ဝါးခယ်မ အ-ထ-က ၁ ဆရာကန်တော.ပွဲ ခရီးစဉ် (၂ ) -ဇော်မင်းလွင်မိတ်ဆက်
ကျမတို့ ၀ါးခယ်မ ဆရာကန်တော့ပွဲ ခရီးစဉ်အကြောင်းလေးကို ကောင်းမြတ်သူက ၀ါးခယ်မမြို့၊အ.ထ.က(၁) ဆရာကန်တော့ပွဲ (၁)…ဆိုပြီးတင်ပေးထားပါတယ်။
(၂)ကတော့ အလုပ်တာဝန်တွေကြားမှာ မအားမလပ်နိုင်လို့ မဆက်နိုင်သေးဘူးထင်ပါတယ်။
ဒီကြားထဲမှာ ကျမက ကိုရီးယားကားပြနေတုန်း ကြော်ငြာဝင်ထိုးသလို (ကြော်ငြာလေးကလည်း သီချင်းနဲ့အတူ လိုက်ကချင်လောက်အောင် ကောင်းတဲ့ ကြော်ငြာမျိုးပေါ့)
ကြော်ငြာလေးတစ်ခု ကြားဖြတ်တင်ချင်ပါတယ်။
ကျမတို့မြို့သား မောင်ငယ်လေး ဇော်မင်းလွင်ရဲ့ လက်စွမ်းကို ဂဇက်မိသားစုရှေ့မှာ အမြည်းပေးချင်လို့ပါ။
ဇော်မင်းလွင်က ဒီရွာမှာ member အဟောင်းပေမယ့် သူ့ Blog နဲ့ အခြားတာဝန်တွေကြား ဂဇက်ဖက် ခြေဦးမလှည်နိုင်တော့ Password ပျောက်နေတဲ့ ရွာသားပါ။
သူ့ရဲ့ လေ့လာမှုအား၊စာဖတ်အား၊စာအရေးအသားတွေက ကျမတို့လို လက်သင်တွေထက် အများကြီးသာပါတယ်။
အဲတော့ သူ့ကိုလည်း ရွာထဲပြန်ခေါ်ရင်း ရွာသူားတွေကိုလည်း ကိုယ့်မြို့သားလက်ရာ ကြွားရင်း ငွေရောင် မှန်သားပြင်မှာဆက်လက် အားပေးကြပါလို့။
ဝါးခယ်မ အ-ထ-က ၁ ဆရာကန်တော.ပွဲ ခရီးစဉ် (၂ )
ပန်းဧရာ စားသောက်ဆိုင်မှ စားသောက်ပြောဆိုပြီးကြ ၍ ကားပြန်ထွက်ကြတော. ၁နာရီ ထိုးလုလု
ကားက ရန်ကုန်-ပုသိမ် လမ်းမပေါ် မောင်းနေရသည်မို. သက်တောင်. သက်သာတော. ရှိနေသေးသည်..
သိပ်မကြာခင်မှာပင် ရန်ကုန်ကနေ ဆို ၅၁ မိုင် ဝေးတဲ့ပန်းတနော် မြို.လေးကို ဖြတ်ခဲ့ကြသည်…
ယခင်က ချောင်းကမ်းပါးကို အမှီပြု တည်ခဲ့သည်မို. ထိုချောင်းလေး၏ တစ်ဖက်ခြမ်း ကပ်လျှက်သာ တည်ရှိနေသော မြို.အဖြစ်မှ ရန်ကုန်-ပုသိမ် ကားလမ်း အထိ မြို.ကို ချဲ.ထွင်လာခဲ့သော
စည်ကားနေသည်. ပန်းတနော် မြို.လေးကို သိပ်ရောက်လေ. ရောက်ထ မရှိသော ဆရာ..ဆရာမအချို.က စိတ်ဝင်တစားငေးမောနေကြသည်..မေးမြန်းကြသည်…
ပန်းတနော် လမ်းဆုံအနီးမှ တည်ထောင်ပြီးသည်မှာ သိပ်မကြာသေးသော အောင်သပြေ ဘိုးဘွားရိပ်သာ…
ရန်ကုန်မြို. ရှိ အလယ်အလတ်တန်း မင်္ဂလာခန်းမ တို.နီးပါး တည်ဆောက်ထားသော မင်္ဂလာခန်းမ နှင်. စားသောက်ဆိုင်…
လမ်းမတစ်ဖက်ရှိ ခပ်မို.မို. မြင်နေရသော ၉၈ မိုင်ရှည် ၇န်ကုန်-ပုသိမ် ရထားလမ်း နှင်. ဆောက်လက်စ ပန်းတနော် ဘူတာ ..
