သစ် တန်အလွယ်တွက်နည်းလေးပါ…

johnnydeerJanuary 12, 20131min35112
ဒီအရွယ်ရောက်တဲ့အထိ အလုပ်ဆိုတာကို တော်တော့်ကို အစုံလုပ်ခဲ့ရဖူးပါတယ်…ဗဟုသုတပေါ့ဗျာ..အခု သစ်တန် အလွယ်တကူတွက်နည်းလေး နည်းပေးလိုက်ပါဦးမယ်…တချိန်မဟုတ် တချိန် အိမ်ဆောက်ရင်ပဲ ဖြစ်ဖြစ် သစ်ဝယ်ရတော့မယ့်အချိန် ကြုံလာရင်ပဲဖြစ်ဖြစ်ပေါ့ဗျာ….သစ်တချောင်းမှာ ထုနဲ့ဗျက်ဆိုတာ ရှိပါတယ်….ဥပမာ….၅x၃ ဆိုပါတော့ ထုက ၃ ထုပါ..၃လက်မပေါ့…ဗျက်က ၅လက်မပေါ့…ပါးစပ်အခေါ် ငါးသုံးလို့ ခေါ်ပါတယ်…၅x၃ တတန်မှာ ဘယ်နှစ်ပေရှိသလဲ…အလွယ်တကူ တွက်ချင်ရင်တော့…..
~~~ ၅x၃=၁၅ ရပါတယ်…ရတဲ့ ၁၅ နဲ့ ၇၂၀ဝ ကို စားလိုက်ပါ…ရလာတဲ့ ၄၈ဝ ကတော့ ငါးသုံးတတန်မှာ ရှိတဲ့ ပေရှည် အရေအတွက်ပါပဲ….
~~~ ၄x၁ ၁/၂ (လေးတစ်ခွဲ)ဆိုရင်လဲ ၄ ရယ် တစ်ခွဲရယ် မြောက်= ၆ရတယ်…ရတဲ့ ၆နဲ့ ၇၂၀ဝကို စားလိုက်..၁၂၀ဝပေ…
တတန်မှာရှိတဲ့ လေးတစ်ခွဲပေအရည်အတွက်ပေါ့…
~~~ .ပေတစ်(၁၂x၁)ဆိုရင်လဲ ၁၂ရယ်တစ်ရယ်မြောက်…ရလာတဲ့ ၁၂နဲ့ ၇၂၀ဝကိုစား…တတန် ပေခြောက်ရာပေါ့…တတန်မှာရှိတဲ့ ပေအရေအတွက်သိပြီဆိုတော့မှ ကြိုက်သလိုတွက်လို့ ရသွားတော့မှာပါ…ပေတစ်တစ်ပေ ၂၅၀ဝ ဆိုပါတော့…တန်လိုက်ဈေး သိချင်ရင် ၂၅၀၀x၆၀၀=၁၅ သိန်းဈေးပေါ့ဗျာ…အဲ့ဒီလိုပဲ ၅x၃ တတန်ကို ၈သိန်းဈေးဆိုပါတော့ ၈၀၀၀၀၀/၄၈၀= ၁၆၆၆ကျပ်…ငါးသုံး တစ်ပေဈေးနှုန်းပေါ့…အချုပ်အနေနဲ့ကတော့ ထုနဲ့ဗျက်နဲ့ မြောက်….ရလာတာနဲ့ ၇၂၀ဝကို စားလိုက်..လွယ်လွယ်လေးပါနော…ဘာကြောင့် ၇၂၀ဝကို စားရတာလဲ…ဦးနှောက်ခြောက်ခံပြီး စဉ်းစားမနေပါနဲ့…အလွယ်စိတ်တွက်နည်းမို့လို့ ရှုတ်ကုန်မှာစိုးလို့ပါ…လိုသောသူ သုံး..မလိုရင်လဲ မသုံးကြနဲ့ပေါ့ဗျာ…
(လုံးဝမသိသေးသူတွေအတွက် ရည်ရွယ်ပြီး ရေးလိုက်တာပါ…)

12 comments

  • ကို ကိုလေး

    January 12, 2013 at 9:08 am

    ရေးပြထားတာလေးတော့ ရှင်းပါပြီ။
    ၇၂၀ဝ က ပုံမှန်စားနေရတာက ဘာလို့လဲ စဉ်းစားမိသလို၊ ဘယ်သစ်အမျိုးအစားဘဲ ဖြစ်ဖြစ် ၇၂၀ဝ နဲ့ စားရတာလားဟင်။ သစ်အမျိုးအစားပေါ်မူတည်ပြီး ကွာခြားသေးလား။

