ရူူးလောက်တဲ့ လှည့်ကွက် ၁ဝခု

ムラカミJanuary 10, 201310min39229

အကောင်းတကာ့ အကောင်းဆုံးသော advertising campaigns တွေဟာ လူတွေ သတိမထားမိတဲ့ အရာတွေပါတဲ့

ဒါတွေဟာ စားသုံးသူတွေအတွက် သာမန် ဖြစ်ရိုးဖြစ်စဉ်လို့ အထင်မြင် ခံရပြီးနောက်ပိုင်းမှာ မြောက်များလှစွာသော

မားကတ္တင်း ဘတ်ဂျက်တွေ သုံးစွဲခြင်းနဲ့အတူ ယဉ်ကျေးမှုတရပ် … ဒါမှမဟုတ် ရိုးရာတခုအနေနဲ့ ပုံစံသွင်းခြင်း

ခံရပါတော့တယ်…။ ပြောဖူးပါတယ် မာကတ္တာတွေ ယုတ်မာပါတယ်ဆို….။ အဲ့သည့်ထဲကမှ ကမာ္ဘကို ကိုင်လှုပ်ခဲ့တဲ့

ယုတ်မာပုံ ယုတ်မာနည်း ၁ဝခု ကို စာရင်းပြုချင်ပါတယ်….။

 

 

၁။ အဖေနေ့ အမေနေ့ နဲ့ အခြားသော အထိမ်းအမှတ် နေ့တွေဟာ စစ်မှန်တဲ့ အားလပ်ရက်တွေမဟုတ်ကြဘူး

 

mothers-day-fathers-day-and-those-other-random-days-arent-real-holidays
mothers-day-fathers-day-and-those-other-random-days-arent-real-holidays

 

  • Behind the scheme: Hallmark
  • The result: Hallmark Holidays
  • How it happened: 

ဒီလိုပြောလို့ မိုက်ရိုင်းတယ် လို့တော့မထင်စေချင်ပါဘူး …

ဟောသည့်မှာ Hallmark အကြောင်း သွားဖတ်နိုင်ပါတယ်။

http://en.wikipedia.org/wiki/Hallmark_Cards

တကယ်တော့ လူတွေကို ဘာကတ် ညာကတ် တွေ ဝယ်ပြီး လက်ဆောင်မပေးဖြစ်ခဲ့ရင်

အပြစ်ရှိသလို ထင်ရအောင် လုပ်ထားတဲ့ သတ်မှတ်ရက်တွေ တပုံတပင်ပါဗျာ…

Hallmark ကတော့ ထင်ရှားတဲ့ ဥပမာတခုဖြစ်ပြီး အောက်ဖော်ပြပါနေ့တွေကတော့

ထင်ရှားသပေါ့လေ…

Valentine’s Day, Grandparent’s Day, Sweetest Day, Mother’s Day, Father’s Day, Boss’ Day and Administrative Professionals’ Day

၁၉၄၄ ခုနှစ်တုန်းကဖြစ်ပါတယ်  Hallmark  ဟာ ဒီလို ကြော်ငြာခဲ့ပါတယ်။

“When you care enough to send the very best,”

ပေါ့သေးသေးတော့ မဟုတ်တာ သေချာရဲ့ဗျာ ..ဘာကြောင့်လဲဆို ဒီကြော်ငြာ ကန်ပိန်းက

ရာစုနှစ်ရဲ့ အကောင်းဆုံးသော ကြော်ငြာကန်ပိန်း အခု၁၀ဝ ထဲက တခု ဖြစ်လို့ပါပဲ။

 

ဒီကြော်ငြာ ဟာ လူတွေကို စိတ်ပိုင်းဆိုင်ရာအရ ပြင်းပြင်းပြပြ ချည်နှောင် ခဲ့ပါတယ်။

ဘရန်းတွေ ထုတ်ကုန်တွေနဲ့ အမှတ်တရ ရက်စွဲတွေနဲ့အတူပေါ့ …။

တဖက်ကကြည့်ပြန်ရင်လည်း ကန်ပနီရဲ့ ရပ်တည်မှု ဆောင်ပုဒ်ကောင်း တခုအနေနဲ့

နှစ် ၅ဝကျော် တည်မြဲလာခဲ့တဲ့ အရာ ဖြစ်ပြန်ပါသတဲ့…။

 

 

Diamonds didn’t always mean forever

၂။ စိန် တွေဟာ အမြဲတမ်း တည်မြဲတဲ့ အရာတွေ တော့ မဟုတ်ဘူး

diamonds-didnt-always-mean-forever
diamonds-didnt-always-mean-forever

 

  • Behind the scheme:  De Beers
  • The result: Almost all engagement rings now have diamonds
  • How it happened: 

စိန်ထည်တွေဟာ သိပ်ကို romantic ဖြစ်တယ်လို့ သင်ထင်ပါသလား .. ဒါဆိုရင်တော့ De Beers

ဆိုတဲ့ ကန်ပနီကို ကျေးဇူးတင်လိုက်ပါ။ (Diamonds Are Forever ဆိုပြီး James Bond

ဇာတ်ကားတောင် ထွက်ဖူးသေးတာနော…)

တကယ်တော့ 1938 ခုနှစ်မှာ ဖြစ်ပါတယ်။ De Beers dynasty ရဲ့ သားတော်မောင်ဟာ

advertising agency တခုဖြစ်တဲ့ N.W. Ayer နဲ့ တွေ့ပါသတဲ့ .. အဲ့သည့်မှာပဲ အခုပြောနေတဲ့

နာမည်ကျော် Diamonds are Forever ကို စတင်ခဲ့တာပဲဖြစ်ပါတယ်။

 

N.W. Ayer’s market research က အဲ့သည့်ခေတ်က US မှာ စီးပွားကျတာရယ် ..

စိန်ဝယ်လိုအား 50% ထိ ထိုးကျနေတာရယ် .. ဒေါ်လှ တန်ဖိုး နိမ့်ကျတာရယ်ကို ဆွဲတင်ဖို့ စလိုက်တာပါပဲ။

စီးပွားကျနေတာကိုတော့ ဘာမှမတတ်နိုင်လို့ မကူညီ မကယ်တင်ပေးနိုင်ပေမယ့် စိန် ဆိုတဲ့

အရာကိုတော့ချစ်မေတ္တာနဲ့ ကောင်းကောင်း ချည်နှောင်ခဲ့နိုင်ပါတယ်။ ဒါကြောင့်မို့ ရာစုနှစ်ရဲ့

ဒုတိယအကောင်းဆုံးသော ကြော်ငြာ ကန်ပိန်း အဖြစ် သတ်မှတ်ခံရပါတယ်။

စိန်ဆိုတာ ချစ်ခြင်းမေတ္တာရဲ့ ပြယုတ် ၊ လက်ဆောင် အနေနဲ့ လူတွေ သတ်မှတ်လက်ခံအောင်

လုပ်နိုင်ခဲ့တာပါ။ ရောင်းကုန် ရတနာ တစ်မျိုးဆိုတာထက် ပိုတဲ့ ထာဝရတည်တံ့မယ့် ချစ်မေတ္တာ

ပြယုတ် အနေနဲ့ ဆိုပါတော့…..။

 

ဒီလိုနဲ့ပဲ ဒင်းတို့ကောင်းမှုကြောင့် ယောက်ျားဘသားတွေဟာ ယနေ့ခေတ်မှာ စေ့စပ်လက်စွပ်အတွက်

သူတို့ရဲ့ လခ ၃လစာလောက်ကို ဖြုန်းကို ဖြုန်းတီးရတော့တဲ့ ဖိအား အောက်ကို ရောက်နေရတယ်

လို့ အဆိုရှိပါရဲ့ဗျို့

 

 

၃။ အလကားရတဲ့ ပစ္စည်းတခုကို  ဒေါ်လှ$60 billion တန် စီးပွားတခု အဖြစ် ပြောင်းလဲမှု

jennifer-antison-smart-water
jennifer-antison-smart-water

 

 

Behind the scheme: Bottled water companies, including Pepsi, Nestle and Coca-Cola.

The result: The idea that bottled water is cleaner (and better) than tap.