အရောင်းအ၀ယ် ဆိုင်ရာ အဆောက်အဦးများနှင်. ဆောက်လက်စ ရုံးအချို. တို.ကတော. သူတို.အတွက် စိတ်ဝင်စားစရာ ပြောင်းလဲမှုများ…………
သိပ်မကြာခင်မှာပင် ကိုယ်.နာမည်နှင်.ကိုယ် ရပ်တည်ခွင်.ရသော လမ်းအစသို.ရောက်လာတော.သည်…
ရန်ကုန်-ပုသိမ် လမ်းမကြီးမှ ဘယ်ဘက်သို. ချိုးဆင်းလိုက်သော ရွှေလောင်းသို. ၂၁ မိုင် ဝေးပြီး ၀ါးခယ်မ အထိ ၃၅ မိုင် ၅ ဖာလုံ ရှိတဲ့ ၀ါးခယ်မလမ်းခွဲ သို.ရောက်ရှိပါပြီ….
လမ်းမကြီး၏ အရှိန် မကုန်သေး၍ ထင်. ..အတန်ငယ်တော. ပြေပြစ်နေသေးသည်..မောင်း၍ သိပ်မကြာခင်မှာပင် ညာဘက်သို. ခွဲ ထွက်သွားသော အိမ်မဲ လမ်းခွဲ ကိုကျော်ဖြတ်ခဲ့ပြီးသည်၏ နောက်တွင်တော.
တိုင်းဧရာအတွင်း နောက်ပေါက်လမ်းတို.၏ ဇာတိ မှန်ကိုတော. စမြင်ရပြီဖြစ်သည်…
မြေသားလမ်းတို.အပေါ် ဂ၀ံကျောက်များ စီခင်း ကြိတ်ပြီး မိုးတွင်းရောက်သောအခါ မြေထဲနစ်မြုပ် နွေပြန်ရောက်သောအခါ မြေညှိစက်ဖြင်.ထိုးကော် လမ်းသားညှိကျောက်ပြန်ခင်း.
.အချို.နေရာများတွင်တော. ကျောက်စရစ် ခင်း ကတ္တရာ အသာအုပ် စသည်ဖြင်. မည်သည်. လမ်းအမျိုးအစား ဟုတပ်ခြင်းငှာ မစွမ်းသာသော လမ်း၏ အရသာကို တွေ.ထိ သိမြင်ခွင်. ရခဲ့ကြပါပြီ…
ကားသည် မြေညှိ လက်စ လမ်းတို.ပေါ်ရောက်သောအခါ ဘယ်ညာသို. အတန်ငယ်လူး၏..၊
ချိုင်.ခွက်တို.နှင်.တွေ.သောအခါ အထက်..အောက် ခုန်တက်ခုန်ဆင်းပြု၏ (သို.သော် သိပ်တော.မပြင်းလှ)
…ခင်းလက်စ လမ်းတို.အပေါ် ဖြတ်သောအခါ အဆီချ ခါးပတ်တို.ကဲ့သို. လူကို တရံမလပ် လှုပ်ခတ်စေ၏…
.အဖုအထစ်လေးများပါသော ဖိနပ်ကို လူတို.က ကျန်းမာရေး ဖိနပ်ဟုခေါ်ကြလျှင် ယခုလမ်းကိုလည်း ကျန်းမာရေး လမ်းဟု အမည်တပ်ရမည်…
တကယ်လည်း ကျန်းမာရေး နှင်.ညီညွတ်ပါသည်…ဤ လမ်းသည် အစာကိုကြေစေ၏…အဆီကိုကျစေ၏…သွေးလည်ပတ်မှုကိုမြန်စေ၏..
