စာဖတ်သူပေးတဲ့သင်ထောက်ကူ

:bar: စာဖတ်သူပေးတဲ့သင်ထောက်ကူ :bar:

(ဒီပို့စ်လေးဟာဆိုရင် မြန်မာလူမှုကွန်ယက်ဆိုဒ်တွေအတွက် အထူးရည်ရွယ်၍ရေးသား တင်ပြခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်။ဂေဇက်ရွာသူားများရဲ့ အမြင်ကို လွတ်လပ်စွာ ဆွေးနွေးပေးကြစေလိုပါတယ်။)

ဝါသနာရှင်တွေအနေနဲ့ စာတွေရေးသား မှုအပေါ် စာဖတ်သူပရိတ်သတ်တွေက ခင်မင်မှုအရ ဝင်အားပေးတာပဲဖြစ်ဖြစ်၊တကယ်စာဖတ်တာဝါသနာပါလို့ ဝင်ရောက်ဖတ်ရှုတာပဲဖြစ်ဖြစ် တကယ့်ကို စိတ်ထဲမှာခံစားလို့ရတဲ့ အပြုသဘောဆောင်တဲ့ ထင်မြင်ယူဆချက်၊ဝေဖန်ချက်တောက်ပြချက်၊ ဆွေးနွေးချက်တွေပေး သင့်တယ်လို့ထင်မိပါတယ်။

အခုဆိုရင် အွန်လိုင်းစာပေလောကကြီးဟာ ကျယ်ပြန့်သည်ထက်ကျယ်ပြန့်လို့်လာပါပြီ။ဟိုယခင်က ဝါသနာရှင်တွေဟာ မိမိတို့ဝါသနာအရ ရေးသားဖန်တီးထားတဲ့စာပေတွေ၊ခံစားချက်သရုပ်တွေကို ထုတ်ဖော် ပြသခွင့်ရစရာဆိုလို့ ပုံနှိပ်မီဒီယာကိုသာ အားကိုးကြရပါတယ်။ပုံနှိပ်မီဒီယာဆိုတာကလည်း ကိုယ်ထင်သလို၊ မျှော်မှန်းတဲ့အတိုင်း ပါဝင်တင်ဆက်ခွင့်ရနိုင်တဲ့ နေရာမျိုးမှမဟုတ်တာအားလုံးအသိပါ။နိုင်ငံရေးအမြင် တွေကို ရေးသားပုံဖော်လိုသူတွေ၊ ဘာသာရေးအမြင်၊ကျန်းမာရေးနဲ့ လိင်ပိုင်းဆိုင်ရာစတာတွေကို လွတ်လပ်စွာဖော်ကျူးရေးသားခွင့် အပြည့်အဝမရရှိနိုင်ပါဘူး။ ပုံနှိပ်လောကမှာ နေရာတစ်ခုရဖို့အတွက် ကျိုးစားအားထုတ်မှုပိုင်းမှာ အများနဲ့တန်းတူရင်ဘောင် မတန်းနိုင်မချင်း မိမိရဲ့ဖန်တီးရေးသားပုံဖော်မှုတွေ ဟာ ပုံနှိပ်စာတွေမှာတောင် မြင်ခွင့်ရဖို့ခဲယဉ်းလှပါတယ်။မိမိရဲ့လက်ရာအရည်အသွေး ဘယ်လိုဘယ်ပုံရှိ တယ်၊လူအများရဲ့ အားပေးဝေဖန်ကဲ့ရဲ့မှုကို ဘယ်လောက်ရတယ်၊ဘယ်နေရာတွေတော့ပြင်သင့်တယ် ဆိုပြီး လက်တည့်စမ်းလို့မရခဲ့ကြပါဘူး။ထို့အတွက်ကြောင့် မိမိတို့ရဲ့ အရည်အသွေးဟာ အဆင့်တစ်ခုသို့ မရောက်မချင်း အပြင်းလှော်ခတ်ရုံကလွဲပြီး တစ်ဆင့်ချင်းအရည်အသွေးစစ်ဆေးနိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။
အခုလို နည်းပညာတွေတိုးတက်ပြောင်းလဲလာတဲ့ ကာလကြီးကို ရောက်ရှိလာချိန်မှာ လူတိုင်းရဲ့ သိမြင်မှု၊တတ်ကျွမ်းမှုတွေဟာ အဆမတန် လျင်မြန်များပြားလာခဲ့သလို၊စာပေဝါသနာရှင်တို့ရဲ့ လမ်းကြောင်း ဟာလည်း လှေကားထစ်များစွာနဲ့ လမ်းကြောင်းတွေ မြင်လာရ၊တက်လှမ်းလာရပါတော့တယ်။မိမိတို့ရဲ့ ဝါသနာပိုင်းဆိုင်ရာ အရည်အချင်းကို စစ်ဆေးဖို့ရန် နေရာများစွာေ ပါ်ပေါက်လာခဲ့ပါတယ်။အမှန်တကယ် လည်း ဝါသနာရှင်တွေအတွက် ကျေနပ်မှုတွေကို ပေးနိုင်ခဲ့ပါတယ်။မိမိတို့ ရေးသား ဖန်တီး ပုံဖော်သမျှကို အကြောင်းအမျိုးမျိုးအရ အားပေးကြတဲ့ပရိတ်သတ်အတိုင်းအတာလည်း ရှိလာခဲ့ပါတယ်။
သို့သော် လတ်တလောကာလမှာရော၊ကျန်ခဲ့တဲ့ကာလတွေမှာပါ အွန်လိုင်းပရိတ်သတ်တွေရဲ့အားပေးမှု၊ တစ်နည်းဆိုသော် မြန်မာဆိုရှယ်ဝက်ဘ်များအတွင်းရှိ ပရိတ်သတ်တွေရဲ့ အားပေးမှုဟာ ခင်မင်မှုကို အခြေခံလျက် ချစ်ခင်ရင်းနှီးကြောင်းပြလိုရုံ အားပေးမှုမျိုးတွေကိုသာ တော်တော်များများတွေ့နေရပါတယ်။
တကယ် ဝါသနာပါလို့ ဝင်ရောက်ဖတ်ရှုတဲ့လူတွေကလည်း စာရေးသူနဲ့ခင်မင်မှုမရှိရင် ဝင်ရောက်ဆွေးနွေး ဝေဖန် ထောက်ပြသွားလေ့မရှိပါဘူး။တော်တော်များများရဲ့ မှတ်ချက်ပြုမှုတွေဟာဆိုရင် ၎င်းတို့ဝင်ကြည့် သွားကြောင်းသာ သိသာစေတဲ့မှတ်ချက်တွေဖြစ်လို့နေပါတယ်။အမှန်တကယ် စာရေးသူတွေအတွက် လိုအပ်လှတဲ့ အားနည်းချက်ကိုထောက်ပြမှု၊အားသာချက်ကို ခံစားမှုနဲ့ပိုကောင်းအောင်ဘယ်လိုလေးရေး သင့်တယ် စတဲ့ ဆွေးနွေးအကြံပေးမှုတွေပါ။အလွန်ရှားပါးလှတဲ့ ဆွေးနွေးအကြံပေးမှုမျိုးတွေဖြစ်ပြီး တစ်ချို့ စာရေးသူတွေအနေနဲ့ သီးမခံနိုင်စရာ၊တစ်လွဲတွေးပြီးစိတ်ခံစားစရာ မှတ်ချက်မျိုးတွေဖြစ်စေတာကြောင့် မြန်မာဆိုရှယ်ဆိုဒ် အသုံးပြုသူမန်ဘာတွေအနေနဲ့ တော်တော်လေးလက်ရှောင်တတ်ကြပါတယ်။
အမှန်တကယ်မှာ မဖြစ်သင့်တဲ့ကိစ္စပါ။စာဖတ်သူဟာ အမှန်တကယ်စာဖတ်ရာက ရရှိတဲ့ ခံစားချက်ကို မြင်သာအောင်ထုတ်ဖော်ပေးသင့်ပါတယ်။ကိုယ်ကိုယ်တိုင် မတတ်ကျွမ်း နားမလည်စေကာမူ ကိုယ်ခံစားလို့ ရတာမှန်သမျှ ပေးထာားခဲ့သင့်ပါတယ်။ဒါဟာဆိုရင် ဝါသနာရှင်စာရေးသူတို့အတွက် ယူရင်ရမယ့် ရှေ့ဆက် တိုးတက်ရာ လမ်းကြောင်းအမှန်တွေပါ။