How it happened:

Elizabeth Royte ရေးခဲ့တဲ့ စာအုပ်ပါ Bottlemania: How Water Went on Sale and Why We Bought it  ပါတဲ့ …

US မှာရှိတဲ့ 92% သော ရေ အရင်းအမြစ် ဘုံပိုင်ခေါင်းတွေဟာ ဖက်ဒရယ် အစိုးရ သတ်မှတ်တဲ့

သောက်သုံးရန်သင့်လျှော်သော ရေအဆင့်အတန်း ထက်သာလွန်ကောင်းမွန်ပီး

တခါတရံမှာ ပုလင်းသွပ်ထားတဲ့ရေထက်ကို ပိုသန့်သေးပါသတဲ့

ဒါဆို ဘာကြောင့်များ ရေသန့် ပုလင်း လုပ်ငန်းတွေဟာ United States မှာ ဘီယာနဲ့

နွားနို့ထက်ကို ပိုပြီးတော့ ရောင်းအားကောင်းနေရပါသလဲ???

ဘုရားပေးတဲ့ လက်ဆောင်”free gift from God,” လို့ တင်စားခေါ်ဝေါ်တဲ့ ရေ ကို ပုလင်းသွပ်

ရောင်းစားတဲ့ ကန်ပနီတွေကတော့ ၂၁ရာစုရဲ့ အတော်ဆုံးသော …(ကျုပ်ကတော့ အယုတ်မာဆုံးသော လို့ပဲ ထင်တယ်) မားကတ္တင်း အဖွဲ့အစည်းတွေပါတဲ့ ..။

 

Noah Hall လို့ ခေါ်တဲ့ Michigan နဲ Wayne State University  တွေက ဥပဒေရေးရာ ပါမောက္ခ တစ်ဦး ရဲ့ အလိုအရ Perrier လို့ခေါ်တဲ့ ရေသန့် ကန်ပနီရဲ့ ရဲ့ 1977 ခုနှစ်က ရေသန့်

ကြော်ငြာအတွက် အသုံးစားရိတ်ဟာ $5 million ရှိပါသတဲ့ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း

၃ဝကျော် ကငွေပမာဏနော… ယနေ့ခေတ် ကမာ္ဘမှာ ရေကို ပုလင်းသွပ်ရောင်းဖို့ ဘယ်လောက်

ငွေသုံးရမလဲ မှန်းလို့တောင် မရတော့ဘူး…။ ရေပိုက်ခေါင်းရေက မသန့်တာတွေ ပါချင်ပါလာမယ်။

ပုလင်းသွပ်ထားတဲ့ အလုံပိတ်ရေက ပိုသန့်တယ် ဆိုတဲ့ အစွဲမျိုး လူတွေ စွဲနေအောင် သုံးရတဲ့

ငွေတွေဖြစ်ပါတယ်။ (ဟုတ်တယ်နော … လွန်ခဲ့တဲ့ နှစ်၂ဝလောက် က ရန်ကုန်မှာ ရေသန့် ထုတ်ရောင်းမယ်

ဆိုတဲ့ အိုင်ဒီယာကို ချပြရင် ..လူတကာက လမ်းဘေး ရေချမ်းစင် မေးငေါ့ပြရင်း ရူးနေသလား

လို့ မေးခံရမှာ အသေအချာပဲ)

အော်… ဘုရားပေးတဲ့လက်ဆောင်ကိုတောင် ပုလင်းသွပ် ရောင်းစား ရက်ကြပါပေ့ကွယ်…

 

 

၄။ Gillette ဟာ မိန်းမတွေကို စိတ်မလုံခြုံမှု အသစ် တခု ပေးပါတယ်။

 

gillette-gave-women-a-new-insecurity-objectionable-hair
gillette-gave-women-a-new-insecurity-objectionable-hair

 

 

  • Behind the scheme: Gillette and Harper’s Bazaar
  • The result: Women now feel pressure to shave
  • How it happened: 

1982 ခုနှစ်က The Journal of American Culture မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကနေ

အစပြုပါတယ်။ မိန်းမတွေ အမွေးရိတ်တဲ့ ကိစ္စပါ … အထူးသဖြင့် ဂျိုင်းမွေး ဆိုပါတော့…

(မာကတ္တာများ ယုတ်မာချက်။ ဂျိုင်းမွေး တောင် မနေရ)

“Caucasian Female Body Hair and American Culture,” မှာ ရေးသားခဲ့တဲ့ အကြောင်းအရာ

တခုဖြစ်ပါတယ်။ … ဘာတဲ့ .. The Great Underarm Campaign. ဆိုပဲ …

မှော်ဝင်တဲ့ မားကတ္တင်း လို့ပဲ ပြောမလား …Gillette ကတော့ ဓါးသွားတွေ အလွန်ရောင်းကောင်း

ခဲ့တာ အမှန်ပါပဲ ..

 

သူ့ရဲ့ ပထမဆုံးကြော်ငြာဟာ ပြောင်နေအောင် ရိတ်ထားတဲ့ ဂျိုင်းကိုဖော်ကာ လက်မြှောက်ထားတဲ့

မိန်းမလှလေးတစ်ယောက် ပုံရိပ် နဲ့ ပါတဲ့ …။

အချို့ကြော်ငြာတွေမှာတော့ တကိုယ်ရေသန့်ရှင်းရေးဘက်က ဇောင်းပေးပြီး အမွေးအမျှင် အပြောင်

ရှင်းဖို့ တိုက်တွန်းပါသတဲ့ …။

အမျိုးသမီးဖက်ရှင် ဆြာမ တွေကတော့ မိန်းမတွေဟာ သူတို့ရဲ့ ဂျိုင်း ကို သူတို့ရဲ့ မျက်နှာ

တွေလိုမျိုး ချောမွေ့နေအောင် ထားရှိရမယ် ဆိုတဲ့အထိတောင် ပြဌာန်းပါသတဲ့ဗျာ…။

 

၅။ Nike ဟာ ကိုယ်လက်လှုပ်ရှား အားကစား ကို ပုံမှန် လုပ်ဖြစ်စေပါတယ်.

 

nike-made-recreational-jogging-normal
nike-made-recreational-jogging-normal

 

 

  • Behind the scheme: Nike
  • The result: Recreational jogging is critical exercise
  • How it happened: 

ကျနော်တို့တွေဟာ အန္တရာယ် တခုခု ကြုံတဲ့အခါ ပြေးလွှား ကြပါတယ်။ ဒါမှမဟုတ်

အားကစား ပြုလုပ်တဲ့ အခါမှာ ပြေးလွှားကြရပါတယ်။

Nike ဟာ ဒါကို ပြောင်းလဲစြ်လိုက်ပါပြီ  1988 က စခဲ့တဲ့ သူတို့ရဲ့ “Just Do It” campaign က

စတင်ပြီးတော့ပေါ့..။

Doug Prayရဲ့ documentary တခုဖြစ်တဲ့  “Art & Copy,” မှာ ပြောထားတာလေးပါ … Reebok

ဟာ Aerobics ကို သုံးပြီး ဈေးကွက်ထိုးဖောက်ချိန်မှာ Nike ကလည်း ပြေးလွှားခြင်း ကို သုံးပြီး

လူထုကို စွဲဆောင် ပါတော့တယ်.

UnfitTimes.com report မှာတော့ သည်လို ဆိုထားပါတယ်.။:

Nike ရဲ့တည်ထောက်သူတဦးဖြစ်တဲ့ (ပြေးခုန်ပစ် နည်းပြတဦးလည်ဖြစ်တဲ့) Bill Bowerman ဟာ  New Zealand မှာ ခေတ်စားတဲ့ အားကစားသမား  မဟုတ်တဲ့ သာမန်လူတွေ jogging လုပ်တဲ့

အလေ့အထကို ၁၉၆ဝပြည့်လွန်နှစ်တွေမှာ U.S. ကို ယူဆောင်လာခဲ့ပါသတဲ့

Bowerman ဟာ နိုင်ငံနဲ့တဝှမ်း jogging programs တွေ ဖြစ်မြောက်လာစေဖို့ တွန်းအားပေးတဲ့

စာအုပ်တစ်အုပ် ရေးသားခဲ့ပါတယ်။ ယနေ့ မှာတော့ ကိုယ်လက်လှုပ်ရှား ပြေးလွှားတော့မယ်လို့

စဥ်းစားကြရင်ဖြင့် Nike ဟာ အသင့်လျှော်ဆုံး ဖိနပ်တွေ အဖြစ် မြင်ယောင်လာတဲ့အထိပါပဲ…။

 