Side Effect အချို.ကား ခေါင်းကိုနောက်စေ၏..ခန္ဒာကိုယ် အတန်ငယ် နာကျင်စေ၏..သက်ကြီးရွယ်အိုတို.ကို အနည်းငယ်မောပန်းစေ၏…
ရာသီဥတုက မွန်းလွဲ ၁နာရီခွဲဝန်းကျင်…အစာစားပြီးစမို. အစာအိမ်ရှိ ပါစက ၀မ်းမီးဓါတ် အရှိန်ဖြင်.အစာချက်လုပ်ရင်းကထွက်လာသည်. အပူ…
. လမ်း၏ လှုပ်ခတ်မှုအောက် ယိမ်းထိုး.နေရသည်.ခန္ဓာကိုယ်တို.ကြောင်. Air Con ဖွင်.ထားသော်လည်းအားလုံးပူအိုက်သလို၇ှိလာကြသည်…
မနက်ကအေးလွန်း၍ ပိတ်ထားသော Air-Con ပေါက် များကို ကုန်အောင်လိုက်ဖွင်. .ထပ်ဝတ်လာကြသောအကျီင်္ အချို.ကို အနားပေးလိုက်သည်.တိုင် ပူနေသေး သလိုပင်………….
နေ.လည်ပိုင်း..စားပြီးကာစ…ရာသီဥတုကလည်း ပူစပြု…လမ်းဘေးမြင်ကွင်းကလည်း မြင်နေကျ လယ်ကွင်းချည်းမို.ထင်.
ဆရာကြီး..ဆရာမကြီး အတော်များများ ထမင်းလုံး စီရင်း တရေးတမော အိပ်စက်နေကြသည်….
သို.သော် ဆန်.ကျင်ဘက် ကားနောက်ခြမ်းတွင်တော. အသံများကို Speed ပိုမြန်လာနေသလို Key ကလည်း ပိုမြင်.လာနေကြသည်…
အမတော်များချည်းသာ ပါသောကားမို. ပိုဆိုးနေသလားမသိ…သေချာသည်က သူတို.အားလုံး
(ကိုယ်.ကိုကိုယ် သတိမပြုမိလိုက်ပဲ အထက်တန်းကျောင်းသူလေးများ ဘ၀ပြန်ရောက်နေကြသည်…လုပြော..အော်ပြော..ငြင်းခုန်..စသည်ဖြင်.
နည်းပေါင်းစုံသုံးလျှက် ငယ်ဘ၀ နေ.ရက်များ လက်ရှိအချိန် စုံအောင်လူးလာခေါက်တုံ. ပြေးနေကြသည်…
.
ထိုအထဲတွင် မြို.က နာမည်ကျော် ပုဇွန်ချဉ် အကြောင်းလည်းပါသည်…
ရန်ကုန်တွင် ၀ါးခယ်မ ပုဇွန်ချဉ် စားချင်လွန်း၍ ကုန်တိုက်အချို.တွင် တင်ရောင်းနေသော ၀ါးခယ်မပုဇွန်ချဉ် နာမည်တပ် ပုဇွန်ချဉ် အချို. ၀ယ်စားကြည်.ရာ လုံးဝအရသာမမှီကြောင်း.
.နာမည်ဖျက်နေသည်နှင်.တူကြောင်း..ဓါတ်ပုံရိုက်၍ အင်တာနက် တင်သင်.ကြောင်း လည်းပါသည်…
(တကယ်ကတော. ၀ါးခယ်မ ပုဇွန်ချဉ်ဆိုလျှင် အချဉ်ကပြင်းအားဘယ်လောက်…အဆိမ်.က ရာနှုန်းမည်မျှ…ပုဇွန်အသားစစ်စစ်က ဘယ်လောက်ပါရမည် သတ်မှတ်ချက်ကမရှိ…အရသာဖြင်.သာတိုင်းကြရခြင်းဖြစ်သည်)…
.နောက်တစ်ခုက ၀ါးခယ်မ မြို.နှင်. တစ်နိုင်ငံလုံးတို.ကြား ခုထိဖြေရှင်းမရနိုင်သေးသောပြဿနာကြီး တစ်ခုအကြောင်း….
