ဆောင်းနံနက်ခင်းက ရန်ကုန်ကန်တော်ကြီး

1 အရိပ်နဲ့အရောင်များ
1 အရိပ်နဲ့အရောင်များ

 

“ဆောင်းနံနက်ခင်း ကန်တော်ကြီး

အရင်အခေါက်တွေတုံးက ရန်ကုန်ကိုရောက်တာနဲ ့မနက်စောစောထ ရွှေတိဂုံတက်

ပြီးရင်ကန်တော်ကြိးမှာလမ်းလျောက်ပေါ့။

မနက်စောစောထရပြီးရွှေတိဂုံသွားရင် ဘတ်စကားနဲ့သွားတော့ သက်သာလို့ပါ။

နေမြင့်ရင် ဘတ်စကား မစီးရဲပါဘူး။

ကျနော်ရုပ်က တောသားရုပ် အိတ်ကြီးလဲပါသေးတော့ ခါးပိုက်နိူက်ခံရမှာကြောက်ပါတယ်။

ဒီတော့ စောရင် ဘတ်စကားနဲ့ဒိုး နေမြင့်ရင် တက္ကဆီနဲ့သွားပေါ့။

ဘုရားသွားရင် မဒမ်ပေါက်ပါ ခေါ်သွားလေ့ရှိပါတယ်။

2 အကွေ့
2 အကွေ့

 

3 စိမ်းစိမ်းမြမြ
3 စိမ်းစိမ်းမြမြ
4 ရေအရိပ်နဲ့ရွှေကရဝိက်
4 ရေအရိပ်နဲ့ရွှေကရဝိက်

 

ဒီတစ်ခေါက် အတော်နဲ့ဘုရားကိုမသွားဖြစ်ပါဘူး။

6-1-2013နေ့မနက် မှာ သွားဖြစ်ပါတယ်။

ဒီတစ်ခေါက်တော့ ဘတ်စကားစီး ပြီး ရွှေတိဂုံမှတ်တိုင်မှာဆင်း။

ကန်တော်ကြီးထဲဝင်လမ်းလျောက် ။

ကျနော်က လမ်းလျောက်ရင်းလက်ဆော့၊

ဒီတစ်ခေါက်ကတော့ ကြာပင်တွေမတွေ့ရတော့ပါဘူး။

ဆောင်းရက်ဖြစ်တော့လမ်းလျောက်သူလဲများပါတယ်၊

ကြမ်းခင်းတွေက သံပြုတ်တဲ့နေရာကပြုတ်နေပါတယ်။

ကျနော်လမ်းလျောက်လို့တံတားအလယ်လောက်အရောက်နေရောင်လေးစထွက်လာပါတယ်။

အင်မတန်မှလှပတဲ့မြင်ကွင်းလေးလို့ခံစားမိပါတယ်။

ဟိုးတစ်ခါက တော့ ရွာသူတစ်ယောက်ကပြောဘူးပါတယ်။

“ ရန်ကုန်ကန်တော်ကြီးက ပိုလှတယ်  “တဲ့။

သူပြောတာ မှန်တဲ့အကြောင်းကို ပုံလေးတွေနဲ့သက်သေပြလိုက်ပါတယ်။

5ကကြုးိဆင်
5ကကြုးိဆင်

 

6 ဆောင်းနံနက်က ရွှေအဆင်းနဲ့ကရိဝိက်
6 ဆောင်းနံနက်က ရွှေအဆင်းနဲ့ကရိဝိက်
7ထန်းပင်အရိပ် ကရိဝိက်အရိပ်
7ထန်းပင်အရိပ် ကရိဝိက်အရိပ်

 

8ဆောင်း နံနက် အရုဏ်တက်
8ဆောင်း နံနက် အရုဏ်တက်

 

လမ်းလျောက်ရင်းဓါတ်ပုံရိုက်ရင်းကနေ ကရဝိက်နားရောက်လာပါတယ်။

အဲဒီအနားရောက်တိုင်း ကျနော်နှစ်သက်တဲ့ သစ်ပင်လေးတစ်ပင်ရှိပါတယ်။

အရွက်မဲ့။

ကုန်းလေးပေါ်တက်ကြည့်လိုက်ရင် အပင်လေးရော ကရိဝိက်ရော မြင်ရပါတယ်။

လက်ဆော့လို့အားရတော့ ဘေးပေါက်ကထွက်။

တက္ကဆီငှား။

ရွှေတိဂုံဘုရားကိုသွားဘို့ပြင်ပါတယ်၊

လမ်းလျောက်ရတာမောဘီလေ။

 