Nike ဟာ Wieden+Kennedy ဆိုတဲ့ agency  ကိုသုံးပြီး အားကစား မလုပ်တာဟာ အပြစ်တခု

လို လူတွေ ခံစားလာအောင် လှုံ့ဆော်ခဲ့ပါတော့တယ်။

Center for Applied Research ကတော့ သည်လိုပြောပါတယ်။:

အားကစားမလုပ်ခြင်းဟာ ရှက်စရာလို့ မြင်အောင် Nike ဝတ်ဆင်ပြီး အားကစားလုပ်တာဟာ

ပိုမို အစွမ်းထက် ပြည့်စုံသယောင်ထင်ရအောင် ဦးနှောက် ဆေးတယ် ဆိုတာပါပဲ.။

“Just Do It” campaign နဲ့ အဆင့်မြင့် ထုတ်ကုန်ပစ္စည်းတွေဟာ ပြည်တွင်း အားကစားဖိနပ်

ဈေးကွက်မှာ Nike ကို 18% ကနေ 43 % အထိ ဆွဲတင် ခဲ့ပါတယ်။ ကမာ္ဘတလွှားမှာ $877 million

ကနေ $9.2 billion ထိ 1988 ကနေ 1998 ခုနှစ် (၁ဝနှစ်အတွင်း) ဝင်ငွေရရှိစေပါတော့တယ်။

 

Advertising Age အဖွဲ့အစည်းရဲ့ အဆိုပါ Nike ရဲ့ “Just Do It” campaign ဟာ ရာစုနှစ် အတွင်း

အဆင့် ၄ အဖြစ် သတ်မှတ်ထားပါသတဲ့

 

 

၆။ Coca-Cola ဟာ စတင်ကာစတုန်းက စွဲလမ်းစေသော တရားမဝင်တဲ့ ပစ္စည်း ကို

အဓိက ပါဝင်ပစ္စည်း အနေနဲ့ သုံးခဲ့ပါတယ်။

 

coca-cola-started-out-using-an-addictive-illegal-main-ingredient
coca-cola-started-out-using-an-addictive-illegal-main-ingredient

 

Behind the scheme: Coca-Cola

The result: Soda highs and addiction

How it happened: 

John Pemberton ဟာ Coke ကို စတင် ဖန်တီးတုန်းက Coke မှာ

အဓိက ပါဝင်ပစ္စည်း ၂မျိုး ရှိခဲ့ပါတယ်။ ကိုကိန်း နဲ့ ကာဖိန်း တို့ပါပဲ.။

Coke တဖန်ခွက်မှာ ၉မီလီဂရမ် ကိုကိန်း ပါဝင်ခဲ့ပါသတဲ့ … အချိုရည်ကို စွဲလမ်းမှု ဖြစ်စေဖို့

ထည့်သွင်းထားတာလို့ ဆိုပါတယ်။ ခုနောက်ပိုင်းတော့ ကိုကိန်း မပါဝင်တော့ပေမယ့် ။ (သူ့လောက်

မပြင်းပေမယ့် စွဲလမ်းစေတတ်တဲ့) ကာဖိန်း တော့ ဆက်လက်ပါရှိနေပါသေးတယ်။

 

၇။ Sex tapes တွေဟာ ပါရမီမလိုအပ်တဲ့ ကျော်ကြားမှု ကို ပေးပါတယ်။

 

sex-tapes-sparked-the-talentless-fame-trend
sex-tapes-sparked-the-talentless-fame-trend

 

 

Behind the scheme: Paris Hilton (followed by Kim Kardashian)

The result: Instant fame, even if you lack any real talent.

How it happened: 

Paris Hilton လို့ ဆိုလိုက်ရင် ရွှေရောင်ဆံပင်နဲ့ မိုက်မဲသော နာမည်ဆိုး

နဲ့ကျော်ကြားသော ဆယ်လစ်ဗရစ်တီအဖြစ် လူတွေ မြင်ကြပါတယ်။ ဟုတ်ကဲ့ ..တကယ်တော့

သူမဟာ ကျနော်တို့ ထင်တာထက် ပိုပြီး Smart ဖြစ်ပါတယ်။

အားလုံးလည်း သိပြီး ဖြစ်မှာပါ. သူမဟာ sex tape ထွက်လာအပြီးမှာ အောင်မြင်ကျော်ကြား

လာတာပါ ။ လေ့လာသူတချို့ ကတော့ ဒါဟာ ကြိုတင်ကြံစည်မှု သက်သက်လို့ ရှုမြင်ကြပါတယ်။

(အင်း ..ကျုပ်တို့ဆီက လိုးရှင်းမင်းသမီးလေးကော ဘယ်လိုတုန်းမသိ..)

 

တကယ်လို့ Madonna ဟာ marketing 1.0 သာဖြစ်မယ်ဆိုရင် Paris Hilton ဟာ

marketing 2.0 ဖြစ်ပါသတဲ့ ..။

အဟွာ ဗီဒီယို ထွက်အပြီးမှာ သူမဟာ မီဒီယာပေါ်မှာ ထင်ပေါ်အောင် နေထိုင်ပြုမူခဲ့ပါတယ်။

ဆိုတော့ သူတက်တဲ့ ပါတီ။ သွားတဲ့ကလပ် ဝတ်တဲ့ ဖက်ရှင် သုံးတဲ့ဘရန်း အားလုံး ဟာ

စာမျက်နှာထက် ကို ရောက်ကုန်ပါတော့တယ်။ သူမ ကိုယ်တိုင်က  marketing outlet တခု

ဖြစ်မှန်းမသိ ဖြစ်လာခဲ့ပါတယ်။

Chartreuse ဆိုတဲ့ internet media network management blog ရဲ့ အဆိုကတော့

“Paris Hilton ဟာ brands တွေကို အာရုံစိုက်ခဲ့ပါတယ်။. သည်တော့ ဘရန်းတွေကလည်း

သူမကို ပြန်လည် အာရုံစိုက်ကြရပါတော့တယ် ။ သူမ ဟကို queen of links လို့

တင်စားချင်ပါတယ်။

ယနေ့ခေတ်မှာ တန်ဖိုးအမြင့်ဆုံး အရာ ဟာ စိတ်ဝင်စားမှု အာရုံစိုက်မှု ဖြစ်ပါတယ်။ ဒါကိုရဖို့

နည်းလမ်း အသွယ်သွယ်ရှီတဲ့အနက် တကယ့် လှည့်ကွက်ကတော့ ဒါကိုသင်ဘယ်နည်းလမ်း

ကိုလိမ်မာပါးနပ်စွာ ရွေးချယ်မလဲ ဆိုတာပါပဲ။ သူမဟာ တကယ်တော့ ဘရန်းတွေ တင်ထားတဲ့

စင်မြင့်တခု ပလက်ဖောင်းတခု နဲ့ တူပါတယ်။ Digg နဲ့ YouTube တို့လိုမျိုး ဆိုပါတော့။

 

Huffington Post က ဒီအချက်တွေကို ထောက်ခံသွားခဲ့ပါတယ်။ သူမဟာ ဖက်ရှင် မိတ်ကပ်

အလှကုန် ရင်းနှီးမြှပ်နှံသူတွေရဲ့ million dollar girl ပဲဖြစ်ပါတယ်။

တကယ်တော့ သူမဟာ အရမ်း hot တဲ့ game တခုကစားရသလိုပါပဲတဲ့ …။

၈။ Listerine ဟာ သွားကြားထိုးခြင်းကို အစားထိုး ခဲ့တယ်။

 

listerine-replaced-flossing
listerine-replaced-flossing

 

 

  • Behind the scheme: Listerine
  • The result: People think flossing is substitutable
  • How it happened: 

လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကို ပြန်ကြည့်ရင် Listerine ဟာ သူ့ရဲ့ ထုတ်ကုန်တွေဟာ သွားကြား

ထိုးခြင်း ကို အစားထိုးနိုင်စွမ်းရှိတယ်လို့ ကြွေးကျော်ခဲ့ပါတယ်။ ဟုတ်ကဲ့  တကယ်တော့

ဒါဟာ မှားယွင်းပါတယ်။

2004 ခုနှစ်မှာ Listerine false advertising ဆိုပြီး တရားစွဲ ခံရပါတော့တယ်။

ထုတ်ကုန် ၂၄မျိုးအနက် ၁၅မျိုးမှာ “as effective as floss when used regularly.” လို့