.ပုဇွန်ဦးနှောက်ကြော်…….ပုဇွန်တွင်ဦးနှောက်တကယ်ရှိ/မ၇ှိ..အဘယ်ကြောင်. မိုးတွင်းမှသာ ပုဇွန်ဦးနှောက်က ရ ရသနည်းဆိုသော အခြေခံ ပြဿနာများရှိသော်လည်း
ကိုယ်တိုင်စားဖူးကြသော ၀ါးခယ်မသားတို.နှင်. ပုဇွန်ဆိုတာခေါင်းထဲမှာဦးနှောက် မရှိ ထို.ကြောင်.စကားပုံတောင်ပေါ်လာရသည်ဟု တရားသေ ၀ါဒကို ကိုင်ဆွဲထားသော အခြားမြို.နယ်ပေါင်း ၃၂၉ မြို.နယ်သား
(မြန်မာနိုင်ငံတွင် မြို.နယ်ပေါင်း ၃၃၀ ရှိပါသည်)တို. ကြားက ပဋိပက္ခ ကိုပြောကြချိန် တွင်တော. ဇာတ်၇ှိန်အမြင်.ဆုံးပင်
….စကားတွေ စိတ်ပါလက်ပါပြောကြတော. ချွေးတွေရော..တံတွေးတွေရောထွက်လို့ ..
သို.သော် ငြင်းခုံမည်.သူမပါသော ဆွေးနွေးပွဲမို. အော်သူတို.တွေမသိရှာကြလေခြင်းဟူ၍သာ အနိုင်ပိုင်းခဲ့ကြသည်….
ထိုမှဆက်၍ ပုဇွန်တွင် ၀ါးခယ်မ ကပုဇွန်က ပိုချိုကြောင်း…၇န်ကုန်၇ှိ ကြည်လောင်လောင် ပုဇွန်များသည် အနံ.ရော..အရသာပါ မမှီပဲ နာမည်ခံ ပုဇွန်သက်သက် များသာဖြစ်ကြောင်း ဆီသို.ရောက်သွားသည်…
.ထိုမှတစ်ဖန် ဆက်၍ မြို.ဖွားတို.၏ အသည်းစွဲ ၀ါးခယ်မ မုန်.ဟင်းခါးဆီ ရောက်သွားကြပြန်သည်…
ရန်ကုန်ရှိ မုန်.ဟင်းခါးများ စား၍ အာသာမပြေဖြစ်ရပုံများ…အချို.၀ါးခယ်မ မုန်.ဟင်းခါး နာမည်ခံရောင်းနေသော ဆိုင်အချို.တွင် ၀င်ရောက်စားသောက်ရင်းက အရသာမတူသဖြင်. ခေါ်ပြောလိုက်လိုသော်လည်းစိတ်ကိုချိုးနှိမ် ပြန်ခဲ့ရပုံများ
…တစ်ခါတစ်ရံ စုပေါင်းချက်စားကြပုံများ ထိုအကြောင်းပြောရင်း ထိုကိစ္စရပ်များ ကျွမ်းကျင်သော အမ တစ်ယောက်က ပြန်ရောက်လျှင် သူစုပြီးချက်ကျွေးမည်ဖြစ်ကြောင်း
(နာမည်ထည်.ရေးမထားပါဘူး…ကိုယ်.အကြောင်းကိုယ်သိပါ..ခုထိလည်း ဘာမှချက်မကျွေးသေးပါဘူး)
..ပြောကြရင်း တစ်ညီတစ်ညွတ်တည်း ပယ်ချလိုက်ကြသော အဆို တစ်ရပ်ဆီ ရောက်သွားကြသည်…
ထိုအဆိုကား ရန်ကုန်ဖွားတို. ၀ါးခယ်မမုန်.ဟင်းခါးကိုပြောလေ.ရှိသည်. တောချက် ဆိုသောစကားပင်…
.စိတ်ဝင်စားစရာကတော. သူတို. တောချက်ဟုခေါ်သော ထို ၀ါးခယ်မမုန်.ဟင်းခါးကို ရန်ကုန်၏ နာမည်ကျော် ထမင်းဆိုင်တစ်ခုဖြစ်သော
ခိုင်ခိုင်ကျော် ထမင်းဆိုင်၏ မာလာဆိုင်ခွဲ (မာလာမှတ်တိုင်-ပြည်လမ်း ) တွင် နံနက်စောစော စာ ကြော်ငြာ၌ အခြားနာမည်ကြီး အစားအစာများနှင်.အတူ
“အချိုမှုန်.လုံးဝမသုံးသော ၀ါးခယ်မမုန်.ဟင်းခါး “
ဟုဂျာနယ်စာမျက်နှာများတွင် တခုတ်တရ ထည်.ကြော်ငြာရလေသောအခါ………
ထိုနေ.က စကားပွဲတွင်တော. ချန်ပီယံသရဖူကို အမတော် နှစ်ယောက်အပြိုင်အဆိုင် လုရင်း နောက်ဆုံး ဘယ်သူရသွားသည်ကိုတော. မမှတ်မိတော.