ကိုပေါက်လမ်းသလားနေသည်

မဟာရန်ကုန်

(16-1-2013)

 

23 comments

  • cherry kyawlin

    January 18, 2013 at 9:28 am

    ရွာသူအသစ်လေးပါရှင့်
    လေးပေါက်ရဲ့ပို့စ်တွေကိုလည်း အမြဲ ဝင်ကြည့်ဖြစ်ပါတယ်
    နံပါတ်8က ပုံကို အကြိုက်ဆုံးပါ

  • ရွာသူအသစ် cherry kyawlin ရေ
    ပထမဆုံးဝင်မန်းပေးလို့ကျေးကျေးပါ။
    သွားနိုင်လာနိုင်တုံးလေး ရိုက်ထားတာပါ
    နောက်မကျန်းမာရင် အခုလို လက်ဆော့ နိုင်မည်မထင်ပါ။
    လူဆိုတာ အသက်အရွယ်မရွေး အချိန်အခါမရွေး ခေါက်ကနဲ့ သေသွားနိုင်လို့
    လုပ်ခွင့်ရတုံး(လောဘတကြိး)လေးလုပ်ထားတာပါကွဲ့။

  • Mon Kit

    January 18, 2013 at 9:51 am

    ကကြိုးဆင် ပုံလေး သဘောကျတယ်…….
    ကိုပေါက် က လမ်းသလားပီး လက်ဆော့ရိုက်လို့သာဘဲ…….
    လန်းတယ် ပုံအားလုံးးး………… :hee:

    • မယ်မွန်ရေ
      လမ်းမသလားဘဲ အတည်ပေါက်ရိုက်လဲ ဒီလောက်ဘဲထွက်မယ်ထင်ပါတယ်။
      ကျနော်က ဒီထက်ပို မတတ်လို့ပါဗျိုးိ။

  • ဦးကြောင်ကြီး

    January 18, 2013 at 10:41 am

    ကန်တော်ကြီး
    လျှံပေါ်ညီး
    ဆံတော်ထီး
    ပျံကျော်မီး
    လံတော်ဟီး
    မာန်ပျော်ဖီး
    သန်မော်နီး
    အံကော်သီး..။

    • အန်ကော်သီး မရှိ အန်ထော်နီုတော့သိ
      သန်မော်သီးတော့ မသိ သင်္ဘောသီးတော့ရှိတယ်။
      မာန်ပျော်ဖီးကတော့ မလာသေးဘူး ဖီးကြမ်းငှက်ပျောသီးတော့ လိုချင်ရင်ရမယ်။
      လံတော်ဟီး ဆံတော်ထီးနဲ့ ကန်တော်ကြီးက ညီအကိုသုံးယောက်
      လျှံပေါ်ညီးနဲ့ပျံကြော်မီးက မယားညီအကို
      မြို့ကြောင်လာလာ တောကြောင်လာလာ ရွာကြောင်လာလာ
      ဘာကြောင်လာလာ လာသမျကြောင်
      လာစမ်းပါ့ကောင် အရေခွံခွာ ကျပ်တင်
      အသားကို မကင်ခင်အရက်နဲ့စိမ်
      ကလီဇာမှန်သမျှ ရေလုံပြုတ် ပြီးမှ
      အသုပ်လုပ်စားပစ်မယ်ဟေ့နော်………………………………………….