ကြော်ငြာ ခဲ့လို့ပါ ။

2005 ကစပြီးတော့ သည်လို မကြော်ငြာဖို့ အမိန့်ထုတ်ခံရပါတော့တယ်။

false and misleading. ကြော်ငြာတွေ ထပ်မလုပ်ဖို့ တားဆီးခံရပါတော့တယ်။

၉။ Coffee breaks ဟာ အလုပ်ချိန်ရဲ့ တစိတ်တပိုင်း ဖြစ်လာပါပြီ ။

 

 

coffee-breaks-became-a-standard-work-routine
coffee-breaks-became-a-standard-work-routine

 

  • Behind the scheme: Pan American Coffee Bureau
  • The result: A daily dose of downtime for drinking coffee
  • How it happened: 

အမေရိကန် အများစုဟာ အားအင်ပြန်လည်ဖြည့်တင်းဖို့အတွက် ဆိုပြီး အလုပ်ချိန်အတွင်း

ကနေ coffee break အချိန်ကို ခိုးယူတတ်ကြပါတယ်။

Pan American Coffee Bureau  ရဲ့ 1952 ခုနှစ်က လုပ်ခဲ့တဲ့ advertising campaign

ကနေ စတင်ခဲ့တာပါ။

Mark Pendergrast ရဲ့  Uncommon Grounds: the History of Coffee and How It Transformed Our World ဆိုတဲ့ စာအုပ်ရဲ့ အလိုအရ PACBဟာ နှစ်စဉ် ကြော်ငြာအတွက်ဒေါ်လှ

$2 million dollarကို သုံးစွဲပါသတဲ့။(အဲ့သည့်ခေတ်ကနော..)

 

ရေဒီယို သတင်းစာနဲ့ မဂ္ဂဇင်းတွေမှာ ဟောသလို ကြော်ငြာပါသတဲ့လေ..။

‘Give Yourself a Coffee-Break–And Get What Coffee Gives to You.’

ဒီ campaign ကြောင့် 80% တိတိ ရောင်းအား တက်သွားပါသတဲ့ ….။

ဒီနေ့ခေတ်မှာတော့ Coffee Break ဟာ culture တခုသဖွယ် ဖြစ်လာခဲ့ပါပြီ။

 

၁၀။ Cigarette companies တွေဟာ nicotine ကို စွဲလမ်းစေဖို့ ထည့်သွင်းခဲ့

ကြတာ ဖြစ်ပြီး ယခုပိုမို ထည့်သွင်းနေကြပါပြီ

 

 

cigarette-companies-added-in-nicotine-to-keep-smokers-hooked-and-the-levels-keep-increasing
cigarette-companies-added-in-nicotine-to-keep-smokers-hooked-and-the-levels-keep-increasing

 

 

Behind the scheme: Cigarette/tobacco companies

The result: Cancer and heavy addictions.

How it happened: 

 

Columbus ရဲ့ ကျေးဇူးကြောင့်  tobacco ကိုရှာဖွေတွေ့ရှိခဲ့ကြပြီး ကမာ္ဘ့သမိုင်းရဲ့

တစိတ်တဒေသဖြစ်ခဲ့ရတာပါ ။စီးကရက် ကန်ပနီတွေအနေနဲ့ နီကိုတင်း ကို အမြောက်အများ

သုံးစွဲပြီးလူတွေ စွဲလမ်းအောင် လုပ်ခဲ့ကြတာကတော့ခွင့်မလွှတ်နိုင်စရာကိစ္စဖြစ်ပါတယ်။

Cigarette ကန်ပနီတွေဟာ ပထမ ကမာ္ဘစစ်အတွင်းက တော့ အလွန်တော်တဲ့ မာကတ္တာတွေပါ။

American tobacco companies တွေဟာ ဆေးလိပ်ကို စစ်တပ်ရဲ့ ရာရှင်ထဲမှာ ထည့်သွင်း

ပေးအပ်ခဲ့ကြပါတယ်။  စစ်ကြီးပြီးတဲ့အခါမှာ နီကိုတင်းစွဲနေတဲ့ စစ်သားတွေ အိမ်ပြန်လာတာမို့

ဆေးလိပ်ရောင်းအား ဟာ တဟုန်ထိုး ထိုးတက်သွားပါတော့တယ်။

ဒီနေ့ ခေတ်မှာ ဆေးလိပ်သောက်တာဟာ ကျန်းမာရေးနဲက မညီညွတ်ဘူးဆိုတာ လူတိုင်း

သိလာကြပါပြီ။

2006 ခုနှစ်က Massachusetts Department of Health က လုပ်ခဲ့တဲ့ Associated Content reports က ခုလိုပြောပါတယ်။ .

ဆေးလိပ်ကန်ပနီတွေဟာ ၂၀၀ဝခုနှစ်ကထက် 10-20% လောက် ပိုပြီး နီကိုတင်းတွေကို

ထည့်သွင်းနေကြပါသည် တဲ့ …။

 

 

ဒီအထိကတော့ ဘစ်ဇနက် အင်ဆိုက်ဒါ ကနေ ဘာသာပြန် ထားတာပါ….။

http://www.businessinsider.com/brilliant-marketing-schemes-that-rocked-the-world-2010-8?op=1

သူများစီက မာကတ္တာတွေ တင် တော်တာ မဟုတ်ပါ….

ကျနော်တို့ ဆီက မာကတ္တာတွေက ပိုလို့တောင် တော်ပါသေးတယ်..

တော်တဲ့အပြင် … အဂ္ဂရက်စစ် တောင် ပိုဖြစ်ပါသေးတယ်….

မယုံရင် အောက်က ပုံကို ကြည့်ပါ…။.

 

481252_154909074658105_595428548_n
ဒေါ်အိတုန်ရဲ့ ဝေါ်လ် ပေါ်ကနေ ကူးလာတာပါ…။

အာ… ဟိ …

တော်သေးဘီဗျို့…။

29 comments

  • ခင်ခ

    January 10, 2013 at 3:10 pm

    တစ်ရံရောအခါက SIM ကဒ်တစ်ခုရဲ့တန်ဖိုးက ၁၅ သိန်းကျော် ဆိုခဲ့တော့။
    အဘအတွက် + မယားကြီးအတွက် + မယားငယ်အတွက် + သား၊ သမီး၊ မြေး များအတွက်မှာ
    ဘယ်စရိတ်က များခဲ့ပါလိမ့်နော် – – တွေးမိတာလေးပါ။

  • ပန်းစံပါယ်

    January 10, 2013 at 3:50 pm

    ဖတ်အပြီးမှာတော့ အားလုံးဟာ ကျော် အောင် ညာ.. အယ် ဟုတ်ပါဘူး စာလုံးပေါင်းတွေမှားကုန်ပြီ.. ကြော်ငြာတဲ့နေရာမှာ တကယ်တော်ကြတယ်လို့ ကောက်ချက်ချရပါတယ်။

  • cobra

    January 10, 2013 at 4:59 pm

    ရှာဖွေထားတာကောင်းလှချည်လား။

  • ဂန္ဓာရီ ဆြာအုပ်

    January 10, 2013 at 6:40 pm

    မြန်မာတွေ မညံ့ပါဘူးဆို တွေ့ပြီမလား

  • ဟိုနေ့၊ဒီနေ့အတွက် ဟိုကတ်၊ဒီကတ်။
    အပျိုဘဝက ဘယ်လင်တိုင်းကတ်ကလွဲပြီး ဘူ့ကိုမှ ဘာကတ်မှမပေးခဲ့။
    အွန်လိုင်းမှာတော့ ကိုယ့်လက်ဖြစ်ကတ်တွေအလကားရတိုင်းမတရားလုပ်ပြီး ပေးချင်တဲ့အဓိပါယ်မျိုးစုံနဲ့ပေးလိုက်တာပါပဲ။

    Diamonds Are Forever ကိုကြိုက်ပါတယ်။Diamonds ရဲ့ဈေး မတန်တဆဦးဇားပေးထားတာကို၊အဆင့်အတန်းတစ်ရပ်နဲ့တစ့်ရပ့် ခွဲခြားသိမြင်နိုင်မှုပေးထားခြင်းလို့ထင်မိတယ်။ဘယ်လိုဟာကို အဆင့်အတန်းလို့သတ်မှတ်တာလဲတော့ အားလုံးသိပြီးသားကိတ်စန။

    ရေသန့်ကတော့ဇီးကွက်စီးပွားရေး ဟိုအလွှာ၊ဒီအလွှာကိုဖြတ်သန်းပေးရတဲ့ စက်ကြီးတွေရဲ့စားရိတ်ဇက ယူမှာပေါ့နော်။

    မိန်းကလေးတွေအတွက် ဂျိုင်းလေးကမျက်နှာထက်ဖွေးနေရင် အရမ်းသဘောကျတယ်။
    အဲ့ဂလိုပဲဖြစ်ချင်တယ်။အမှန်ပါ.