…အစားအစာပြီးတော. ငယ်သူငယ်ချင်းများ…ငယ်ဆရာများ.(.မူလတန်းကျောင်းသားဘ၀ နေ.ရက်များဆီက ဈေးကျောင်း ၏ ဆရာတစ်ဥိးအကြောင်း.လည်းပါသေးသည်..ရေးလိုက်ရမလားဗျို..)
.ဘယ်ရောက်နေမှန်းမသိသော သူငယ်ချင်းများ ဆီရောက်ကြပြန်သည်…ပြီးတော.တစ်ဖန် တစ်ယောက်နှင်. တစ်ယောက်အမျိုးစပ်ကြပြန်သည်….
သိထားသော ဆရာ..ဆရာမများ၏ သတင်းမှားများကို ဖလှယ်ကြပြန်သည်…သိသူက၀င်ပြော..မသိသူက၇မ်းပြောနှင်. အအားမရကြ…
.စကားပြောကြရင်း ဆရာကြီး..ဆရာမကြီးများအတွက် အပျင်းပြေ မုန်. ..သကြားလုံး စသည်တို.ဝေပေးဖြစ်ကြ….ကိုယ်.ဘာသာလည်းစားကြနှင်. ဟိုးးးးးးးးးးးးးးးးးးးးးးး ရှေ.မှာ ရွှေလောင်းတံတား
အပြည့်အစုံ ဓာတ်ပုံတွေနဲ့ပါ ကြည့်ချင်ရင်တော့ လမ်းညွှန်ထားပါတယ်။
http://wakhama.blogspot.com/2013/01/blog-post_6844.html
ပို့စ် မတင်တာကြာတော့ ဒီအဖွားကြီး မျက်စိလည်ကုန်ပြီ၊
ဓာတ်ပုံလေးတွေနဲ့တကွ ပြချင်တာ စိတ်သွားတိုင်းကွန်မပါတာလား၊ကိုယ်ပဲ မှားပြီး ခလုပ်တွေနှိပိမိနေသလားမသိ ပုံတွေ မပေါ်နိုင်ဖြစ်နေလို့ စိတ်မရှည်တော့ဘူး။
ကိုဘလက်ရဲ့ ဆရာဦးအောင်သင်းမှတ်ချက်လေးတွေဖတ်ပြီး အားတွေတက်လာလို့ ပို့စ်အသစ်ကို လူမိတ်ဆက် စာမိတ်ဆက်နဲ့ ပြန်ဝင်ပါတယ်။
အမှန်တော့ တီချာကြီးက ခိုင်ဇာလေးကို မိတ်ဆက်ခေါ်လာပြီး ပစ်ထား(မှားလို့ ရွာကိုအပ်ထား)တာလေး အားကျပြီး
ကိုယ့်ကိုကိုယ် ရွာလူကြီးသူမယောင်ဆောင်ရင်း မိတ်ဆက်ပေးဖို့ လူရှာတော့ ကိုယ့်တူမတွေကလည်း မိတ်အဆက်မခံ၊
(အန်တီလေး ၀ိုင်းခေါ်ကြတဲ့ ရွာသားတွေကို ကြောက်တာရော၊ကိုယ်စွမ်းကိုယ်စနဲ့ ကြော်အောင်ငြာမယ် ဆိုတာရောနဲ့ တူမတွေကို မိတ်ဆက်ပေးခွင့်မရတဲ့ ပဒုမ္မာ တစ်ယောက် သူ့ဖာသာ နဂိုကတည်းက အရေးကောင်းပြီးသား သူ့နယ်နဲ့သူ နာမည်ရှိပြီးသား ကိုဇော်မင်းလွင်ကို အတင်း မိတ်ဆက်ပေးခွင့်တောင်းလိုက်တာပါ)
…
ရွာသူရွာသားတွေလည်း သူနဲ့အတူ ကားစီးပြီး ၀ါးခယ်မသွားရင်း ခါးနာရင် နားညည်းရင် သူ့ဆီက ၀ါးခယ်မ ပုဇွန်ချဉ်တို့ ၀ါးခယ်မ မုန့်ဟင်းခါး နဲ့ ပုဇွန်ဦးနှောက်ကြော် တို့သာ တောင်းပေတော့။
Was this answer helpful?
