ရှူးသွပ်ခြင်း

ကာရံJanuary 13, 20131min1056

အေးဆက်နေတဲ့လက်တစ်စုံနဲ့

မရင့်ကျက်သေးတဲ့ နှလုံးသားအောက်မှာ

ချစ်ခြင်းတရားတွေက အမုန်းပွားလက်နက်အလား

အရှုံးတွေရဲ့ကြားမှာ ကျဆုံးနေဆဲပါပဲလေ

မသိသေးခြင်းများစွာအောက်မှာ အသိတရားမရနိုင်သေးတာ

မင်းလေးရဲ့ငြို့ချက်တွေကို ငါတွန်းဖယ်ဖို့ခွန်အား မွေးဖွားမှုမရှိတာကိုက

တတိယံမိ ငါထက်ရှုံးနေဆဲပါပဲလေ

အချစ်ဆိုတာ ရေးရတာလွယ်သလောက် မွေးဖွားရတာခက်မယ်ဆိုရင်

ပြောခဲ့ချင်ပါတယ် ချစ်ခြင်းရဲ့ အပြစ်ကင်းတဲ့ သံဇဉ်တွေကလေ

အခုတော့ လမင်းရဲ့ဘေးမှာ ဝန်းခနေတဲ့ ကြယ်စင်လေးတွေတောင်

မျက်ရည်ကျလုမတက် မှိုင်နေတော့မယ်ဆိုတာ………..

ပိတောက်မိုး

6 comments

  • Thu Wai

    January 14, 2013 at 9:24 am

    ရှူးသွပ်ခြင်းဆိုတော့ ခေါင်းစဉ်ကနည်းနည်းဆန်းနေလို့ဝင်ကြည့်တာ ရူးသွပ်ခြင်းလို့ပြောင်းလိုက်ပါ

  • mamanoyar

    January 14, 2013 at 10:05 am

    ကဗျာလာဖတ်သွားတယ်နော်

  • မင်းနန္ဓာ

    January 14, 2013 at 10:55 am

    ရှူးကို ထူးထူးဆန်းဆန်း ဘယ်လိုသွပ်မလဲ စိတ်ဝင်စားလို့
    ဝင်ဖတ်ကြည့်တာ
    ကဗျာရေးထားတာကိုး
    :kwi:
    ရှုံးနိမ့် မှာသာ ဟထိုး ပါ
    ရူးသွပ်ခြင်းမှာ ဟထိုး မထည့်ရပါ

  • မောင်ပေ

    January 14, 2013 at 9:41 pm

    အပေါ်က ရွာသူားတွေ ပြောသွားတဲ့အတိုင်းပါပဲ
    ရှူးသွပ်မယ်ဆိုရင်တော့ ပုလင်းတစ်လုံးတော့ လိုပါလိမ့်မယ်
    အဲဒါ အဲဒါ

  • တတိယံမိ …..
    ဆိုတော့ကာ ………..
    လေးဖြူ ကတော့ စာမျက်နှာ ၁၅ ….
    ခင်ဗျားကတော့ စာမျက်နှာ ၃ မှာပေါ့နော့ …
    ဒါပေမယ့် အဆုံးတော့ မသတ်သေးဘူး ထင်ပါရဲ့ …

Leave a Reply