“ဘိုသော့ကို ခပ်သော့သော့လေးလွမ်းလိုက်တဲ့ စိန်အလွမ်း “

“ဘိုသော့ကို ခပ်သော့သော့လေးလွမ်းလိုက်တဲ့ စိန်အလွမ်း “

 

1လိမ္မော်ရောင်ညနေခင်းလေး
1လိမ္မော်ရောင်ညနေခင်းလေး

(၁၁-၁-၁၃)နေ့က ဥပုဒ်နေ့ဖြစ်တော့ ကျနော်အလုပ်ပိတ်ပါတယ်။

မနက်ပိုင်းမှာအောင်ပင်လယ်ဘက်ရောက်သွားပါတယ်။

မြူတွေမူန်နေတာရယ် စပါးပင်တွေရိတ်သိမ်းပြီးကာစဆိုတော့ ရိုးပြတ်တွေဘဲကျန်နေတော့

မြင်ကွင်းကမလှ။

ဒါနဲ့ဘဲ ဆိုင်ကယ်ပါတ်စီးပြန်လာခဲ့ပါတယ်။

ပုံလဲ သိပ်မရိုက်ဖြစ်ပါဘူူး။

နေ့လည်ပိုင်းရောက်တော့ ရွာထဲက ဆေးဆရာကြီးနဲ့လက်ဖက်ရည်သောက်ဘို့ချိန်းလိုက်ပါတယ်။

သူနဲ့ချိန်းတာစောသေးတယ်ဆိုပြီး အင်တာနက်ဆိုင်ဝင်ပြီး ဖေစ်ဘုတ်မှာပုံတွေတင်ပါတယ်။

အတော်ကြီးကြာမှ ချိန်းထားတာကို သတိရပြီး လှမ်းဖုန်းဆက်ကြည်တော့ရောက်နေတာကြာပြီ

ဆိုတာနဲ့ကမန်းကတန်းထပြေးရပါတယ်.။

လေးနာရီထိုးတော့ ဆရာကြီးနဲ့လမ်းခွဲလို့ပြန်လာတဲ့အချိန် ဆောင်းနေအကျလေးက လှနေပါတယ်။

ဒါနဲ့ဘဲ အိမ်မပြန်သေးဘဲရှမ်းလေးကျွန်းဘက်ထွက် ကန်ပါတ်လမ်းကိုသွားပြီး မင်းဝံတောင်ကြီးကို

အလျားလိုက်မြင်နေရတဲ့ နေရာကနေထိုင်ပြီး နေအဝင်ကိုစောင့်နေမိပါတယ်.။

2 အပြာရောင်လွှမ်းတဲ့ ညနေခင်းလေးမှာ အဝါရောက်စွက်တော့ ပိုလှသလိုလို
2 အပြာရောင်လွှမ်းတဲ့ ညနေခင်းလေးမှာ အဝါရောက်စွက်တော့ ပိုလှသလိုလို

အဲလိုတစ်ယောက်ထဲမြက်ခင်းပေါ်ထိုင်နေရင်း ရွာကို စွန့်ခွာသွားတာကြာတဲ့ ရွာ့ ဓါတ်ပုံဆရာကြီး

Diamond Key (ခ)ကိုစိန်သော့ (ခ) ဘိုသော့ ကို သတိရမိပါတယ်။

3 လိမ္မော်ရောင်ကောင်းကင်အောက်က မင်းဝံ
3 လိမ္မော်ရောင်ကောင်းကင်အောက်က မင်းဝံ

 

ဘိုသော့နဲ့ကျနော်မန်းလေးတစ်မြို့ထဲမှာနေပေမယ့် မသိကြပါဘူး.။

အမှတ်ရစရာအကြောင်းတစ်ခုကတော့

တစ်ခါသားမှာ ကျနော်ကလဲကျောက်ဆည်မြို့အနောက်မြောက်ဘက်ခြောက်မိုင်အကွာမှာရှိတဲ့ 

သုံးထပ်ဘုရားခေါ်တဲ့ရှင်ပင်ဆပ်သွားနဲ့တမုတ်ရွှေအင်ပင်ဘုရားအကြောင်းတင်ဘို့ဓါတ်ပုံရို်က်ပြီး စာစီပြးိတဲ့အချိန်