LikeDislikeပို့(စ) ကိုဖတ်ပြီး အရေးအသားကို ရီချင်လိုက်၊ ပုစွန်ကြော်ကို မြင်ယောင်ပြီးစားချင်လိုက်၊ ဒီ ဝါးခယ်မ မုန့်ဟင်းခါး မစားဖူးလို့ စားရဦးမယ်လို့တွေးလိုက်နဲ့ ဖတ်လာတာ။
ပို့(စ) အောက်က “မ” ရဲ့ ကော်မန့်မြင်မှပဲ ဟက်ဟက်ပက်ပက် ရီ ရတော့တယ်။
ကျနော် ဒီ တစ်ခေါက်ပြန်တော့ အဲလို ကြီးဖြစ်နေပြီလို့ တီချယ် ကို ပြောခဲ့သေးတယ်ဗျ။
မအားတာရော၊ ကွန်ပြူတာ ဘာဖြစ်လို့ဆိုလား ရွာထဲ ဝင်လို့မရဘူး ဆိုပဲ။
ခုတော့ တီချယ်ကြီး တရားစခန်း ဝင်နေတယ်။ ပြန်လာမှ ဒီ ပို့(စ) ကို ပြဦးမယ်။ :harr:
ကိုဇော်မင်းလွင် စာတွေ ကို ကြိုဆို/အားပေး/ဖတ်ရှု ပါမယ်လို့။
Was this answer helpful?
LikeDislikeဒေါ်ဒေါ်ရေ ညွှန်းရုံနဲ့တင် သားရေ တမြားမြား ဖြစ်လာတာမို့ နည်းနည်းလေးတော့ အမြည်းကျွေးသင့်တယ် ထင်တာပဲ ။ နောက်တခါ ရန်ကုန်လာရင် တလကြိုပြောမယ်နော်။ ၀ါးခယ်မလိုက်ပြီး မုန့်ဟင်းခါးရော ပုဇွန်ကြော်ကို ဦးနှောက်ပါပါ မပါပါ လိုက်စားကြည့်ပါရစေ ။
တီချယ်က ဒီတလလုံး အားအုန်းမှာ မဟုတ်ဘူး ဒေါ်ဒေါ်ရေ ။ တရားစခန်း နှစ်ပွဲဆက်ယူထားတယ်။ ကုသိုလ်လုပ်သလို ကိုယ်တိုင်လည်း အချိန်ပိုင်း သွားထိုင်နေလေရဲ့ ။ အနော့်ကို ခေါ်တာ မသိချင်ယောင်ဆောင်ပြီးနေနေတာ။
နောက်လမှ အဆူခံတော့မယ် ဟီး
ကိုဇော်မင်းလွင်ဆိုတဲ့ နာမည်နဲ့ သူငယ်ချင်းတယောက်ရှိတယ် ငယ်ငယ်တုန်းက သိတာ ။ ခုတော့ အိမ်ထောင်ရက်သားကျလို့ ဘယ်ရောက်နေမှန်း မသိတော့ပါဘူး။
ဆိုတော့ လက်ရာလေးတွေ မြည်းစမ်းဖို့ စောင့်နေပါတယ်။ ကျမကတော့ ဒီနာမည်နဲ့ စာရေးသူရဲ့ စာတွေကို တခါမှ မဖတ်ဖူးသေးတာမို့ပါ။ ဒုတိယအကြိမ်ပြန်ဝင်လာတာကို ကြိုဆိုပါတယ်နော်။
Was this answer helpful?
LikeDislike” နာမည်ခံ ပုဇွန်သက်သက် များသာဖြစ်ကြောင်း”
ဒီအမတွေပြောနေတာကို ရန်ကုန်ပုစွန်တွေကြားလိုက် လို့ မျက်နှာညှိုးညှိုးဖြစ်သွားမယ့် ပုဇွန်ပုံလေးတွေကို စိတ်ထဲမြင်မိရင်း ရယ်ရလိုက်တာ။
Was this answer helpful?