    မြင်းခေါင်းစွပ်ကျယ်ဝတ်ပြီးအားကစားလုပ်လည်း ကျန်းမာရေးအတွက်ကပဲအဓိကမို့လား။
    ဖက်ရှင်ကျကျအားကစားလုပ်ချင်သူတွေ့တော့ ကုန်စမ်းပါစေ

    ပဲရစ်ဟီလ်တန်-မျက်နှာလေးနဲ့ကိုယ်လုံးလေးက ဘာဘီရုပ်လေးနဲ့တူပါတယ်။အပေါ်ပိုင်းအားကောင်းတာကောပေါ့။
    သို့ရာတွင် သူမရုပ်ရှင်များအားမကြိုက်။လိုတာထက်ပိုပြီး ဆွဲဆောင်ပြနေသလိုပဲ။
    ထို့ကြောင့်လည်း သိပ်ကောင်းလွန်းတဲ့ဇာတ်ကားရယ်လို့မရှိဟုထင်။
    House of Wax အရမ်းကောင်းတယ်။သို့သော် အရံမင်းသမီး။
    ဆေးခြောက်မှုနဲ့ပြစ်ဒဏ်ကျဖူးတယ်ထင်တယ်။

    မြန်မာတွေရဲ့ တစ်မနက်လုံး(တစ်ချို့ တစ်နေကုန် လ္ဘက်ရည်ဘရိတ်တွေကို အရမ်းစိတ်ပျက်တယ်)
    အထူးသဖြင့် အစိုးရဝန်ထမ်းများ လ္ဘက်ရည်ဆိုင်မှာ ရုံးတက်နေကြတဲ့ဌာနများ။

    အောက်ဆုံးတစ်ခုကိုတော့ မမန့်လိုတော့။ :kwi:

    • မောင့်ကျက်သရေ ဂီ့

      January 11, 2013 at 8:33 am

      ကျနော်လည်း ဖြေကြည့်ကြည့်ပါ့မယ်..

      ဟိုနေ့၊ဒီနေ့အတွက် ဟိုကတ်၊ဒီကတ်။

      ဘယ်သူ့မှ မပေးဖြစ်တာ ကြာပြီ… ။
      (စာကို လက်နဲ့ ချမရေးဖြစ်တာကြာလို့ လက်ရေးပျက်သွားတာကြောင့်လည်း ပါမပေါ့လေ..)

      Diamonds Are Forever

      တကယ်တော့ ဘယ်လောက် ကောင်းတဲ့ စိန်ဖြစ်ဖြစ်ပါ .. အလင်းရောင်မရှိရင်
      မတောက်ပနိုင်ပါဘူးလေ..။ ပင်ကိုယ် အရေအသွေးချို့တဲ့နေရှာတာ … ။ အဟိ…LED
      တွေ ဝတ်ကြ ပန်ကြဗျို့ …။

      ရေသန့်ကတော့

      ကျုပ်တို့တိုင်းပြည်မှာ တောရောမြို့ပါ ဘုံပိုင်က လာတဲ့ရေ ဟာ သောက်သုံးရန် သင့်လျှော်တဲ့
      အနေအထား ရစေချင် ရှိစေချင်မိတာပါပဲ။ အထူးသဖြင့် ကျေးလက်ဒေသတွေ ..။
      ချောင်းရေ ကန်ရေ ကို အစိမ်းသောက်ရင် ဝမ်းရောဂါ နဲ့ ငှက်ဖျား တွေ ရမယ်။
      ကျိုချက်သောက်ရင် လောင်စာ။အချိန်။အန်နာဂျီ တွေကုန်မယ်။ နောက် …သူတို့မှာ
      ဝယ်သောက်စရာ ရေသန့် နဲ့ ပိုက်ဆံလည်း သိပ်မရှိကြရှာဘူးမဟုတ်လား။

      ဂျိုင်းလေးကမျက်နှာထက်ဖွေးနေရင်

      နာမည်-၅လုံးနဲ့ မင်းသမီးတလက်ကို သူ (မင်းသမီးပေါက်စ)ကျောင်းသူဘဝက ကန်တင်းသွားလည်ရင်း
      အတူ ထမင်းစားဖူးတယ်.. ဂျိုင်းပြတ်ဝတ်ထားပီး ဂျိုင်းမွေး ငုတ်စိတွေနဲ့ မြင်ဖူးသွားတာမို့…
      တသက်လုံး ဒီမိန်းမကို လှတယ် မထင်တော့ဘူး….

      မြင်းခေါင်းစွပ်ကျယ်

      ဒါကတော့ Psychological Needs ဘက်သွားရမှာမို့ … တော်သေးဘီ…။

      ပဲရစ်ဟီလ်တန် နဲ့ ဆေးခြောက်မှု

      သူ့အဘိုး ပိုင်တဲ့ Hilton Hotels လုပ်ငန်းစုက ဟော်တယ်တွေ ဂျပန်မှာ ၁ဝလုံး တောင်ရှိတာ…။
      သူ ဂျပန်ကိုလာတော့ လေဆိပ်ကနေ ပြန်လွှတ်ခံရတယ်။ မူးယစ်ဆေးဝါးကို ပြင်းပြင်းထန်ထန်
      ကိုင်တွယ်တဲ့ အာဏာပိုင်တွေက ဆေးခြောက်မှု ဖြစ်ဖူးတဲ့ သူ့ကို ပြည်ဝင်ခွင့် မပေးခဲ့ဘူးလေ…။
      ရင်နာစရာကြီးနော…။

      မြန်မာတွေရဲ့ လ္ဘက်ရည်ဘရိတ်

      ဒီကိစ္စက ရှော့ ရှိတယ် (လက်ဖက်ရည်ကြိုက်သူတွေ အများရီး)
      သတ်ချင်သတ်ပလိုက် ပြောပြဝူး..

      :harr:

  • pooch

    January 10, 2013 at 9:05 pm

    ၁။ ကတ်တွေကို ကျောင်းတက်စဉ်တုန်းက မကြာမကြာဝယ်ဖြစ် ပေးဖြစ်သလို ကိုယ်တိုင်လည်း ခဏခဏရဖူးတယ်။
    ဒါပေမဲ့ ခုနောက်ပိုင်း ကတ်ကို မဝယ်ဖြစ်တာ တော်တော်ကြာနေပြီ။ မွေးနေ့ကိတ်ပေါ်က ကတ်တချို့ က လွဲလို့ပေါ့။

    e-card တွေကိုပဲ ရှာဖွေပေးလာတာ။ အင်နီးမေးရှင်းလေးတွေတောင် ရဖူးတယ်။

    ခုဆို အပျင်းပြေ ဟိုနေ့ ဒီနေ့ ရှာဖွေပြီး အလကားရတဲ့ e-card တို့ မက်ဆေ့ခေတ်ရောက်လာပြီ။ မတိမ်ကောတဲ့ အပြင် ပိုတောင် တိုးလာသေးတယ်။

    ၂။ စိန်ကတော့ ကြိုက်တယ် မဝယ်နိုင်တာ တခုပဲ :mrgreen:

    တခါမတော့ စိန်အကြောင်းလေး ဖတ်ဖြစ်တဲ့ အခါ ဒီကနေ့ ကိုယ်တွေ နှစ်သက်မက်မောနေတဲ့ စိန်ဆိုတာ ကမာ္ဘ့ အဆင်းရဲဆုံး တိုင်းပြည်ဖြစ်တဲ့ အာဖရိကလို နေရာက လူတွေရဲ့ သွေးတွေ ချွေးတွေကနေ အမြတ်ထုတ်ပြီး ရလာတာဖြစ်သလို အဲ့ဒီ စိန်ထွက်တဲ့ နေရာက လူတွေကတော့ စုတ်ပြတ်မွဲတေပြီး သွေးမျက်ရည်တောင် ကျတဲ့အကြောင်းလေး ဖတ်ပြီးတဲ့နောက် ဒီစိန်တွေကို မက်မောမိတာကို အပြစ်တခုလို ခံစားရတယ်။