ဘိုသော့က အရင်တင်လာပါတယ်။

အဲတာနဲ့ ကျနော်က နောက်သိပ်မကြာခင်မှာ ကိုစိန်သော့နောက်ကလိုက်ခြင်းဆိုပြီး တင်လိုက်ပါတယ်။

ဒါပေမယ့်သူနဲ့ကျနော်မဆုံဖြစ်သေးပါဘူး။

4 ပြောင်းခင်းထဲကနေ ဝင်လုဆဲနေကို ခိုးအကြည့်
4 ပြောင်းခင်းထဲကနေ ဝင်လုဆဲနေကို ခိုးအကြည့်

 

ကျနော်အောင်ပန်းရောက်နေချိန်မှာ ကိုချောက တစ်ဆင့် ဖုန်းနံပါတ်ရလို့ဆက်သွယ်မိကြတာပါ။

သူနဲ့တကယ်တေ့တေ့ဆိုင်ဆိုင် ဓါတ်ပုံရိုက်ဖြစ်တာကတော့ Mလုလင် မန်းလေးကိုရောက်လာချိန်ပါဘဲ.။

သူရယ်ကျနော်ရယ် ရွှေမင်းသားရယ် လုလင်ရယ် တောင်သမန်အင်းမှာ တစ်မနက်အတူရိုက်ဖြစ်ပါတယ်။

အဲဒီမှာကွန်ပစ်တာတွေရခဲ့ပါတယ်။

5 ပုန်း show ကွယ် show
5 ပုန်း show ကွယ် show

နောက်ရက်မှာတော့ မင်းကွန်းကို လုလင်ရယ်ကျနော်ရယ် ဘိုသော့ရယ်အတုူသွားလို့ဆော်ခဲ့နှက်ခဲ့ပါတယ်.။

အဲလိုလေးယောက်ဆုံရိုက်ဖြစ်တာလေးကိုလဲ ပိုစ်တစ်ခုအဖြစ်တင်ခဲ့ဘူးပါတယ်.။

အဲဒီမှာသူနဲ့ကျနော်ပိုရင်းနှီးသွားသလို ပျော်ပျော်နေတတ် ဘွင်းဘွင်းပြောတတ် ပညာမရှိုတတ်တဲ့လူဆိုတာ

သိလာရပါတယ်။

6 အလွမ်းတွေပိုရင့်လာအောင်လုပ်လိုက်တဲ့နေဝင်ချိန်
6 အလွမ်းတွေပိုရင့်လာအောင်လုပ်လိုက်တဲ့နေဝင်ချိန်

နောက်တော့ ဖရဲမ ရယ်သူရယ် ကျနော်ရယ် မန်းလေးမြို့အရှေ့ဘက် မှာရှိတဲ့ ဒီးဒုတ်ရေတံခွန်ကို အတူ

သွားဖြစ်ခဲ့ပါတယ်။

သူနဲ့အတူ ဓါတ်ပုံအတူသွားရိုက်ချင်ပေမယ့် ပိတ်ရက်ကမတူ.။

သူက တနင်္ဂနွေနားသူ ကျနော်က ဥပုဒ်နေ့မှအလုပ်ပိတ်တဲ့သူ။

ဆုံဘို့က မလွယ်ကူ။

7မင်းဝံတောင်နောက်ကို ပုန်းတော့မယ့် နေမင်း
7မင်းဝံတောင်နောက်ကို ပုန်းတော့မယ့် နေမင်း

တနင်္ဂနွေနဲ့ဥပုဒ်ဆုံတဲ့တစ်ရက်မှာတော့ တောင်သမန်အင်းကိုညနေစောင်းလေးမှာသွားဖြစ်ခဲ့သလို

