အေးဆက်နေတဲ့လက်တစ်စုံနဲ့

မရင့်ကျက်သေးတဲ့ နှလုံးသားအောက်မှာ

ချစ်ခြင်းတရားတွေက အမုန်းပွားလက်နက်အလား

အရှုံးတွေရဲ့ကြားမှာ ကျဆုံးနေဆဲပါပဲလေ

မသိသေးခြင်းများစွာအောက်မှာ အသိတရားမရနိုင်သေးတာ

မင်းလေးရဲ့ငြို့ချက်တွေကို ငါတွန်းဖယ်ဖို့ခွန်အား မွေးဖွားမှုမရှိတာကိုက

တတိယံမိ ငါထက်ရှုံးနေဆဲပါပဲလေ

အချစ်ဆိုတာ ရေးရတာလွယ်သလောက် မွေးဖွားရတာခက်မယ်ဆိုရင်

ပြောခဲ့ချင်ပါတယ် ချစ်ခြင်းရဲ့ အပြစ်ကင်းတဲ့ သံဇဉ်တွေကလေ

အခုတော့ လမင်းရဲ့ဘေးမှာ ၀န်းခနေတဲ့ ကြယ်စင်လေးတွေတောင်

မျက်ရည်ကျလုမတက် မှိုင်နေတော့မယ်ဆိုတာ………..

ပိတောက်မိုး

ကာရံ

About ကာရံ

ကာ ရံ has written 191 post in this Website..