နိဂုံးချုပ်အနေနဲ့ပြောရရင် စာရေးဝါသနာရှင်မှန်သမျှဟာ စာဖတ်ဝါသနာပါသူတွေဖြစ်ရပါတယ်။ စာဖတ်ဝါသနာပါမှ စာရေးခြင်းအလုပ်ဆိုတာကို လုပ်လို့ရပါတယ်။စာဖတ်တယ်ဆိုတဲ့နေရာမှာ မိမိတို့ဖတ် သမျှစာအုပ်တွေဟာ မိမိတို့အတွက် သင်ခန်းစာတွေဖြစ်သလို၊မိမိတို့ပရိတ်သတ်ကပေးတဲ့ ဝေဖန်၊အကြံပြု၊ ကဲ့ရဲ့၊ဆွေးနွေးမှုတွေဟာလည်း သင်ထောက်ကူပစ္စည်းတွေဖြစ်ပါတယ်။ဒါကြောင့် စာရေးသူတွေအနေနဲ့ မိမိတို့အတွက် သင်ထောက်ကူပေးနိုင်မယ့် စာဖတ်သူ ပရိတ်သတ်အပေါင်းရဲ့ အကောင်းအဆိုး ဝေဖန်မှုကို နှစ်သက်စွာလက်ခံရမှာဖြစ်သလို စာဖတ်သူတွေအနေနဲ့လည်း စာဖတ်ပြီးချိန်မှာ စာရေးသူနှင့်ပတ်သတ် သော တစ်ဦးချင်းခင်မင်မှုအား ဘေးချိတ်ထားလျက် အားမနာစတမ်း မှတ်ချက်ပြုပေးကြခြင်းဖြင့် ဝါသနာရှင် တို့ရဲ့ ကလောင်သွားများအား ကူသွေးပေးနိုင်ကြပါစေလားရှင်။

ဝေဖန်၊ဆွေးနွေး၊အကြံပေးချက်များအား နှစ်သက်လိုလားလျက်
နန်းတော်ရာသူ
(9-1-2013)

36 comments

  • Mr. MarGa

    January 10, 2013 at 9:07 pm

    ဦးမာဃလဲ ဝက်ဘ်ဆိုက်တော်တော်များများက ဘလော့တွေကို ဖတ်ဖူးတယ်
    အဲဒီလို ပြောတာတွေက များတယ်
    ဂေဇက်ကတော့ တမူထူးစွာပေါ့
    အသေအချာ မန့်သလိုပဲ
    စာကို အသေအချာ မဖတ်ဘဲနဲ့ မန့်တာ နည်းတယ်
    အနည်းဆုံး ဝေဖန်မှုလေး နည်းနည်းတော့ ပါတယ်။
    အဲဒါ ကတော့
    ဂေဇက်ရဲ့ ထူးခြားချက်၊ အားသာချက်ပါ

    • ဦးမာဃ ပြောတာ ထောက်ခံပါတယ် …
      ဂဇက်က လူအများစုက စာကို မဖတ်ဘဲနဲ့ မန့်တာ နည်းပါတယ် …
      ကျန်တဲ့ နေရာတွေ အများစုမှာတော့ …
      ကောင်းပါတယ် …. ကျေးဇူးတင်ပါတယ် … ဆက်ရေးပါဦး …
      ဒီလို အဖြစ် ဆိုရုံ ကွန်မန့်လေးတွေပဲ ပေးတတ်တာကို တွေ့ရပါတယ် ….

      အဟမ်းးး ဟမ်းးး
      အကြံပြုဂျင်တာ တီခုဒေါ့ ချိဒယ် ….
      အိုက်ဒါဂဒေါ့ …
      ဟိုဒင်းလေးဂို ကျုပ်နဲ့ အမြန်ဆုံး နီးစပ်တောင် တွန်းပို့ပေးဖို့ဘာဘဲ …
      အဟီးးးးးး :mrgreen:

      • ဂေဇက်ကတော့ တမူထူးစွာပေါ့
        အသေအချာ မန့်သလိုပဲ
        စာကို အသေအချာ မဖတ်ဘဲနဲ့ မန့်တာ နည်းတယ်
        အနည်းဆုံး ဝေဖန်မှုလေး နည်းနည်းတော့ ပါတယ်။
        အဲဒါ ကတော့
        ဂေဇက်ရဲ့ ထူးခြားချက်၊ အားသာချက်ပါ

        ဂဇက်က လူအများစုက စာကို မဖတ်ဘဲနဲ့ မန့်တာ နည်းပါတယ် …
        ကျန်တဲ့ နေရာတွေ အများစုမှာတော့ …
        ကောင်းပါတယ် …. ကျေးဇူးတင်ပါတယ် … ဆက်ရေးပါဦး …
        ဒီလို အဖြစ် ဆိုရုံ ကွန်မန့်လေးတွေပဲ ပေးတတ်တာကို တွေ့ရပါတယ် ….