အခုကျနော်ရောက်နေတဲ့ကန်ပါတ်လမ်းတစ်လျောက် တစ်ခါ အတူရိုက်ဘူးပါတယ်။

ရီစရာပြောရရင် အဲဒီတစ်ခေါက်တုံးက ကျနော်ဓါတ်ပုံရိုက်တာကို သစ်ဖောင်မျောတဲ့လူတွေက

သစ်တောကလူတွေလာတယ်မှတ်လို့ လန့်နေတာကိုပါဘဲ။

8 ပြောင်းပင်ကလေးက နေမင်းကို မသွားပါနဲ့လို့ တားနေသလိုလို
8 ပြောင်းပင်ကလေးက နေမင်းကို မသွားပါနဲ့လို့ တားနေသလိုလို

နောက်အမှတ်တရတစ်ခုကတော့ ညနေခင်းတိမ်လှတဲ့ညနေမှာ သူနဲ့ကျနော် ချိန်းတာ နေရာလွဲပြီး

တစ်ယောက်တစ်နေရာစီ စောင့်နေခဲ့ကြတာပါဘဲ။

မှောင်ကြီး မဲမဲမှာလဲ စစ်ကိုင်းတောင်ညမြင်ကွင်းရိုက်ဘို့ ခြင်အကိုက်ခံပြီးလယ်ကွင်းထဲလဲ သွားခဲ့ကြဘူးပါတယ်။

ရှမ်းလေးကျွန်းရေတွေကြီးနေတာကို နှစ်ယောက်အတူသွားပြီးရိုက်တော့လဲ

ပုံကောင်းလေးတွေရခဲ့ပြန်ပါတယ်.။

ဒါပေမယ့် ပိတ်ရက်မတူတော့ ဆုံဘို့ခက်ပါတယ်။

အဲတော့ နှစ်ယောက်လုံးအတွက်သေချာတဲ့အချိန်ကိုရွေးလို်က်ပါတယ်။

မနက်စောစော ထပြီးဓါတ်ပုံရိုက်ဘို့ပါဘဲ။

သူနဲ့ကျနော်ကြားမှာ အပြန်အလှန်ရှိတာလေးကတော့ ညနေခင်းလေးများ တိမ်လေးတွေလှနေရင်

ဖုန်းဆက်ပြီး ဦးတဲ့သူကပြောကြတာပါဘဲ။

9နေလုံးအကြီးကြီးကို ဒီတစ်ခါဘဲ လှတပတ ရဘူးတယ်
9နေလုံးအကြီးကြီးကို ဒီတစ်ခါဘဲ လှတပတ ရဘူးတယ်

 

နော်ကတော့ နှစ်ယောက်အတူဓါတ်ပုံတွဲရိုက်ဘို့အတွက် အချိန်လေးကို တွေ့သွားပါတယ်။

ဥပုဒ်နေ့မှာ မနက်ငါးနာရီ ထိုးမှာ  အတူချိန်းပြိး ဓါတ်ပုံရိုက်ထွက်ကြတာပါ။

တောင်သမန်အင်းကိုတစ်ခါ၊

လုလင်နဲ့ မနက်ငါးနာရီရောက်အောင်သွားဘူးတဲ့ မန်းလေးတောင် ဓါတ်တော်တိုက်(အဝေးကနေလှမ်းမြင်နေရတဲ့ လေးဒေါင့် အဆောက်အဦးကြီး)ကိုတစ်ခါ၊

စစ်ကိုင်းဘက်ကမ်းက စစ်ကိုင်းတံတားအောက်က တံငါတဲ့ကိုတစ်ခါ သွားခဲ့ကြပါတယ်။

အဲလို အတူတွဲရိုက်လို့မှ သိပ်မကြာသေးဘူး ဘိုသော့က အလုပ်ကိစ္စနဲ့ခရီးတွေထွက်နေရပါတော့တယ်။

အဲတော့ ကျနော် နဲ့သူ အတူမသွားဖြစ်တော့ပါဘူး။

ရွာဓါတ်ပုံဆရာတွေထဲမှာကျနော်နဲ့အပြင်မှာသိသူ အတူတွဲသူ စိတ်ခြင်းလဲညီသူ သုံးယောက်ရှိပါတယ်။

