စွယ်တော်ရဲ့စွယ်တော် (မဟာရန်ကုန်)

1 နံနက်ခင်းလမင်း မဝင်သေးတဲ့ အချိန်မှာဖူးမြင်ရတဲ့ စွယ်တော်စေတီ
1 နံနက်ခင်းလမင်း မဝင်သေးတဲ့ အချိန်မှာဖူးမြင်ရတဲ့ စွယ်တော်စေတီ

 

“စွယ်တော်ရဲ့စွယ်တော်”

 

ကျနော်တည်းတဲ့အိမ်က ရန်ကုန်က စွယ်တော်စေတီနဲ့နီးပါတယ်။

အိမ်က ကုန်းကျော်တံတားအောက်မှာပါ၊

မနက်စောစောအိပ်ယာထ တံတားပေါ်တက်။

စွယ်တော်ဘက်ကို လမ်းလျှောက်ထွက်ပါတယ်။

ဘုရားနားရောက်တော့ အလင်းမလာမီ မှောင်မဲမဲ လ တောင်မဝင်သေးပါဘူး။

ဒါနဲ့ဘုရားနဲ့တွဲ့ပြီးဓါတ်ပုံလေးရိုက်ထားပါတယ်။

အများအားဖြင့် တော့ စွယ်တော်ဘုရားအရှေ့ဘက်ကနေပါတ်ပြီးကန်ဘက်ကိုသွားပါတယ်။

ပြန်လာရင်ဘုရားထဲဝင်ပြီး တစ်ပါတ် ပါတ်ပါတယ်။

2 မလင်းတလင်း
2 မလင်းတလင်း
3 လှပသောရောင်စဉ်များအောက်မှ စွယ်တော်စေတီ
3 လှပသောရောင်စဉ်များအောက်မှ စွယ်တော်စေတီ
4 နှုတ်ဆက်လမင်းနောက်ခံနဲ့စွယ်တော်စေတီ
4 နှုတ်ဆက်လမင်းနောက်ခံနဲ့စွယ်တော်စေတီ
5 အနောက်ဘက်ခြမ်းက ဖူးမြင်ရတာပါ
5 အနောက်ဘက်ခြမ်းက ဖူးမြင်ရတာပါ

ခါတိုင်းလိုဘဲရင်ပြင်တော်ပေါ်တက်ပြီး ဓါတ်ပုံရို်က်ရင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်လေ့ရှိပါတယ်။

ဒီတစ်ခါတော့ ဘုရားစောင့်တဲ့ လုံခြုံရေး က ဒီပေါ်မှာ လေ့ကျင့်ခန်းမလုပ်ရလို့ပြောတာနဲ့အောက်ဆင်းပြီး

လေ့ကျင့်ခန်းလုပ်ပေါ့။

 

6စွယ်တော်ဘုရားအသွားလမ်းက စွယ်တော်ပန်း
6စွယ်တော်ဘုရားအသွားလမ်းက စွယ်တော်ပန်း

 

7 စွယ်တော်ရဲ့ စွယ်တော်
7 စွယ်တော်ရဲ့ စွယ်တော်

 

 

 

8 အပွင့် အခက် မရမ်းလွင်လွင်
8 အပွင့် အခက် မရမ်းလွင်လွင်
9 လင်းရောင်နီမလာမီ
9 လင်းရောင်နီမလာမီ

 

 

ခဏနေတော့ရောင်နီတက်လာတဲ့အခါ ကြည်နူးစရာပုံတွေကိုရပါတယ်။

အပြန်လမ်းမှာတော့ မရမ်းရောင်စွယ်တော်ပွင့်လေးတွေကို မြင်မိတေ့ ဓါတ်ပုံရိုက်မိပြန်ပါတယ်။

ဒီတစ်ခါတော့ စွယ်တော်ဘုရားအသွားမှာမြင်ရခဲ့တဲ့စွယ်တော်ပန်းလေးတွေက လှပ။

 

ကိုပေါက်လမ်းသလားနေသည်

မဟာရန်ကုန်

(16-1-2013)

 

 

6 comments

  • ဗုံဗုံ

    January 21, 2013 at 2:31 pm

    လေးလေးပေါက်သွားတာ မှောင်မှောင်ကြီးနော် ကြောက်ဖူးလား ဒါနဲ့ စွယ်တော်ပန်းက အရောင်နှစ်မျိုးရှိတာလားလေးပေါက် မိဗုံမြင်ဖူးတာ ပန်းရောင်ဘဲမြင်ဖူးတာ

    • မှောင်ပေမယ့် ကြောက်စရာ မရှိပါဘူး အဲဒီအချိန်မှာ အလုပ်သွားသူတွေရှိနေပြီ။
      စွယ်တော်က အဖြူလဲ ရှိတယ် ဗေးကလုံရဲ့

  • Tin Tin

    January 21, 2013 at 4:33 pm

    လေးပေါက်ရေ …
    စွယ်တော်ဘုရားဘေးကနေ အလုပ်သွား၊ အလုပ်ပြန် နေ့တိုင်းဖြတ်သွားပြီး ဖူးဖြစ်ပေမဲ့လည်း
    ဓါတ်ပုံထဲမှာက နံနက်အာရုဏ်အလင်းတန်းတွေနဲ့ ပိုပြီးကြည်လင်သပ္ပ္ပ္ပါယ် နေပါတယ်….
    ပုံ (၃) နဲ့ ပုံ (၉) နဲ့ ပန်းပုံလေးတွေကိုလည်း ကြိုက်ပါတယ်ရှင်….

  • လေးပေါက်လဲ သူများ မြု့ိရွာရောက်ခို်က် ပုံမှန်အလုပ်တွေမလုပ်ရလို့ပါကွ။
    ကိုယ်အရပ်ကို်ယ့်ဒေသ သာဆိုရင်လဲ အလုပ်ဇောတွေနဲ့မို့ အခုလို ခံစားနိုင်မယ်မထင်ပါဘူး

  • mamanoyar

    January 22, 2013 at 2:43 pm

    အရမ်းကြည်ညိုစရာကောင်းပါတယ်
    စွယ်တော်ပန်း ပန်းရောင်လေးမမြင်ဖူးဘူး
    အဖြူနဲ့ ခရမ်းရောင်လေးမြင်ဖူးတာ

  • စွယ်တော်ပန်းအဖြူကို ကျနော်ရန်ကုန်ရောက်မှ မြင်ဘူးတာရယ်။
    လွိုင်ကော်အသွားလမ်းမှာတော့ ကယားပြည်နယ်ထဲလဲဝင်ရော စွယ်တော်ဖြူတွေအများကြီး။

Leave a Reply