        (သကြားနဲ့မောင်အံပြောတဲ့အချက်တွေက ကျွန်မဒီပို့စ်ရေးဖြစ်တဲ့အခြေခံတွေပါပဲ)

        ဟိုဒင်းလေးဂို ကျုပ်နဲ့ အမြန်ဆုံး နီးစပ်တောင် တွန်းပို့ပေးဖို့ဘာဘဲ …
        (ဒါက ဘာကြီးလဲဟဲ့ >:( )

  • မောင်ပေ

    January 10, 2013 at 9:25 pm

    မနန်းတော်ရာသူရေ
    အရင်တုန်းကလဲ ဖတ်ခဲ့ မန် ့ခဲ့ပါတယ်
    နောက်လဲ ဖတ်အုန်း မန် ့ပါအုန်းမယ်

    • ဦးပေကတော့ ညတိုင်းဂျူတီကျနေတဲ့ ဂေဇက်ညစောင့်ကြီးလိုပါပဲရှင်။
      ဖတ်နေမြဲ၊
      မန့်နေဆဲ
      ခွက်တွေကွဲ
      လက်တွေပြဲ

  • padonmar

    January 10, 2013 at 10:01 pm

    အခုအင်တာနက်ခေတ်ကြီးမှာ စာပေဝါသနာရှင်တွေအတွက် ရွှေတံခါးကြီးပွင့်သွားတာပါပဲ။
    ဘယ်မဂ္ဂဇင်းတိုက်ကိုမှ ပို့နေစရာမလို ၊ကိုယ့်ကလောင် ကိုယ်သွေးရင်း လက်ရည်တက်ခွင့်ရလာပါပြီ။
    ဒီထဲမှာမှ Moderator မလိုပဲ လွတ်လွတ်လပ်လပ် တင်ရတဲ့ ဂဇက် ကျေးဇူးကြောင့် စိတ်ထဲရှိတာ အကုန်ဖွင့်ဟခွင့်ရတာလည်း အခွင့်အလမ်းကောင်းတစ်ခုပါပဲ။
    ဒီလွတ်လပ်ခွင့်လေး ရေရှည်တည်တန့်ဖို့ စာရေးသူစာဖတ်သူ ကွန်မန့်ပေးသူ အားလုံးမှာ တာဝန်ရှိပါတယ်။
    စာရေးသူကို အပြုသဘောထောက်ပြဝေဖန်ပေးတာဟာလည်း လမ်းညွှန်အားဖြည့်ပေးခြင်းပါပဲ။
    M G Forward မန်းဂဇက် ရှေ့သို့၊

    • ဒီထဲမှာမှ Moderator မလိုပဲ လွတ်လွတ်လပ်လပ် တင်ရတဲ့ ဂဇက် ကျေးဇူးကြောင့် စိတ်ထဲရှိတာ အကုန်ဖွင့်ဟခွင့်ရတာလည်း အခွင့်အလမ်းကောင်းတစ်ခုပါပဲ။

      (အရမ်းမှန်တယ်အန်တီရှင့်…ဟိုယခင်က ကျွန်မအဖို့ ကိုယ့်ပတ်ဝန်းကျင်ကရတဲ့သတင်းထူးလေးတွေများရှိလို့ တစ်ခြားဆိုဒ်တွေမှာတင်လိုက်တယ်။
      လူအများသိပြီးသားကူးယူလာတဲ့သတင်းတွေကိုကျတော့ဖွင့်ပေးပြီး။ကိုယ်တင်ထားတဲ့ သတင်းဦးကိုကျတော့ မဖွင့်ပေးဘူး။အဲ့နောက်ပိုင်းကျွန်မလည်း သတင်းတွေကိုလုံးဝမတင်တော့ဘူး။ကူးယူတင်တာတွေလည်းမလုပ်ချင်တဲ့အတွက် ရသစာပေဘက်ပဲလုံးဝ အားစိုက်လိုက်တော့တယ်။အားပေးမှုအတွက် ကျေးကျေးပါရှင်)

  • လုံမလေးမွန်မွန်

    January 10, 2013 at 10:39 pm

    အစ်မရေ..
    အမွန်ကတော့ ရွာထဲရောက်ပြီးကတည်းက ဘယ်ဆိုက်မှကို မဝင်တော့တာ… စာဖတ်ရင်လည်း ရွာမှာပဲ..စာရေးရင်လည်း ရွာမှာပဲ… 🙂

    အခု မှတ်ချက်လေးပေးရမယ်ဆိုရင် ယောက္ခမရဲ့ စာလေးတွေကို စကားစုလေးခြားပြီး ရေးပါလားလို့…

    ချစ်တဲ့..
    ချွေးမ
    (အသက် ၄၁ နှစ်အထိ စောင့်မယ်နော်… :mrgreen: )

    • အစ်မကတော့ ဆိုရှယ်ဆိုဒ်တွေကို အသုံးများတယ်အမွန်ရေ။အရင်က ဂေဇက်ကအသုံးပြုရတာ Ning ပုံစံဆိုဒ်တွေလောက် အဆင်မပြေဘူး။တန်ဆာဆင်လို့မရဘူးဆိုပြီး စာဖတ်ဖို့ပဲ အဓိကထားဖြစ်ခဲ့တာလေ။
      စာကို အားစိုက်ရေးလာတဲ့အခါမှ ဂေဇက်ကိုဝင်ဖြစ်ခဲ့တာဝန်ခံပါတယ်။

      အမွန်ရေ အစ်မက Microsoft Word ထဲမှာရိုက်ပြီးမှ ကူးကူးတင်တာ။အစ်မရိုက်တဲ့အခါမှာတော့ စကားစုခြားပြီးရိုက်တာ။ဒီမှာတင်လိုက်တော့ ကိုယ်ခြားထားတာတွေနဲ့လွဲကုန်ရော Enterခေါက်တဲ့နေရာလွဲတာလဲပါတယ်။တတ်နိုင်သလောက်တော့ ပြန်ပြန်ပြင်ပါတယ်။ သေသေချာချာတော့ပြန်မပြင်ဖြစ်ဘူး။နောက်ကို သတိထားပါမယ်ချွေးမလေးရေ။