သူတို့သုံးယောက်လုံးက တန်းမှီတဲ့ ကင်မရာကိုင်သူ သီအိုရီရောလက်တွေ့ပါကျွမ်းကျင်သူ

နောက်ပြီး ဓါတ်ပုံဆုတွေရဘူးသူတွေဖြစ်ကြပါတယ်။

သူတို့ကတော့ ကိုစိန်သော့ ရွှေမင်းသား နဲ့ Mလုလင် တို့ပါဘဲ.။

ကိုစိန်သော့ကတော့ ဝါအကြီးဆုံးလို့ပြောနိုင်ပါတယ်။

စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာမှာ ဆေးရိုးသည်လို

ကန့်လန့်ကန့်လန့်နဲ့ပါတတ်သူကတော့ ကျနော်ပါဘဲ။

(ကျနော်ကတော့ နာမည်နဲ့လိုက်အောင် ကင်မရာပေါက်စန နဲ့မြင်သမျှ ပေါက်ကရ ရိုက်တဲ့

ကိုပေါက် ဆိုတော့ ပေါက်သုံးပေါက် နဲ့ညီတဲ့သူလို့ပြောနိုင်ပါတယ်။)

လုလင်က ရန်ကုန်မှာ ရွှေမင်းသားက အလုပ်ကိစ္စနဲ့ ရန်ကုန်နဲ့မန်းလေး သွားလိုက်ပြန်လိုက်။

အမြဲတွဲနေတဲ့ဘိုသော့ကလဲ ပုသိမ်နဲ့မန်းလေးသွားလိုက်ပြန်လိုက်။

အဲတော့ ဓါတ်ပုံရိုက်မယ်ဆို အဖော်မရှိ။

ဓါတ်ပုံရိုက်တယ်ဆိုတာကလဲ တစ်ယောက်ထဲဆိုအတော်ကြောင်ပါတယ်။

နောက်အန္တရာယ်လဲများပါတယ်။

ဓါတ်ပုံတစ်ပုံရဘို့ ကြိုးစားနေချိန်မှာ ပါတ်ဝန်းကျုင်ကိုမေ့လျော့ နေမိတာအမှန်ပါဘဲ။

ကိုယ့်အာရုံနဲ့ကိုယ်သွားနေတာ အစွန်အဖျားကိုရောက်မှန်းမသိရောက်နေ၊

ပါလာသူက သတိပေးမှ ကိုယ်ရှိန်သတ်ရတာမျိုး၊

ခြေချော်ပြီ း လဲကျတာမျိုး  အမြင့်က ပြုတ်ကျတာမျိုး ကြုံရတတ်ပါတယ်။

အဖော်မပါရင် ဒါမျိုးက ထူမယ့်သူ ကယ်မယ့်သူမရှိ ကြုံရတတ်ပါတယ်။

နောက် သူတစ်ပါး ရန်ပြုခံရတာမျိုးလဲ ရှိနို်င်ပါတယ်။

မှတ်မှတ်ရရ မနက်အစော တောင်သမန်ကိုသွားရိုက်ချိန်ခွေးလိုက်ဆွဲတာမျိုးဆိုရင်

တစ်ယောက်ထဲသာဆိုလို့ကတော့ ခွေးကိုက်ခံရမှာသေချာသလောက်။

နောက်နှစ်ယောက်အတူသွားတဲ့အခါ လှတဲ့မြင်ကွင်းလေးကို အရင်မြင်တဲ့သူက

ပြတော့ ပုံကောင်းလေးတွေလဲရတတ်ပါတယ်။

အဲတော့ ဓါတ်ပုံသွားရိုက်တဲ့အခါ နှစ်ယောက်သွားရင်ပိုကောင်းပါတယ်။

10 မသွားပါနဲ့လားကွယ်တဲ့
10 မသွားပါနဲ့လားကွယ်တဲ့

 

ကျနော်လို ဓါတ်ပုံဝါသနာပါပြီး သီအိုရီနလပိန်းတုံးများအတွက် ဘိုသော့ က ဓါတ်ပုံပိုစ်လေးတွေကို