LikeDislikeစည်ကားနေသည်. ပန်းတနော် မြို.လေးကို
တစ်ပုဒ်လုံးဖတ်ရသမျှ အဲဒီနေရာအကြိုက်ဆုံးပဲ။ :harr:
ရေးတတ်တဲ့လူ ရေးပြသွားတော့လည်း သူ့မြို့ကို ကြေငြာပြီးသားဖြစ်နေတော့တာကိုးးးးးးးးးးးး
ဒါပေမယ့် ပြောမယုံ ကြုံဖူးမှသိ ဆိုတဲ့စကားပုံရှိတယ်မဟုတ်လားးးး
Was this answer helpful?
LikeDislikeဝါးခယ်မ
ကျားရှယ်တ
သွားမယ်ဗျ
ပျားစွယ်လ
နားဝယ်သ
ငါးဖယ်မ
အားလည်ရွ
ဆားနယ်ပွ..။
Was this answer helpful?
LikeDislikeပုဇွန်ဦးနှောက် ဆိုတာကိုတော့ တော်တော်စိတ်ဝင်စားမိတယ်
ပုဇွန်မှာလဲ သတ္တ၀ါမို့ ဦးနှောက်ပါမှာ သေချာပေမယ့် တစ်ခါမှတော့ မတွေ့ဖူးဘူး
ရှင်းပြပါလား မပဒုမ္မာရေ..
Was this answer helpful?
LikeDislikeအဲဒါပေါ့ တစ်နိုင်ငံလုံးမသိတာ ၀ါးခယ်မသားတွေ သိတယ်လို့။ဟဲဟဲ…..
ပုဇွန်ဦးနှောက်ဆိုတာ ပုဇွန်ဥအုတဲ့ရာသီမှာ ပုဇွန်ခေါင်း အဆီရှိတဲ့နေရာမှာ စိမ်းစိမ်းလေးခဲ နေတာရှိတယ်။
ပုဇွန်ဆီလုပ်တဲ့ အဆီခဲ မဟုတ်ဘူးနော်။(ပုဇွန်ဥ အုဖို့ ဟော်မုန်းအပြောင်းအလဲကြောင့် ပေါ်လာတာ ဖြစ်မယ်လို့ ရွှီးလိုက်ပါတယ်)
အဲဒါကို မကြေသွားအောင်အသာလေးယူ များများရအောင်စုပြီး သူ့ချည်းပဲသော်လည်းကောင်း၊ဘဲဥလေးခေါက်ထည့်၍သော်လည်းကောင်း၊(အိမ်မှာ စားဖို့)၊ပဲမှုန့်ထည့်၍သော်လည်းကောင်း(ရောင်းတန်း)ဆီထဲထည့်၍ကြော်…ဆွေမျိုးမေ့ပုဇွန်ဦးနှောက်ကြော်ပါ။
တစ်နှစ်လုံးမှာ တစ်ရာသီ(မိုးတွင်း)ပဲ ရပါတယ်။ပုဇွန်ကလည်း လတ်ဆတ်ပါမှရပါတယ်။ပုဇွန်မျိုးကလည်း အပေါ်မှာပြောသလို ကြ့ည်လောင်လောင်မဟုတ်တဲံ့ ရေချိုပုဇွန်(၀ါးခယ်မသားတွေပြောသလို ၀ါးခယ်မပုဇွန်)မှာမှ ရပါတယ်။
ဝါးခယ်မနဲ့ ပုဇွန်အကြောင်းတော့ ရေးပြီးကြွားအုံးမှပါပဲ။(ပန်းတနော်သူကို နိုင်ဖို့ ဒီတစ်နည်းပဲရှိတယ်၊ဗလချင်းတော့မပြိုင်နိုင်)
……….
ဝါးခယ်မ အစားအစာတွေထဲ ပုဇွန်လှော်နဲ့ စားရတဲ့ ဒေါ်ကျင်သိန်းရဲ့ အုန်းကောက်ညှင်း ဆိုတာရှိသေး။
ဒီတစ်ခေါက် ဆရာကန်တော့ပွဲအသွားမှာ ဧည့်ခံတဲ့ အုန်းကောက်ညှင်းစားကောင်းကောင်းနဲ့စားပြီး အူမှာ သေနတ်ကျည်ဆန်မှန်လို့ အကြိမ်ကြိမ် ဗိုက်ခွဲထားရတဲ့ အသင်းဥက္ကဋ္ဌကြီးတောင် ဆေးရုံပြေးတက်လိုက်ရရော။
Was this answer helpful?
LikeDislike