    • နွေဦး

      January 14, 2013 at 3:16 pm

      တစ်ပေ ပတ်လည် (၁၂”×၁၂”)သစ် ပေ ၅ဝ ဆို သစ်တတန်ပါ ။
      ၆”×၆” သစ် ပေ၂၀ဝ ဆို တတန်ပါ ။
      ၄”×၄” သစ် ပေ ၄၅ဝ ဆို တတန်ပါ။
      ၂”×၂” သစ် ပေ ၁၈၀ဝ ဆို တတန်ပါ ။
      ၁”×၁” သစ် ပေ ၇၂၀ဝ ဆို တတန်ပါ ။
      ဒါဆို ၇၂၀ဝ ကိန်းသေ ဘယ်က ရလဲဆိုတာ သိပြီပေါ့နော်…။

      • နွေဦး

        January 14, 2013 at 3:19 pm

        ကျန်ခဲ့ လို့…
        သစ်တစ်တန်မှာ ၅ဝကုဗပေလို့ သတ်မှတ်ထားပါတယ်..
        သစ်အမျိုးအစားအားလုံးအတူတူပါ။

  • Crystalline

    January 12, 2013 at 10:47 am

    မီတာနဲ့တွက်နည်းလေးသိရင်လည်း သိချင်တယ်..

  • johnnydeer

    January 12, 2013 at 1:35 pm

    ဘယ်သစ်ဖြစ်ဖြစ် အတူတူပါပဲ…အလွယ် စိတ်တွက်တွက်နည်းမို့လို့ ၇၂၀ဝ ကိုပဲ အလွယ်မှတ်ထားလိုက်ပါ…၇၂၀ဝ ဘယ်လို ရသလဲ ပြန်တွက်ပြရရင် အလကား ရှုတ်ကုန်ပါလိမ့်မယ်…မီတာနဲ့တော့ ဒီမှာလဲ မသုံးတော့ မတွက်တတ်ပါဘူးခင်ဗျာ့…သိသလောက်လေးပဲ ဝေမျှတာပါ…

  • nature

    January 12, 2013 at 3:59 pm

    အင်ကညင်နဲ့ (တောသစ်) နဲ့ ပျဉ်းကတိုးကိုဘယ်လိုခွဲခြားရမလဲ။ အရောင်ကိုကြည့်ပြီးခွဲတယ်ထင်ပေမဲ့သိပ်မသေချာလို့။
    2 x 1 —-> 7200/2 =3600 ft………2×2 —–> 7200/4=1800 ft (2×2=4×1)
    3 x 1 —–> 7200/3 =2400 ft……….3×2——>7200/6=1200ft (3×2=6×1)
    4 x1 ——> 7200/4=1800 ft………..4×2——>7200/8=900 ft
    5×1 သုံးလေ့မရှိပါ။………………………..5×2——>7200/10=720 ft
    6 x1 —–> 7200/6 =1200 ft…………6×2——->7200/12= 600ft
    6×6—>7200/36=200ft

  • ခင်ခ

    January 12, 2013 at 6:22 pm

    ၅ လက္မ x ၂ လက္မ ( 5 x 2 လို့အတိုခေါ်တယ်)။
    အဲဒီတော့ ပေဖွဲ့မည် ၁၂ လက္မ = ၁ ပေ။
    ထို့ကြောင့် ၅/၁၂ ပေ x ၂/၁၂ ပေ ဖြစ်ပြီး။
    ၅ဝ ကုဗပေသည် ၁ တန်နှင့်ညီတော့ ၁ ကုဗပေဆိုရင် ၁/၅ဝ တန်။
