များ

 

 

 

9ကျနော်နှစ်သက်မိတဲ့ပုံလေးပါ
9ကျနော်နှစ်သက်မိတဲ့ပုံလေးပါ

 

 

19 comments

  • Ma Ei

    January 15, 2013 at 9:45 am

    6,8,9…
    လှချက်က ကမ်းကုန် တဲ့လား
    မိုက်တယ်…

  • mamanoyar

    January 15, 2013 at 9:56 am

    2/5 အကြိုက်ဆုံးပဲ။

  • မင်းနန္ဓာ

    January 15, 2013 at 10:33 am

    2.8.9 ကြိုက်တယ်ဗျာ

  • Thu Wai

    January 15, 2013 at 10:37 am

    နေဖင်ထိုးမှ ထလို့လားတော့မသိဘူး ကိုယ့်နေတဲ့မြို့အဲလောက်လှမှန်း လေးပေါက် ရိုက်ပြမှပဲသိတော့တယ်။

  • ကြည်ဆောင်း

    January 15, 2013 at 11:24 am

    ရန်ကုန်ဆောင်း ရဲ့ လှချက်ကတော့ ….
    မန္တလေးသား ရဲ့ ရိုက်ချက်နဲ့တွေ့မှဘဲ
    လန်ထွက် ပျံတက်နေတော့တာဘဲနော် …

  • ဂန္ဓာရီ ဆြာအုပ်

    January 15, 2013 at 11:44 am

    ဘယ်နေရာရောက်ရောက် အလှအပကို တွေ့အောင်ရှာတတ်တဲ့ ကိုပေါက်ကိုတော့ လေးလေးစားစား ချီးကျူးပါတယ်ဗျို့

  • ဘိုအုပ်ရေ
    ရောက်လေရာအိမ်က အိမ်စောင့်နတ်ကနှင်ထားတော့ မနက်အစေအိမ်ကထွက်
    ရောက်ရာပေါက်ရာသွား
    မြင်သမျှလက်ဆော့ ဆိုတော့ ရလာတဲ့ ပုံတွေက လှတာရော မလှတာတွေရော ပါနေပါတယ်။
    အဲတော့ လှမယ်ထင်တာလေး ရွေးတင်ရတာပေါ့။
    ဘိုအုပ်သာ
    အဲဒီနားရောက်ရင် အမြင်တစ်မျိုးနဲ့ပုံတွေထွက်လာမှာအသေအချာပါဘဲ။

  • aye.kk

    January 15, 2013 at 6:58 pm

    ကိုပေါက်
    ပုံတွေအားလုံးလှတယ်။
    8ကိုတော့အနှစ်သက်ဆုံးပါဘဲ။။

  • မိုးလင်းတော့မယ် … ထတော့ .. ညီမလေးရဲ့ ..
    အချိန်ဆိုတာ .. လူကို .. မစောင့်ဘူးလေ ……
    ကိုထီးရဲ့ သီချင်းလေးကို ညည်းရင်း
    မနက်ခင်း ရောင်ခြည်သန်းစ ပုံလေးတွေကို အားပေးသွားပါတယ်ဗျို့ ….

  • မောင်ပေ

    January 15, 2013 at 8:47 pm

    နောက်ဆုံးမတော့ တိတ်ဆိတ်ခြင်းဆိုတဲ့ ပုံကိုပဲ ယူလိုက်ပါတော့မယ်ဗျို ့

  • Mr. MarGa

    January 15, 2013 at 8:52 pm

    လေးပေါက်ရေ
    လှသဗျို့
    ဦးမာဃကတော့ အားလုံး သဘောကျတယ်

  • အလင်းဆက်

    January 15, 2013 at 9:40 pm

    ရန်ကုန်ရဲ ့..အလှတရားကို..
    ရှာဖွေ ဖော်ထုတ် တတ်ပါရဲ ့ ။

  • အခုရက် မန်းလေးမှာအေးလွန်းတော့ လမ်းမလျောက်နို်င်ဘူး။
    အဲတော့ မနက်ခင်းပုံတွေမရိုက်ဖြစ်တာ တစ်ပါတ်ပြည့်တော့မယ်။.

  • moonpoem

    January 16, 2013 at 11:59 am

    လေးပေါက်ရေ ပုံတွေ အကုန်လှတော့ ကြိုက်တယ်ဗျာ။ ဒါပေမယ့် လေးပေါက်ကို တော့စိတ်ဆိုးတယ်ဗျို ့။ ရန်ကုန်လာတာတောင် မန်းတလေးက မြင့်မြင့်ခင် ငှက်ပျောဆနွင်းမကင်းမဝယ် အကြောင်းမကြားပဲ ပေါက်ချလာလို ့။ 🙁

  • ဟုတ်ပ ရန်ကုန်မှာ ကိုယ့် မန်းလေးသူရှိနေတာ မေ့သွားပါသအေ့
    မန်းလေးပြန်ရောက်ရင်ဖုန်းဆက် နန်းရှေ့ က ဝက်ဆီဖတ်နဲ့လုပ်တဲ့ မုန့်ပျစ်စလက်ဝယ်ကြွေးမယ်
    အဝစားနော်

  • water fish

    January 16, 2013 at 1:47 pm

    လေးပေါက် ဘယ်မှာရိုက်ထားတာလဲ….
    တော်တော်လေးမိုက်တယ်….ကိုယ်တွေတောင်အဲ့အချိန်မထနိုင်သေးဘူး..
    လေးပေါက်ကဓါတ်ပုံရိုက်မယ်ဆိုတာနဲ့ကို ဇွဲကောင်းနေပီ..
    အားပေးသွားပါတယ် ချစ်ပေါက်ရေ

  • အလုပ်တစ်ဖက်နဲ့ဆိုတော့ စောစောထရတာပေါ့အေ့
    နောက်ရန်ကုန်က စောစောထရင် ဘတ်စကားစီးရတာ အဆင်ပြေတယ်လေ

Leave a Reply