      • ခင်ခ

        January 11, 2013 at 2:58 pm

        Microsoft Word မှာရိုက်ရင် အပိုဒ်ခွဲတော့မှ Enter ခေါက်ပေါ့။ အပိုဒ်ခွဲတာ မဟုတ်ရင် Space ဘဲ ခြားပြီးရိုက်သွားရင် ပိုစ့်မှာတင်တဲ့အခါ အခုလိုအဖြစ်နည်းတာတွေ့ရတယ်ဗျ။
        ကျွန်တော်တို့လည်းအဲလိုပါဘဲ အရင်ရေးတုန်းကဆို၊ အခုရော တစ်ခါတလေ ဖြစ်သွားတာပါဘဲ စိတ်တော့မပျက်သွားပါနဲ့ ဆက်ပြီးပိုစ့်လေးတွေရေးပါ နောက်ကိုယ်ပိုစ့်ကို ကိုယ်ပြန်ပြင်လို့ စာရေးသက်လေးများလာရင် ရလာတဲ့အခါ အဆင်ပြေသွားမှာပါဗျ။

        • ဦးခင်ခရေ ဘယ်နေရာ Space ခြားရိုက်ပါတယ်ရှင်။
          Microsoft word မှာရိုက်ခဲ့တုန်းက space ခြားတဲ့နေရာတွေက ရွာထဲမှာတင်လိုက်ရင် စာကြောင်းဖြတ်တာ လွဲပြီး စကားစုတွေလဲ လွဲတာလွဲ မှန်တာမှန်ဖြစ်ကုန်တယ်။
          ပြောတာ သိပ်တော့နားရှင်းမှာမဟုတ်ဘူး
          :harr:

          အခု ကျွန်မရိုက်ထားတာ စကားစုလေးတွေခြားနေပါတယ်။သိပ်မဝေးလို့မသိသာတာပါ။
          အမွန်က ဘာကိုပြောတာလဲ သိပ်တော့နားမလည်လိုက်ဘူး။
          ဒီခါ အကျဲကြီးခြားပေးပါမယ်နော်
          :kwi:

  • မောင့်ကျက်သရေ ဂီ့

    January 10, 2013 at 11:11 pm

    ပြောရရင် သိပ်အကောင်းမမြင်ထားပါဘူးဗျာ.
    ရွာလည်သူ တသောင်းလောက်မှာ မှ
    ရေးသူ စာရင်းပေါက် ၂၀ဝလောက်ရှိသေးတာဖြစ်ပီး
    ဒီထဲကမှ ၃ဝလောက် ကသာ ပုံမှန် တက်ကြွ လှုပ်ရှားသူဖြစ်နေသေးတယ်
    ဆိုတဲ့ အချက်အလက်ကို ကိုင်ဆွဲလို့ပြောရရင်. အားရစရာမကောင်းသေးတာ
    အသေအချာပါ.

    ကျနော်တို့ကြိုးစားဖို့ တပုံတပင်လိုသေးကြောင်း.
    ဝန်ခံ သတိပေးလိုက်ရပါတယ်ဗျို့.

    တော်သေးဘီ.
    ခင်တဲ့
    ဂီစ

    • ဒါကတော့ လူတစ်ကိုယ်ဝါသနာတစ်မျိုးလေကိုဂီရဲ့။တစ်ချို့က စိတ်ထဲမှာရေးစရာတွေတန်းစီနေပေမယ့် ချရေးဖို့အဆင်မပြေတဲ့အကြောင်းမျိုးစုံရှိတတ်တယ်လေ။

      တစ်ခြားဆိုဒ်တွေမှာ မန်ဘာတွေသောင်းကျော်ရှိပါတယ်။သို့ပေမယ့် လူအများအအားဆုံးအချိန်ဖြစ်တဲ့ညခင်းဘက်တွေမှာတောင် လူအများဆုံး၂ဝကျော်လောက်ပဲဝင်နိုင်တယ်။
      တစ်ခါတစ်လေဆိုရင် ဆယ်ဂဏန်းတောင်မပြည့်ပါဘူး။တစ်ချိုု့ကလဲ အင်ဖိုမေးရှင်းလျင်မြန်တဲ့ ဖွဘွတ်မှာအနေများသလို၊တစ်ချို့ကလဲ လမ်းသလားတာတွေကိုညီးငွေ့ပြီး ပညာရှာမှီးတဲ့ဘက်နဲ့တခြားလိုင်းတွေဘက်ရောက်ကုန်တာများတယ်။
      ကျွန်မဖြစ်ဖူးတဲ့အတွေ့အကြုံလေးတွေပါ။

  • pooch

    January 10, 2013 at 11:29 pm

    အမှန်ကတော့ အဲ့ဒီ မှတ်ချက်တွေ စိတ်ထဲ ထိုက်သင့်သလောက်ပဲ ထားပြီး သိပ်ပြီး စိတ်နောက်ကိုယ်ပါ မခံစားစေချင်ဘူး။ ကောင်းတဲ့ ကွန်းမန့် အပြုသဘောဆောင်တာပဲ ဖြစ်ဖြစ် negative ပဲ ဖြစ်ဖြစ် ။

    မျက်စိနဲ့ ဖတ်ပြီး ဦးနှောက်ကို အရင်ပို့လိုက်ပါ ။ နောက်မှ နှလုံးသားဆီကို သွားသင့်တယ် ထင်မှ လွှတ်ပေးလိုက်ပါ။

    အခု နန်းသူပြောသလို သင်ထောက်ကူလို့သာ သဘောထားသင့်တယ်ဆိုတာကို လက်ခံတယ်။

    ” Conqueror who conquers him/ herself is a conqueror ” လို့လဲ ဆိုတတ်ကြသေးတာဆိုတော့လေ

    • အဲ့လို စိတ်နောက်ကိုယ်ပါလုံးဝမဖြစ်ပါဘူး မပုရှ်ရေ။ကျွန်မက ကိုယ်ရေးတဲ့စာအပေါ် ဘယ်လိုလူတွေက ဘယ်လိုအထင်ရောက်သလဲ သိချင်တာဝါသနာပါ။ကွန့်မန့်တွေနဲ့ပါစင်နယ်ခင်မင်မှုကိုလဲ ရောချမတွေးတတ်ပါဘူး။
      ကိုယ့်စာကို အားပေးကြောင်းမှတ်ချက်ရရင်ကိုကျေနပ်သလို၊ပြည့်ဝတဲ့မှတ်ချက်မျိုးကိုပိုလိုလားပါတယ်။
      သင်ထောက်ကူဆိုတာကလဲ သူတို့ပေးတဲံ့မှတ်ချက်ထဲက အကောင်း၊အဆိုးကို မြင်နိုင်ပြင်နိုင်အောင်လေ။
      မန့်ပေးတဲ့အတွက်ကျေးကျေးပါ။

