စင်ကာပူသို ့အင်တာဗျူးတစ်ခေါက်

onlinezzJuly 19, 20101min841

ပြီးခဲ့တဲ့လက သူငယ်ချင်းရှိတဲ့ စင်ကာပူသို ့ အလည်သွားပါသည်။တည်းတော့လည်း သူငယ်ချင်းငှားနေတဲ့ အိမ်မှာပဲ တည်းပါသည်။အိမ်ရှင်အစ်မကြီးကလည်း သဘောကောင်းပါသည်။ဒီလိုနဲ ့သူငယ်ချင်း နဲ ့နှစ်ယောက်လျှောက်လည်ပြီးပြန်လာ ကြပါတယ်။စီးရတဲ ့ MRT နဲ ့အိမ်နဲ ့နီးပေမယ့် ထမင်းဆိုင်ကဝေး၊လူကပင်ပန်းတော့မ လိုက်ချင်၊သူငယ်ချင်း တစ်ယောက်ထဲ ထမင်းသွားဝယ်၊ ကိုယ်ကအိမ်ပြန်လာ၊ ဧည့်ခန်းမှာ အိမ်ရှင်အစ်မကြီးနဲ ့တွေ ့တော့လှမ်းခေါ်၊ ဘယ်တွေရောက်ခဲ့လဲမေး၊ ရောက်ခဲ့တဲ့ နေရာတွေပြောပြရင်းနဲ ့ ထွေရာလေးပါးပြော၊အဲဒီမှာ အင်တာဗျူးမယ့် အခန်းအတူငှားနေတဲ့ မမ(မမဆိုလို ့ ကိုယ်ထက်၁နှစ်လောက်ပဲကြီးမှာပါ။)ကပေါ်လာပြီးမေး –
အင်တာဗျူးမမ – ဘယ်တွေရောက်ခဲ့လဲ
Onlinezz – အစုံပါပဲ
အင်တာဗျူးမမ – ဘယ်နှစ်ရက် ခွင့်ယူခဲ့လဲ
Online zz – ၂ ရက်
အင်တာဗျူးမမ – အင်တာနက်တွေ ဘာတွေသုံးလား
Online zz – အင်း နည်းနည်းပါးပါး
အင်တာဗျုးမမ – ဒီမှာကတော ့အင်တာနက်မရှိရင် ဘာမှာအလုပ်က မတွင်ကျယ်ဘူး
Online zz – အင်း
အင်တာဗျူးမမ – အစ်မက အင်ဂျင်နီရာဘွဲနဲ ့အလုပ်လုပ်တာလေ
Online zz – အင်း
အင်တာဗျူးမမ – ဒါနဲ ့မလေးရှားမှာက မြန်မာတွေသာပေါတာ၊ ပညာတက်
လူတန်းစားက ရှားတယ်နော်။
Online zz – အင်း
အင်တာဗျူးမမ – ဒါနဲ ့ညီမကရော လစာဘယ်လောက်ရလဲ။
Online zz – ဒီလိုပါပဲ ( မဖြေချင်မှန်းမသိ၊အလိုက်ကန်းဆိုးမသိစွာ
၂ခါလောက်ထက်မေး )
အင်တာဗျူးမမ – အစ်မကစလုံးဒေါ်လာ ၃,၀၀ဝ အထက်လေ။ဒါတောင်နည်းလို ့
အလုပ်ပြောင်းမလားစဉ်းစားနေတာ။
Online zz – အော်၊အင်း
အင်တာဗျူးမမ – ဒီမှာကလည်းလေ မြန်မာတွေအရမ်းလာကြတာ။ပညာလုံလုံလောက်
လောက်မရှိကြတော့ လစာလေး ၁,၂၀၀,၁,၄၀ဝ လောက်ကို
အဟုတ်ထင်ကြွားလုံးတွေထုတ်ကြတာလေ။
Online zz – အော် ( မပြောချင်မှန်းမသိ၊စက်သေနက်ပစ်သလိုတရစက်ပြော)
အင်တာဗျူးမမ – အိုး ညီမရဲ ့ ပိတ်ရက်များဆို မြန်မာအတွဲတွေဆိုတာ လမ်းပေါ်မှာ
ပျားပန်းခတ်ပဲ၊သူတို ့ရှောင်ရတာ အလုပ်တစ်လုပ်ပဲ။
Online zz – ဟုတ်လား
အင်တာဗျူးမမ – အဲဒီအတွဲတွေဖြစ်ပျက်နေတာလေ ပြောကိုမပြောချင်တော့ပါဘူး
Online zz – အင်း ( ပြောရင်းပြောရင်း ပါးတွေဘာတွေရွှဲလာပြီး ဒေါ်ခင်အေးဟန်
နဲ ့တူလာလို ့စိတ်ထဲကထင် )
အရှိန်တက်ပြီး ထပ်ပြီးပြောဖို ့ဟန်ပြင်ရင်းနေရာရွှေ ့လာ၊အဲဒီအချိန်မှာ မိုးပေါ်ကကြလာတဲ့မင်းသမီးလေးလိုပဲ ချစ်သူငယ်ချင်းမလေး ထမင်းဗူး နဲ ့ အအေးလေးဆွဲပြီးဝင်လာ။အဲဒီမှာ အင်တာဗျူးမမ ထပြန်၊အင်တာဗျူးလဲ ပြီးဆုံး၊အိမ်ရှင်အစ်မကြီးက သူငယ်ချင်းမကိုလှမ်းပြော၊မသိတဲ့လူကြလိုအေ့ ၊ ညည်းသူငယ်ချင်းကို ကြွားနေ လိုက်တာများ ဆိုပြီးရှေးဟောင်း နှောင်းဖြစ်တွေပြန်ဖော်…သူငယ်ချင်းကလည်း ပင်ပန်းပြီနားတော့မယ် အစ်မ ဆိုပြီးအခန်းထဲပြန်ဝင်လာ။အဲဒီမှာတင် အင်တာဗျုးများပြီးဆုံးပါ၏။

စာကြွင်း။ ။အမှတ်မရှိ၊နောက်လတစ်ခေါက်သွားအုံးမည်။ဒီတစ်ခါတော့ ဝေါင်ဝေါင်ရှေး (ဝေးဝေးရှောင်ပါမည်။ )

One comment

  • kopauk mandalay

    July 20, 2010 at 2:17 am

    တစ်ခါတစ်လေ ပြောချင်မှန်းမသိ ဇွတ်တွေနဲ့တွေ့ရင်အရမ်းညစ်ရတယ်နော်

Leave a Reply