နားလည်လွယ်အောင် ပိုစ်တွေတင်ရင်း ရပ်သွားပါတယ်။

ဆက်မရေးတော့ပါဘူး။

နောက် ရွာထဲမှာ ပုံတွေတင်နေရာကနေ ဓါတ်ပုံပြပွဲ ဒုတိယမြောက်အကြီမ်အပြီးမှာရွာထဲကို မလာတော့

တာအခုထိပါဘဲ။

ကျနော်ရယ် လုလင်ရယ် တန်ဆောင်မုန်းလပြည့်နေ့ကတောင်သမန်မှာမနက်အစောကြီးအတူရိုက်

ညပိုင်းမှာ ဘိုသော့နဲ့လုလင် ပြင်ဥိးလွင်မှာအတူရိုက်။

သူပါလာအောင် အရင်တခါကလို  လေးယောက်ပေါင်းလောင်းကျော်လုပ်ဘို့ ရွှေမင်းသားကိုပါ

ဓါတ်ပုံတောင်းပြီး တင်ဘို့လုပ်ပေမယ့် သူက ပါမလာတော့ သုံးယောက်ပေါင်းရို်က်တာကိုဘဲတင်လို်က်ရပါတယ်။

ဓါတ်ပုံရိုက်ဘို့ ပြင်တိုင်း ဘိုသော့ကို သတိရမိပါတယ်။

ဟော သူ့အကြောင်းတွေးနေရင်း နေမင်းက မင်းဝံတောင်စွယ်နောက်ကို ပုန်းဘို့ကြံနေပါပြ၊ီ။

နေမင်းကို ပြောင်းပင်လေးတွေကွယ်ရိုက်ရင်လှမယ်ထင်တာကြောင့် ပြောင်းခင်းထဲကိုဝင်လိုက်ပါတယ်။

ကဲ ဘိုသော့ကိုလွမ်းရင်းရိုက်ထားတဲ့ပုံလေးတွေကို ခံစားကြည့်လိုက်ကြပါအုံးဗျာ.။

 

11 ဝင်လုဆဲဆဲ
11 ဝင်လုဆဲဆဲ

 

ကိုပေါက်လမ်းသလားနေသည်

(11-1-2013)

12 အားလုံးပြီးဆုံးသွားခဲ့တဲ့ညနေခင်းလေး
12 အားလုံးပြီးဆုံးသွားခဲ့တဲ့ညနေခင်းလေး

 

40 comments

  • အလင်းဆက်

    January 12, 2013 at 10:29 am

    ဆည်းဆာအလှ..တွေ….
    ကျွန်တော့် ရင်ကို…..
    ထိချက် ပြင်းပြင်းနဲ ့…
    လာ……
    ထိ တယ် ။

    • နန်းတော်ရာသူရေ
      ကံကောင်းစွာရလိုက်တဲ့ မိန်းမူးဖွယ်ညနေခင်းလေးပါဘဲ။
      တောင်ငူမြေကို မရောက်ဘူးသေးဘူးဗျာ။
      လာပြီးလက်ဆော့ချင်ပါသေးတယ်

  • ရွှေ ကြည်

    January 12, 2013 at 12:03 pm

    လေးပေါက် နံပါတ် ၂ ပုံကိုအခိုက်ဆုံးပဲ လေးပေါက် အယူအဆတွေ အမြင်တွေတော်တော်လေးကိုကောင်းလာတယ်။ ဦးစိန်သော့ကို ဖေ့ဘွတ်မှာလည်းသိပ်မတွေ့ပြန်ဘူးနော်။

    • ရွှေကြည်ရေ
      ဘိုသော့က ထွက်ပြေးနေလို့ လိုက်ခေါ်နေရတာပါအေ
      ကြာရင် သူ ဝါးရမ်းပြေးဖြစ်တော့မယ်လေ

  • ဗုံဗုံ

    January 12, 2013 at 12:58 pm

    နံပါတ် ငါး ကနေ ဆယ့်နှစ် ထိ ပုံလေးတွေ အရမ်းကြိုက်တယ် နံပါတ်ကိုး ပုံကြည့်ပြီး လိမ္မော်သီး စားချင်မိတယ် :mrgreen:

  • လိမ္မော်သီး ဆိုတော့ ပလေးဘွိုင်သန်းနိုင်သီချင်းလေးသတိရတယ်။
    လိမ္မော်သီးစားလို့ကောင်းတယ် အခွံခွာပြီး မင်းခွံ့ကျွေးတာကောင်းဆုံးဘဲတဲ့
    ကဲ ဗေးကလုံ ညည်းရော အခွံခွာပြီး ခွံ့ကျွေးတဲ့သူရှိလားအေ့
    (မဖြေချင်ရင်လဲ ရပါ၏)

    • ဗုံဗုံ

      January 12, 2013 at 2:44 pm

      ရှိတာပေ့ါ လေးပေါက်ရဲ့ မိဗုံကိုများ အထင်သေးလိုက်တာနော် ဘယ်သူလဲဆိုတော့းးးးးးးး အဟမ်းးး အမေလေ အမေပေါ့ အခုချိန်ထိ အခွံခွာပြီးကျွေးတုန်းဘဲ (အားရပါးရကို ဖြေသွားပါ၏) :harr:

      • ဘဲဥ

        January 13, 2013 at 1:55 pm

        အဟမ်း… ဟမ်း….ဟမ်း……..
        လိမ္မော်သီးခွာရဒါ လက်တောင်ညောင်းဒယ် :harr:

  • aye.kk

    January 12, 2013 at 2:26 pm

    ကိုပေါက်
    ပုံတွေအားလုံးလှတယ်။
    နံပတ်ကိုးပုံကနေလုံးကြီးကအလှဆုံး။။

  • ဂန္ဓာရီ ဆြာအုပ်

    January 12, 2013 at 5:59 pm

    လှလိုက်တဲ့ နေဝင်ချိန်လေးပါလား ကပေါက်ရေ
    အရမ်း..အရမ်းကိုလှပါတယ်
    ဒါတောင် ကင်မလာပေါက်စ နဲ့မို့လို့
    ပေါက်စသာ မဟုတ်ရင် တော့
    အရမ်းလှပါတယ်ကိုပေါက်ရေ

    • ကျနော်လက်ထဲကို ကင်မရာအကြီးကြီးရောက်လာရင်လဲ ဒီလောက်တောင်လှမယ်မထင်ပါ
      သုံးမှ မသုံးတတ်တာကိုးဗျ

  • garuda

    January 12, 2013 at 6:17 pm

    အင်း..လှထှာ..ရွာကိုပြန်ချင်တဲ့စိတ်တွေတောင် ပေါ်လာပြီ။ ကျေးဇူး။

  • သျှားသက်မာန်

    January 12, 2013 at 6:46 pm

    ကိုပေါက်ကတော့ လူတွေကို ဓါတ်ပုံလေးတွေနဲ့ဆွဲဆောင်တတ်အောင်လုပ်တတ်တယ်နော်..

  • ခင်ခ

    January 12, 2013 at 6:51 pm

    တစ်မြို့တည်းမှာ ရှိကြတဲ့ရွာသား အချင်းချင်းပေမယ့် အမည်ကိုဘဲကြားရပြီး
    တွေ့ဆုံကြဖို့ဆိုတာ ခက်ခဲလှတဲ့အရာပါတကား။
    အင်း ငယ်တုန်းကစကားလေး တယ်မှန်တာကိုး မလာချင်ရင် ခရီးဝေး တဲ့လေ။
    ကျွန်တော်လည်း တစ်ခါတလေ အဝေးဆုံးမှ နေကြည့်ရင်းကောင်းမလားလို့………။
    ကိုပေါက်ရဲ့ ဘိုသော့ကို…….. ပုံလေးတွေကြည့်ရင်း တွေးမလိုက်တာလေးပါ။

    • ကိုခ သာ
      ကျနော်ကို ဘိုသော့လိုဝေးဝေးနေမယ်ဆိုရင်
      ကိုခလွမ်းချင်းဆိုပြီး စာတွေရေးမိမှာပေါ့ဗျာ