    သေချာတွေးကြည့်တော့လည်း တို့တိုင်းပြည်လိုပါပဲ ။ သယံဇာတ ဖင်ခုပြီး မွဲနေရတာလေ။

    ၅။ Nike နဲ့ပတ်သတ်ပြီး သဲ့သဲ့လေး ကြားဖူးတာ တခုက ဘယ်သူက ဘယ်လို စတယ်တော့ မသိဘူး တရုတ်ပြည်ဘက်ရှိတဲ့ Nike ထုတ်တဲ့ စက်ရုံမှာ ကလေးလုပ်သားတွေကို အသုံးပြုပါတယ် ဆိုပြီး သတင်းထွက်လာလို့ ရောင်းအားကျသွားဖူးတယ်။ နောက်ပိုင်း ရှင်းလင်းချက်တွေ အတော်ထုတ်လိုက်ရတယ် ပြောတယ်။

    ၆။ coke ရယ် pepsi ရယ် ယှဉ်သောက်ရင် ပက်စ်စီက ပေါ့သလိုပဲ ။ coke က ပိုသောက်ကောင်းတယ် ။ ဒါကြောင့်မို့ လည်း ဒီနေ့ထိ coke မှ coke ဖြစ်နေကြတာနေမှာ။

    နောက်တခု သူ့အားသာချက်က အိမ်သာနံနေရင် ညစ်ပတ်နေရင် coke နဲ့သာ ဆေး သန့်ရှင်းတောက်ပြောင်သွားစေရမယ်တဲ့။ ရေခဲသေတ္တာလည်း ဆေးလို့ကောင်းတယ် ပြောတယ် ။ စမ်းတော့ မစမ်းရသေးဘူး။

    ၇။ အဲ့ဒါကတော့ ဟုတ်လောက်တယ် ဟိုမင်းသမီး လူးတဲ့ လိုးရှင်းရောင်းကောင်းတာ တကယ်ပါတဲ့ ။ L’Oreal White Perfect Lotion လေ ကိုယ်တောင် လူပြောများလို့ သတိထားမိတာ :mrgreen:

    • မောင့်ကျက်သရေ ဂီ့

      January 10, 2013 at 9:48 pm

      ကုတ်ရယ် ပက်ပစီရယ် ယှဉ်သောက်ရင်. ပက်ပစီကြိုက်တဲ့လူပိုများသဗျ.
      အတည်ပြောတာ. နောက်တာမဟုတ်.

      သူထားလေသူစတိဗ်ဂျော့ဘ်ကြီးက အုပ်ချုပ်ရေးပိုင်းအတွက် ပက်ပစီ ထိပ်ဆုံးပုဂ္ဂိုလ်ကို ပန်းသီးမှာခေါ်ဖူးသတဲ့
      အဲ့သည့်တုန်းက သူပြောခဲ့တဲ့စကားက ကမာ္ဘကျော်တယ်.

      ခင်ဗျားရဲ့ ကျန်ရှိနေသေးတဲ့ ဘဝ သက်တမ်းမှာ သကြားခတ်ထားတဲ့ရေတွေကို ကလေးတွေကိုရောင်းရင်း
      ဖြတ်သန်းမလား. ကျုပ်နဲ့အတူ change the world လုပ်မလား ဆိုတာပါပဲ.

      ဟဲဟဲ ဘိုးတော် ပစ်ပြီး ကြွေသွားတဲ့တော်ကီနော.
      ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ အနှီ ဘိုးတော်ကပဲ စတိဗ် ကို ပန်းသီးကနေ ကန်ထုတ်ခဲ့သူ
      ဖြစ်လာပါတော့တယ်.
      အနှီဘိုးတော်လက်ထက် ပန်းသီး ရေလည်ဂွမ်းခဲ့သပေါ့ဗျာ.
      သို့သော် နောင်တချိန် ပြန်အောင်မြင်လာဖို့ သင်ခန်းစာကောင်းတွေ ပေးခဲ့
      ကေ့စ်စတာဒီတွေ ထားခဲ့နိုင်သပေါ့

      ထားခဲ့နိုင်ဆို အနှီ ဘိုးတော်ကလည်း ခေသူမှမဟုတ်တာ.
      ပိုသေးကွေးတဲ့ ပက်ပစီ ကိုဦးစီးပီး ဘီလူးကြီး ဖြစ်တဲ့ကိုကာကိုလာကို ယှဉ်လာတဲ့ သူပဲဟာ

      သူက လူ့လျှာ ဟာ အချဉ်ဓတ်ကို ပိုကြိုက်တတ်မှန်းသိပါသတဲ့
      ဆိုတော့ ဖော်မြူလာအရ လိုင်းမ် ပိုကဲတဲ့ သူ့ရဲ့ ပက်ပစီကို ကိုကာကိုလာနဲ့
      လူစည်ကားရာအရပ်တွေမှာ ဘလိုင်းတက်စ် လုပ်ပါသတဲ့
      ပီးတော ပက်ပစီကို လူပိုကြိုက်ကြောင်း ဒေတာတွေနဲ့တကွ ပြသပြီး. ဗိုလ်ဝင်ခံဖူးပါသတဲ့ဗျာ.
      သိပ်ကြောက်ဖို့ကောင်းတဲ့ မာကတ္တာစာရင်းမှာ ဂျွန်စကူလီ ကို မေ့လို့မဖြစ်တဲ့
      အကြောင်းတွေထဲက တခု ဆိုပါတော့

      တော်သေးဘီ
      အိပ်ပီဗျို့

      • pooch

        January 10, 2013 at 10:50 pm

        အော် ဒါကတော့ ကိုယ့်အကြိုက်နဲ့ ကိုယ်ကိုး။

        ပြီးခဲ့တဲ့ ခရီး စပိဘုတ်စီးပြီး လှိုင်းကြီးလွန်းလို့ မူးတာတောင် coke သောက်ပြီး ပြေခဲ့တာ တကယ်။ အန်ချင်စိတ်လည်း ပျောက်တယ်။

        နောက်ထပ် အမှတ်တိုးပေးတာ အားကျမခံ 😀

  • uncle gyi

    January 10, 2013 at 9:53 pm

    ကမ္ဘာ့ဘယ်နိုင်ငံတွေကဘယ်လိုလှည့်လှည့်
    ဒို့ဆီမှာလာသင်တန်းတက်ပြီးမှဆရာဖြစ်အဆင့်က်ိုရောက်မှာပါကိုဂီရဲ့

  • padonmar

    January 10, 2013 at 10:35 pm

    ရေသန့်သောက်မှဖြစ်မယ်ဆိုတဲ့ အိုင်ဒီယာကြီးကတော့ ကိုယ့် မျက်စိရှေ့တင် ကိုယ်ပါပြောင်းလဲသွားခဲ့ရတာမို့ အိုဘယ့် မာကက်တာ

    • Foreign Resident

      January 11, 2013 at 4:47 am

      ကျနော်တို့တော့ ပုလင်းသွတ် ရေသန့်ကို သိပ်မစွဲလန်းသေးပါဘူး ။
      မြန်မာပြည်မှာကော ၊ ဩဇီ မှာပါ ရေကို ကြိုချက်ပြီး သောက်နေတုန်းပါပဲ ။
      ခရီးသွားလို့ ရေကျက် မရနိုင်တော့မှသာ ပုလင်းသွတ် ရေသန့် သောက်ဖြစ်တယ် ။

  • သကြားလုုံးကြော်

    January 11, 2013 at 3:49 am

    အခုုနောက်ပိုုင်း coke တိုု့ pepsi တိုု့လိုု အချိုရည် တွေက ကျန်းမာရေးအတွက် မကောင်းမှန်း လူသိများလာတော့ အဲဒီအချိုရည်ဆွဲ နေသူတွေကိုု ဆွဲဆောင်တဲ့ လှည့်ကွက် တခုုက flavored water တွေထွက်လာတာပဲ။ ကျန်းမာရေးအတွက်ဆိုု ရေထက် ပိုုသောက်သင့်တာ ဘာရှိဦးမလဲ။ ဒီတော့ ရေကိုု သောက်ချင်စရာကောင်းအောင် အချိုလေးထည့် ၊ လိမ္မော်တိုု့ ဖရဲသီးတိုု့လိုု အရသာလေးထည့်၊ နာမည်လေးကိုု Vitamin Water လိုု့ခေါ်။ မသိရင်တော့ တနေ့တနေ့ ရေပိုုသောက်လိုုက်တယ်ပေါ့။ ဗိုုက်တာမင်လေးတွေတောင် ရေထဲ အဆစ်ပါလိုုက်သေး။
    နာမည်နဲ့ ရိုုက်စားလုုပ်တာတွေက ကြောက်စရာ။ smart choice လေဘယ်ပါတဲ့ အစာတိုု့ ၊ whole grain တကယ်နည်းနည်းပါပါများများပါပါ brand နာမည်ထဲ ထည့်သုုံးထားတဲ့ အစာတိုု့ ဆိုု သေချာ မဖတ်မိရင် နာမည်ကြည့်တာနဲ့တင် ဝယ်ဖြစ်ကြရော။ gluten-free တိုု့ organic food လေဘယ် ပါတာတွေက လည်း လှည့်ကွက်လိုုလိုုဖြစ်လာပြီ။

