အမှန်ကိုသာ သိခဲ့ပါလျှင်…….

mamanoyarJanuary 14, 20131min14712

နိုရာတို့ရွာရဲ့ အနောက်ဘက်တစ်ရွာမှာ စည်းကမ်းလဲကောင်း၊ ဒေါသလဲနည်းနည်းကြီး၊ လောဘလည်းရှိတဲ့ ဆရာတစ်ယောက်ရှိတယ်။ ဆရာအသက်ကြီးလာပြီဆိုတော့ အိမ်မှာအနားယူနေပြီ။ သူငယ်ငယ်က သင်ခဲ့တဲ့ တပည့်တပန်းတွေအများကြီးရှိတာပေါ့။ အိမ်မှာ အငြိမ်းစားယူထားတဲ့ ဆရာကြီးလဲ တတ်သည့်ပညာ မနေသာ ဆိုသလို အားတဲ့အချိန် ကလေးတွေကို စာပြပေးတာပေါ့။

တပည့်အချို့ကတော့ ဆရာကြီးရဲ့စေတနာကိုသိပြီး ဆရာကြီးဆီကို ကောင်းနိုးရာရာ တွေလာပို့တတ်ကြတာပေါ့။

တစ်နေ့………….. ရွာထဲမှ တပည့်တစ်ယောက်က ဖားဥချည်း သပ်သပ် ကြော်ထားတဲ့ ဖားဥကြော် ကို  မိမိတို့မစားဘဲ ဖားဥကြော်ကြိုက်တတ်တဲ့ ဆရာကြီးဆီသွားပို့သတဲ့။ (ရွာများတွင် မိုးဥကျသောအခါ ဖားများကောက်၍ ကြော်စား၊ချက်စားကြသည်။ ဖားဥချည်း သပ်သပ်ရဖို့ ခဲယဉ်းသည်။ ထို့ကြောင့် ဖားဥကို များများ မစားနိုင်ပါ) ဆရာကြီးလဲ မိမိအခန်းကနည်းနည်း မှောင်နေတော့ ဖားဥကြော်မဲမဲတွေကို ထန်းလျှက်နဲ့နှမ်းဖတ် နယ်ထားတယ်လို့ထင်ပြီး (ရွာဓလေ့ သွားရေစာအဖြစ် စားကြသော နှမ်းကို ဆီကြိတ်ရာမှထွက်သည့် နှမ်းဖတ်နှင့်ထန်းလျှက်တို့ ရောနယ်၍ တစ်ခါတစ်ရံ စားကြသည်။) လာပို့တဲ့သူပြန်သွားတော့ ကျောင်းသားအုပ်ကို ခေါ်ပြီး စားကြဆိုပြီး ပေးလိုက်သတဲ့။ ကျောင်းသားအုပ်လည်း ဖားဥချည်းကြော်ထားသည့်အတွက် အကြိုက်တွေ့ကာ အလုအယက်စားကြတော့သည်။ ထိုအခါ ဆရာကြီးမှာ မိမိတပည့်များသည် ထန်းလျှက်နှင့်နှမ်းဖတ်နယ်တို့ကို လုယက်စားနေသည်ကို သဘောမကျကာ ဤသို့ မေးလိုက်လေသည်။

” မင်းတို့ ဘာတွေမို့ ဒီလောက်လုစားနေကြတာလဲ”

တပည့်များထံမှ “ဖားဥကြော်တွေပါ ဆရာ”

ထိုအခါမှ ဆရာလဲ မိမိအလွန်ကြိုက်သည့် ရထောင့်ရခဲဖားဥကြော်နှင့် လွဲခဲ့ရသည့်အတွက် ယူကျူံးမရ  မျက်လုံးပြူးသွားတော့သည်။…..

12 comments

  • Mon Kit

    January 14, 2013 at 2:17 pm

    ဆရာကြီး ကလည်း တပည့်တွေ စားရတာကြည့်ပီး ပီတိစိတ်လေး ဆက်ဖြစ်နေဖို့ အရေးကြီးတယ်….
    နို့မို့ဆို မစားလိုက်ရ၊ မသိလိုက်ရကောင်းလားဆိုပီး ဖြစ်နေတဲ့ သင်္ဒ ါစိတ်လေးတောင်ပျောက်နိုင်တယ်နော်..
    ဒါမိုး ဖစ်တတ်ပါတယ်ကွယ်……. :kwi:

  • Thu Wai

    January 14, 2013 at 2:59 pm

    ” မင်းတို့ ဘာတွေမို့ ဒီလောက်လုစားနေကြတာလဲ”

    တပည့်များထံမှ “ဖားဥကြော်တွေပါ ဆရာ”

    ထိုအခါမှ ဆရာလဲ မိမိအလွန်ကြိုက်သည့် ရထောင့်ရခဲဖားဥကြော်နှင့် လွဲခဲ့ရသည့်အတွက် ယူကျူံးမရ မျက်လုံးပြူးသွားတော့သည်။….ပြီးနောက်ဖားဥကြော်ဟု ပါးစပ်ကပြောမသွားသော တပည့်ကို အခေါ်ခိုင်းကာ ဖနာင့်နှင့်ပေါက်လေ၏ ။ ထိုအခါ တပည့်လည်း ဖားဥကြော်နှင့်မျက်နှာလုပ်ကာမှ မျက်နှာမရခြေထောက်ရလေခြင်း ဟု ကျန်တပည့်များကို အော်ဟစ်ငိုကြွှေးပြောဆိုခြင်းကြောင့် ကျန်တပည့်များလည်း မည်သည့်လက်ဆောင်မျှမပေးရဲတော့ပေ။ ဆရာကြီးလည်း ထိုနေ့မှစရျ် လောဘ နှင့် ဒေါသကြောင့် လာဘ်လာဘ နှင့် လွဲရလေတော့သတည်း ။

