တစ်ခုခုတော့မှားနေပြီ…………

mamanoyarJanuary 11, 20131min20216

ဖေဖေတို့ငယ်ငယ်က ရွာဘုန်းကြီးကျောင်းမှာ စာသင်ရတာပေါ့ သူငယ်ချင်းတွေအများကြီးနဲ့တဲ့

အဲဒီထဲမှ မြတ်ဦးဆိုတဲ့လူကတော့ ရွှတ်နောက်တတ်သလို ခပ်တည်တည်တစ်မျိုးလဲနေတတ်၊ ပရိယာယ်လဲ ကြွယ်ဝသူတစ်ဦးပေါ့။

ရွာဦးဘုန်းတော်ကြီးက၊ ဒေါသလဲနည်းနည်းကြီး၊ စာသင်လဲကောင်း၊ စည်းကမ်းလဲရှိဆိုတော့ ကျောင်းသားတွေ ချစ်ကြောက်ရိုသေရတာပေါ့။

အဲဒီထဲမှ မြတ်ဦးဆိုတဲ့ လူတစ်ယောက်က ဘုန်းတော်ကြီးရှေ့မှာဆိုရင် ဘယ်တော့မှ ကြက်ဥမစားဘူးတဲ့။

ကြက်ဥမကြိုက်ဘူး၊ ကြက်ဥကြော်မစားဘူးလို့ ပဲ လူအများနဲ့ဘုန်းတော်ကြီးက သိထားကြတာပေါ့။

အဲဒီလို ကြက်ဥ မကြိုက်ပါဘူး။

ကြက်ဥကြော်မစားပါဘူးဆိုတဲ့ မြတ်ဦးဟာ ကျောင်းမှာ ရှိတဲ့ ကြက်တွေက ပေါက်တဲ့ကြက်ဥတွေကို အမြဲလိုလို ယူကြော်စားနေခဲ့သတဲ့။

တစ်နေ့ ဘုန်းတော်ကြီးဟာ ကြက်ဥတွေ အမမြဲပဲ ပျောက်ပြီး ကြက်ဥတွေမရှိမှန်းလဲသိရော

အရမ်းစိတ်တိုပြီး ကြိမ်တုတ်ကိုင်ကာ ဒီလိုခေါ်လိုက်သတဲ့။

” မြတ်ဦးနေခဲ့ ကျန်တဲ့သူအကုန်လာခဲ့”

ဖေဖေပြောပြဖူးတာလေးပါ ။ ဖေဖေပြောပြတုန်းကတော့ အူတက်လောက်အောင်ရယ်ခဲ့ရတယ်။နာမည်တူရှိရင် ခွင့်လွှတ်ပါနော်။

16 comments

  • ဘဲဥ

    January 11, 2013 at 12:03 pm

    တော်တေးဒယ် ဘဲဥ မဟုတ်လို့ :harr:

  • ဂန္ဓာရီ ဆြာအုပ်

    January 11, 2013 at 12:13 pm

    ကောင်းလိုက်တဲ့ဗျူဟာ မှတ်သားစရာပဲ

    • မောင့်ကျက်သရေ ဂီ့

      January 11, 2013 at 12:20 pm

      အင်း … ဆိုက်အက်ဖက်လည်း ရှိသဗျ…
      ဂလိုလေ..
      ဆြာအုပ်ဟာ လူကြီးသူမ ရှေ့ ဆို အရက်မသောက်ဝူး တဲ့..
      လူကြီးသူမတွေက ဆြာအုပ် မသောက်တတ်ဘူးပဲ ထင်ထားတာပေါ့…
      ဂလို နဲ့ တနေ့ ..ဒီမိုသဂျီး ရွှေပြီကြီးကို လေယာဉ်စီးရောက်လာပီး သကာလ…
      ဒို့ရွာသားတွေကို ဒက်ဘယ်ဘလက် တိုက်ပီး ပြုစုလိုက်မဟဲ့ဆိုပီး
      စီစဉ်တော်မူလေတော့ ….ပြောချလိုက်တာက

      ဆြာအုပ် နေခဲ့ ရွာ့ကာလသားတွေ အကုန်လာခဲ့ …. ဒဲ့….

      ဟီဟိ..