    ကြောင်စာ ခွေးစာ တွေမှာဆိုု ပိုုသိသာတယ်။ Science diet ဆိုုတဲ့ brand က တကယ့် scientist တွေက ဖော်စပ်ထားသလိုုလိုု၊ wellness တိုု့ natural balance တိုု့ဆိုု ဆရာဝန်တွေထောက်ခံတဲ့ brand လိုု့ထင်ရလောက်တဲ့ နာမည်တွေ ပေးကြတာ။ တကယ့် စာလုုံးသေးတွေ ဖတ်ကြည့်မှ ကောင်းတာတွေရော မကောင်းတာတွေရောပါတာ။

    ပညာတတ်တွေကိုု တတ်တဲ့ပညာနဲ့ ပြန်ရိုုက်စားထားတာလေ။
    (မာကက်တာတွေလက်က ဘယ်သူမှပြေးမလွတ်ဘူး။ ငှဲငှဲငှဲ) <—- ရွာထဲက နာမည်ကြော် မာကက်တာ လေသံနှင့်ဖတ်ပါ။

    • မောင့်ကျက်သရေ ဂီ့

      January 11, 2013 at 8:39 am

      မားကတ္တင်းဟာသ တွေ ပြောပြရရင်ဖြင့် …
      eXtreme ဆိုတဲ့ စာလုံးကို လှိုင်လှိုင်သုံး ..ရောင်း ကောင်းတယ် ဆိုပဲ။
      နောက်ထပ် နာမည်ကျော်တာကတော့ Re- ပါပဲ …
      Revent တို့ ReVitalized တို့ Return, Rebirth, Reloaded တို့ ..
      Tagline, Slogan သက်သက် ကို ရေးပီးရောင်းစားတဲ့ ပရိုတွေတောင် ရှိပါတယ်ဆို…
      အိုဘယ့် မားကတ္တင်း…။

      :kwi:

  • kai

    January 11, 2013 at 6:30 am

    ယူအက်စ်ကျောင်းတွေမှာ.. ဆိုဒါရောင်းစက်တွေ.. ဘန်းလိုက်တာ ..တော်တော်တောင်ကြာနေပြီမှတ်တယ်..
    but not sports drinks တဲ့.. :kwi:

    Soda banned from schools but not sports drinks – Back to School …
    today.msnbc.msn.com/…school/…/sodas-banned-many-schools-not-s…
    Aug 7, 2012 – “Public school districts really have been getting the message that regular sodas are not a good thing for our kids to be drinking,” said Yvonne …

    ==
    အောက်ကလစ်စ်အရ.. ကျုပ်ကတော့.. အစွမ်းဆုံးလူသားများလို့..ပြောချင်တာ.. :kwi:
    http://answers.yahoo.com/question/index?qid=20070816114619AAkBT4x
    ဝိကီကတော့..တမျိုး..
    ဘာပဲဖြစ်ဖြစ်.. ဗုဒ္ဓကထိပ်ဆုံးရောက်နေတာကို.. ကျုပ်က.. ရွေးတယ်..
    http://en.wikipedia.org/wiki/The_100
    =
    Top 10 Greatest men in human history? My List/Your List?
    #1 – The Buddha – Taught a philosophy of humility and being kind to all creatures big and small

    #2 – Jesus – An intellectual GIANT – Very charismatic – Born dirt poor – Stayed away from cities – Turned himself into the son of god…the greatest magic trick in history

    #3 – Confucius (Ancient China – a mind for the ages)

    #4 – King Naboplashar 625-605 BC (Babylon) – Countless building projects/statues/art which are now lost to the world. In Iraq he built a paradise

    #5 – King Ramsey 1st and 2nd (Ancient Egypt) Ruled over the most spectacular civilization this world will ever see.

    #6 – Alexander – Ancient Greece – Had a staggering impact on history

    #7 – George Washington/Thomas Jefferson – The USA is unbelievable!

    #8 – Michelangelo (Easily the greatest artist in human history-Statue of David)

    #9 – Bill Gates (Father of software/ internet)

    #10 – Moses – I want to believe Moses was real? I love his Bible story and its tie to ancient Egypt. It is the greatest story in human history…I love Moses!

    • မောင့်ကျက်သရေ ဂီ့

      January 11, 2013 at 6:53 am

      ဟာဂျာ .. .အဆင့်-၆ က ဟို လူသတ်ကောင် ဂေး ဘုရင် ရဲ့ နေရာမှာ …
      ကမာ္ဘ မှာ စပါးဆို-၁ သကြားဆို-၂ ဆိုတဲ့ တိုင်းပြည်ကြီးကို
      ချောက်ထဲကျလုဆဲဆဲ အနေအထားက ဒရမ်မက်တစ်ကယ်လိ
      ကယ်တင်ခဲ့တဲ့ ပါပါဂျီး အူးနေဝင်းနဲ့ အစားထိုးပေးပါလားဂျာ…

      :kwi:

    • ဦးကြောင်ကြီး

      January 11, 2013 at 8:57 am

      နံပါတ် ၁ မှာရေးထားတာ philosophy of humility လား philosophy of humanity လား၊ စာလုံးပေါင်း ပြန်စစ်ကြည့်ပါအုံးဗျ…

  • MaMa

    January 11, 2013 at 7:13 am

    ကြည့်ရတာ မာကက်တာကြီး လခ ၃လစာလောက်ကို သုံးရမယ့်အရေး ဘယ်သူ့အပြစ်တင်ရမလဲလို့ လိုက်ရှာနေတာ ထင်တယ်။ :kwi:

    (လွန်ခဲ့တဲ့ နှစ်၂ဝလောက် က ရန်ကုန်မှာ ရေသန့် ထုတ်ရောင်းမယ်
    ဆိုတဲ့ အိုင်ဒီယာကို ချပြရင် ..လူတကာက လမ်းဘေး ရေချမ်းစင် မေးငေါ့ပြရင်း ရူးနေသလား
    လို့ မေးခံရမှာ အသေအချာပဲ)
    ကိုယ်တိုင်ပဲအဲလို ပြောခဲ့ဖူးတယ်။

    ဂုဏ်ယူစရာပြောရရင် ရေသန့်ကလွဲလို့ အဲဒီကြေငြာတွေအားလုံး တစ်ခုမှ ကိုယ့်ကို မစွဲဆောင်နိုင်ဘူး။
    မာကက်တာတွေရဲ့ မာယာကို ခံနိုင်ရည်ရှိတယ်လို့ ပြောရမှာပေ့ါ။
    (အမှန်က မဝယ်နိုင်လို့ မသုံးနိုင်လို့) :harr:

  • ခိုင်ဇာ

    January 11, 2013 at 9:08 am

    ၁ဝ ခုမှာ လှည့်ကွက်၆ ခုလောက် မိနေတဲ့ ကိုယ့်ကိုယ်ကို စိတ်နာလွန်းလို့။
    အဲ့ မာကက်တာတွေ သေသင့်တယ်။
    ခုချိန်ကစပြီး မာကက်တာဆို တွေ့ရာ သင်းချိုင်း ဓားမဆိုင်း ပဲ။
    :harr:

    • မောင့်ကျက်သရေ ဂီ့

      January 11, 2013 at 9:14 am

      ဟောသည့် ဒွန္နယာ ကြီးရဲ့ အစွန်းတဖက်မှာ ခိုးယူမှု ၊ အဓမ္မ သိမ်းယူမှု ဆိုတာရှိရဲ့..
      ဟိုဘက်အစွန်းမှာတော့ ပေးကမ်းမှု ၊ စွန့်ကျဲမှု၊ အလှူ ဆိုတာ ရှိရဲ့ …
      အလယ်ခေါင်တည့်တည့်မှာတော့ မားကတ္တင်း ရှိတယ်။
      မားကတ္တင်း မရှိရင် ဘာဖြစ်မလဲ ။
      ဟုတ်…
      မားကတ္တင်းမရှိရင် ကျနော်တို့ဟာ ကိုယ်တုံးလုံးနဲ့ သစ်ပင်အောက်မှာ ဗိုက်ဆာနေမပေါ့ဗျာ..