    ဇာတ်သိမ်းကဒုံးတိကြီး ဖြစ်နေလို့ ထပ်ကွန့်ကြည့်တာ စိတ်မဆိုပါနဲ့ဗျာ။

    • mamanoyar

      January 14, 2013 at 3:17 pm

      စိတ်မဆိုးပါဘူး
      ဖတ်ပြီးရယ်လိုက်ရတယ်
      ဖားဥကြော်ပေးတဲ့လူကို ဖနောင့်နဲ့ပေါက်လို့ မဖြစ်သေးဘူးလေ
      ကိုယ့်တပည့်ပေးတာ ဘယ်အရာပဲဖြစ်ဖြစ် တန်ဖိုးမထားမိတဲ့ မိမိရဲ့အမှားပေမို့
      ကိုယ့်တပည့်က စားစေချင်လို့ပေးတဲ့အရာလေးကို မကြိုက်တောင်မှ နည်းနည်းလေးမြည်းကြည့်စေချင်တယ်လေ

  • ခင်ခ

    January 14, 2013 at 4:09 pm

    ဆရာကြီးကလည်း အိုက်တင်ခံတာ နည်းနည်းပိုသွားတာပေါ့နော်။
    ဟုတ်တယ် တကယ်ဆို ဘာများလဲပြစမ်းပါအုံး လာပေးတဲ့အတွက် ဝမ်းသာကြောင်းနဲ့ နည်းနည်းပါပါးမြည်းပြပေးရင် ကောင်းမယ်နော်။

    • mamanoyar

      January 15, 2013 at 9:21 am

      ဟုတ်တယ်လေးခင်ခရေ

  • ဦးကြောင်ကြီး

    January 15, 2013 at 11:26 am

    နိုရာမမ
    ပျိုကညာလှပ
    ဖိုတကာထကြွ
    လိုတာပြသ
    ဖြိုကွာမရမက
    ဟိုမှာညက
    ကိုပါမွထ
    ဗိုလ်လာပသ..။

  • ဘဲဥ

    January 15, 2013 at 2:27 pm

    မီးမီးလေးနိုရာကော ဖားဥကြိုက်ဘူးလားကွဲ့
    အူးအူးဥဂဒေါ့ အဲ့ဒီဖားဥစားဘူးတေးဝူးကွဲ့
    ဖားဥဆိုလို့ မိုးတွင်းတွေမှာ အင်္ကျ ီတွေပေါ်မှာစွဲတဲ့ မဲမဲလေးတွေလောက်ပဲသိတာ

    • မင်းနန္ဓာ

      January 15, 2013 at 2:51 pm

      မမနိုရာက ဖားဥကြိုက်ဘူးရယ်
      ဒါပေမင့် ဘဲဥတော့ အသေကြိုက်တယ်တဲ့
      ရေလုံပြုတ်ပြီး တုံးလုံးလေး ကိုက်စားရတာ သဘောတွေ့သတဲ့
      :kwi:

      • mamanoyar

        January 15, 2013 at 3:21 pm

        အမရေးးးးးးးးးးးး
        မလုပ်လိုက်ပါနဲ့ ဘဲဥဆိုလို့ အသံတောင်မထွက်ရဲဘူး
        တော်ကြာ ဦးဦးဘဲဥကသူ့ပြောတယ်ဆိုပြီး လာချဲနေမှာကြောက်လို့.

    • mamanoyar

      January 15, 2013 at 3:14 pm

      ဦးဦးဘဲဥက ဖားဥတောင်မစားဖူးဘူးလား
      ဖားဥဆိုတာ မိုးရွာရင် ကျတဲ့ဖားအမတွေရဲ့ ဗိုက်ထဲကဥတွေကိုပြောတာ
      ဖားကြော်မစားဖူးလို့လား ရွာလာခဲ့ ဝယ်ကျွေးမယ်နော်

  • အိုက်ဒါ ကြောဒါပေါ့ …
    ရမ်းထင် ရမ်းပေးရင် ကောင်းဘူးလို့ ….
    ဒါဂျောင့် …
    တောင်မလေး တီယောက်ကို လိုက်တဲ့အခါ …
    သူဂ ပြန်ကြိုက်နေတယ် ဆိုပြီး ရမ်းထင်ပြီး တိုးလို့ကတော့
    ပါးကွဲလိမ့်မယ် ….
    တောင်မလေး ဘက်ကလည်း သူဂ ဂယ်ချစ်တာ ဆိုပြီး
    အဖြေ ရမ်းပေးလိုက်လို့ကတော့ ဟိုဒင်း ဖြစ်လိမ့်မယ် …
    ဘာမှဒေါ့ ဆိုင်ဝူးးးနော့ .. အဟီးး :mrgreen:

    • mamanoyar

      January 16, 2013 at 9:27 am

      ဦးဦးအံစာပြောတာမှန်တယ်
      ကောင်မလေးကမကြိုက်ပဲနဲ့ ပြန်ကြိုက်တယ်ထင်ပြီး
      လိုက်လို့ကတော့ ပါးကွဲမှာပဲ :kwi:

Leave a Reply