  • surmi

    January 11, 2013 at 12:30 am

    တာဝန် မကျေတာ ကျုပ်လိုလူမျိုးတွေ ဗျ ။
    ဖတ်ပြီး တိတ်တိတ် လေးပြန်သွားတာလေ …။ ဒါကြောင် ့ ခုတော့ ကြိုးစားပြီး မန် ့ ၊ ရေး လုပ်နေတာ ။
    ဒီရွာကိုရောက်တာ ဖတ်ချင်လို့ ပြီးတော့ ဖတ်ပြီး ကျေနပ်နေတာ …။ ဒါပေမဲ့လည်း ဖတ်ရင်းမှ ရေးစရာ
    တွေ ့တတ်တာ …။ `
    ခုလည်း တစ်ပုဒ်ကို ဆယ်ရက် ၊ ဒါမှမဟုတ် တစ်လ နှုံးနဲ့ ရေးနေရတာဗျို ့ ….။
    ပြီးခဲ့တဲ့ ရခိုင် ကိစ္စဖြစ်တုန်းကဆို ကျုပ်နဲ့ အရီးလတ်က (၂၅)ပုဒ် မပြည် ့လို့ ရေးခွင့် ခဏပိတ်တဲ့ ထဲ
    တောင်မှ ပါသေး … 🙂
    တစ်ကယ်တော့ အရီးလတ်ကို ခွင် ့ပြုပြီးသားပါ ။ စကားအဖြစ် ပြောတာ …. သူလည်း အရေးနဲတယ် ။
    ဝေဖန်မှု ကတော့ ကျောက်ကြမ်းကြမ်းနဲ့ သွေးပေးတယ်လို့ မှတ်ပါဗျာ ……။
    ဒီရွာသူားဖြစ်ရင် ခံနိုင်ရည်ရှိမှ ။
    ကျုပ်ကော့်မန် ့ ကြမ်းကြမ်းမပေးတတ်ပေမဲ့ အခြားဆိုဒ် တစ်ခုမှာ ကျုပ်ကော်မန် ့ကို ဖျက်ပစ်သဗျ ။
    ဆိုချင်တာက …ဒီရွာက အတော်လေး လွတ်လပ်ပါတယ် ။
    လွတ်လပ်ရေးကိုပဲ မှန်မှန်ကန်ကန် အသုံးချတတ်ဖို ့ လိုတာပါ ။
    ကဲ ကဲ နောက်မှပဲ နော …။

    • ဦးဆာမိရေ ပို့စ်တွေတိုင်းဝင်မမန့်ဖြစ်တဲ့နေရာမှာ နေရာဒေသကိုလိုက်ပြီး ကွန်မကောင်းတာလဲပါတယ်။
      ကျွန်မဆို မနက်ကမန့်ထားတာတွေကို Reply လုပ်နေရင်း ကွန်ကလုံးဝပြုတ်ကျသွားတာကြောင့် ဦးဆာမိကိုစာပြန်နေတုန်းမှာပဲ ပိတ်ထားခဲ့လိုက်ရတယ်။
      ကိုယ့်ကလိုက်မန့်တဲ့စာတွေဆိုရင်လည်း ကော်ပီဆွဲထားရတယ် တင်လိုက်တုန်းပြုတ်ပြုတ်ကျသွားလို့လေ။
      ပို့စ်တွေကိုကတော့ အပြင်မှာပဲ သက်သက်ရိုက်တယ်။

      လွတ်လပ်ရေးဆိုဒ်ဆိုလို့-ကူးလာတဲ့စာတွေကို တိုက်ရိုက်တင်တဲ့ကိစ္စကြီးတော့ ကျွန်မတော်တော်မကြိုက်ဘူး။ကိုယ့်အာဘော်တစ်လုံးမှမပါပဲ အဲ့ဂလိုတွေကူးတင်ရင် သတင်းတွေဖောင်းပွဲ၊ထပ်တလဲလဲဖြစ်နေတဲ့ ကူးဆိုဒ်တစ်ခုနဲ့တူသွားလိမ့်မယ်လို့ထင်တယ်။
      ကျွန်မ ဘယ်ဆိုဒ်မှာမဆို တိုက်ရိုက်ကူးတင်တဲ့(ကိုယ်ဦးနှောက်ထဲကတစ်လုံးမှမပါတဲ့)ပို့စ်တွေဆို အရမ်းစိတ်ပျက်မိတယ်။အားလည်းမပေးချင်ဘူး။
      ကွန်မကောင်းတဲ့ကြားက ဝင်မန့်ပေးတာကျေးကျေးပါ

  • MaMa

    January 11, 2013 at 8:19 am

    ဒီရွာကို ဝင်ဖို့ အရေထူအောင် အရင်လေ့ကျင့်ရတယ်ဆိုတဲ့ ကွန်မန့်တွေ မကြာမကြာ တွေ့ရတယ်။ :harr:

    ဒါပေမယ့် အရေထူသွားပြီး အရောင်တောက်လာအောင် လေ့ကျင့်ပေးကြ၊ သွေးပေး၊ ချွန်ပေးကြတာကိုပဲ နှစ်သက်သဘောကျလာပြီး ရွာထဲမှာ အခြေတကျ နေဖြစ်သွားကြတယ် ဆိုတာလေးကိုလည်း တွေ့ရပြန်တယ်။ :hee:

    ဆိုတော့ကာ…..
    တခြားဆိုဒ်တွေကို မသွားဖြစ်၊ မလည်ဖြစ်တဲ့ ကိုယ့်အတွက် ပြောရမယ်ဆိုရင်…
    လက်စမ်းစာပေဖြစ်တည်ဖို့အတွက် လေ့ကျင့်ပျိုးထောင်ရာလို့ ပြောရမယ်။ :hee:

    • ဟုတ်ပါတယ်မမရေ…စရေးတဲ့လူတွေကော၊ရေးနေကျလူတွေကိုပါ ကြုံသလိုအားပေးကြရင် ပိုကောင်းပါတယ်။
      ဘယ်နေရာမှာမဆို သူ့အုပ်စု ကိုယ့်အုပ်စုခွဲခြားချက်တွေရှိနေတတ်ပါတယ်။
      ပေါ်ပြူလာဖြစ်တဲ့လူမျိုးကို ပြုံအားပေးတာမျိုးလည်းရှောင်သင့်ပါတယ်။နေရာတိုင်းမှာရှိတတ်တဲ့ အချက်လေးတွေပါ။
      အခုခေတ်မှာ မိမိကလောင်အသွားကို စမ်းဖို့အတွက် အခွင့်အခါအကောင်းဆုံးအချိန်တွေရနေပါပြီ။
      နေရာတကာမှာ လက်စမ်းလို့ရနေတဲ့အတွက် ဝါသနာရှင်တွေအရမ်းအဆင်ပြေစေပါတယ်။
      ဝင်မန့်ပေးတာကျေးကျေးပါ။