      • Mr. MarGa

        January 18, 2013 at 9:07 pm

        လေးပေါက် လေးပေါက်
        လုပ်စားရင် ဦးမာဃကို ခေါ်ဦးနော်
        အတူတူ စားရအောင် :mrgreen:

  • မိုချို

    January 18, 2013 at 10:49 am

    လေးပေါက်
    နံပါတ် ၅ က တော်တော် လှတယ် ။ သစ်ပင်အောက်က လူတွေ မပါရင် ပို ကောင်း မယ် နော်။
    ရန်ကုန် ကန်တော်ကြီးနဲ့ မန်းလေး က ကန်တော်ကြီး ( လေးပေါက် သွားရိုက်လေ့ ရှိတဲ့ ပြည်ကြီး မွန် ဖောင် ရှိတဲ့ ကန် ) ဘယ်ကန် ပို လှလဲ။
    ရန်ကုန် ကန် တော်ကြီး က အခု လေးပေါက် ရိုက် တဲ့ နားတွေ မှာ( ကရဝိတ်၊ မျှော်စင်ကျွန်း နားတွေ မှာ) ရေမှော်တွေ နဲ့ နောက်နေ တာ တော်တော် ကြာ နေပြီ ။ ခုထိ မဆယ် ရ သေးဘူး လားမသိဘူး။

    • မိုချိုရေ
      အဲဒီ ကကြိုးဆင် ကို လူမပါဘဲရို်က်ချင်တာ မရခဲ့ဘူးရယ်။
      မနက်ဆို ကျန်းမာရေးလေ့ကျင့်သူအပြည့်ဗျာ
      ရန်ကုန်ကန်တော်ကြီးက ကောက်ကောက်ကွေ့ကွေ့နဲ့လှ ကရိဝိက်က လေးဘက်မြင်
      မန်းလေးကန်တော်ကြိး က ရှင်းလင်းကျယ်ပျံ့ပြီးလှ ကရိဝိက်ကတော့ အရှေ့ဘက်က ကြည့်ချင်ရင်လှေနဲ့သွားမှာရမယ်။
      မန်းလေး ပြည်ကြီးမွန် ကရိဝိက်ကို အရှေ့ကရိုက်ဖို့ တစ်ရက် လှေငှားစီးအုံးမယ်ဗျို့

  • moonpoem

    January 18, 2013 at 11:51 am

    ကိုပေါက်နဲ ့မဒမ်ပေါက် ရန်ကုန်လာပြီး ကဲနေတယ်ပေါ့။ ရွာသူရွာသားတွေ ့ဆုံပွဲရော တက်ဖြစ်မှာလား လေးပေါက် မဒမ်ပါ ခေါ်ခဲ့လေ။

  • 7-1-2013 ညက မန်းလေးကိုပြန်ခဲ့ပါတယ်။
    အခုမန်းလေးမှာဆိုတော့ ပွဲမတက်နိုင်ပါကွဲ့။
    ဒီပိုစ်တွေက မန်းလေးပြန်ရောက်မှရေးတော့
    ကိုပေါက်စားမြုံ့ပြန်ခြင်းလို့ရေးရင် မှန်သလိုလိုပါဘဲ။

  • ဂန္ဓာရီ ဆြာအုပ်

    January 18, 2013 at 12:41 pm

    ကပေါက်တို့ ဝီရယကတော့ လေးစားစရာ
    ကင်မလာ မှန်ဘီလူးမှာ ဖုန်တွေကပ်နေသလားပဲ
    ပုံလေးတွေလှတယ်ဗျို့ .. မြင်တတ်တဲ့ ကိုပေါက်ကိုလဲ ချီးကျူးပါတယ်
    အနော်တောင် ကန်တော်ကြီးထဲ မရောက်တာ တော်တော်ကြာပေါ့
    မျှော်စင်ကျွန်းထဲပဲရောက်ဖြစ်နေတယ်
    သွားလိုက်ဦးမယ်

  • ဟုတတယ် ဗျ မူန်လို့ ဆိုင်ပြကြည့်တော့ ဖုံက မှန်ဘီလူး တစ်ထပ်နဲ့တစ်ထပ်ကြားက အတွင်းထဲမှာကပ်နေတယ်ပြောတယ်။
    အလင်းမလုံလောက်တဲ့အချိန်မှာ မီးဖွင့်ရိုက်မိရင် ဖုံကွက်တွေပါလာတတ်တော့
    မီးပိတ်ရို်က်တာများတယ်။
    အဲတော့ နည်းနည်းမှုန်သွားတာကိ ုမြူမှုန်တယ်တယ်ဆိုရောကျိတ်လိုက်တာပေါ့
    ဆြာအုပ်ရဲ့