      :harr:

      • ဂန္ဓာရီ ဆြာအုပ်

        January 11, 2013 at 2:58 pm

        ဟဲဟဲ ကိတ်စမရှိဘူးဗျ.. အနော်က အာရက် ဆိုမကြိုက် .. ဘီဘီပဲကြိုက်

  • Mon Kit

    January 11, 2013 at 1:12 pm

    ဟိ. ဟိ.. ဘုန်းဘုန်းဒေါသ ဘယ်လောက်ပျင်းလဲဆိုတာ ပေါ်လွင်သွားတာပေါ့……

    ” မြတ်ဦးနေခဲ့ ကျန်တဲ့သူအကုန်လာခဲ့” :harr:

    • mamanoyar

      January 11, 2013 at 1:18 pm

      ဒီကိစ္စမှာ ဒေါသထွက်တာတော့ဟုတ်တာပေါ့
      ဒါပေမယ့် အပြင်းစားကြီးထွက်ရမယ့်ဟာ မဟုတ်တော့
      နည်းနည်းနုတာပေါ့နော်
      မြတ်ဦးနေခဲ့ဆိုတာကလည ်း အပြစ်မရှိတဲ့သူပါ မပါစေလိုတဲ့
      စိတ်နဲ့မို့ထင်ပါတယ်နော်

  • Mon Kit

    January 11, 2013 at 1:14 pm

    ဟယ်.. သတ်ပုံမှားတွားတယ်…
    ပျင်း အစား ပြင်း လို့ ပြင်ဆင်လိုုက်ပါဒယ်နော်…. :kwi:

  • ဪ မြတ်ဦး မြတ်ဦး…ဂွကောင်းထိုင်ထားမိပြီဆိုတော့ ကျန်တာတွေလာသမျှ ဟိုးးးးနိုးးးနိုးးးး ပေါ့နော်။

  • Mr. MarGa

    January 11, 2013 at 3:16 pm

    ဉာဏ်ကြီးရှင်ပါလားကွယ်
    ခရု မှာလဲ အဆံနဲ့ လူမှာလဲ အကြံနဲ့ ဆိုတာလေး သတိရမိရဲ့

  • အလင်းဆက်

    January 11, 2013 at 6:46 pm

    အော်…
    မြတ်ဦးဆိုတာ…
    ကျွန်တော် ပါပဲဂျာ…
    ———————

    နေခဲ့ခိုင်းတာက…
    နောက်မှ… ကောင်းကောင်း..ဆုံးမ မလို့နေမှောပါ့နော် ။
    ဆရာတော်ပဲ..
    သိမယ် ထင်တယ်..
    အဟိ ။

    • ကို ကိုလေး

      January 12, 2013 at 9:10 am

      ဒါဆို ကိုအလင်းဆက် ရဲ့ ငယ်ဘဝလားဟင်။
      ကိုမြတ်ဦး ဆိုတော့…..

    • mamanoyar

      January 12, 2013 at 1:10 pm

      မြတ်ဦးက ကိုအလင်းဆက်ဆိုရင်
      ဆရာတော်က ချန်ခဲ့ခိုင်းပြီး ဘယ်လိုဆုံးမလဲနော်

  • မောင်ပေ

    January 11, 2013 at 8:04 pm

    ကျုပ်လဲကြက်ဥမကြိုက်ဘူးရယ်
    ဗိုက်မဆာတဲ့အချိန်ပေါ့
    အဲဒါ…အဲဒါ

  • mamanoyar

    January 13, 2013 at 12:37 pm

    ကြက်ဥမကြိုက်လူမိုက်တဲ့
    အဲလေ ဟုတ်ပါဘူး ငကြော်မကြိုက်လူမိုက်ပါ
    ဦးပေ ဗိုက်ဆာတဲ့အချိန်ပဲ ကြက်ဥကြိုက်တာပေါ့။
    ပြောတတ်တယ်နော်

  • P chogyi

    January 14, 2013 at 9:31 am

    မြတ်ဦးဆိုတာ ဦးမြတ်ကိုပြောတာနေမှာပါ

  • ဦးကြောင်ကြီး

    January 14, 2013 at 10:17 am

    မြတ်ဦး
    ဝှက်ကြူး
    ရှက်ဖူး
    ကပ်ခူး
    တက်တူး
    ဖက်လူး
    နတ်မြူး
    ဓာတ်ဘူး..။

Leave a Reply