  • ခိုင်ဇာ

    January 11, 2013 at 8:50 am

    အစ်မက တခြား ဆိုဒ် တွေ မသွားဖူးတော့ မသိဘူး။ ဖေ့ဘုတ်မှာပဲ ပျော်ပါးနေဖြစ်တာ။ ဘလော့တွေကတော့ ဟင်းချက်တွေကလွဲရင် မဖတ်ဖြစ်။
    တီချယ်ကြီး ဒီနေ့ လာခိုင်း၊ နောက်နေ့ လာတယ်၊ နောက်ရက် ပို့(စ) စတင်ဖြစ်တယ်။
    ရွာ အလေ့အထလည်း ၂ ပတ်လောက်ကြာမှ နည်းနည်း ရိပ်မိတာ။
    ဒါကို ရွာထဲကို ဝင်ဖို့ ဟိုကြိုးဆွဲ ဒီကြိုးဆွဲသလေး ကျုပ်ကို အပြောခံရတယ်။ စိတ်တိုပြီး မဝင်ပဲ နေမယ်လို့ တွေးပြီး မနေနိုင်ပြန်။ စွဲလန်းသွားသကိုး။ :mrgreen:
    ဟို ကော်မန့် ဒီ ကော်မန့် ဖတ်ကြည့်လိုက်တော့ ဒီလိုမျိုးတွေမှာ အရေထူရမယ်ချည်းပြောတယ်။
    ခုတော့လည်း နေသားတကျ ဖြစ်ဖို့ ကြိုးစားပြီး၊ မုဒ် ဝင်မှ ကော်မန့် ပေးဖြစ်တယ်။
    ကိုကြောင်ဝတုတ်နဲ့ စကားစပ်မိတော့ သူကတော့ ရွာအတွက် အကျိုးရှိမယ် ထင်တဲ့ ပို့(စ) တွေ တင်တတ်တယ်လို့ ပြောတယ်။
    အဲဒီကျမှ “ဟုတ်ပေသားပဲ။ ဖေ့ဘုတ် စတေးတပ်လို ကိုယ့်စိတ်ရှိသလောက် ပေါ့တီးပေါ့ရွှတ်လုပ်လို့ မဖြစ်ပါဘူးလေ”ဆိုပြီး စာတွေပဲ လိုက်ဖတ်ဖြစ်တယ်။
    ရသ စာဖတ်တာပျော်တဲ့ သူ၊ ဗဟုသုတ လိုချင်သူ တွေ အတွက်တော့ ဒီရွာက ခွါဖို့ မလွယ်ဘူးကွယ်။ :harr:
    ဒီမှာ တော့ ကော်မန့်ပေးတဲ့သူတွေက သေချာဖတ်ပြီးမှ ဝင်ဆွေးနွေး၊ ပြောဆိုတာတွေတော့ သတိထားမိတယ်။
    သော်သော်လေးလည်း ဒီကော်မန့်အပေးကို စိတ်ထဲ အရမ်း အလေးထားသလိုပါပဲ။ Pooch ပြောသလို ဘာမဆို စိတ်ထဲ အသည်းနှလုံးထဲ အရင် မရောက်ပါစေနဲ့လေ။ အနုပညာသမားမို့ စိမ့်ဝင်လွယ်တဲ့ နှလုံးသားရှိမယ်ဆိုတာတော့ သိပါတယ်။
    ဆရာလုပ်တာမဟုတ်ပါ။

    • ချစ်မရေ ညီမကတော့ မန်ဘာမဖြစ်ခင်တည်းက ဝင်ကြည့်နေကြမို့ ဒီက အပြောအဆိုတွေကိုမြင်နေကျလိုဖြစ်နေတယ်။အထူးသဖြင့် -ခင်ဗျား၊ကျုပ်-စတဲ့ ညီမတို့လို အရပ်ဒေသတွေမှာ နားမယဉ်တဲ့အသုံးအနှုန်းတွေပေါ့။အစတည်းက အချင်းချင်းသုံးနေတာမြင်နေပေမယ့် ရုတ်တရတ် ကိုယ့်ကို အဲ့လိုလာသုံးချိန်က တစ်မျိုးကြီး ခဲနဲ့ပစ်လိုက်သလိုခံစားခဲ့ရတယ်။(ဥပမာ-မောင်အံ၊မိုဘိုင်း)
      နောက်တော့မှ အဲ့လိုအသုံးအနှုန်းက ဆားများနေတဲ့ဟင်းတစ်ခွက်လို လေးပင်မှန်းနားလည်လာခဲ့တယ်။
      နားယဉ်လာခဲ့တယ်။

      (သော်သော်လေးလည်း ဒီကော်မန့်အပေးကို စိတ်ထဲ အရမ်း အလေးထားသလိုပါပဲ။ Pooch ပြောသလို ဘာမဆို စိတ်ထဲ အသည်းနှလုံးထဲ အရင် မရောက်ပါစေနဲ့လေ။ )
      အဲ့ကိစနကတော့ အပေါ်မှာ မပုရှ်ကိုလဲ ပြန်ပြောခဲ့ပြီမို့အထူးမရှင်းပြတော့ဘူးနော်။ချစ်မရေ ညီမက ကွန့်မန့်တွေမှာ စိတ်ကိုမြုှပ်ခံစားတတ်တဲ့ကောင်မလေးမဟုတ်ပါဘူးရှင်။
      ညီမရေးတဲ့ စာအပေါ် လူတွေရဲ့သုံးသပ်ချက်ကို သိချင်တာအကျင့်ဖြစ်နေပါပြီ။

  • ဦးကြောင်ကြီး

    January 11, 2013 at 9:52 am

    သင်ထောက်ကူ
    ဆင်မျောက်လူ
    နင်လျောက်ပူ
    ဂွင်ပျောက်အူ
    ခင်နောက်မူ
    ထင်ဟောက်ဆူ
    ရွှင်ပေါက်သူ
    အင်ကျောက်ဂူ..။

  • mamanoyar

    January 11, 2013 at 10:06 am

    တစ်နေကုန်ဒီရွာထဲက မထွက်နိုင်
    ဖတ်လိုက်၊ ရေးလိုက်နဲ့
    အလုပ်ရှုပ်နေခဲ့ပါတယ်
    စာလေးတွေလည်း ဒီရွာထဲရောက်မှ
    နည်းနည်းချင်းရေးတတ်လာခဲ့တာပါ