  • marblecommet

    January 18, 2013 at 1:13 pm

    ရန်ကုန် နံနက်ခင်းက
    ဆောင်းယောင် ဆောင်နေတာပါ ကိုကြီးပေါက်ရယ်…
    ဒါတောင် ကိုကြီးပေါက် လာတုန်းက
    အအေးလှိုင်းဖြတ်ခါနီးမို့
    နည်းနည်း အေးချင်ယောင်ဆောင်သာ……
    အဂု မအေးလော့ဝူး…
    နံပါတ် 5 ပုံ ကို သဘောကျတယ်ဗျ
    သစ်ခြောက်ပင်ရယ် ရေကန်ရယ် ဟို အရုပ်ကြီးရယ် သစ်ရွက်တွေရယ်
    အားလုံး မတူဆက်စပ်နေကြသလိုလို…….

  • ဗုံဗုံ

    January 18, 2013 at 1:34 pm

    လေးပေါက် ရန်ကုန်သွားတာ ဂျေဒိုးနတ်လည်း ပါမလာဘူး ဒါနဲ့ မိဗုံတို့ မန်းလေးကန်တော်ကြီးက ပိုလှတယ် စိမ်းစိမ်းစိုစိုနဲ့ မန်းလေးသူား တွေက လှကြလို့ထင်ပါရဲ့နော :mrgreen:

  • Tin Tin

    January 18, 2013 at 4:09 pm

    လေးပေါက်ရဲ့ ပို့စ်တွေရော၊ ဓါတ်ပုံတွေရောကို အမြဲစောင့်ကြည့်အားပေး နေပါတယ်ရှင်….
    စိတ်ကြည်နူးစရာ၊ မျက်စိအေးစရာလှပတဲ့ မြင်ကွင်းအစုံစုံနဲ့ နံနက်ခင်းကော ဆည်းဆာချိန်ပါမကျန် ရှုထောင့်အမျိုးမျိုးကနေပြီး ရိုက်ထားတာတွေက အားလုံးလှနေတော့တာဘဲ…
    လေးပေါက်ရဲ့ ပညာသားပါပါ ကြည့်တတ်၊ ရိုက်တတ်တာတွေကတော့ အားကျစရာပါဘဲရှင်…

    • ကျေးကျေးပါ တင်တင်ရေ
      အလိုလိုလှနေတဲ့ နေရာကို ကံကောင်းစွာနဲ့ ရောက်သွားလို့ ပုံလှလှတွေရလိုက်တာပါဗျိုး

  • အရီး လေး

    January 18, 2013 at 7:21 pm

    ပုံ ၁-၄-၅-ရ ကိုအကြိုက်ဆုံးပါ
    ကိုပေါက် ရဲ့ဒါ့ပုံတွေကို တော်တော်များများကြိုက်ပါအိ
    ရန်ကုန်မှာနေပြီး ကန်တော်ကြီး ရဲ့ နံက်ခင်းအလှကို ခုမှ ခံစားရလို့
    ကျေးဂျူးတင်ပါအိ
    :harr:

    • ကျနော်ကိုယ်တိုင်က လဲ နံပါတ်5 ကကြိုးဆင် ကို နှစ်သက်ပါ၏
      ရန်ကုန်ခဏရောက်တုန်းလေး ဝင်လက်ဆော့ ရတာ
      လူ300 ကင်မရာ 500 ပေးရတယ်ဗျို့

  • မောင်ပေ

    January 18, 2013 at 8:32 pm

    ဒီပို ့စ်ထဲက ပုံတွေ မြင်ရတော့ မြန်မာဘီယာကို ချက်ခြင်းသတိရမိသွားပြီး ရေငတ်သွားပါတယ်
    အဲဒါ အဲဒါ

  • စောစောစီးစီး
    ကန်တော်ကြီးက တယ်လှဒဂိုးဂျ ….
    အင်းးး ဒါ့ပုံ ချရာက တော်ဒါ နေမှာ … :mrgreen:
    ကျုပ်ကဒေါ့ …
    ဟို တံတားလေးနဲ့ ပုံလေးကို ပိုပြီး ခိုက်မိသဗျို …
    ဪ … လူ့ဘဝ ဆိုတာလည်း …
    ကွေးလိမ်ပြီး မဆုံးနိုင်သော တံတားတစ်စင်းနဲ့ ဆင်တူ နေမလားနော် … 🙄

Leave a Reply