    အဲဒီမှာ အောက်ခြေက စားရတဲ့ ကိန်းဂဏန်းတွေကို တစ်စုတည်းဖြစ်အောင် မြောက်ပေးမယ်-
    ၁၂ x ၁၂ x ၅ဝ = ၇၂၀ဝ ရပါ၏။ ဒါကြောင့် သစ်တန်တွက်တဲ့အခါ
    သစ်ရဲ့( ထုဖြစ်တဲ့ အလျား x အနံ ကို x သစ်အရှည် )/ ၇၂၀ဝ စား = ……. တန်။ စသည်ဖြင့်တွက်ရင် တန် ဖွဲ့ပြီးရတာပါ။
    ( x ) မြောက်ခြင်းသင်္ကေတ။ ( / ) စားခြင်းသင်္ကေတ အဖြစ်သုံးထားပါတယ်ဗျ။

  • padonmar

    January 12, 2013 at 11:05 pm

    အသုံးတဲ့ပါတယ်။ကျေးဇုးပါ.

  • weiwei

    January 14, 2013 at 10:07 am

    အသုံးဝင်တဲ့ နည်းလမ်းမို့လို့ ကျေးဇူးပါ ..
    ကျွန်းနဲ့ ပျဉ်းကတိုး သိပ်သည်းဆ တူသလား သိချင်ပါသေးတယ် …

    • ဆူး

      January 14, 2013 at 1:11 pm

      သိတာလေး ဝင်ရွီးလိုက်အုန်းမယ်။
      ကျွန်းနဲ့ ပျဉ်းကတိုး သိပ်သည်းမှု မတူပါဘူး။
      ကျွန်းထက် ပျဉ်းကတိုးက ပိုလေးပါတယ်။
      ကျွန်း က သစ်အတွင်း ရေငွေ့ပါဝင်မှုကျဆင်းအောင် လုပ်ထားပြီးရင် ကျုံ့ဆန့် နည်းတဲ့ အတွက် သင်္ဘောဆောက်တဲ့ နေရာမှာ သုံးကြပါတယ်။ ရွှေဝါရောင် အဆင်းရှိတဲ့ ပေါင်းခံထားတဲ့ မြန်မာရတနာ ကျွှန်း ကို လူကြိုက်များပါတယ်။
      ပျဉ်းကတိုးကတော့ ရေငွေ့ပါဝင်မှု ကျဆင်းအောင် ဘယ်လောက်ပဲ ပေါင်းထား ပေါင်းထား မရပါဘူး။ အကျုံ့အဆန့် အရမ်းများတဲ့ အတွက် ကွက်တိ လုပ်ထားရင် အသားတွေ လိမ်ပြီး ကော့လန်သွားတတ်ပါတယ်။
      အိမ်တွေမှာ ရှာထိုးခင်းရင် ပျဉ်းကတိုးသား က အအေးဓါတ်ပိုတယ်.. အပူအအေးကြောင့် ကြမ်းခင်းက အခုံး အခွက်တွေ ဖြစ်တတ်ပါသေးကြောင်း…

  • ပန်းစံပါယ်

    January 14, 2013 at 2:01 pm

    အသုံးဝင်တာလေးမို့ ကူးယူထားလိုက်ပါတယ်။ ကျေးဇူးပါ။

  • MaMa

    January 14, 2013 at 3:25 pm

    ပိုစ့်ပိုင်ရှင်ကို ဝိုင်းဝန်းအားဖြည့်လိုက်ကြတာ အတော်လေး ပြည့်စုံသွားလို့ ဗဟုသုတရသွားပြီ။
    ဆွေးနွေးခြင်း အနုပညာ :hee:

Leave a Reply