  • တစ်နေကုန်ဒီရွာထဲက မထွက်နိုင်
    ဖတ်လိုက်၊ ရေးလိုက်နဲ့
    အလုပ်ရှုပ်နေခဲ့ပါတယ်
    (တွေ့ပါတယ် မမနို်ရာရှင့်။ပို့စ်တိုင်းလိုလိုမှာ မန့်ထား အားပေးထားတာလေးတွေကို..အဲ့လိုအမာခံလူတွေရှိနေတာကိုက အားတက်စရာပါရှင်) 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 11, 2013 at 3:33 pm

    ဒီလိုဆိုရင် သဂျီးမင်းဂ သိပ်ချစ်စရာကောင်းသွားတာပေါ့နော်
    ပြောရင်းနဲ့တောင်ချစ်လာဘီ
    နှုတ်ခမ်းမွေးဂျီးဒေဂိုဆွဲနှုတ်ပစ်ခြင်လိုက်ဒါ
    ဟင်းဟင်း

  • အလင်းဆက်

    January 12, 2013 at 10:09 am

    အဒုတော့ အချိန် မရတေးလို့..ကူးတွားဒယ်.။
    အေးအေးဆေးဆေးး ဖ တ်ဖို ့…

    🙂

  • ရွှေ ကြည်

    January 12, 2013 at 11:48 am

    မနန်းရေ မှန်ပါတယ် စာရေးသူဆိုတာ စာဖတ်သူရဲ့အသံကိုအမြဲကြားချင်တာလေ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေပေါ့ ဝေဖန်တဲ့သူရှိမှကိုယ်ကလည်းပြင်ဆင်လို့ရမှာကိုး
    တချို့ကတော့ တိုက်ခိုက်တာမျိုးတွေရှိတတ်တယ် စိတ်ဓါတ်ရေးရာပြင်ဆင်ထားနိုင်မှရမယ်
    အစ်မလည်းစာသေချာဖတ်ချိန်မရလို့ ရွာကိုခနလက်ရှောင်ထားတာ အခုမှပြန်ဝင်ရတယ်။

    • မရွှေကြည်ရေ…အဲ့ဒီစိတ်မျိုးက စာရေးသူတိုင်းမှာရှိနေမှာအမှန်ပါရှင်။
      ဖတ်ချိန်မရတဲ့ကြားက ဝင်မန့်ပေးတာကျေးကျေးပါရှင်။

      Nyein Nyein ရေ ကိုယ်ဖတ်လို့ခံစားရသမျှ လွတ်လပ်စွာပေးလိုက်ပါရှင်။ကျွန်မကတော့ကြိုဆိုနေလျက်ပါ။
      ရတဲ့အချိန်ကိုလုကြရတဲ့အပြင် အမှန်တိုင်းပြောရရင် ကွန်နက်ရှင်ကလဲနှိပ်စက်တော့ စိတ်သွားတိုင်းကိုယ်မပါနိုင်ကြဘူးမို့လား။

  • Nyein Nyein

    January 12, 2013 at 3:07 pm

    အစ်မနန်းရေ………… အစ်မပြောသလိုပါပဲ။ စာဖတ်သူက ဝေဖန်ပေးမှ စာရေးတဲ့သူက ဘာလိုတယ်၊ ဘယ်လိုလေးဆိုရင်ပိုကောင်းမယ်ဆိုပြီး ပြင်ရင်း၊ ရေးရင်း… ရေးရင်း၊ ပြင်ရင်းနဲ့မှ ပိုပိုပြီး ကောင်းမွန်တဲ့ စာတွေဖြစ်လာတာပါ။ ငြိမ်းလည်း ဖတ်မိတဲ့စာတိုင်းကို comment ပေးနိုင်ဖို့ ကြိုးစားပါတယ်။ တစ်ခါတစ်လေ လည်း ရတဲ့အချိန်လေးလုပြီး ဖတ်ပဲဖတ်ဖြစ်တာမျိုးတွေရှိပါတယ်။ 🙁 🙁 တစ်ခါတစ်ခါကျတော့လည်း comment ပေးနိုင်လောက်တဲ့အထိ ကိုယ်ကဉာဏ်မမီလို့ ဖတ်ပြီးမှတ်ပဲမှတ်သားထားလိုက်ရတဲ့ အခြေအနေလည်းရှိတာပေါ့နော်…………. 😳 😳 စာရေးသူနဲ့ စာဖတ်သူက ကြာနဲ့ရေ လိုပဲလို့ထင်မိကြောင်း……. 🙄 🙄

  • ကျနော်ဝင်စက စာတွေဘဲ တွန်းရေး ဓါတ်ပုံတွေတွန်းတင်နဲ့သူများရေးတာကိုလှည့်မကြည့်အားခဲ့ပါဘူး။
    နောက်တော့ သူများရေးတာတွေကိုဝင်ဖတ်ပေမယ့် ကော်မင်းမပေးဖြစ်ခဲ့ပါဘူး။
    နောက်တော့ရေးလဲရေး ကိုယ်နှစ်သက်တာလေးဖတ်လဲဖတ် ကော်မင်းပေးတာလဲပေးပေါ့။
    ဒါပေမယ့် အားလုံးမဖတ်သလို အားလုံးလဲကော်မင်းမပေးဖြစ်ခဲ့ပါဘူး။
    အခုနောက်ပိုင်းတော့ ပိုဖတ်ဖြစ်မိခဲ့ပါတယ်။
    ကော်မင်ပေးတာလဲအရင်ထက်စာရင်ပိုပေးခဲ့ပါတယ်။

    ကျနော်စာစရေးစ 2009 ကစပြီး ဆိုက်တော်တော်များများကို ဝင်ရေးခဲ့ပေမယ့်
    အခုအချိန်မှာတော့ ကျနော်တကယ်ရေးတဲ့ဆိုက်နည်းသွားပါပြီ။
    ဒီရွာလေး ကတော့ အခုချိန်ထိ ခိုင်ခို်င်မြဲမြဲ ရေးနေမိသလို ဒီရွာထဲက လူတွေနဲ့လဲ
    အပြင်လောကမှာပါတွေ့ဖြစ်လာပါတယ်။
    လေထဲကမိတ်ဆွေတွေနဲ့တွေ့ဖြစ်တာ ဒီရွာထဲက လူတွေနဲ့ပထမဆုံးပါဘဲ။
    ဒါကြောင့်လဲ ချစ်စရာကောင်းတဲ့ဒီရွာမှာ ကြာကြာနေဖြစ်တာပါ။
    စစချင်းစာရေး
    နောက်တော့ဓါတ်ပုံတင်
    အခုသီချင်းလေးတွေကိုပါ http://www.minus.com ကတစ်ဆင့်တင်ဘို့ ကြိုးစားနေပါတယ်.