  • မောင်ပေ

    January 12, 2013 at 7:04 pm

    အခွင့်များရခဲ့မယ်ဆိုရင်တော့
    ကိုစိန်သော့ ရွာထဲကဘာလို ့ထွက်သွားတာလဲဆိုတာကို အသေးစိတ် ရှင်းပြပေးစေချင်ပါတယ်
    ရွာထဲက သူ ့ဘော်ဘော်တွေလဲ သိရတာပ
    ဖြစ်နိုင်မယ်ဆိုရင်ပေါ့လေ

  • ဦးကြောင်ကြီး

    January 12, 2013 at 10:20 pm

    ဘိုသော့
    ဆိုတော့
    ခိုပျော့
    ငိုချော့
    အိုငေါ့
    ယိုကျော့
    ထိုဘော့
    မှိုမျှော့..

  • padonmar

    January 12, 2013 at 10:34 pm

    မြင်ဆရာ ကိုစိန်သော့ကို ရန်ကုန်က ဂဇက်မိသားစုတွေက လွမ်းနေပါတယ်လို့ ပြောပေးပါနော်။

    • ဆူး

      January 14, 2013 at 2:23 pm

      ဟုတ်ပါတယ်ဗျို့.. လေးပေါက်ကြီး ပြောလိုက်ပါ.. သတိရနေပါတယ်လို့..
      စာကလေးတွေ ပုံရိုက်ထားတာ မျက်စိထဲမှာ အခုထိ မြင်ယောင်တုန်းပဲ..
      အခု အိမ်မှာလည်း စာကလေး အိမ်ကလေး ချိတ်ပေးထားတယ်။ အိမ်လည်း ပေးတယ်.. စားစရာလည်းကျွှေးထားတယ်။ ဦးစိန်သော့ ရဲ့ ပုံထဲကလိုတော့ လှတ ပတ စာကလေးတွေ မမြင်မိသေးဘူး..

  • MaMa

    January 12, 2013 at 10:59 pm

    ကိုစိန်သော့လို့ ပြောလိုက်တာနဲ့ သစ်ပင်ငုတ်တိုရယ်၊ ကွန်ပစ်တာရယ်ကို သွားသတိရတယ်။
    စကားကြုံပါးလို့ရရင်…..
    လူတိုင်းအမှားမကင်းနိုင်ဘူးလို့ နှလုံးသွင်းပြီး ခွင့်လွှတ်စေချင်တယ်။
    စိုသောလက်ကို မခြောက်စေချင်ဘူး။
    မူလစိတ်ရင်းကောင်းတဲ့သူမို့ ပညာလေးတွေ၊ လက်ရာလေးတွေ မျှဝေခံစားခွင့်ပေးပါအုံးလို့ ရွာကမိတ်ဆွေများက အမှာတော်ပါးလိုက်ကြောင်းးးးး ကိုစိန်သော့ကို ပြောပေးပါ။ :hee:

  • MaMa

    January 12, 2013 at 11:06 pm

    ကိုပေါက်နဲ့အတူတူ ဘိုသော့ကို လွမ်းလိုက်တာနဲ့ ကိုပေါက်ပုံလေးတွေ လှတယ် ဆိုတာပြောဖို့ ကျန်ခဲ့လို့။
    လှလိုက်တဲ့ပုံလေးတွေ။
    ပိုစ့်စကတ် ထုတ်ဖို့တောင် ကောင်းတယ်။
    စိတ်ရှည်လက်ရှည် ရိုက်ခဲ့တယ် ထင်ပ့ါ။ :hee:

  • kai

    January 13, 2013 at 3:16 am

    ကိုစိန်သော့ခင်ဗျ.. …
    .. မန်းဂဇက်ထဲပြန်လာပြီး.. ပုံတွေဆက်တင်ပါဦး..
    ဓါတ်ပုံပညာတွေ ဖြန့်ပါဦးနော..။
    ကျုပ်မှာ.. (ခင်ဗျားတို့ကြောင့်) ကင်မရာကြီးဝယ်ပြီး.. အူကြောင်ကြောင်နဲ့..