      :harr:

      C/D: KACk

  • ဦးကြောင်ကြီး

    January 11, 2013 at 9:56 am

    ကျက်သရေဂီ
    နတ်ပြည်ဆီ
    ထက်ဝေဟီ
    လာဘ်ရွှေဖီ
    ဓာတ်နေခြည်
    တက်စေမည်
    ဘက်ဆွေညီ
    ပတ်ဗေထီ…။

  • Shwe Ei

    January 11, 2013 at 11:24 am

    ပို့စ်ပါအကြောင်းအရာ ဆယ်ခုမှာ အင်မတိအင်မတန်ရင်းနှီးတာဆိုလို့
    ရေ ဘဲရှိတယ်။ ဘိုကလေးဘက်မှာ ရွာလည်က မြေသားကန်ကိုခြံခတ်ထားပီး
    သောက်ရေအဖြစ်တရွာလုံးရော ရွာနီးချုပ်စပ်ကရော လာခပ်ကြတာရှင့်။
    အိုက်ရွာမှာနေတဲ့ တနှစ်ပတ်လုံး ရေသန့်ဆို အိုက်မြေသားကန်ထဲကရေဘဲ။
    အခု ရန်ကုန်ပြန်ရောက်မှ ရေသန့်ဘူးကုန်သွားရင် ရေသောက်စရာ မရှိတော့သလို
    ဖြစ်နေတာ။ ဒါပေမဲ့ အိမ်မှာအတူနေတဲ့သယ်ရင်းတေ ရေကိုတကူးတကန့်ကျိုသောက်
    နေသလိုမျိုးတော့ လိုက်မလုပ်တော့ဝူး ၊ ပျင်းတာလဲပါတာပေါ့လေ။
    ဘုံဘိုင်ခေါင်းလေးဖွင့်ပီး ရေတလီတာလောက်ဘူးထဲဖြည့်ထားလိုက်တယ်။ သောက်နေကျဆိုတော့
    ဘာမှတောင်မဖြစ် :harr:

    • kai

      January 11, 2013 at 2:14 pm

      ပိုးဟတ်ဆိုတဲ့..အကောင်တွေကလေ… ညဆို.. အဲဒီရေငွေနံ့လေးသင်းသင်းနဲ့… ရေပိုက်ထဲ.. ရေမလာလို့ပိတ်ထားတဲ့.. အပေါက်ကြားတွေကနေ.. ဝင်.. သွားလာကျက်စားကြတာ…
      ရေလည်းဖွင့်ရော… ရေဗုံဗိုင်ပေါက်ဝမှာ.. ညပ်ပြီး..ရေလုံပြုတ်ဖြစ်သပေါ့..
      သောက်နေကျဆိုတော့.. ဘာမှမဖြစ်ဖူးမို့လား..
      ကောင်းတယ်လား.. ပိုးဟတ်ရေ.. :kwi:

      • Shwe Ei

        January 11, 2013 at 2:59 pm

        ပိုးဟပ်တေ ရေချိုးကန်ထဲမှာကျပီး မသေသရွေ့
        သန့်တယ်လို့ယူဆပီးသောက်လိုက်ပါတယ် သဂျီးမင်းချင့်။
        ရေတိုင်ကီကလဲအလုံ ရေချိုးကန်ထဲကိုရေချတဲ့ ပိုက်တခုဘဲ (ဝင်ခဲ့မယ်ဆိုရင်) ဝင်စရာအပေါက်ရှိတာမို့
        ကိုယ့်အတွေးနဲ့ကို သောက်ပလိုက်သည်ပေါ့နော် :mrgreen:

        မှတ်ချက်။ ။ဘုံဘိုင်ရေအစား ရေချိုးခန်းရေပိုက်ခေါင်းမှထွက်သောရေ
        ဟုပြင်ဆင်ဖတ်ရှုပေးပါရန်။ :harr:

        • မောင့်ကျက်သရေ ဂီ့

          January 11, 2013 at 3:05 pm

          ကောင်းတယ်လား.. ပိုးလောက်လန်းရေ.. :kwi:

  • Mr. MarGa

    January 11, 2013 at 3:06 pm

    အတော် ကောင်းတဲ့ လှည့်ကွက်တွေပါလားနော်
    ဦးမာဃလဲ တော်တော်များများ မိဆဲ မိမြဲ ဖြစ်နေတယ်
    ထိန်းဦးမှ

  • အာဂ

    January 11, 2013 at 5:15 pm

    သင်စီးပွားရေးလုပ်မည်ဆိုလျင် သင့်ရဲ့ ပစ္စည်းအတွက် ထိရောက်သော်ကြော်ငြာ စွမ်းဆောင်ရည် ပြည့်ဝစေရင် ဂီ ဂီရဲ့ ပိုစ့်များကိုဖတ်ပါ။

    သင်သည်ထက်မြက်သည့် လူတစ်ယောက်ဆိုလျင်..။ စီးပွားရေး စာစောင်များ ဝယ်ယူမှု စရိတ် = ၃စောင်ဆိုလျင် ၁၅၀ဝနှင့်အထက်။
    မက်ကတ်တင်း ဆိုင်ရာ သင်တန်း၊ ဒီပလိုမာ၊ဘွဲ့ များအတွက် ကုန်ကျငွေ = ၅သိန်း ပတ်ဝန်ကျင်။ သင့်လုပ်ငန်းအတွက် ကြော်ငြာ တာဝန်ခံ ခန့် ထားမှု ဝန်ထမ်းစားရိတ် = ၁သိန်း နှင့်အထက် ။ စသည်ဖြင့် အကုန်ကျခံရမည့်အစား..။ တစ်ပတ်တစ်ခါ သို့ မဟုတ် တစ်လ တစ်ခါ (တစ်နှစ်တန် တစ်နှစ်) မန္တလေး ဂေဇက် ဆိုဒ်တွင် ရေးသားလျက်ရှိသော အင်ဇာဂီ (ခ) မောင့်ကျက်သရေ ဂီ့ (ခ) ဂီဂီ (ခ) ဦးပဇင်းဂီ ရေးသားသော စီးပွားရေးနှင့် ကြော်ငြာ မတ်ကင်းတင်း ပညာရေးဆိုင်ရာ တွေးအခေါ်ဆောင်းပါးများကို အင်တာနတ်ဖိုး ၃၀ဝ ဖိုးခန့် (ဂျီတောပ်+ဖေ့ဘွက်+အီးမေးနှင့်+ မိမိနှစ်သက်ရာ ဆိုဒ်တစ်ခုခုကို ကြည့်ရှုနိုင်သေးသည်) အကုန်ကျခံယုံဖြင့် အထက်ပါ ဖော်ပြခဲ့သော စရိတ် များစွာသက်သာမည်ဖြစ်ပါသည်။ ထို့ကြောင့် သင်သည်ထက်မြက်သည့် လူတစ်ယောက်ဖြစ်ပါက သင့်ဦးနှောက်အား ထက်မြတ်စွာအသုံးချ ပါကုန်။

    သင်သည် တော်တတ် ပြီး ထက်မြတ်သောလူတစ်ယောက်ဖြစ်သည်ဟု ကျွန်ုပ် ယုံကြည်သည်။

  • Fall Guy

    January 12, 2013 at 5:43 pm

    အခုတလော Facebook မှာတွေ့နေရတာ မငြင်းနိုင်တဲ့အချက်တစ်ခုကိုစွဲကိုင်ပြီး like , share ခိုင်းနေတာလဲ
    မာကက်တာတွေလက်ချက်လားမသိ..။ ခိုင်းတာမလုပ်ရင်ဘဲအပြစ်ဖြစ်နေသလို…။.စိတ်လေတယ်…..။

  • weiwei

    February 10, 2013 at 10:29 pm

    စားသုံးသူတွေကို
    မျောမှန်းမသိ မျောပါမိစေတဲ့ ွမားကက်တာတွေရဲ့ မာယာရေယာဉ်ကြောကို မရှောင်နိုင်သေးပေမယ့် သတိထားမိစေလို့ ရွေးပါတယ်။

Leave a Reply