    တကယ်တော့ ကော်မင်းလေးတွေဆိုတာ ဖတ်လိုက်ရတဲ့စာအပေါ်မှာ ရလာတဲ့ခံစားချက်လေးတွေကို
    ပြန်မျှဝေတာပါဘဲ။
    အဲတော့ အမြင်မတူတာတွေလဲရှိနို်င်သလို တူတာလဲရှိနိုင်ပါတယ်.
    ရေးထားတာနဲ့မပါတ်သက်တဲ့အကြောင်းအရာတစ်ခုကို အလေးအနက်ဆွေးနွေးတာမျိးလဲဖြစ်သွားတတ်သလို ရွာသူရွာသားအချင်းချင်း နုတ်ဆက်ကြစကြနောက်ကြမျိုးတွေ့နိုင်ပြန်သလို တစ်ယောက်နဲ့တစ်ယောက် ကွိုင်တွေပူကြတာလဲဖြစ်တတ်ပါတယ်.။
    နောက်တော့လဲပြန်တည့်သွားကြတာပါဘဲ။
    ကော်မင်းလေးတွေက စာရေးသူအတွက် အင်အားဆိုတာတော့အမှန်ပါဘဲ။
    အပွင့်လင်းဆုံးပြောရရင်ကိုယ်ကသာ သူများတွေကို ကော်မင်း မပေးဖြစ်တာ ကိုယ်တိုင်ကတော့သူများပေးတဲ့ကော်မင်းလေးတွေကိုမျှော်မိပါတယ်။

    • ဟုတ်ပါတယ်ကိုပေါက်ရေ ကျွန်မဆိုရင် မီးရတဲ့အချိန်တွေ စာရိုက်၊ပြေးတင်လုပ်နေရတာမို့
      သူများစာတွေကို လိုက်မန့်ဖို့သိပ်အဆင်မပြေပါဘူး။
      တခြားဆိုဒ်တွေမှာဆို မမန့်နိုင်တာတော်တော်ကြာပါပြီ။
      ဂေဇက်မှာတော့ ကိုယ့်ပို့စ်တွေမှာ အချိန်ပေးပြီး Reply လုပ်သလို၊သူများပို့စ်တွေကိုလဲ တော်တော်လေးမန့်ဖြစ်အောင်ကြိုးစားပါတယ်။
      ဂေဇက်မှာ မန့်ရတဲ့အရသာက သူသူကိုယ်ကိုယ် ကြိုက်သလိုမန့်နေကြတာမို့ သိပ်ချုပ်တီးဖို့မလိုတာလဲပါတယ်။တခြားနေရာတွေမှာကျတော့ မန့်ရတာ သိပ်အဆင်မပြေဘူး ဝေဖန်မှုတစ်ခုခုကြောင့် အချင်းချင်းတွေပြဿနာတက်ကြ၊အက်ဒ်မင်တွေကသတိပေးစာတွေပို့ကြနဲ့ ဖြစ်တတ်ပါတယ်။
      အဲဒါကလဲ လူမှုဆက်ဆံရေးကိုအခြေခံတည်ဆောက်ထားတဲ့ ဆိုရှယ်ဆိုဒ်တွေဖြစ်နေတာလဲပါမယ်ထင်ပါတယ်။
      ဂေဇက်ကတော့ဖိုရမ်ဆိုဒ်ဆိုတော့ တကယ်ဆွေးနွေးမှလဲ ဖိုရမ်တစ်ခုပီသမှာကိုး။

      နောက်ပြီး ကွန့်မန့်တွေကြောင့် စိတ်အဖုအထစ်ဖြစ်တဲ့ဆိုတဲ့ကိစ္စက ကျျွန်မမှာမရှိတာကြာပါပြီ။
      ဟိုးအရင်ကတော့ရှိခဲ့ပါတယ်။
      စာရေးတာကြာလာတာနဲ့အမျှ မဖြစ်တော့ပါဘူး။ငါ့ပို့စ်မှာတော့ ဒီလိုမန့်တယ်၊သူ့ပို့စ်လဲပြန်မန့်လိုက်မယ်ဟဲ့ ဆိုတာမျိုးလည်း မရှိပါဘူး။
      ကိုယ့်ပို့စ်တွေအတွက် ကွန့်မန့်တွေမျှော်မိသလို၊သူများတွေမျှော်မိမှာပဲဆိုတဲ့စိတ်နဲ့ သူများပို့စ်တွေကို လိုက်မန့်ဖြစ်ပါတယ်ရှင်။
      (အမှန်ပြောရရင် ဂေဇက်က ကျွန်မသုံးသမျှဆိုဒ်တွေထဲ(ကျွန်မရဲ့ကွန်နက်ရှင်နဲ့ဆို) ဆာဗာအလေးဆုံးနဲ့ အယ်ရာအတက်ဆုံးနေရာပါ။အထူးသဖြင့် ကိုပေါက်တို့၊ဆြာအုပ်တို့၊အဘဖောတို့ရဲ့ဓာတ်ပုံပို့စ်တွေဆိုရင် အရမ်းကြာအောာင်စောင့်နေရပါတယ်။သို့ပေမယ့် ကြိုးစားအားထုတ်ကာ အားပေးနေပါကြောင်း)
      ကွန့်မန့်ပေးရတာ၊Replyလုပ်ရတာ အရမ်းကြာပါတယ်။

  • ဟုတ်တယ် ဗျ ဓါတ်ပုံက ဖွင့်ရတာကြာတယ်
    ဒါကြောင့်ကျနော်က ပုံချုံ့ပြီးတင်တာ။
    အခုဆို ပိုစ်တစ်ပုဒ်ကို 8ပုံလောက်ဘဲတင်တော့တယ်

    • ဟုတ်ကဲ့ ပုံတွေကို အရည်အသွေးမကျအောင်လုပ်ပြီး ချုံ့ပြီးတင်တာကောင်းပါတယ်။
      ကိုပေါက်လိုကင်မရာကောင်းကောင်းမပြောနဲ့ ကျွန်မကိုင်တဲ့ မိသားစုသုံးကင်မရာလေးတောင် ဓာတ်ပုံတစ်ပုံကို 6MB ကျော်တဲ့ဖိုင်ဆိုဒ်ရှိတယ်။
      ဖွဘွတ်မှာတော့ ဖိုတိုရှော့နဲ့ချည့်ပြင်ပြီးသားတွေပဲတင်တယ်။

Leave a Reply