    “ပညာတွေမှိုတက်ပြီး.. ချစားသွားလိမ့်မယ်..။”
    (ခိုင်ထူး..သီချင်း) :kwi:

  • Mr. MarGa

    January 13, 2013 at 1:48 pm

    ပုံတွေ ကြည့်လို့
    ဦးမာဃလဲ လွမ်းချင်သလိုလို

  • ဖေပေါက်ဂျီး ပြေမှ
    ဦးစိန်သော့ကြီးကိုတောင် လွမ်းသွားပြီ ….။
    ကျနော့်ရဲ့ ပို့စ်လေး တစ်ခုမှာ ပြောခဲ့ဖူးတယ် ….။
    ” ရွာထဲမှာ ကျုပ်တို့လို လူတွေနဲ့ အဖော်ရတာပေါ့ ” ဆိုပြီး ပြောခဲ့တာလေးပါ ….။

    ဖေပေါက်ဂျီး ရဲ့ နေဝင်ချိန် ပုံတွေကိုလည်း
    လွမ်းမောတတ်တဲ့ ကျနော့်ရဲ့ နှလုံးသားနဲ့
    ခံစား အားပေးသွားပါတယ် ဆိုတဲ့ အကြောင်း …….။

  • မန်းလေးကိုလာခဲ့ပါကွဲ့
    အဲဒီပြောင်းခင်းထဲမှာသွားထိုင်ကြမယ်လေ။
    မြွေကိုက်မှာတော့ တာဝန်မယူဘူးမောင့်

  • uncle gyi

    January 13, 2013 at 10:57 pm

    ပေါက်သုံးပေါက်နဲ့ညီတဲ့
    ရွာကဒါးပုံဆရာကိုပေါက်
    လက်ရာတွေမှန်မှန်တက်နေတာအမှန်
    မှန်မှန်တက်အောင်မှန်မှန်ကြိုးစားရတယ်
    ဒီ့လောက်အိမ်မကပ်ပဲကြိုးစားနေတာ
    အိမ်စောင့်နတ်ကနှင်ထားတာလား
    မဒမ်ပေါက်ကနှင်ထားတာလား
    တခုခုတော့တခုခု

  • အန်ကယ်ဂျီးကလဲ
    ဓါတ်ပုံရိုက်ချင်တော့
    (ဥပုဒ်နေ့မှာ မနက်ငါးနာရီ ထိုးမှာ အတူချိန်းပြိး ဓါတ်ပုံရိုက်ထွက်ကြတာပါ)
    ကျန်တဲ့အချိန်ကတော့ ထမင်းစားဘို့အလုပ်လုပ်ရသေးတာပေါ့။
    ဒါကြောင့်ကျနော်ဓါတ်ပုံတွေက မနက်ခင်းနဲ့ညနေခင်းတွေဘဲ ခင်ဗျားတို့ကြည့်ကြရတာလေ။
    အင်းးးးးးးးးးးးးးးးးးးးးးးးးးးနှင်တာကတော့ အိမ်စောင့်ကနှင်တာလဲအမှန်
    မနက်မိုးလင်းထွက် ညနေထမင်းစားပြီးတစ်ခါပြန်ထွက်ဆိုတော့

  • မင်းနန္ဓာ

    January 14, 2013 at 12:50 pm

    ဆြာသော့ရဲ့ ဓာတ်ပုံပညာခန်းပို့စ်တွေ မျှော်နေပါတယ်ဗျာ
    ဓာတ်ပုံတွေကလည်း အလွမ်းပို့စ်နဲ့ လိုက်ပ

  • kyeemite

    January 14, 2013 at 1:36 pm

    ကိုပေါက် ရဲ့ပုံလှလှလေးတွေကြည့်ရင်းနဲ့……..
    ကိုစိန်သော့ရိုက်တင်ခဲ့တဲ့ “တစ်နေ့တာရှည်လျှားတဲ့ ဘဝရဲ့ ခရီးရှည် ကြီးထဲက နေ့သစ်တစ်ရက်
    ရောက်ပြန်ပြီ” အစချီတဲ့ ငှက်ကလေးတွေ သဘာဝအတိုင်းစားသောက်ပျံဝဲနေပုံလေးတွေ
    ရှဉ့်ကလေးလာလုစားပုံလေးတွေ လွမ်းသဗျာ….

Leave a Reply